Channel Myanmar

Venky Atluri

Vaathi(2023) 7.6
Vaathi(2023) Vaathi (2023)IMDb-7.6/10သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသား Dhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စို့ရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတို့အဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့ ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူတို့မနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်က သင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ် အဲဒါနဲ့ သူတို့ကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီး အဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့ သူတို့တွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါ အဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကို နောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့..... ဇာတ်ကားကကြည့်လို့ကောင်းတယ်ဆိုတာ ဒီနေရာမှာတင်ရပါပြီ ဇာတ်လမ်းဇာတ်ကွက်ကောင်း ပေးချင်တဲ့ message ကောင်းတဲ့အပြင် cast ကလဲကောင်း အချစ်ဒရာမာအက်ရှင် အစုံပါဝင်တာမို့ ပေးတဲ့ rating နဲ့လဲထိုက်တန်ပါတယ် အောက်ကစာကတော့ ကျွန်တော် အာချောင်ထားတာပါဒီဇာတ်လမ်းလေးကို မချီးကျူးခင်မှာ နယ်ဆင်မင်ဒဲလားပြောခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ် Education is the only weapon that can change the world တဲ့ ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောလက်နက်ဟာ ပညာရေးပါတဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ ...
movie

Vaathi(2023)

2023
Tholi Prema (2018) 7.3
Tholi Prema (2018) Tholi Prema (2018) IMDb Rating - 7.3/10________Google Users - 94 %  ဒီတစ်ပတ်မှာတော့ တေလဂူး အချစ်ကားလေးတွေ ကြည့်ပြီး ရိုချင်ကြတယ်ဆိုတဲ့ တေလဂူးပရိသတ်တွေအတွက် အချစ်ဟာသ ဖန်စီကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၈ လောက်ကတည်းက အကြည်တက်ခဲ့ပေမဲ့ စာတန်းထိုးဖိုင် မပါခဲ့ဘဲ ခု တမီးလ်ဗားရှင်းတက်တော့မှ စာဖိုင်မှန် ရခဲ့ပါတယ်။ ခု ကျွန်တော်တို့ တင်ပေးလိုက်တာကတော့ မူရင်း အသံဖြစ်တဲ့ တေလဂူးအသံနဲ့ပါ။ မင်းသားကတော့ တောင်ပိုင်းပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ မင်းသားချော ဗာရွန် ပါ။ မင်းသမီးကတော့ ကျွန်တော့်ရည်းစားသစ် ရာရှီခန်းနားပါ။ ရိုမန့်စ်ကားတွေ ကြည့်ရင် မင်းသားမင်းသမီးချောဖို့လည်း လိုသေးတယ်မလား။ ဇာတ်လမ်းအကျဉ်း ----------- -------------- ဇာတ်ကားနာမည်က မြန်မာလို 'အချစ်ဦး'ပါတဲ့ဗျာ။ အချစ်ဦးဆိုတာကလည်း... ဘယ်အချိန်၊ဘယ်အခြေအနေဖြစ်ဖြစ် .. သတိရနေတတ်တာမျိုး မဟုတ်လား။ ယောကျ်ားလေးတစ်ယောက် အရမ်းကို စိတ်ညစ်နေပြီး သောက်စားမူးယစ်နေပြီဆိုရင် သေချာပါတယ်။ သူ အလုပ်အကိုင် ဆုံးရှုံးမှုဖြစ်ရင်ဖြစ်၊ အချစ်ရေးမှာ ဆုံးရှုံးမှုဖြစ်ရင်ဖြစ် ဒီနှစ်ခုပဲ ရှိတယ် ...
movie

Tholi Prema (2018)

2018
Mr. Majnu (2019) 6.7
Mr. Majnu (2019) အိန္ဒိယရုပ်ရှင်ကြိုက်သူတွေ အကြမ်းပတမ်းတွေ ကြည့်ရတာများပြီး အီနေပြီလားဒါဆို အချစ်ဇာတ်လမ်းလေး တစ်ကားလောက်ကြည့်ရအောင်။ဟောဗျာ မင်းသားရှိုးလိုက်တော့ လူကြိုက်များခဲ့တဲ့Helloဆိုတဲ့ တေလဂူးကားထဲက မင်းသား။မင်းသမီး တစ်ချက် ထပ်ရှိုးမယ်။ရိုးပြီး အေးချမ်းလှတဲ့ မျက်နှာထားပိုင်ရှင်လေး။ဇာတ်လမ်းထဲ တစ်ချက်ထပ်ရှိုးမယ် ။"အချစ်ဟာ လိုက်ရင်ပြေးတယ်၊ရပ်လိုက်ပြီဆိုတော့ ကိုယ့်နောက်ကို ပြန်လိုက်တယ်။မာနတွေ သိက္ခတွေ ခဝါချပြီးအရာရာ အနစ်နာခံခဲ့ပေမယ့်မင်းမှ မမြင်နိုင်ခဲ့တာ. . .ကိုယ့်ကိုမင်းတွေ ့ဖူးတဲ့ မိန်းကလေးတွေလိုထင်နေတာ ကိုယ်တကယ်စိတ်မကောင်းဘူး။ကိုယ်သတ်မှတ်ထားတဲ့ အချစ်ဆိုတာမျိုးက တစ်ဦးကိုတစ်ဦး နားလည်ပေးပြီးချစ်သူသက်တမ်းကို လက်ချိုးရေတွက်ရင်း anniversary တွေကို အပတ်စဉ်၊လစဉ် ကျင်းပနေချင်တာမျိုး။မတတ်သာတဲ့အဆုံးမှာကိုယ့်ချစ်သူ ကိုယ့်ဘက်မှာ မရှိမှန်းသိလိုက်ရတဲ့ အခါမှာ. . .ကိုယ်ဟာ ဆောက်တည်ရာမဲ့. . .ပေးဆပ်အချစ်ဆိုပေမယ့်လည်းပိုင်ဆိုင်ခွင့်များ ရလေမလားလို့ မရဲတရဲနဲ့ မျှော်လင့်ချက် တစ်ချို့တစ်ဝက်ကိုရင်မှာပိုက်ရင်း ကိုယ်ဟာ အကြိမ်ကြိမ်သေဆုံးနေခဲ့ရသူပါ။"ဒါက ဗစ်ကီဆိုတဲ့စော်ကြည်ဘဲကောင်လေးကိုချစ်မိတဲ့ နစ်ကီဆိုတဲ့ ကောင်မလေးရဲ့ခံစားချက်နဲ့ အချစ်နဲ့ပက်သက်တဲ့ ခံယူချက်။ကိုယ့်အတွက် အချစ်ဆိုတာတစ်လပဲခံတဲ့ လစဉ်သုံးပစ္စည်းလိုမျိုး၊လကုန်ရင် အသစ်ပြောင်းလဲရတာဟာနေသားကျနေပြီ။ဒီလိုရတဲ့ အချိန် တစ်လအတွင်းကိုယ့်ရည်းစားနဲ့ ...
movie

Mr. Majnu (2019)

2019