Channel Myanmar

Sam Kelly

Savage (2019) 6.3
Savage (2019) Savage 2019 ---------------- လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က နယူးဇီလန်မှာရှိခဲ့တဲ့လူမိုက်ဂိုဏ်းတွေရဲ့ဇာတ်လမ်းကို ကျောရိုးယူရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်လိုက်ဖြစ်တဲ့ဒန်နီကို ကလေးဘဝ၊ လူငယ်ဘဝ၊ လူကြီးဘ၀ ဆိုပြီးသာမန်ကလေးလေးကနေ လူမိုက်ဂိုဏ်းရဲ့ဆရာကြီးဖြစ်လာသည်အထိ ဒီကားထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီခေတ်ကနယူးဇီလန် လူမိုက်ဂိုဏ်းတွေရဲ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်သာအောင် တင်ဆက်ရိုက်ပြထားနိုင်တဲ့ဇာတ်ကားတစ်ကားပါ။ အားကြီးသူ စားစတမ်းခေတ်မှာ "Savage"(အရိုင်းအစိုင်း) ဂိုဏ်းအဖွဲ့သားဖြစ်တဲ့ ဒန်နီတစ်ယောက်ဘယ်လိုဘဝအချိုးအကွေ့တွေကြောင့် လူမိုက်ဖြစ်လာသလဲ၊ အာဏာ/သူငယ်ချင်း/မိသားစု ကြားအားပြိုင်မှုမှာ ဒန်နီတစ်ယောက်နောက်ဆုံးဘယ်အရာကိုရွေးခြယ်သွားလဲဆိုတာကို အစ၊ အလယ်၊ အဆုံး အချိတ်အဆက်မိမိတင်ဆက်သွားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြည့်ပျော်ရှုပျော်ဇာတ်ကားတစ်ကားဖြစ်မှာပါ။ လူမိုက်ဂိုဏ်းကားပီပီ တစ်ကားလုံး မိုးမွှန်အောင်ဆဲနေတဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ကြောင်းထပ်လောင်းပြောပါရစေ။ Translated by : Hein Min HtunEncoded by : YKQuality : 1080p Blu-Ray and 720pFile size : 1.7GB and 793MBDuration : 1h 40minSubtiles : Myanmar (Hardsub)  
movie

Savage (2019)

2019