Channel Myanmar

Ranjit Tewari

Cuttputlli (2022) 5.2
Cuttputlli (2022) ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၁၈ တုန်းက လူကြိုက်များခဲ့တဲ့ ‘Ratsasan’ ဆိုတဲ့ ဇာတ်ကားကို Disney+ Hotstar က ၂၀၂၂ မှာ ဆန်းသစ်တဲ့ ရိုက်ချက်တွေနဲ့ ပြန်လည်ရိုက်ကူးထားပြီး မင်းသားကြီးအာရှေးကူးမားပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။အာဂျန်ဆိုတဲ့ ဘွဲ့ရပညာတတ်တစ်ယောက်ဟာ ကွင်းဆက်လူသတ်မားတွေရဲ့ စိတ်ပညာကို စိတ်ဝင်စားသဖြင့် မှုခင်းစိတ်ပညာတွေကိုလဲလေ့လာခဲ့ပါတယ်။ သူရဲ့ရည်ရွယ်ချက်ကတော့ ကောင်းမွန်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားကို ရိုက်ကူးချင်ခဲ့တာဖြစ်ပါတယ်။မှုခင်းဖြစ်ရာ ဖြစ်စဉ်တွေကို သူ့ဘဝရဲ့ ခုနစ်နှစ်တိုင်ကြိုစားအားထုတ်လေ့လာပြီး ရလာတဲ့ ဇာတ်ညွှန်းလေးဟာ ရိုက်ကူးခံရဖို့အတွက် သဘောကျနှစ်ခြိုက်တဲ့ ထုတ်ဝေသူမတွေ့ခဲ့ရပါဘူး။ သူခုနစ်နှစ်တိုင်လေ့လာထားတဲ့ မှုခင်းပညာတွေ မှုခင်းနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို အလကားမဖြစ်သွားအောင် ရဲအဖြစ် တာဝန်ထမ်းဖို့အတွက် ရွေးချယ်ခဲ့ပါတော့တယ်။ သူရဲထဲဝင်ပြီးမကြာခင်မှာမှာ ပေါက်ပေါက်လာတဲ့ ဆယ်ကျောက်သက် ကျောင်းသူအရွယ်လေးတွေ ပျောက်ဆုံးနေတဲ့ အမှုဟာ လူပျောက်မှုလေးကနေ ကွင်းဆက်လူသတ်မှုအထိ ကြီးမားလာတဲ့ အခါ အာဂျန်တစ်ယောက် သူ့ရဲ့ လက်တွေ့အသုံးမချရသေးတဲ့ မှုခင်းပညာတွေကို ဘယ်လိုအသုံးချမလဲ။ အတွေ့အကြုံမရှိတဲ့ ရဲတစ်ယောက်ဖြစ်ပေမယ့် မှုခင်းပညာတွေကို အပြင်မှာလေ့လာခဲ့တဲ့ အာဂျန်တစ်ယောက် အထက်ကလူတွေနဲ့ရော အဆင်ပြေနိုင်ပါ့မလား ဆိုတာတွေကို Cuttputlli ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလိုက်ပါ။ File size…4.5GB / 2.09GB / 1.1GB Quality…4k HEVC ...
movie

Cuttputlli (2022)

2022
4K HEVC Web-DL
Bell Bottom(2021) 6.4
Bell Bottom(2021) Bell Bottom 2021----------------------------မင်းသားကြီး အရှေးကူးမားရဲ့ ယနေ့ထွက်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာတော့ မင်းသားကြီးကဘက်စုံရတဲ့ လူလတ်ပိုင်းတစ်ယောက်ပေါ့။အိန္ဒိယနိုင်ငံမှာ လေယာဉ်ပြန်ပေးမှုတွေနှစ်စဉ်လိုလို ဆက်တိုင်ဖြစ်လာခဲ့စဉ်ကအဲ့ဒီလေယာဉ်ပြန်ပေးမှု တစ်ခုမှာသူ့အတွက် စိတ်နာစရာ အကြောင်းတစ်ခု ရှိလာတယ်။အဲ့ဒီကိစ္စဟာ သူကတော့ သာမန်ပဲ ဖြစ်ပျက်ခဲ့တာလို့ထင်ထားခဲ့ပေမဲ့ RAW အေးဂျင့်တစ်ချို့ရဲ့ပြောပြမှုကြောင့် အဖြစ်မှန်ကို သိခဲ့ရတယ်။အဲ့ဒီမှာ သူဟာ နိုင်ငံတော်အတွက်နဲ့ပုဂ္ဂိုလ်ရေး ဒဏ်ရာတွေရဲ့ တွန်းအားနဲ့လေယာဉ်ပြန်ပေးအဖွဲ့ကို ဖမ်းဆီးဖို့ ဖြစ်လာခဲ့ပါတယ်။ကဲ အထူးတလည် ပြောပြနေလည်းကိုယ်တိုင်ကြည့်တာကသာ အရသာတွေ့မှာမို့မြန်မြန်လေးသာ ခံစားကြည့်လိုက်ပါတော့ဗျာ။မီးပျက်နေလို့ မိငှက် pc လစ်နေရာကပရိသတ်တွေအတွက် မဆိုစလောက် နောက်ကျသွားခဲ့လို့တောင်းပန်ပါတယ်။  File size…1.29GB / 1.8Gb / 606MB Quality…1080p WEB  DL DD+5.1 / 720p / 480p Format…Mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….Than Htike Zaw Translated by Nyi Koe & Myint Thu ...
movie

Bell Bottom(2021)

2021