Channel Myanmar

Tony Dean Smith

Mercy (2023) 5
Mercy (2023) Mercy (2023)လောလောလတ်လတ် ပူပူနွေးနွေး အသစ်စက်စက်ထွက်ရှိထားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။မစ်ရှဲလ်က အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းခဲ့ပြီး အခုအချိန်မှာတော့ မာစီဆေးရုံမှာပဲ ဆရာဝန်အနေနဲ့ သားလေးနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွင်းဂိုဏ်းလို့ခေါ်တဲ့ဂိုဏ်းက သားငယ်ရိုင်ယန်ကို FBI ကဖမ်းမိသွားခဲ့ပြီး ဂိုဏ်းကလူတွေက ပြန်ကယ်ဖို့ကြိုးစားရာကနေ သေနတ်ဒဏ်ရာနဲ့လူနာတွေ မစ်ရှဲလ်တို့ဆေးရုံကိုရောက်လာခဲ့ပါတယ်။ရိုင်ယန်ကိုကယ်ထုတ်ဖို့ သူ့အစ်ကို ရှောန်အပြင် သူ့အဖေ ပက်ဒီနဲ့ ကွင်းဂိုဏ်းသားတွေပါရောက်လာခဲ့ပြီး ဆေးရုံတစ်ခုလုံးကိုဓားစာခံလုပ်လိုက်တဲ့အပြင် သူ့သား ဘော်ဘီကိုပါ ဖမ်းလိုက်ချိန်မှာတော့ ဆေးထိုးအပ်ကိုင်တဲ့ မစ်ရှဲလ်တစ်ယောက် သေနတ်ပြန်ကိုင်ရ‌ပါတော့တယ်။အက်ရှင်ကားဆိုပေမယ့် အချိန်ပြည့်ဝုန်းဒိုင်းပစ်ခတ်နေတာမဟုတ်ဘဲ လိုအပ်မှပစ်ခတ်တာတွေရှိတာကြောင့် မျက်စိသိပ်မနောက်ရဘူးလို့ပြောနိုင်ပါတယ်။National Treasure, Transformers နဲ့ Enemy of the state အပြင် တခြားနာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသားကြီး Jon Voight အပြင် တခြားသရုပ်ဆောင်ကောင်းတွေပါဝင်တာကြောင့် အပျင်းပြေကြည့်ရှုဖို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Mercy (2023)

2023
Volition (2019) 5.2
Volition (2019) Volition (2019)============IMDb Rating - 5.2/10#Unicodeဒီကားက​တော့ ဒီရက်ပိုင်းကမှအသစ်ထွက်ထားတဲ့ Thriller/Sci-fic အမျိုးအစားကားပါ။မင်းသားကသူငယ်ငယ်တည်းက အနာဂတ်မှာဘာ​တွေဖြစ်မလဲဆိုတာ​​တွေကိုခဏခဏ မြင်မြင်​နေရ​လေ့ရှိတယ်။ တစ်ခါမြင်ပြီးတိုင်းပန်းချီဆွဲတာဖြစ်ဖြစ် နံရံ​ပေါ်မှာချ​ရေး​တာဖြစ်ဖြစ် လုပ်လေ့ရှိတယ်။ အနာဂတ်မှာဘာဖြစ်မလဲဆိုတာသူမြင်နိုင်​ပေမယ့်သူ့စွမ်းရည်ကိုအသုံးချပြီးမသမာမှု​ဘာတစ်ခုမှကိုမလုပ်တဲ့လူရိုးကြီးတစ်​ယောက်ပါ၊ တစ်​နေ့​တော့သူငှား​နေတဲ့တိုက်ခန်းဖိုး​တောင်သူ​ပေးစရာမရှိ​လောက်တဲ့အထိသူမွဲလာ​တဲ့အခါမှာ​တော့သူ့စွမ်းရည်ကိုလာငှားတဲ့သူ့​ဘော်ဒါရဲ့အလုပ်ကိုသူလက်ခံမိလိုက်တယ်။ အဲ့အလုပ်ကိုသူလက်ခံလည်းပြီး​ရော သူ့အာရုံထဲမှာ သူ​​သေနတ်အပစ်ခံရပြီး​သေတာကို သူမြင်လိုက်တယ်။ မင်းသားအ​နေနဲ့အနာဂတ်မှာသူ​သေရမယ့်အဖြစ်အပျက်​တွေကိုဘယ်လို​​တွေရှောင်မလဲ..... မင်းသားအခုလိုအမြင်​တွေရ​နေတာက​ကောဘာ​ကြောင့်လဲဆိုတာဆက်ပြီးကြည့်ရှုလိုက်ပါဦးလို့. . .(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Dolly ပဲဖြစ်ပါတယ်။)#Zawgyiဒီကားက​ေတာ့ ဒီရက္ပိုင္းကမွအသစ္ထြက္ထားတဲ့ Thriller/Sci-fic အမ်ိဳးအစားကားပါ။မင္းသားကသူငယ္ငယ္တည္းက အနာဂတ္မွာဘာ​ေတြျဖစ္မလဲဆိုတာ​​ေတြကိုခဏခဏ ျမင္ျမင္​ေနရ​ေလ့ရွိတယ္။ တစ္ခါျမင္ၿပီးတိုင္းပန္းခ်ီဆြဲတာျဖစ္ျဖစ္ နံရံ​ေပၚမွာခ်​ေရး​တာျဖစ္ျဖစ္ လုပ္ေလ့ရွိတယ္။ အနာဂတ္မွာဘာျဖစ္မလဲဆိုတာသူျမင္ႏိုင္​ေပမယ့္သူ႔စြမ္းရည္ကိုအသုံးခ်ၿပီးမသမာမႈ​ဘာတစ္ခုမွကိုမလုပ္တဲ့လူ႐ိုးႀကီးတစ္​ေယာက္ပါ၊ တစ္​ေန႔​ေတာ့သူငွား​ေနတဲ့တိုက္ခန္းဖိုး​ေတာင္သူ​ေပးစရာမရွိ​ေလာက္တဲ့အထိသူမြဲလာ​တဲ့အခါမွာ​ေတာ့သူ႔စြမ္းရည္ကိုလာငွားတဲ့သူ႔​ေဘာ္ဒါရဲ႕အလုပ္ကိုသူလက္ခံမိလိုက္တယ္။ အဲ့အလုပ္ကိုသူလက္ခံလည္းၿပီး​ေရာ သူ႔အာ႐ုံထဲမွာ သူ​​ေသနတ္အပစ္ခံရၿပီး​ေသတာကို သူျမင္လိုက္တယ္။ မင္းသားအ​ေနနဲ႔အနာဂတ္မွာသူ​ေသရမယ့္အျဖစ္အပ်က္​ေတြကိုဘယ္လို​​ေတြေရွာင္မလဲ..... မင္းသားအခုလိုအျမင္​ေတြရ​ေနတာက​ေကာဘာ​ေၾကာင့္လဲဆိုတာဆက္ၿပီးၾကည့္ရႈလိုက္ပါဦးလို႔. . .(ဒီဇာတ္လမ္းရဲ႕ အၫႊန္းနဲ႔ဘာသာျပန္ေရးသားေပးသူကေတာ့ Dolly ပဲျဖစ္ပါတယ္။)   Quality – 720p  BluRayDuration - 1 hr 32 minSubtitle – Myanmar HardsubFormat – Mp4Genre ...
movie

Volition (2019)

2019