Channel Myanmar

Nelson Dilipkumar

Jailer (2023) 7.5
Jailer (2023) Jailer (2023) IMDb-7.5/10ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်) File size…9.4GB/ 3.16GB / 1.2GB Quality…WEB-DL 4K HEVC/1080p/ 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~YH~Cherry~Zwe Yan~BpL
movie

Jailer (2023)

2023
4K HEVC
Beast (2022) 5.8
Beast (2022) ကဲ သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ မင်းသားကြီး ဗီဂျေးရဲ့ Beast ကားသစ်လေးလာပါပြီဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်...အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်.. တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်...တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်...ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်...ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ....ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦးရှင့်... File size…8GB / 3.3GB / 1.5GB Quality…  1080p NF WEBDL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Beast (2022)

2022
4K HEVC
Doctor(2021) 8.5
Doctor(2021) တကယ်လည်း ကြမ်း၊ သည်းထိပ်ရင်ဖိုစရာလည်း ​ကောင်း၊ရုံတင်တုန်းကလဲ အတော်လေးရေပန်းစား ပေါက်ခဲ့ပြီးရုံတင်ရက်၂၅ရက်အကြာမှာ အိန္ဒိယရူပီ ၁၀၀Crsထိရထားတဲ့ နာနီရဲ့ ဒီရုပ်ရှင်ကားကတော့ရုပ်တည်ကြီးနဲ့ တကယ်ခွီရတဲ့ ​Tamil Action - Comedyကားသစ်တစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်MDb rating 8.5ရ​တာနဲ့တန်​အောင် တကယ်ကြည့်​ပျော်ပြီးဇာတ်အစအဆုံး အချိန်၂နာရီခွဲကုန်မှန်းမသိ ကုန်​စေမယ့်ကားလို့ညွှန်းဆိုပါ​ရ​စေ အညွှန်း********စစ်တပ်ဆရာဝန်တစ်​ဦးဖြစ်တဲ့ ဗာရွန်ဟာ ဘုကလန့်လည်းကျ၊စကားကို တည့်တိုးပဲ​ပြောတတ်ပြီး စိတ်ပိုင်းဆိုင်ရာထက်လက်​တွေ့ပိုင်းကို ပိုဦးစား​ပေးလို့ Emotional Dead manရယ်လို့အမည်​​ပေးခံရသူရယ်ပါဒီလူဂွစာကြီးဟာ လူတကာကိုဘု​တော​ပေမဲ့ ဇနီး​လောင်းကို​တော့သည်းသည်းလှုပ် ချစ်ရှာပါတယ်၊ သူချစ်ရတာနဲ့ တန်​အောင်ကိုသူ့ရဲ့ဇတ်ဇတ်ကြဲဇနီး​လောင်း​လေး ပတ်မီနီကလည်း တင်​တောင်းတဲ့​​နေ့မှာတင် ငြင်းလွှတ်လိုက်ပါတယ်ဗာရွန်ခမျာ ရည်းစားငြင်းခံရလို့မှ မပြီး​သေးခင် ခယ်မလောင်းလျာပြန်​ပေးဆွဲခံရတဲ့ကိစ္စကြောင့် မ​တော်လိုက်ရတဲ့ ဇနီးသည်မိသားစုနဲ့အတူ ပြန်​ပေးဆွဲသူ​တွေကို လိုက်လံရှာ​ဖွေရင်း လူကုန်ကူးနဲ့ကိုယ်အင်္ဂါရောင်းဝယ်​ရေး ကွန်ယက်ကြီးထဲ ပတ်သတ်မိသွားတဲ့အခါဘုကလန့်ဗာရွန်နဲ့ ဇတ်ဇတ်ကြဲ ပတ်မီနီတို့နှစ်​ယောက် ဘယ်လိုအလွဲ​တွေဖြစ်ကြမလဲ၊ ညီမဖြစ်သူကို​ရော ပြန်ရှာ​တွေ့ပါမလား၊သူတို့ရင်ဆိုင်​နေရတဲ့ ဂိုဏ်း​တွေက ဘယ်​လောက်​တောင်များလဲဆိုတာကို အတည်​ပေါက်နဲ့ ရယ်လည်းရယ်ရ၊ စိတ်လှုပ်ရှားဖို့လည်းကောင်း​အောင် ရိုက်ကူးတင်ဆက်​ပေးထားတဲ့Tamilကား​ကောင်း တစ်ကားပဲဖြစ်ပါတယ်File size…1.34GB ...
movie

Doctor(2021)

2021
HEVC 1080p 5.1