Channel Myanmar

Pierre Coré

Belle and Sebastien: The New Generation (2022) 6.2
Belle and Sebastien: The New Generation (2022) Belle and Sébastien: The New Generation (2022)ဒီတစ်ခါ​တော့ Pet Lover ​လေး​တွေအတွက် 2022 မှာထွက်ရှိထားတဲ့ ဒရာမာ အက်ရှင်ပြင်သစ်ကား​လေး Belle and Sébastien: The New Generation ​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ 1965 ကစ တီဗွီစီးရီးအဖြစ်ထွက်ရှိထားပြီး ​နောက်ပိုင်း စီးရီးက​နေ ရုပ်ရှင်အဖြစ်လည်း အများကြီးထွက်ရှိထားတဲ့ကား​လေးပဲဖြစ်ပါတယ်။ 2022 မှာထွက်ထားတဲ့ ခုကား​လေးက​တော့ ဒီဘက်​ခေတ်နဲ့ လိုက်‌လျောညီ​ထွေ​အောင်ရိုက်ပြထားတဲ့ ကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~၁၀ နှစ်အရွယ် ပြင်သစ်မြို့ကြီးသားလေး ဆက်​ဗေးစတန်း တစ်​ယောက် အ​မေခရီးသွားစရာရှိလို့ အဘွားဖြစ်သူရှိတဲ့ရွာကို သွားပြီး​နောက် ဘယ်လ်ဆိုတဲ့​ခွေး​လေးနဲ့ ​တွေ့ဖြစ်တဲ့အခါ သူတို့နှစ်​ယောက်ကြားဘယ်လို​တွေ ​သံ​ယောဇဥ်​​တွေဖြစ်သွားကြလဲဆိုတာကို ကြည့်ရမယ့် ဒရာမာရုပ်ရှင်​ကောင်း​လေးတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်း​လေးထဲမှာ သိုးအ​ကြောင်း​တွေလည်းပါတာမို့ တိချစ်သူ​တွေအတွက်​တော့ ကြည့်ရတာ​​တန်ပြီး ဗဟုသုတ​တွေလည်း​တိုးမယ့် ဇာတ်ကား​ကောင်း​လေးတစ်ကားဆိုလည်း မမှားပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ...
movie

Belle and Sebastien: The New Generation (2022)

2022
Sahara (2017) 5.7
Sahara (2017) ပူပြင်းခြောက်သွေ့တဲ့သဲကန္တာရထဲမှာ မြွေအုပ်စု ၂ ခုရှိပါတယ်.. လှပတဲ့မြွေစိမ်းတွေက အိုအေစစ်နား အရိပ်အာဝါသတစ်ခုကိုခိုလှုံရင်း လူသူအနှောင့်အယှက်ကင်းဝေးစွာ နေထိုင်ကြပါတယ်.. နောက်မြွေတစ်မျိုးဖြစ်တဲ့မြွေဟောက်တွေကတော့ ကန္တာရထဲမှာပဲ ကျင်လည်ကျက်စားပြီး ပြိုင်ဆိုင်မှုပြင်းထန်ကာ စားဝတ်နေရေးခက်ခဲကြမ်းတမ်းမှုတွေကြားမှာ ရုန်းကန်နေရတဲ့ မြွေတွေပါ ... ကျိကျိတက်ချမ်းသားတဲ့ သူဌေးတွေနဲ့ လမ်းဘေးက ဒုစရိုက်နယ်မြေလိုပေါ့ဗျာ.. ဒီကာတွန်းကားကတော့ အဂျားလို့ခေါ်တဲ့ မြွေဟောက်ငယ်လေးရဲ့ အချစ်အတွက် စွန့်စားခန်းကိုရိုက်ထားတာပါ.. သူဟာ အရေခွံတောင်မလဲရသေးတဲ့ မနူးမနပ်မြွေဖြစ်တာကြောင့် အမြဲအနိုင်ကျင့်ခံနေရသူဖြစ်ပါတယ်.. တစ်နေ့မှာတော့ အစိမ်းရောင်တွေလူးပြီး မြွေစိမ်းအယောင်ဆောင်ကာ မြွေစိမ်းတွေနယ်မြေဆီမှာ နေထိုင်ဖို့ ထွက်လာခဲ့တယ်.. အဲဒီနယ်မြေက အပြင်လူဝင်တာနဲ့ အပြတ်ရှင်းမယ့်ကောင်တွေ စောင့်ကြပ်နေတယ်.. အဲလိုသွားရင်းနဲ့ အီဗာလို့ခေါ်တဲ့ မြွေစိမ်းမလေးနဲ့ဆုံပါလေရော.. အီဗာဆိုတာက အိုအေစစ်တဝိုက်မှာ အချမ်းသာ အကြွယ်ဝဆုံးနဲ့ အာဏာအရှိဆုံးမြွေသူဌေးကြီးရဲ့ သမီးတော်... သူက ချမ်းသာမှုနဲ့ လုံခြုံသက်သာမှုကို ရွံမုန်းပြီး အစဉ်အလာကိုဆန့်ကျင်ချင်သူ.. စီစဉ်ထားတဲ့လက်ထပ်ပွဲကိုရှောင်လွှဲချင်သူ.. ကန္တာရထဲမှာ ဘာတွေရှိလဲဆိုတာကို စူးစမ်းချင်သူ မြွေဂျစ်မလေး.. ဒီလိုနဲ့ အဂျားနဲ့အီဗာတွေ့ကြပါလေရောဗျာ.. အီဗာတစ်ယောက် နယ်မြေထဲက ခိုးထွက်ရင်း ကန္တာရခရီးသွားအာရပ်တွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့အခါမှာတော့ အဂျားတစ်ကောင်ဟာ သူ့သူငယ်ချင်း ပစ်ဆိုတဲ့ကင်းမြီးကောက်ကို အဖော်ပြုရင်း အချိန်မရွေးသေသွားနိုင်တဲ့ ...
movie

Sahara (2017)

2017