Channel Myanmar

Takehiko Shinjo

And Yet, You Are So Sweet (2023) 6.6
And Yet, You Are So Sweet (2023) And Yet, You Are So Sweet (2023)~ IMDb – 6.6/10, MyDramaList – 7.6/10 ~အထက်တန်းကျောင်း ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ပြီးတော့ တစ်ဖက်သတ်အချစ်ရှိသူတွေ၊ ဒီလိုဇာတ်လမ်းကို သဘောကျတဲ့သူတွေ ကြည့်သင့်တဲ့ ၂၀၂၃ထွက် ဂျပန်ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ မာယာဆိုတဲ့ ကျောင်းသူလေးက သူသဘောကျနေရတဲ့ Crush ကို ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူက ငကြောင်တစ်ကောင် ဖြစ်နေခဲ့ပြီးတော့ မာယာ့ကို ဆိုးဆိုးရွားရွားငြင်းတဲ့အပြင် SNS မှာပါ ရုပ်ဆိုးမလို့ စာရေးတင်ပြီး အရှက်ခွဲခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီး နောက်ရက်မှာတော့ ကျောင်းအလာ ရထားပေါ်မှာ သူတို့အတန်းရဲ့ ပျိုတိုင်းကြိုက် ခန့်ချောလေး ချိဂိရနဲ့ဆုံခဲ့ပါတယ်။ ချိဂိရက သူ့ကိုလာကြိုက်တဲ့မိန်းကလေးတွေအပေါ် အေးတိအေးစက်နဲ့ အမြဲငြင်းတတ်တဲ့ကောင်လေးပါ။အခုအချိန်မှာ မာယာက အသည်းကွဲနေတာမို့ သူ့ကို ချစ်ဟန်ဆောင်ပြီး တစ်ဖက်သတ်အချစ်ဂိမ်းကို ကစားရင်း အရင် Crush ကို ...
movie

And Yet, You Are So Sweet (2023)

2023
Heavenly Forest(2006) 7.4
Heavenly Forest(2006) Heavenly Forest (2006) ================ ဒီဇာတ်ကားဟာ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ (Collage of Our Life - Another Story) ဆိုတဲ့ ၀တ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Romance,Drama ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် အနေအေးပြီး အရမ်းရှက်တတ်တဲ့ ကျောင်သား မာကိုတို ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့တက္ကသိုလ်ပထမဆုံးနှစ်မှာ အပေါင်းအသင်းမရှိဘဲ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်တည်း ကျင်လည်နေခဲ့ရင်းကနေ တစ်ရက်မှာတော့ ရှိဇူရူဆိုတဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ ကျောင်းအလှပဂေးလေးဖြစ်တဲ့ မိယုကိတို့ ဘော်ဒါအုပ်စုထဲ မာကိုတိုရောက်သွားပြီး အချောအလှ မိယုကိကို ကြိတ်သဘောကျမိသွားတဲ့အချိန်မှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘ၀ကို ဘယ်လိုမျိုး အတူတကွကုန်ဆုံးကြမလဲ၊ ဘယ်သူ့ရဲ့အချစ်ကို ဘယ်သူကလက်ခံသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ဂျပန်ကားတို့ရဲ့ထုံးစံအတိုင်း Happy Ending မဟုတ်သော်ငြားလည်း ဝမ်းနည်းပြီး ရင်ထဲတစ်ခုခုကျန်ခဲ့ချင်တဲ့ ပရိတ်သတ်များအတွက် ဇာတ်အိမ်ခိုင်ပြီး နောင်တမရစေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…2.6GB / 987MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle(Hard ...
movie

Heavenly Forest(2006)

2006
I Give My First Love to You (2009) 7.1
I Give My First Love to You (2009) I Give My First Love To you (2009)~ IMDb rating - 7.1/10 ~ကြည့်ကိုကြည့်သင့်တဲ့ ဂျပန်ရိုမန့်ရုပ်ရှင်‌တွေ စာရင်းထဲမှာ ထိပ်ဆုံးက အမြဲတမ်းပါလေ့ရှိတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျပန်ရုပ်ရှင်ချစ်သူအားလုံးနီးပါးကြည့်ဖူးကြပြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ကျောင်းသားကားတစ်ကားဆိုလည်း မမှားပါဘူး။တကုမ-ခခိနိုအုချိဆိုတဲ့ ကောင်လေးက မွေးရာပါနှလုံးရောဂါအခံရှိတာကြောင့် ဆေးရုံခဏခဏတက်နေရတဲ့ကောင်လေးပါ။ ဆရာဝန်ကြီးက သူ့ရောဂါဟာ အဲဒီခေတ်အခါနဲ့ ကုသလို့မရတဲ့ရောဂါဖြစ်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ သိခဲ့ရပါတယ်။ သူ့နှလုံးက အသက်၂၀ထိပဲအသက်ရှင်နိုင်မှာမို့ အစားရှောင် အနေဆင်ခြင်နေခဲ့ရပါတယ်။ဆရာဝန်ကြီးရဲ့သမီးဖြစ်သူ မယု-တနဲဒကတော့ ဆေးရုံကိုလာကစားရင်း တကုမနဲ့ကစားဖော်ဖြစ်လာတဲ့ကောင်မလေးပါ။ ကလေးတွေဆိုပေမဲ့ သာမန်ထက်ပိုတဲ့အချစ်ဦးတွေဖြစ်ကြပြီး ကျန်တဲ့သူတွေက ကလေးလင်မယားဆိုပြီး ချစ်စနိုးစကြတဲ့အထိ တပူးပူး တတွဲတွဲ ရှိနေခဲ့ကြပါတယ်။၁၆နှစ်အရွယ်ရောက်ကြတော့လည်း မယုက တကုမကိုဆက်ချစ်နေဆဲဖြစ်ပြီး ငယ်ငယ်တုန်းက ကတိအတိုင်းလက်ထပ်ချင်နေခဲ့ပါတယ်။ တကုမကတော့ သူက အချိန်တန်ရင်ထွက်သွားရမဲ့သူမို့ ချစ်ပေမဲ့လမ်းခွဲဖို့ကြိုးစားပါတယ်။ဒီအချိန်မှာတော့ နှလုံးအစားထိုးကုသမှု ပေါ်နေပါပြီ။ တကုမနဲ့ ကိုက်ညီတဲ့သူကိုတွေ့ပြီး နှလုံးအစားထိုးနိုင်ဖို့စောင့်ဆိုင်းနေတဲ့အချိန်ပါ။ တကုမနဲ့မယုတို့ဆက်ဆံရေးဖြောင့်ဖြူးနေတဲ့အချိန်မှာ ...
movie

I Give My First Love to You (2009)

2009
You Lie In April (2016) 8.5
You Lie In April (2016)   ဧပြီလဂျပန်နိင်ငံမှာဆာကူရာပန်းတွေဖွေးဖွေးလှုပ်အောင်ပွင့်နေကြပါပြီမကြာခင်ပန်းပွင့်လေးတွေပြန်လည်ကြွေလွင့်ကြရဦးမှာပါဒီဇတ်ကားလေးဟာဧပြီလကိုအခြေခံထားပြီးဆာကူရာပန်းတွေနဲ့ဇတ်အိမ်တည်ထားတဲ့ဇတ်ကားတစ်ကားဆိုလည်းမမှားပါဘူးမင်းသားကဂျပန်နိင်ငံရဲ့နာမည်ကျော်မင်းသားဖြစ်တဲ့ယာမာဇာကီကန်တိုက ခေါင်းဆောင်ပါဝင်ထားပါတယ် ငယ်ငယ်လေးကတည်းကမိခင်ဖြစ်သူရဲ့သင်ကြားမှုကြောင့်စန္ဒယားကိုကျွမ်းကျင်ပြောင်မြောက်စွာတီးခတ်နိင်သူကိုဆဲအိ(ကန်တို)တစ်ယောက် မိမိဝါသနာပါတဲ့စန္ဒယားကိုစွန့် လွတ်ပြီးဘယ်လိုစခန်းသွားမလဲဘာကြောင့်စန္ဒယားတီးခြင်းကိုစွန့်လွတ်လိုက်ရတာလဲစန္ဒယားနဲ့ကင်းကွာနေတဲ့ကိုဆဲအိအနားကိုမထင်မှတ်ပဲရောက်ရှိလာတဲ့ တယောဆရာမလေးကအိုရီသူကကောဘယ်သူလဲဘယ်ကလဲကအိုရီကိုချစ်မိသွားတဲ့ကိုဆဲအိတစ်ယောက်ကအိုရီတီးခတ်စေချင်တဲ့စန္ဒယား ကိုပြန်လည်တီးခတ်မလားဆိုတာစိတ်ဝင်စားစရာပါငယ်စဉ်ကတည်းကကိုဆဲအိအပေါ်သူငယ်ချင်းထက်ပိုတဲ့သံယောဇဉ်ဖြင့်ချစ်မိနေတဲ့စုဘကိသူ ကကောကိုဆဲအိရဲ့အချစ်ကိုရနိင်ပါ့မလားဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမှာပါဂျပန်မန်းဂကိုအခြေခံထားတဲ့ဒီဇတ်ကားဟာဂျပန်မှာလူငယ်ပရိတ်သတ်တွေကြားသည်းသည်းလှုပ်ဖြစ်သွားတာလည်းမထူးဆန်းလှပါဘူးဒီဇတ်ကားမှာဆာကူရာပန်းတွေရဲ့အလှကိုလည်းခံစားရဦးမှာပါ ထွက်လာတာသိပ်မကြာသေးတဲ့ဒီဇတ်ကားကိုပရိတ်သတ်တွေ အမြန်ကြည့်စေချင်တာကြောင့်အမြန်ဆုံးနဲ့အကောင်းဆုံး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဇတ်ကားရဲ့ အညွန်းကိုသေချာပြောပြနေရင် ဒီဇတ်ကားရဲ့ရသပျက်သွားမှာစိုးရိမ်မိတဲ့အတွက်သေချာ မပြောပြတော့ပါဘူးသေချာတာတစ်ခုကတော့ဒီဇတ်ကားဟာ ရင်ထဲမှာတခုခုကျန်ရစ်ခဲ့စေမယ့်ဘေကုန်ရကျိုးနပ်မယ့်ဇတ်ကားတစ်ကားလို့ထပ်လောင်းပြောကြားရင်း မြန်မာ့နစ်သစ်ကူးအခါသမယသင်္ကြန်အချိန်မှာ အားလုံးဘေးရန်ကင်းရှင်းစွာနဲ့ပျော်ရွင်နိင်ပြီးလိုရာဆန္ဒတွေလည်းပြည့်ဝပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ဘာသာပြန်နဲ့အညွန်းကကိုစိုးထွေးပါဗျDownload Large File Download Small File
movie

You Lie In April (2016)

2016