Channel Myanmar

Paul Thomas Anderson

There Will Be Blood (2007) 8.2
There Will Be Blood (2007) There Will Be Blood (2007)====================IMDb Rating - 8.2/10#Unicodeအချိန်ကာလက ၁၈၉၈ ခုနှစ်။ နယူးမက္ကစီကိုရဲ့ ကွင်းပြင်တွေအလည်က မိုင်းတွင်းတွေထဲမှာ ငွေသတ္တု ရှာဖွေနေသူ တစ်ယောက်ကို တွေ့ရတယ်။ ဇွဲနဲ့မာန်နဲ့ တူးနေတဲ့သူ့ရဲ့ လုံ့လအတွက် အဖိုးအခအနေနဲ့ ငွေသတ္တုရိုင်းတစ်ခဲကိုလည်း တွေ့ထားပြီးပြီ။ သူ့အလုပ် ပြီးပြီဆိုတော့ တွင်းပေါ်ပြန်တက်ဖို့ လုပ်တာပေါ့။ ဒါပေမဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီး သူ့ဘယ်ခြေထောက်က ဆာသွားခဲ့တယ်။ ဒါပေမဲ့ မြေပြင်ပေါ်ကိုတော့ သူရအောင်ပြန်တက်နိုင်ခဲ့တယ်။ သူ့နာမည်က 'ဒန်နီယယ် ပလိန်းဗျူး' တဲ့။နှစ်ဆယ်ရာစုအစောပိုင်းကာလတွေမှာ လူမှုဘဝတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုအရ လောင်စာဟာ ရတနာပစ္စည်းတွေထက် ပိုတန်ဖိုးရှိလာတယ်။ ဒါကြောင့်လည်း ရေနံထွက်မယ်လို့ ယူဆကြတဲ့မြေပေါ်မှာ လူသားတွေဟာ ခြေချင်းလိမ် လာကြတယ်။ တစ်ကယ်တော့ ရေနံတူးဖော်မှုလုပ်ငန်းက အန္တရာယ်များတဲ့အလုပ်မျိုး။ အဲ့ဒီခေတ်ကာလအနေနဲ့ဆို ပိုဆိုးတာပေါ့။ မြေအောက်အလွှာထဲက အနက်ရောင် ရွှေရည်တွေကို မြေပြင်ပေါ်တင်ဖို့ဆိုတာ အန္တရာယ်များသလို စိန်ခေါ်မှုတွေလည်း ပြည့်နှက်နေတယ်။ ယနေ့ခေတ်လို ခေတ်မှီတူးဖော်ကိရိယာတွေ မရှိတဲ့အတွက် လူအား ကာယအားကိုသာ အသုံးချပြီး မြေအောက် ပေအတော်ကွာတဲ့ တွင်းထဲ ရှူစရာ လေလုံလုံလောက်လောက်မရှိ၊ ဓာတ်ငွေ့ နံ့တွေ လွှမ်းနေတဲ့ကြားထဲမှာ တူးဖော်ကြရတယ်။ ဒါတောင် လုပ်ငန်းခွင်အန္တရာယ်တွေဖြစ်တဲ့ တွင်းပြိုကျမှုတွေ၊ ဝန်မနိုင်ပဲ ပျက်စီးရာကနေ လူထိခိုက်မှုတွေ မပါသေးဘူး။ ဒါပဲလား၊ ...
movie

There Will Be Blood (2007)

2007
Punch-Drunk Love(2002) 7.3
Punch-Drunk Love(2002) Punch-Drunk Love(2002)IMDb - 7.3ဘယ်ရီတဲ့ သူဟာ ကြောင်တောင်တောင်လူလို့ပဲပြောရမလားမသိ...သူဟာ အချစ်ဆိုတာ မကြုံခဲ့ဖူးသူ ....သူ့မှာ အစ်မတွေ ၇ ယောက်တောင်ရှိတယ်...ဒီအစ်မတွေဟာ သူငယ်ငယ်က ဖြစ်ပျက်ခဲ့တဲ့ ရယ်စရာကိစ္စတစ်ခုနဲ့ ပတ်သတ်ပြီး သူ့ကိုအမြဲလှောင်ပြောင်နေလေ့ရှိတယ် ...အဲ့ဒီအစ်မတွေကပဲ အချစ်မရှာတဲ့သူ့အတွက် ချစ်သူတစ်ယောက် ဝိုင်းရှာပေးကြတယ် ..အကွက်တွေဖန်ပေးကြတယ် ....ဒါပေမဲ့လည်း ဘယ်ရီတစ်ယောက်ဟာ အဆင်မပြေနေခဲ့လေတော့ တစ်ယောက်တည်း အထီးကျန်နေတာပေါ့ ..ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့အထီးကျန်မှုကို ခဏတာဖြေဖျောက်ဖို့ လုပ်ငန်းတစ်ခုနဲ့ဆက်သွယ်မိချိန်ကစလို့ကိစ္စပေါင်းစုံကြုံရပါတော့....ဒီကားက မင်းသားကြီး Adam Sandler ကိုတော့တော်တော်များများသိကြမှာပါ..ရုပ်ရည်ပြေပြစ်တဲ့မင်းသားမဟုတ်ပေမဲ့ Drama တွေ Romance တွေမှာဆိုပရိတ်သတ်နှလုံးအိမ်ကို လွန်စွာမှ ဖမ်းစားနိုင်တာသိကြမှာပါ...သူ့ကားတော်တော်များများ တကယ်ကောင်းလွန်းသလိုယခုကားလည်း ကောင်းတဲ့ဇာတ်ကားတစ်ကားပေမို့ တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.....File Size : (850 MB) and (469 MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre : Romance, Drama, ...
movie

Punch-Drunk Love(2002)

The Master(2012) 7.2
The Master(2012) The Master(2012)အညွှန်း********************IMDb...7.2,,,,,Rotten....85%အမိုက်စားကားမို့ (BLU-RAY 1080P 5.1CH,720P)တို့ဖြင့်တင်ဆက်ပေးထားပါသည်.....(unicode)Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Joaquin Phoenix ရဲ့ သရုပ်ဆောင်ဟန်တွေကိုတော့ အားလုံးလိုလို ချီးကျူးခဲ့မိကြမယ်ထင်ပါရဲ့....ဒါ့ကြောင့် ဒီမင်းသားကြီးရဲ့ ဇာတ်ကားတွေထဲက အကောင်းဆုံးစာရင်း၀◌င်တဲ့ The Master ဆိုတဲ့ ကားကိုတင်ဆက်ပေးလိုက်ပါတယ်... ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန် စိတ်ဝေဒနာရှင်မိခင်တစ်ယောက်ရဲ့ သားဖြစ်သူဟာ စစ်တပ်ကထွက်ပြီး အရပ်ဘက်အလုပ်တွေလုပ်ကိုင်ခဲ့တယ်... ကံဆိုးတာက သူကိုယ်တိုင်က အမေဘက်လိုက်တယ်လို့ ဆိုရမလား မသိ...သူ့မှာလည်း စိတ်ဝေဒနာအခံက ရှိနေပြန်တယ်... သူဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိခဲ့တယ်....သူကိုယ်သူလည်း ဘာချို့ယွင်းချက်ရှိနေလဲဆိုတာသိတော့ စိတ်ပညာရှင် မာစတာနဲ့ တွေ့ပြီး တော့ သူ့ရဲ့ဖြစ်တည်မှုကို ပြင်ဖို့ကြိုးစားပါတော့တယ်... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်ဝင်တစားနဲ့ ရသမျိုးစုံ ပေါင်းစုံခံစားရမှာဖြစ်လို့ လုံးဝလက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်..IMDb..7.2နဲ့ Rotten 85%တောင် ရထားတာဖြစ်လို့ ခံစားကြည့်ကြပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်....(zawgyi)Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Joaquin ...
movie

The Master(2012)

2012
Phantom Thread (2017) 7.5
Phantom Thread (2017) Phantom Thread (2017) IMDb - 7.5/10_______Rotten - 91% Won 1 Oscar. Another 57 wins & 120 nominationsဒီကားလေးကတော့ rating မြင့် Drama ကားကြည့်ချင်သူများအတွက် ဇာတ်ကားကောင်းလေးပါ။IMDb rating 7.5 အထိရရှိထားပြီး Daniel Day-Lewis ၊ Lesley Manville နဲ့ Vicky Krieps တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။စစ်ကြီးပြီး ၁၉၅၀ခုနှစ်နှောင်းပိုင်း လန်ဒန်မြို့တွင် ဇာတ်အိမ်တည်ထားပါတယ်။Reynolds နဲ့ သူ့ရဲ့အစ်မဖြစ်သူ Cyril တို့ဟာ ဗြိတိသျှဖက်ရှင်လောကတွင် အထင်ကရမျက်နှာကြီးသူတွေဖြစ်ပြီး တော်ဝင်မျိုးနွယ်များ၊ ရုပ်ရှင်အကျော်အမော်များ၊ နာမည်ကျော်ကြားသူများအတွက် ဝတ်စုံချုပ်လုပ်ဖန်တီးသူတွေပဲဖြစ်ပါတယ်။တစ်ကိုယ်တည်းနေ ၂ယောက်အတူနေနိုင်ကြတဲ့ အဲဒီမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ဖက်ရှင်အလုပ်မှာပဲ စိတ်နှစ်မြုပ်ထားတာပဲဖြစ်ပါတယ်။Reynold ဘဝမှာ သူ့ရဲ့ဝတ်စုံတွေဝတ်ဖို့ မော်ဒယ်တွေနဲ့အများကြီးပတ်သက်ဖူးထားသူဖြစ်ပေမယ့် အိမ်ထောင်ပြုခြင်းလည်းမရှိပါဘူး။သူ့ဘဝကိုသူ စိတ်ကြိုက်မွမ်းမံဖြတ်သန်းနေသူပါ။ဒါပေမယ့် ကံကြမ္မာတစ်ကွေ့မှာတော့ Alma ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက်ပိုင်း သူ့ရဲ့ဘဝမှာ တဖြေးဖြေးပြောင်းလဲလာပါတော့တယ်သူကိုယ်တိုင်တည်ဆောက်ထားတဲ့ဘဝဟာ အချစ်ကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး ...
movie

Phantom Thread (2017)

2017
Inherent Vice (2014) 6.7
Inherent Vice (2014) IMDb (6.7/10)...Rotten Tomatoes (74%)၁၉၆၀ ပြည့်လွန်နှစ်များကုန်ခါနီးက ဆိုင်ခီဒဲလစ်ဆေးဝါးများ trip နှင့် Groovy တို့ကဲ့သို့ ဝေါဟာရများရေပန်းစားနေချိန်တွင် အလွတ်စုံထောက် Doc Sportello ၏ဇနီးဟောင်းသည် Doc ထံ ရုတ်တရက်ပြန်ရောက်လာပြီး သူမရဲ့လက်ရှိချစ်သူ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးကို ပြန်ပေးဆွဲကာ စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ ကြံစည်နေကြောင်း ပြောပြသည်။Doc က ထိုဇာတ်ရှုပ်တွင် သူဘယ်လိုပါဝင်ပတ်သက်ရမှန်း မသိ ပေ။ ဇနီးဟောင်းပြောပြသောကိစ္စကို သူယုံရခက်နေသည်။ ပင်လယ်လှိုင်း စီးသူများ၊ အကြံအဖန်များ၊ ဇိမ်ခေါင်းများ၊ ဘိန်းစားများ၊ ရော့ခ်ဂီတသမားများ၊ လူသတ်သော ငွေတိုးချေးစားသူများ၊ စုံထောက်လုပ်သော ဆက်ဇိုဖုန်းပညာ၊ Golden Fang အမည်ရှိ ပဟေဠိဆန်သူတစ်ဦးနှင့် သွားရောဂါကုဆရာဝန်တစ် ဦး စသည့် ဇာတ်ကောင်စရိုက်မျိုးစုံပါဝင်သော ဤဇာတ်ကားမှာ အရောင်း ရဆုံး အမေရိကန်စာရေးဆရာThomas Pynchon ၏၀တ္ထုကို Paul Thomas Anderson က ...
movie

Inherent Vice (2014)

2014