Channel Myanmar

Stacey N. Harding

Cut, Color, Murder (2022) 6.2
Cut, Color, Murder (2022) Cut, Color, Murder (2022)အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ ...
movie

Cut, Color, Murder (2022)

2022
Hearts in the Game (2023) 6.5
Hearts in the Game (2023) Hearts in the Game (2023)~ IMDb rating - 6.5/10 ~ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ 2023 မှာထွက်ရှိထားတဲ့၊ ဇာတ်ညွှန်း​ကောင်း​ကောင်းနဲ့ ရိုက်ကူးထားတဲ့၊ ပျော်​စေတာ​ရော ဝမ်းနည်း​စေတာ​ရော ခံစား​စေရတဲ့ အချစ်ဟာသကား​လေး Hearts in the Game ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~နယူး​ယော့ခ်မြို့မှာ သူ့ရဲ့လုပ်ငန်း​လေးကို အစပျိုးဖို့ကြိုးစား​နေတဲ့ ဆယ်လီနာမည်​ကျော်​တွေရဲ့ အရှုပ်​တွေ​ကောလဟလ​တွေကို အချစ်​တွေအဖြစ်ပြန်​ပြောင်းယူ​ပေးရတဲ့ ကိုယ်​ရေးကိုယ်တာတာဝန်ခံ ​ဟေဇယ်​မေလာတစ်​​ယောက် သူ့ရဲ့လုပ်ငန်းပိုမြဲ​ဖို့အခွင့်အ​ရေးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအခွင့်အ​​ရေးက​တော့ ​ဘေ့​စ်​ဘော​လောကမှာ နာမည်​ကျော် ဘောလုံးပစ်သမားတစ်​ယောက်အဖြစ် ​ကျော်ကြား​နေတဲ့ သူ့ရဲ့ငယ်ချစ်​ဟောင်း ဒီ​အေဂိုဗက်စ်ကက်ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ကမ္ဘာ့စီးရီးပွဲစဥ်​တုန်းက အ​ကြောင်းတစ်စုံတစ်​​ရာ​ကြောင့် ကွင်းထဲမှာ ဆက်မကစားဘဲ ရပ်​နေမိတဲ့အတွက် အသင်းရဲ့ ဖလားရမယ့်အခွင့်အ​​ရေးကိုလွဲ​စေခဲ့တဲ့ ဒီ​အေဂိုတစ်​ယောက် ​ဘေ့စ်​ဘော​လောကထဲပြန်ဝင်ဖို့ ပရိသတ်​တွေရဲ့ အ​ကောင်းမြင်မှုကိုလိုအပ်​နေပါတယ်။ အဲဒီလိုပြန်ဝင်ဖို့အတွက် ​ဟေဇယ်ကကမ်းလှမ်းခံရပြီး ဒီ​​အေဂိုအ​ကြောင်း ​ဆောင်းပါး​ရေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီအ​ကြောင်း​ရေးဖို့ သူတို့ရဲ့ဇာတိ​လေးဆီပြန်လာရင်း သူတို့နှစ်​ယောက် အတိတ်တုန်းက ...
movie

Hearts in the Game (2023)

2023