Channel Myanmar

Tatsuyuki Nagai

Her Blue Sky (2020) 6.8
Her Blue Sky (2020) အအိုအီ အိုင်အိုအီဆိုတဲ့အထက်တန်းအရွယ်ကျောင်းသူမလေးဟာ ကားမတော်ဆမှုကြောင့် မိဘနှစ်ပါးလုံးဆုံးရှုံးပြီးတဲ့နောက်မှာ အစ်မဖြစ်သူ အခန်နေ အိုင်အိုအီနဲ့အတူ ဘဝကိုရုန်းကန်ကြရပါတယ်. ဒါပေမဲ့ မတော်မတဖြစ်တဲ့အချိန်တုန်းက အအိုလေးဟာ ကလေးပဲရှိသေးတဲ့အတွက် အစ်မဖြစ်သူ အခန်နေကပဲ မိဘတစ်ယောက်လို စောင့်ရှောက်ခဲ့ရပါတယ်. အအိုအီငယ်ငယ်တုန်းက သူ့အစ်မရဲ့ရည်းစားဟောင်းဖြစ်သူ ရှင်းနိုခါနာမူရိုကြောင့် ဂီတာတီးတာကို ဝါသနာပါလာခဲ့ပါတယ်. ဒါကြောင့် သူကျောင်းပြီးရင် မြို့ကနေထွက်သွားပြီး တိုကျိုမှာဂီတအဖွဲ့တစ်ခုထဲ ဝင်ဖို့ဆုံးဖြတ်လိုက်တယ်. သူ့ရဲ့ဝါသနာအပြင် သူ့အစ်မကို သူ့ကြောင့်ဆက်ပြီး မပင်ပန်းစေချင်တဲ့ဆန္ဒကြောင့်လည်း သူတို့မြို့လေးကနေ ပိုပြီးထွက်သွားချင်ခဲ့ပါတယ်.တစ်နေ့ အအိုအီတစ်ယောက် ဂီတာတီးကျင့်နေရင်း ၁၈နှစ်အရွယ် ရှင်းနိုကို ရုတ်တရက်အခန်းထဲမှာ တွေ့လိုက်ပါတယ်. ပြီးတော့ ယခုပစ္စုပန်က ၃၁ နှစ်အရွယ် ရှင်းနိုကလည်း တိုကျိုကိုပြောင်းသွားတဲ့နောက် ဂီတပွဲတစ်ခုကြောင့် မြို့ကိုပြန်ရောက်နေပါတယ်. ဒါပေမဲ့ အခုရှင်းနိုနဲ့ အတိတ်ကရှင်းနိုက လုံးဝကို ကွာခြားနေပါတယ်.ဒါဆို ၁၈နှစ်အရွယ်ရှင်းနိုက ဘာကြောင့် ရှိနေရတာလဲ? ငယ်ချစ်ဦးတွေဖြစ်ကြတဲ့ အခန်နေနဲ့ရှင်းနိုကရော ဘယ်လိုဖြစ်သွားမလဲ? အအိုအီကရော မြို့ကနေထွက်သွားပြီး တိုကျိုကိုပြောင်းသွားမလား? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ကားထဲမှာ ဆက်ကြည့်ကြရအောင်.......   File Size - 1.5 GB Quality - Web-Dl 1080p Subtitle - Burmese (hardsub) Translator - Esther Van Sui Par Encoder - Thit San Khant
movie

Her Blue Sky (2020)

2020
anohana: The Flower We Saw That Day – The Movie (2013) 7.4
anohana: The Flower We Saw That Day – The Movie (2013) Qty - Bluray 720pDuration - 1hr 39minGern - DramaTranslator - Myo Myint NaingEncoder - Kyaw Ye Aung  ဇာတ်လမ်းအကျဉ်းကတော့ တစ်ခါတုန်းက တစ်ယောက်နဲ့တစ်ယောက်တော်တော်ခင်ခဲ့ကြတဲ့ သူငယ်ချင်း ၆ ယောက် ရှိတယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ကမမျှော်လင့်ပဲ မတော်တဆမှုတစ်ခုဖြစ်ပြီး ဆုံးသွားတယ်။ အဲ့ဒီအချိန်ကစပြီးတော့ သူတို့သူငယ်ချင်း တစ်စုလုံး တစ်ယောက်နဲ့တစ်ယောက်အနေစိမ်းသွားကြရော။ ဒီအဖြစ်အပျက်တွေ ဖြစ်ပြီးကတည်းက သူတို့အုပ်စုရဲ့ခေါင်းဆောင် ဂျင်းတန်က စိတ်ဓာတ်ကျပြီး အမြဲလိုလို တစ်ယောက်ထဲအချိန်တွေကို ကုန်ဆုံးနေတာပေါ့။တစ်ရက်မှာတော့ ဆုံးသွားတဲ့ကောင်မလေးရဲ့ ၀ိညာဉ်ဟာ သူ့ရှေ့ရောက်ချလာပြီး သူ့အနေနဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့တောင်းဆိုလာတယ်။ ဆုတောင်းပြည့်မှ သူကနောင်ဘဝကို ကူးနိုင်မှာတဲ့။ဒါပေမဲ့ မန်းမာက သူ့ဆုတောင်းသူ မမှတ်မိတော့ ဂျင်းတန် လည်း သူတို့နဲ့ စိမ်းသွားတဲ့ သူငယ်ချင်းတွေဆီ အကူအညီတောင်းရတော့တာပေါ့။ဒါနဲ့ ကောင်မလေးရဲ့ဝိညာဉ် ဘဝကူးနိုင်အောင် ...
movie

anohana: The Flower We Saw That Day – The Movie (2013)

2013