Channel Myanmar

Nitesh Tiwari

Bhoothnath Returns (2014) 6.6
Bhoothnath Returns (2014) Bhoothnath Return (2014) ************************* ဒီဇာတ်ကားလေးကတော့ 2008က ထွက်ရှိထားတဲ့ Bhoothnathဆိုတဲ့ ဇာတ်ကားရဲ့ အဆက် Comedy/Drama အမျိုးအစား ဟင်ဒီဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.6အထိ ရရှိထားပါတယ်။Bhoothnath 2008ထဲမှာဆိုရင် ဘူးသ်နားသ်ဟာ ကလေးတစ်ယောက်ကို ခြောက်ပေမဲ့ အဲ့ကလေးက မကြောက်ခဲ့တာကြောင့် ကလေးတစ်ယောက်ကိုတောင် ကြောက်အော်မခြောက်နိုင်ဘူး ဆိုပြီး တခြားသရဲတွေက လှော်ပြောင်သရော်ကြပါလေရော။အဲ့လိုနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ရာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီး သရဲအဖြစ် ပြန်လည် ခြောက်လှန့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ဒီလိုနဲ့ ကမ္ဘာမြေကို ရောက်လာပြီးတော့ အက္ကရူးသ် ဆိုတဲ့ ကောင်လေးကို ခြောက်လှန့်ခဲ့ပေမယ့် အက္ကရူးသ်ကမကြောက်ခဲ့ပဲ ဘူးသ်နားသ်နဲ့ သူငယ်‌ချင်းတောင်ဖြစ်သွားကြပြီး သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးတဲ့နေရာတွေမှာ ဆက်မခြောက်တော့အောင် နှစ်ယောက်သား လိုက်လံကူညီကြပြီး အခအကြေးငွေကြေးတွေလည်း ရလာပါတော့တယ်။တစ်နေ့မှာတော့ ဘောင်းဝ်ဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်က သူ့ရဲ့ ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ ရှိနေတဲ့ သရဲကို ရှင်းထုတ်ပေးနိုင်ရင် ရူပီ သိန်း၂၀ ပေးမယ်လို့ ကမ်းလှမ်းလာရာမှာတော့...ဘယ်လို အရှုပ်အထွေးတွေနဲ့ ဆက်လက် ကြုံတွေ့ကြရမလဲ...ဘူးသ်နားသ်တို့အဖွဲ့ သရဲကို ရှင်းထုတ်နိုင်မှာလား...ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြရမလဲ... ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့...( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

Bhoothnath Returns (2014)

2014
Bawaal (2023) 7.2
Bawaal (2023) Bawaal(2023) IMDb-7.0/10အောင်မြင်လာတဲ့နာမည်နဲ့အတူ ဗလကြီးပါရှယ်မိုက်လာတဲ့ မင်းသားဗာရွန်းနဲ့ မင်းသမီးချော ဂျန်ဗီကပူးရ်တို့အဓိကပါဝင်ထားတဲ့ ဟင်ဒီစကားပြော ဘောလိ၀ုဒ်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကျွန်တော်တို့ဘ၀တွေမှာ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို ပတ်ဝန်းကျင်ကိုပြချင်ကြတာကိုက လူ့သဘောသဘာ၀လိုဖြစ်နေကြတယ်။အတွင်းစိတ်မှာ ပွက်လောရိုက်ဆူညံနေပေမယ့် အပြင်မှာကျ မပွင့်မလင်းနဲ့အေးတိအေးစက်နေတာမျိုး။သူများအထင်ကြီးလေးစားတာကို လိုချင်တော့ သူများဘယ်လိုမြင်သွားမလဲဆိုတဲ့စိတ်နဲ့ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို ပြပေးရင်း ပြပေးရင်း ကိုယ်ဘာကောင်လဲဆိုတာ ကိုယ်တိုင်မသိနိုင်တော့တာတွေ။ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီးက မြို့လေးမှာရှိတဲ့ လူတကာအထင်ကြီးအားကျရတဲ့ အကိုကြီးအဂျူး။ အထင်မကြီးကြီးအောင် အားမကျကျအောင်လည်း အဂျူးက မုသားမျိုးစေ့တွေဖြန့်ကြဲထားခဲ့လေတော့။ ကိုယ်စိုက်တဲ့အပင်ဆိုတာ ကိုယ်ရိတ်သိမ်းရတာပဲမလား။ဒီလိုအလိမ်အညာတွေနဲ့ အဂျူးတစ်ယောက် သတို့သမီးလောင်းပေါ်မှာလည်း ပုံစံမှန်မပြခဲ့ဘဲ မုသားတွေနဲ့ပဲလက်ထပ်တာကအစ။အထင်အကြီးခံချင်တဲ့အဂျူး လူတကာလေးစားစေချင်တဲ့အဂျူး သူ့ဇနီးသည်ဆီမှာရှိတဲ့ရောဂါက သူ့ကိုလူပုံအလယ်မှာ အရှက်ကွဲစေမှာပဲလို့တွေးခဲ့တယ်။အဲဒီစိတ်နဲ့ပဲ ဘယ်သွားသွားဇနီးဖြစ်သူကို ခေါ်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူတို့ရဲ့ကြားထဲက ဆက်ဆံရေးကဘယ်လိုဘယ်ဝယ်ဖြစ်လာမလဲဆိုတာ သင်ခန်းစာယူရင်း ရှင်သန်ကြရတဲ့ဘ၀မှာ မိမိရဲ့အစစ်အမှန်ပုံစံအတိုင်းပဲ နေကြည့်ကြရအောင်လား။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Cherry~Zwe~BpL~Aditi~Yunniတို့ပါ) File size…5.1GB / 1.89GB / 791MB Quality…4k HEVC AMZ WEL DL /1080p WEBDL AAC5.1CH /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Cherry~Zwe~BpL~Aditi~Yunni
movie

Bawaal (2023)

2023
4K HEVC
Dangal (2016) 9.2
Dangal (2016) Dangal (သို့မဟုတ်) အောင်မြင်မှုရဲ့ ခရီးကြမ်း"နပန်းသမားတစ်ယောက်က ကွင်းထဲဝင်လာပြီး ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်ဆုတံဆိပ်ရယူပေဖို့အတွက်ပဲ။ဒါပေမဲ့ နိုင်ငံကတော့ နပန်းသမားတွေကို ဘာမှကူညီထောက်ပံမှုမလုပ်ပေးဘူး။"ဒီစကားကိုပြောတာက နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးကယောကျာ်းလေးဖြစ်ရမယ်တဲ့။ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာခဲ့တာ ၄ယောက်မြောက်ထိရောက်လာပေမယ့် အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ဒါပေမဲ့.......တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့ Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး ...
movie

Dangal (2016)

2016
HEVC 1080p
Chhichhore (2019) 8.5
Chhichhore (2019) (Unicode)IMDb - 8.4/10Genere - Dramaအတိတ်ရထားကို စီးခွင့်သာ ရမယ်ဆိုရင် ကျောင်းသားဘဝဟာ လူတိုင်းရဲ့ ဘူတာ ဖြစ်မှာပါ။ဘဝရဲ့ အကောင်းဆုံး အမှတ်တရတွေဟာ ကျောင်းသားဘဝမှာပဲ ဖြစ်တည်ကြတာမလား။မိသားစုလို ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ရှိမယ်။ဘဝရဲ့ လက်တွဲဖော်ကို စပြီး ရှာတွေ့ခဲ့တယ်။အားကစားပွဲတွေမှာ အတူယှဉ်ပြိုင်ခဲ့ကြတယ်။ကျောင်းအနုပညာပွဲတွေမှာ အတူပါဝင်ခဲ့ကြဖူးတယ်။ကျောင်းသားဘဝ အတိတ်မှတ်တမ်းဟာ ပြန်ဖတ်လို့ မရိုးအီနိုင်တဲ့ စာအုပ်တစ်အုပ်ပဲ။-----------------------------------------------ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ကောင်တွေကို Engineering College ကျောင်းသားတွေ အဖြစ် မြင်ရမယ်။အရှုံးသမားအမည်ခံ ၊ တစ်ကျောင်းလုံးရဲ့ အဆိုးဆုံး အဆောင် H4 လေးရဲ့ ချစ်ခင်မှု၊ပျော်ရွှင်ကြမှု၊ စည်းလုံးမှု ဒါတွေကို မြင်ရမယ်။အရက်သမားရယ်၊ အချိန်ပြည့် အပြာစာအုပ်တွေ ထိုင်ဖတ်နေတဲ့ကောင်ရယ်၊အရှုံးသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ...
movie

Chhichhore (2019)

2019
Bhoothnath Returns (2014) 6.7
Bhoothnath Returns (2014) Bhoothnath Returns (2014)_____IMDb - 6.7/10  ပေါ့ပေါ့ပါးပါး နဲ့အသိဉာဏ်ထက်မယ့်ဇာတ်ကားလေးကို ရွေးချယ်ကြည့်ဖြစ်မယ်ဆိုရင် ဒီဇာတ်ကားလေးကိုမမေ့လိုက်ပါနဲ့မိတ်ဆွေ ဒီဇာတ်ကားလေးဟာ IMDB 6.7 ရထားတဲ့အတွက်ဇာတ်ကားကောင်းတစ်ခုလို့ ညွှန်းဆိုရမှာပါ။ (ဇာတ်လမ်းအကျဉ်း)မစ္စတာဘွက်နပ်ခ် ဟာ ကမ္ဘာမြေကနေ
ဝိညာဉ်လောကဆီ ပြန်လာတဲ့ သရဲတစ်ကောင်ပေါ့။ သူဟာ သရဲ အဖြစ်နဲ့ ကမ္ဘာမြေဆီရောက်ခဲ့ဖူးသူပါ။
သို့သော် ကလေးတွေကအစ
သူ့ကို မကြောက်လို့ 
အခြားဝိညာဉ် တွေရဲ့
လှောင်ပြောင်ခြင်းကိုခံစားနေရတာပါ။ဒီလိုနဲ့ ကမ္ဘာမြေဆီတစ်ခေါက်ပြန်လာခဲ့ပါပြီ။
ဝိညာဉ် တွေရဲ့လှောင်ပြောင်မှုတွေ တိတ်သွားအောင်
ကလေးတွေကို ခြောက်လှန့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။

သို့သော် သူထင်သလို မဖြစ်ခဲ့ပါဘူး။ဒီလိုနဲ့သူဟာထိုင်ခုံတစ်ခုမှာထိုင်နေတုန်း
သူ့ကို မြင်တွေ့နိုင်တဲ့သူငယ်လေးတစ်ဦးနဲ့ဆုံတွေ့ခဲ့ပါတယ်။ ထိုသူငယ်ကတော့
အက်ကရော့ဆိုတဲ့ ကောင်လေးပါပဲ။

ဒီလိုနဲ့ မစ္စတာဘွက်နပ်ခ် ဟာ
ထိုသူငယ်အကူအညီနဲ့ ကလေးငယ်တွေကို
ခြောက်လှန့်ကြတယ်။သရဲတကယ်ရှိကြောင်း
ခြိမ်းခြောက်ကြတယ်။

အက်ကရော့ ကူညီလို့အဆင်ပြေတော့
မစ္စတာဘွက်နပ်ခ် ကလည်း
အက်ကရော့ ကိုပြန်ကူညီပါတယ်။

သရဲရှိလို့ ဆက်လက်မဆောက်တော့တဲ့တိုက်တွေဆီသွား၊
ဝိညာဉ် တွေနဲ့ မစ္စတာဘွက်နပ်ခ် တို့စကားပြောကြပြီး
အက်ကရော့ ကိုကူညီကြတယ်။
အဆောက်အဦး ပိုင်ရှင်တွကလည်း
အက်ကရော့ ကိုပိုက်ဆံပေးကြတယ်။  ဒီလိုနဲ့ တစ်နေ့မှာတော့ အက်ကရော့ ဆီ ဘဟူဆိုတဲ့
အဆောက်အဦးပိုင်ရှင်တစ်ဦးက 
ငွေအမြောက်အမြားပေးရင်း
အဆောက်အဦးမှာရှိတဲ့ ဝိညာဉ် တွေကိုဖယ်ရှားစေခဲ့ပါတယ်။

အဲဒီတိုက်ဟာ ဘဟူ မတရားသိမ်းပိုက်ခဲ့တာဖြစ်ပြီး
ဝိညာဉ်တွေဟာလည်း ဖယ်ရှားလိုခြင်းမရှိတာကြောင့်
အက်ကရော့ ဟာ ဘဟူ ကို အကျိုးအကြောင်း
ပြောပြခဲ့တယ်။ ဒါပေမဲ့ လက်မခံနိုင်တဲ့ ဘဟူအတွက်တော့
ဒေါသကြီးလွန်းစေခဲ့ပါတယ်။

ဘဟူ ...
movie

Bhoothnath Returns (2014)

2014