Channel Myanmar

Terry Gilliam

Twelve Monkeys (1995) 8.0
Twelve Monkeys (1995) [Unicode]12 Monkeys (1995)ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင် ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။ ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။ မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။ ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ 2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို ...
movie

Twelve Monkeys (1995)

The Imaginarium of Doctor Parnassus (2009) 6.8
The Imaginarium of Doctor Parnassus (2009) The Imaginarium of Doctor Parnassus (2009) ~ The Last Of Heath Ledger ~ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအဆုံးမှာ " A Film From Heath Ledger and Friends " လို့ ရေးထိုးထားပါတယ်။ အတော်၀မ်းနည်းစရာကောင်းတဲ့ စာ‌ကြောင်းပါပဲ။"Heath Ledger, Johnny Depp, Jude Law, Colin Farell, Christopher Plummer, Andrew Garfield" ဒီရုပ်ရှင်လောက် နာမည်ကြီး ထိပ်တန်း cast တွေစုနေတဲ့ ရုပ်ရှင်မရှိလောက်ဘူးလို့ ပြောရမယ်။ ဒီလိုလူတွေကို တစ်စုတစ်စည်းထဲမြင်ရတာ ၀မ်းသာစရာကောင်းလား‌ပြောရရင်လည်း ဘာကြောင့် ဒီလိုဖြစ်သွားလဲဆိုတဲ့အချက်က အတော် ၀မ်းနည်းစရာကောင်းပါတယ်။ အကြောင်းရင်းကတော့ ဒီရုပ်ရှင်ရိုက်ကူးနေရင်း တန်းလန်းမှာပဲ Heath Ledger ဟာ အဆုံးမဲ့လွင်ပြင်တစ်ခုဆီ ပျံသန်းထွက်ခွာသွားခဲ့လို့ပါပဲ။ Heath မရှိတော့တဲ့နောက် သူ့သူငယ်ချင်းတွေက ...
movie

The Imaginarium of Doctor Parnassus (2009)

2009