Channel Myanmar

Park Ji-Wan

The Day I Died: Unclosed Case (2020) 7.3
The Day I Died: Unclosed Case (2020) The Day I Died (2020)ဘဝမှာတစ်ယောက်တည်းအထီးကျန်နေတာမျိုး၊ ကိုယ့်အမှားမဟုတ်ဘဲ တစ်ခြားသူအမှားကြောင့် အပစ်ပယ်ခံရတာမျိုးကို ကြုံနေရတဲ့ကောင်မလေးတစ်ယောက်အကြောင်းကို စုံထောက်တစ်ယောက်က စုံစမ်းတာနဲ့ ဇာတ်လမ်းလေးကို စဖွင့်ထားပါတယ်ဒီကားထဲမှာပါဝင်တဲ့သူတွေကတော့ နာမည်ကြီးမင်းသမီး Kim Hye-soo၊ တက်သစ်စ မင်းသမီးလေး No Jeong-ee (18 Again) နဲ့ မင်းသားချော Lee Sang-Yeob တို့က ပါဝင်ထားပြီး ၂၀၂၀မှာထွက်ရှိထားပြီး IMDB 10/7.3 ထိ ရထားတဲ့ Drama/Crime ဇာတ်ကားကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်ဇာတ်လမ်းကို ပြန်ပြောရရင် မတော်တဆမှုတစ်ခုကြောင့် အလုပ်နားထားရတဲ့ ဂင်ယောင်းဆွန်း အမှုစစ်ကို အထက်လူကြီးဖြစ်သူကခေါ်ပြီး အလုပ်ခွင်နားထားရတဲ့မတော်တဆပြစ်မှုနဲ့ ရာထူးတိုးချင်တယ်ဆိုရင် အမှုတစ်ခုကိုလိုက်ပြီး အမှုပိတ်ဖို့အတွက်အစီရင်ခံစာတင်ဖို့တောင်းဆိုခဲ့ပါတယ် ဂင်ယောင်းဆွန်းကိုယ်တိုင်ကလည်း ယောက်ျားနဲ့ကွာရှင်းဖို့အမှုရင်ဆိုင်နေရပြီး မတော်တဆမှုကြောင့် လက်အကြောဆိုင်းတဲ့ဝေဒနာကိုခံစားနေရတဲ့အပြင် အလုပ်ကလည်းမတော်တဆမှုအတွက်နဲ့ ပြုတ်မလိုဖြစ်နေခဲ့သူပါ အဲ့ဒီအချိန်အထက်ကစုံစမ်းခိုင်းတဲ့ ဆယ်ဂျင်းဆိုတဲ့ သူဌေးသမီးကောင်မလေးတစ်ယောက် သေကြောင်းကြံစည်မှုကို အစီရင်ခံစာဖို့လုပ်ရင်း မထင်မှတ်ထားတွေပါ ဆက်လက်သိရှိလာခဲ့ပါတယ် ကောင်မလေးအဖေဖြစ်သူကလည်း မတရားမှုများစွာလုပ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ပြီး အစ်ကိုဖြစ်သူကလည်း ဆေးမှုနဲ့ထောင်ကျနေပါတယ် ဆယ်ဂျင်းကိုလည်း သူ့အဖေပြစ်မှုတွေအတွက် သူမသေကြောင်းမကြံခင်မှာ ရဲတွေဖက်ကစစ်ဆေးခဲ့ကြပြီး အဲ့ဒီအချိန်တုန်းက ဂင်ဆွန်းယောင်းကမတော်တဆမှုကြောင့်ဆေးရုံရောက်နေချိန်လည်းဖြစ်ပါတယ် ဂင်ယောင်းဆွန်း ဆေးရုံက ဆင်းလာပြီးနောက် အထက်က ယာယီအလုပ်ဆင်းခိုင်းခဲ့ချိန် ဆယ်ဂျင်းက သေဆုံးသွားခဲ့ပြီး အားလုံးက အပြီးသတ်ချင်နေတဲ့အမှုက ...
movie

The Day I Died: Unclosed Case (2020)

2020