Channel Myanmar

Philip Barantini

Villain (2020) 5.9
Villain (2020) Villain (2020) =========== IMDb Rating - 5.9/10အက်ဒီဖရန့်ခ်ဟာ ဆယ်နှစ်ကျော်ထောင်ဒဏ်ကျခံပြီးလွတ်မြောက်ကာစ ဖြစ်ပါတယ်။ သူဖွင့်ထားခဲ့တဲ့အရက်ဆိုင်ကို သူ့ညီက ဦးစီးနေပြီး ဆိုင်အခြေ အနေကိုကြည့်ရတာ အားရစရာမရှိလှပါဘူး။ အက်ဒီဟာ တစ်ချိန်က ဆိုးခဲ့ မိုက်ခဲ့တဲ့အတွက် သူ့သမီးက သူ့ကိုအဆက်အဆံမလုပ်သလို အတူနေ သူ့ညီ နဲ့လည်း အစေးမကပ်ပါဘူး။ ဒါပေမယ့်လည်း ထောင်ထဲမှာ အကျွတ်တရားရ ခဲ့ပုံရခဲ့တဲ့အတွက် ဘဝကိုပြန်လည်ကောင်းမွန်အောင်တည်ဆောက်ဖို့ကြိုးစား ရင်း သူ့ဆိုင်ကိုလည်း အကောင်းဆုံးဖြစ်အောင်ပြန်လည်ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမယ့်လည်း ဒေသခံဂန်းစတားခေါင်းဆောင်တွေဖြစ်တဲ့ ရွိုင်းနဲ့ ဂျွန်ဆိုတဲ့ လူဆိုးနှစ်ယောက် သူနဲ့လာတွေ့ပြီး သူထောင်ကျနေချိန် သူ့ညီရှုပ်ခဲ့တဲ့ဇယားတွေ ကြောင့်သူတို့ဆီကို ငွေပမာဏအများကြီးအကြွေးတင်နေတာကိုသိရတဲ့အချိန်မှာ ဒီပြဿနာတွေကို အက်ဒီခေါင်းခံဖြေရှင်းဖို့ဖြစ်လာပါတယ်။ အဲ့ဒီလိုဖြေရှင်းဖို့အ တွက်တော့ သူစွန့်လွှတ်ခဲ့ပြီးသား ဒုစရိုက်လမ်းကိုပြန်ရွေးဖို့တစ်နည်းသာရှိပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.31 GB) / (475 MB) Quality............WEB-DL 1080p / 720p Duration........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Drama Translator......Alias Encoder..........SWM
movie

Villain (2020)

2020
Boiling Point (2021) 7.6
Boiling Point (2021) စားသောက်ဆိုင်တစ်ဆိုင်ကို စီမံရတဲ့စားဖိုမှူးခေါင်းဆောင်တစ်ယောက်လုပ်ရတာက တစ်ကယ်ပဲလွယ်ကူမှုရှိရဲ့လားစားသောက်ဆိုင်တစ်ဆိုင်လည်ပတ်ရတာကရော ရိုးရှင်းရဲ့လားစားဖိုမှူးတစ်ယောက်က အစားအသောက်လေးကိုချက်ပြုတ်ရုံလေးပဲလို့ထင်မိလားဒီလိုထင်မိရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ။အန်ဒီဆိုတဲ့ စားဖိုမှူးခေါင်းဆောင်နဲ့အတူ စားသောက်ဆိုင်ရဲ့လည်ပတ်ပုံတွေကို ကိုယ်တိုင်လိုက်ပါကြည့်ရှုလိုက်ပါ။မိသားစုပြဿနာတွေကြားဗျာများနေရပေမယ့်အန်ဒီတစ်ယောက် ခရစ်စမတ်အကြိုသောကြာနေ့ညအတွက် စားဖိုဆောင်မှာအကောင်းဆုံးတာဝန်ထမ်းဆောင်နေပုံတွေစားသောက်ဆိုင်အလုပ်ရဲ့ ဖိအားတွေပြဿနာတွေကို ကိုယ်တိုင်စားသောက်ဆိုင်ထဲမှာရောက်နေသယောင်ဖြစ်အောင် Single Shot နဲ့ပဲရိုက်ကူးထားပြီး ဆုလေးဆုရကာ ဆု(၁၄)ဆုမှာဇကာတင်စာရင်းဝင်ထားတဲ့ဇာတ်ကားဆိုတော့ ကြည့်လိုက်မိလို့နောင်တရစရာမရှိမှာတော့သေချာပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.66GB) / (850MB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Boiling Point (2021)