Channel Myanmar

Vi Anand

Ooru Peru Bhairavakona (2024) 6.5
Ooru Peru Bhairavakona (2024) Ooru Peru Bhairavakona (2024) "ကျတ်ရွာ" IMDb - 6.5/10အသစ်ထွက်ရှိလာတဲ့ ခပ်ဆန်းဆန်း fantasy thrillerအမျိုးအစား တလေဂူးလ်စကားပြော အိန္ဒိယရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဦးလေးဆီမှာ အလုပ်လုပ်တာနဲ့ မြို့မှာအလုပ်လုပ်တာ ဓာတ်ပုံရိုက်ခံရတာခြင်းတော့တူတယ်။ ဦးလေးဆီမှာအလုပ်လုပ်တာက ဒုစရိုက်လုပ်ငန်းဆိုတော့ ရဲတွေဓာတ်ပုံရိုက်တာခံရပြီး မြို့မှာလုပ်တဲ့အလုပ်ကကျ ရုပ်ရှင်ထဲမှာဆိုတော့ ပရိသတ်တွေဓာတ်ပုံရိုက်ခံရတာဆိုတဲ့ ခံယူချက်နဲ့ ရုပ်ရှင်ထဲမှာ ဗီလိန်ဇာတ်ပို့နေရာလေးတွေက သရုပ်ဆောင်နေတဲ့ ဘာဆာဗာ။တစ်ရက်မှာတော့ ဦးလေးဖြစ်သူ အကြီးအကျယ်ဒုက္ခရောက်နေပြီး မဖြစ်မနေလုပ်ပေးရမဲ့ အလုပ်က မိန်းကလေးတစ်ယောက်ကို ဘေးကင်းအောင် စောင့်ရှောက်ဖို့။ မိန်းကလေးကိုခေါ်လာတဲ့လူက ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့လူ။မိန်းကလေးကို ကားနောက်ဖုံးထဲမှာ မေ့ဆေးတိုက်ပြီး ခေါ်လာတာကိုတွေ့လို့ မျက်နှာကိုမြင်လိုက်ရတော့မှ သူစွဲလန်းခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေတာကို သိလိုက်ရတဲ့အခါ...။အဲဒီကနေမှ ရောက်ပြီးရင် ပြန်လမ်းမရှိဘူးလို့ နာမည်ကြီးနေတဲ့ ဘိုင်ရာဗာကွန်နာအမည်ရှိနေရာတစ်ခုကို ရောက်သွားတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.33GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ooru Peru Bhairavakona (2024)

2024
Disco Raja (2020) 6.9
Disco Raja (2020) Spoiler Alert!၀ူဟန်ကာကွယ်ဖို့အတွက် အိမ်မှာနေရင်းပျင်းနေကြတဲ့ အိန္ဒိယကားပရိတ်သတ်တွေအတွက် ယနေ့ တင်ဆက်ပေးလိုက်တဲ့ အသစ်စက်စက် ဇာတ်ကားလေးပါ။ဒီလထဲမှာထွက်ရှိတဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ အကြိုက်တွေ့မိတဲ့ဇာတ်ကား နည်းနေပေမယ့် ပရိတ်သတ်ကြိုက်မယ်ထင်တဲ့ ဇာတ်ကားတွေကို ရွေးထုတ် တင်ဆက်ပေးနေတာမို့....ကောင်းသည် မကောင်းသည်ကို ယတိပြတ် မပြောလိုပါဘူး။ကိုယ့်အကြိုက်နဲ့ကိုက်ညီရင် ကောင်းပြီး ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင် မကောင်းဘူးလို့ပဲ ဆိုရမှာပါ။ဒီဇာတ်ကားကတော့ တောင်ပိုင်းကားတွေရဲ့ ထုံးစံအတိုင်း အိုဗာအက်ရှင်တွေ ဘာတွေ ဖောဖောသီသီ ပါဝင်သလို နည်းနည်းလည်း စိတ်ကူးယဉ်လည်း ဆန်ပါတယ်။တစ်နေ့က ထွက်တဲ့ Bloodshot ဆိုတဲ့ ဟောလိ၀ုဒ်ဇာတ်ကားနဲ့တောင် အစပိုင်းမှာ ခပ်ဆင်ဆင် ရိုက်ကူးထားတာပါ။အကြမ်းဖျင်းအားဖြင့် ပြောရရင် မင်းသားဟာ ဇာတ်လမ်းစစချင်းမှာသေသွားတယ်။သိပ္ပံပညာရှင်တစ်စုက မင်းသားကို သိပ္ပံနည်းနဲ့ သေရွာကနေ ပြန်ခေါ်တယ်ပေါ့။ဒီနောက်တော့ သူဟာသူ့အတိတ်ကို လိုက်စုံစမ်းရင်း ရိုးရိုးသေတာ မဟုတ်ပဲအသတ်ခံလိုက်ရတယ်ဆိုတာကို ...
movie

Disco Raja (2020)

2020