Channel Myanmar

Nikhil Mahajan

I Love You (2023) 7.8
I Love You (2023) I Love You (2023) ************************** ဒီဇာတ်ကားလေးကတော့ IMDb rating 8.8အထိရရှိထားပြီး Drama/Romanceနဲ့ Thrillerအမျိုးအစား ဘောလိဝုဒ်ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပရိတ်သတ်အသဲစွဲမင်းသမီး ရာကူးလ်ပရီးသ်ဆင်းဂ်က ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဇာဆောင်မင်းသားတွေကတော့ အက်ရှေး အိုဘရွိုင်နဲ့ ပလ္လဗီဂူလာထီတို့ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းစတ်တရာဟာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပြီး သူ့ခင်ပွန်းလောင်းနဲ့ လက်ထပ်ရတော့မှာကို စိတ်လှုပ်ရှားနေရတဲ့သူပါ။ သူ့မှာအချစ်ဆုံးသူငယ်ချင်း အာရ်အိုဆိုတဲ့သူတစ်ယောက်ရှိတယ်။ သူ့အကြောင်းအစုံသိနေတဲ့သူပေါ့။ တစ်နေ့ဒေဝါလီညမှာ မင်္ဂလာဆောင်ဖို့ဒေလီသွားဖို့လုပ်ရင်း ရုံးကနေအပြန်မှာ ဒေဝါလီပိတ်ရက်ကြောင့် ရုံးတွေအစောကြီးပိတ်ကြပြီး စတ်တရာတစ်ယောက် ရုံးထဲမှာပိတ်ကျန်နေခဲ့တော့တယ်။ ရုတ်တရက်သူ့သူငယ်ချင်း အာရ်အိုလည်း ရုံးခန်းထဲမှာပိတ်မိနေတဲ့အချိန်မှာတော့ နှစ်ယောက်သား အပြင်ထွက်ဖို့ဘယ်လိုကြိုးစားကြမလဲ... စတ်တရာလည်းလက်ထပ်ဖို့အစီအစဉ်ပါ ဖျက်လိုက်ရတဲ့အခြေအနေမှာတော့...သူ့သူငယ်ချင်းကရော သူငယ်ချင်းအဖြစ်ရှိနေနိုင်ဦးမလားဆိုတာတော့ မထင်မှတ်ထားတဲ့ plot twist တွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပါ။အညွှန်းနဲ့ဘာသာပြန်တွေကတော့ Nyein, Zwe Yan Naingနဲ့ Thaik Sanတို့ပဲ ဖြစ်ပါတယ်။ File size…1.17GB  / 459MB Quality…1080p True WEB DL  /720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Nyein~ Zwe Yan Naing ~ Thaik San
movie

I Love You (2023)

2023