Channel Myanmar

Sonal Joshi

Sukhee (2023) 7.3
Sukhee (2023) Sukhee 2023("ဒေလီက နုပျိုခဲ့သောနေ့ရက်များ") ============================= Drama IMDb 8/10 ဒီတစ်ခါမှာတော့ ဖိုက်တင်ပလေးတဲ့ဇာတ်ကားမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။လူတိုင်း ကိုယ့်ရဲ့ငယ်ဘဝကို တစ်ခေါက်တော့ ပြန်သွားချင်မိကြမှာပါပဲ။ အသက်တွေကြီးလာတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုးကိုယ်စီနဲ့ စိတ်တွေဖိစီးလာတဲ့အခါ ငယ်ဘဝကို လွမ်းဆွတ်မိတတ်ကြပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့ စူခီဟာ ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရင်း တစ်ဖက်မှာလည်း ခင်‌ပွန်းရဲ့အဘိုးဖြစ်သူကို ပြုစုစောင့်ရှောက်နေရတာပါ။ အိမ်ရဲ့ကိစ္စအဝဝကို လုပ်ကိုင်ပေးနေရပေမယ့်လည်း ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ငြူစူမှုကိုပဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲအတွက် အဖိတ်ခံရတဲ့အခါ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်သတိရပြီး ပွဲကိုသွားရဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း အိမ်မှာမရှိမဖြစ်တဲ့လူတစ်ယောက်ဖြစ်တဲ့စူခီဟာ အိမ်ကိုပစ်ထားပြီး သွားဖို့က ခက်ခဲနေပါတော့တယ်။စူခီဘယ်လိုတွေကြိုးစားမလဲ။ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်ရနိုင်ဦးမလားဆိုတာကို ရသမျိုးစုံနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Thaik San~ Aditi~KKKZ နဲ့ Cherryတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.14GB / 971MB Quality…1080p WEB DL ...
movie

Sukhee (2023)

2023
Tamasha ( 2015) 7.3
Tamasha ( 2015) IMDb Rating 7.2/10 ရရှိထားပြီး ခပ်လန်းလန်း ဘောလိဝုကားတစ်ကားကို တင်ပေးလိုက်ပါတယ် ပုံပြင်တွေအားလုံးကတော့ အတူတူပါပဲဗျာ ဒါပေမဲ့ ခင်ဗျားရဲ့ကိုယ်ပိုင် ဘ၀ဇာတ်လမ်းကို ထုဆစ်ပုံဖော်တော့မယ်ဆိုရင်တော့ ခင်ဗျား နားထောင်ခဲ့တဲ့ ပုံပြင်တွေ ဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေ စရိုက်တွေရဲ့ လွှမ်းမိုးမှုမခံရဘဲ ကိုယ်ပိုင်အမြင်နဲ့ မိမိဘ၀ကို ကိုယ်တိုင် ထုဆစ်ပုံဖော်သင့်ပါတယ် ငယ်စဉ်ကလေး ဘ၀ ကတည်းက ပါးစပ်ရာဇ၀င်တွေ ပုံပြင်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကောင်လေးတယောက် တကယ့် လူမှုဘ၀ထဲကို ၀င်ရောက်ဖို့ အကြောင်းဖန်လာတော့ ဘယ်လိုတွေများဖြစ်ပျက်မလဲ မမျှော်လင့်ထားတဲ့ ခရီးစဉ်တစ်ခုမှာ မမျှော်လင့်ထားတဲ့ ဒုက္ခတွေကြုံရပြီး သာမန်သူတွေနဲ့ အမြင်မတူသူတယောက်နဲ့ ဆုံတွေ့ခဲ့မိတဲ့ ကောင်မလေးတယောက် သူတို့၂ယောက်ဘာတွေများဆက်ဖြစ်ကြမလဲ လွှမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းတွေကိုဘဲကြုံတွေ့ရမလား ခပ်ကြမ်းကြမ်း ဇာတ်ဝင်ခန်းတွေကိုဘဲ ကြည့်ရှူရမလား သိခြင်ရင်တော့ ဆက်လက်ဒေါင်းယူကြည့်ရှူလိုက်ကြပါFile size...(1GB)   Quality...BR-Rip 720p Format...mp4 Duration....01:44:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Kyaw Ye Aung 
movie

Tamasha ( 2015)