Channel Myanmar

Tamar Halpern

A Baby at Any Cost (2022) 5.6
A Baby at Any Cost (2022) A Baby at Any Cost (2022) ====================ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် ကလေးမရနိုင်တော့တဲ့ မော်နီကာဆိုတဲ့ ရှေ့နေ့အမျိုးသမီးနဲ့ သူ့ခင်ပွန်းဘရက်တို့ဟာ လီလီ ဆိုတဲ့ အငှားကိုယ်ဝန်ဆောင်မိန်းကလေးကျေးဇူးနဲ့ အိုလစ်ဗီယာဆိုတဲ့ သမီးလေးတစ်ယောက်ရလာခဲ့ပြီး မိသားစုဘဝမှာ အရာအားလုံး ပြီးပြည့်စုံနေခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ သူ့ရဲ့ညီမဖြစ်သူ ဂျန် နဲ့သူ့ခင်ပွန်းတို့ ကွာရှင်းဖို့လုပ် နေပြီး ကလေးအုပ်ထိန်းခွင့်အတွက် ရှေ့နေ့လိုက်ပေးပြီး တရားရင်ဆိုင် နေရတာပေါ့။မော်နီကာက တည်ငြိမ်ပြီး ထက်မြက်သလောက် ညီမဖြစ်သူ ဂျန် ကတော့ အမြဲလိုလို ဒေါသကြီးပြီး သူ့စိတ်သူမထိန်းနိုင်တဲ့ ဆန့်ကျင်ဘက်ညီအစ်မ နှစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ညီမရဲ့အပြုအမူတွေကို သဘော မကျတဲ့ မော်နီကာဟာ သူတို့အတွက် ကလေးထိန်းလုပ်ပေးဖို့ကို ဂျန် ကို မခေါ်တော့ဘဲ အငှားကိုယ်ဝန်ဆောင်မိန်းကလေး လီလီ့ကို ခန့်လိုက်ပါ တော့တယ်။သူ့အစ်မမိသားစုနဲ့ လီလီနဲ့ အဆင်ပြေနေတာကို မြင်ရတဲ့အခါမှာတော့ သမီးဖြစ်သူနဲ့ ခွဲနေရပြီး အိမ်ထောင်ရေးဘဝ မသာယာခဲ့တဲ့ ဂျန် တစ်ယောက် မနာလိုစိတ်နဲ့အတူ ပူလောင်နေတော့တာပေါ့။ဒီလိုနဲ့ပဲ ကလေးနဲ့မိသားစုဘဝကို လိုချင်တဲ့ ဒီမိခင်သုံးယောက်ကြားက လျှို့ဝှက်ချက်တွေနဲ့အတူ ကလေးကိုရဖို့ တစ်ယောက်က စည်းကျော်မိသွားတဲ့အခါတော့ .....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Robin ဖြစ်ပါတယ်)File Size..........(1.74 ...
movie

A Baby at Any Cost (2022)

2022
Sinfidelity (2020) 5.7
Sinfidelity (2020) အန်ဂျလာ နဲ့ ဂရက်တို့ဟာလုပ်ငန်းကိုယ်စီလုပ်နေကြတဲ့ လင်မယားနှစ်ယောက်ဖြစ်ပါတယ်။ ဂရက်ရဲ့ကုမ္ပဏီကပါတီပွဲကိုအိမ်မှာကျင်းပရင်း အန်ဂျလာဟာ ဂရက်ရဲ့ဝန်ထမ်း ဖရန်ကို နဲ့တွေ့ပြီးရင်းနှီးသွားပါတယ်။ တစ်နေ့မှာ အန်ဂျလာဟာ သူ့ယောက်ျား ဂရက်နဲ့အတွင်းရေးမှုးမ လီဆာ ဖောက်ပြန်နေတယ်ဆိုတဲ့လက္ခဏာတွေကိုတွေ့လိုက်ရပြီး သူငယ်ချင်းဖြစ်သူရဲ့အကြံပေးမှုကြောင့် လက်တုန့်ပြန်ဖို့အတွက် မိတ်ဆွေဖရန်ကိုနဲ့ဖောက်ပြန်လိုက်ပါတော့တယ်။ ဒါပေမယ့်လည်းအဖြစ်အပျက်တွေဟာ အန်ဂျလာထင်သလိုမဟုတ်ခဲ့ပဲ ဖရန်ကို မှာမှောင်မိုက်နက်နဲတဲ့လျှို့ဝှက်ချက်ကြီး တစ်ခုရှိနေတာကိုသိလိုက်ရတဲ့အခါ...    File Size -  600 mb Quality - web-dl 720p Subtitle -  burmese Translator - Pyi T. Nyein Encoder - Thit San Khant
movie

Sinfidelity (2020)

2020