Channel Myanmar

Park Suk-young

The Hill of Wind (2019) 7.8
The Hill of Wind (2019) ဒီကားကတော့ ဇာတ်လမ်းကနည်းနည်းအေးပေမယ့် အနှစ်သာရရှိတဲ့ မိဘမေတ္တာဘွဲ့ကားလို့ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် ယောင်းဘွန်းဆိုတဲ့ အဒေါ်ကြီးကငယ်စဉ်ကကွဲကွာသွားတဲ့သမီးကိုရှာတာကနေစပါတယ်။ သူသမီးကိုရှာဖို့အလုပ်လုပ်လက်စ နေရာကနေစွန့်ခွာလာပြီး သူဇာတိမြေကိုပြန်လာခဲ့ပါတယ်။ ဇာတိမြေရောက်တဲ့အခါမှာ သူသမီးကိုမတွေ့သေးပဲ မထင်မှတ်ပဲ သူစုံစမ်းရထားတဲ့ နေရာက အားကစားစင်တာတစ်ခုဖြစ်နေပါတယ်။ အဒေါ်ကြီးလည်းပေါက်တဲ့နဖူး မထူးတော့ဖူးဆိုပြီး ရောက်လာလက်စနဲ့ အဲ့အားကစားခန်းမကိုညဖက်ကြီး ဝင်ကြည့်ရင်း အဲ့သင်တန်းကဆရာမလေးတစ်ယောက်နဲ့ခင်မင်ရင်းနှီးလာခဲ့ပါတယ်။ သင်တန်းဆရာမကသဘောကောင်းပေမယ့် ပြောရရင်သူဖွင့်ထားတဲ့အားကစားခန်းမက သိပ်ပြီးအဆင်မပြေရှာပါဖူး။ ဒါကိုခင်မင်ရင်းစွဲလည်းရှိ သားသမီးချင်း ကိုယ်ချင်းစာနာမိတဲ့ အဒေါ်ကြီးက ကူညီဖို့ဖြစ်လာပါတယ်။ ကျန်တာဘယ်လိုဆက်ဖြစ်မယ်။ သမီးပျောက်ရှာနေတဲ့ အဒေါ်ကြီးကောသူသမီးနဲ့ဆုံတွေ့နိုင်ပါမလား။ သူသမီးကကော ရှိသေးရဲ့လားဆိုတာကို ဇာတ်လမ်းကိုပဲ ကိုယ်တိုင်ကြည့်ပြီးခံစားပေးပါ။ အမေနဲ့သမီးကြားက ၅၂၈ မေတ္တာဘွဲ့ကို လှလှပပဖော်ကျူးထားတာခံစားကြရမှာပဲဖြစ်ပါတယ်။    File Size - 1.1 GB Quality - Web-Dl 1080P Subtitle - Burmese (Hardsub) Translator - Moe Pwint Encoder - Thit San Khant
movie

The Hill of Wind (2019)

2019