Channel Myanmar

Nikkhil Advani

Kabhi Khushi Kabhie Gham(2001) 7.4
Kabhi Khushi Kabhie Gham(2001)  Kabhi Khushi Kabhie Gham(2001)IMDb Rating (7.4) / Rotten Tomatoes (100%)အမီတာဘဂျမ်း..ရှရွတ်ခန်း...လက်ပွားမင်းသား ရိုရှမ်..မင်းသမီးကာဂျိုး...ကရီနာကပူးလ်စတဲ့ ဘောလိဝုဒ်ရဲ့တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေ ပြုံပြီးသရုပ်ဆောင်သလို ဇာတ်လမ်းကလဲတကယ်ကောင်းပါတယ်။ပြသချိန် ၃နာရီခွဲ ကြာတဲ့ဇာတ်ကားဆိုပေမယ့် ခနလေးလိုပဲ ထင်ရလောက်အောင်ကောင်းတာပါ။ဇာတ်လမ်းကတော့...ယာရှ်နဲ့ နန်ဒနီတို့ဟာ သားသမီးမဖွားမြင်တာကြောင့် ရာဟုလ်ကိုမွေးစားဖို့အိမ်ခေါ်လာပါတယ်။သားအရင်းမဟုတ်ပေမယ့်သားအရင်းတစ်ယောက်လို ချစ်ကြပါတယ်။တစ်နေ့ ရာဟုလ်က အဖြစ်မှန်ကို သိသွားခဲ့ပေမယ့် အဲဒီစကားကို အဲဒီအိမ်မှာဘယ်တော့မှထပ်မပြောကြဖို့ ယာရှ်က ဆုံးဖြတ်လိုက်တယ်။ယာရှ်ဟာ မျိုးရိုးဂုဏ်အရှိန်အဝါနဲ့ ဓလေ့ထုံးတမ်းအစဥ်အလာတွေကို အလေးထားတဲ့သူဖြစ်တာကြောင့် ရာဟုလ်ကိုအဆင့်အတန်းတူတဲ့ မျိုးရိုးက ဆင်းသက်လာသူနဲ့သာ ပေးစားချင်နေတယ်။ ဒါပေမယ့် အမျိုးဇာတ်နိမ့်တဲ့ ကောင်မလေးတစ်ယောက်ကို ရာဟုလ်က ချစ်မိသွားတဲ့အခါမှာတော့...။ဒရမ်မာဇာတ်လမ်းရှည်ကြီးတွေကို တစ်ရှူးအပြည့်နဲ့ကြည့်တတ်သူတွေ လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူး။(Thaik San မှ ဘာသာပြန်တင်ဆက်ထားတာပါ။)  File size…(3.5 GB) / (2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….03:29:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Thaik San
movie

Kabhi Khushi Kabhie Gham(2001)

Batla House (2019) 7.5
Batla House (2019) (Unicode)တကယ်တော့ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့က ဒေလီမြို့မှာ ပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွားပြီးတဲ့ နောက်ပိုင်း စက်တင်ဘာလ ၁၉ရက်နေ့ကဒေလီမြို့၊ ဂျမီယာနဂါးအရပ်မှာရှိတဲ့ ဖြစ်ပွားခဲ့တဲ့ Batla House encounter case (Batla House ပစ်ခတ်ဖမ်းဆီးမှု) သို့မဟုတ်Operation Batla House (Batla House စစ်ဆင်ရေး) ကို အခြေခံထားတာပါ။အဲ့ဒီစစ်ဆင်ရေးမှာ အကြမ်းဖက်သမားလို့ရဲတွေဘက်က ယူဆထားခဲ့တဲ့ Jamia Millia Islamia University (ဂျမီယာမီလ်လာအစ္စလာမ်မီယာတက္ကသိုလ်)ကကျောင်းသားငါးယောက်ကို ပိတ်ဆို့ဖမ်းဆီးရင်း နှစ်ဦးနှစ်ဖက် ပစ်ခတ်တဲ့ အခြေအနေကို ရောက်သွားတယ်။ဒီဖြစ်စဉ်မှာ ကျောင်းသား ၂ယောက်ကို အသေဖမ်းမိတယ် ၊ ၂ယောက်က လွတ်သွားပြီး ၊ ကျန် ၁ ယောက်ကို အရှင်ဖမ်းမိတယ် ။ရဲတွေဘက်မှာလည်း စစ်ဆင်ရေးကို ဦးဆောင်တဲ့ အရာရှိတစ်ယောက် ကျဆုံးပြီး ...
movie

Batla House (2019)

2019
D Day (2013) 7.3
D Day (2013) ကဲ ဒီတစ်ခါတော့ ခရစ္စမတ်ပိတ်ရက်အတွက် ခပ်ကြမ်းကြမ်းဘောလိဝုဒ် ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကဘောလိဝုဒ်ကားကြိုက် ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့နာမည်ကြီးမင်းသားမင်းသမီးတွေဆိုတော့ဇာတ်လမ်းကိုကောင်းမကောင်းတော့ မညွန်းတော့ပါဘူးဇာတ်လမ်း အကျဉ်းလေးကတော့Wali Khan ဟာ ပါကစ္စတန်ကို အိန္ဒိယ အလိုအရှိဆုံးလူဆိုးကြီးကိုဖမ်းဆီးဖို့ အတွက် အဖွဲ့နှင့်ဆက်သွယ်ဖို့စေလွတ်ခြင်းခံခဲ့ရပါတယ်ပါကစ္စတန်မှာက စောင့်နေတဲ့ အဖွဲ့မှာက တော့ ဒိတ်ဒိတ်ကြဲ လူဆိုးတွေပဲဖြစ်ပြီးဒီ ဒိတ်ဒိတ်ကြဲ လူဆိုးအဖွဲ့နဲ့ Wali Khan တယောက် ဘယ်လိုတွေများ ၂ပါးသွားကြမလဲဂန္ဒဝင်လူဆိုးကြီးကိုကောဖမ်းဆီးနိုင်ပါ့မလားဆိုတာတွေကိုတော့ကဲ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ
movie

D Day (2013)

2013
Kal Ho Naa Ho (2003) 8.0
Kal Ho Naa Ho (2003) အချစ်ဆိုတာ... အသက်အရွယ် မခွဲခြားပါဘူးလေ... နှလုံးသားသာရှိဖို့ပဲ လိုတာပေါ့...ကျောင်းသားလေးတစ်ယောက်ဟာ ကိုယ့်ရဲ့ အိမ်နီးချင်း ကောင်မလေးကို ချစ်မိသွားတယ်... ဒါအပြစ်လား... ချစ်မိတာ အပြစ်ဖြစ်မလား ဘယ်ဟုတ်ပါ့မလဲ...ကိုယ့်သူငယ်ချင်း အဆင်ပြေဖို့အတွက်နဲ့ ကိုယ် တစ်ဖက်သက်ချစ်နေရတဲ့ ကောင်မလေးကို အောင်သွယ်ပေးခဲ့ရတဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ ဒုက္ခကိုလည်း ဆင်ခြင်ပေးသင့် စာနာပေးသင့်တာပေါ့လေ...ဒီဇာတ်လမ်းက ရိုးရိုးလေးပဲရယ်... ဒါပေမယ့် ဘောလိဝုဒ်ကားတွေရဲ့ ထုံးစံအတိုင်းပဲ ဒရာမာကို ပီပြင်အောင် သရုပ်ဖော်ခဲ့မှုကြောင့် Rotten Tomatoes ကြီးရဲ့ အဖွဲ့ဝင်တွေက ၇၇ ရာခိုင်နှုန်းပေးခဲ့ပြီး ကြည့်ရှုသူတွေက ၉၁ရာခိုင်နှုန်းတဲ့... IMDB က 8/10, Netflix ကလည်း 8/10 တဲ့ Rating တွေ ဒီလောက် ကောင်းနေရတာ အလကားမှ မဟုတ်ခဲ့တာပဲဟာ...ရိုက်ကူးခဲ့ရာမှာ သန်းနဲ့ချီသုံးခဲ့တဲ့ တန်ကြေးဟာ ကြည့်ရှုသူတွေရဲ့ အကောင်းဘက်နွယ်တဲ့ မှတ်ချက်တွေကို ရခဲ့တယ်...ဒါတင်ပဲလား မဟုတ်ပါဘူး နဂိုထဲက နာမည် တစ်ရိပ်ရိပ်တက်နေတဲ့ မင်းသား ရှာရွတ်ခန်းကို နာမည် အရှိန်တင်ပေးတဲ့ ဇာတ်ကားလည်း ဖြစ်ခဲ့တာပေါ့ဟောလိဝုဒ်ရဲ့ အကောင်းဆုံး ဒရာမာကားတွေထဲ တစ်ကားအပါအဝင်ဖြစ်တဲ့ Kal Ho Naa Ho ကို မျက်ရည်ချူတဲ့ကားတွေထဲမှာ တစ်ကား အပါအဝင်အဖြစ်လည်း အဖြစ်လည်းသတ်မှတ်လို့ရသေးတယ်အခုလို အကောင်းဆုံးကားတစ်ကားကို ပရိသတ်ကြီးဆီ ...
movie

Kal Ho Naa Ho (2003)

2003