Channel Myanmar

William H. Burton Jr.

Mission: Impossible II (2000) 6.1
Mission: Impossible II (2000) Mission: Impossible II (2000) ======================= IMDb Rating 6.1/10မင်းသား Tom Cruise ရဲ့ Mission Impossible ဇာတ်ကားတွေထဲကမှ နံပါတ် ၂ ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့....ဒေါက်တာ ဗလာဒီမာဟိုနိုဗစ်ဟာ အဖျက်စွမ်းအားအင်မတန်ကြီးမားတဲ့ ကိုက်မယ်ရာ လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို မှားယွင်းတီထွင်မိပါတယ်။သူ့ကိုယ်သူအမှားလုပ်မိမှန်းသိလို့ ဖြေဆေးကိုပါ ပြန်ပြီး တီထွင်ပါတယ်။ပြီးတော့ ဒီဗိုင်းရပ်ကို မသမာသူတွေလိုချင်တယ်ဆိုတာကိုသိလို့ ဖြေဆေး ရော ဗိုင်းရပ်စ်ပိုးကိုယူပြီး အဝေးကိုထွက်သွားဖို့ကြိုးစားရမှာ သူ့ရဲ့အယုံကြည်ရဆုံးသူဖြစ်တဲ့ IMF အေးဂျင့် အီသန်ဟန့် ကိုအကူအညီတောင်းပါတယ်။ ဖြစ်ချင်တော့ အီသန်ဟန့်ဟာအဲ့အချိန်မှာ အားလပ်ရက်ယူနေတာဖြစ်ပြီး၊ IMF အဖွဲ့အစည်းက ဘယ်လိုမှရှာမရတာမို့ အီသန်ဟန့်ရဲ့မျက်နှာ ဖုံးကိုတခြားသူမှာတက်ပြီးလူစားထိုးလွှတ်လိုက်ပါတယ်။အဲ့လူက လောဘတက်ပြီးသစ္စာဖောက် သွားတဲ့အခါမှာ အီသန်ဟန့်တစ်ယောက် ဗိုင်းရပ်ကိုဘယ်လိုပြန်ပြီးယူမလဲ စတဲ့စွန့်စားခန်းတွေနဲ့အတူ အက်ရှင်ကားအကောင်းစားတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(8.9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:03:35 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated ...
movie

Mission: Impossible II (2000)

2000
4K HEVC
House of Wax (2005) 5.3
House of Wax (2005) House of Wax (2005)~ 1080p UPDATED ~မိန်းကလေးတစ်ယောက်ရဲ့ နုနယ်လှပမှုကျက်သရေကို ကျွန်တော်တို့ တင်စားပြောကြရာမှာ "ကြွေရုပ်လေးလိုလှတာ၊ ဖယောင်းရုပ်လေးလိုလှတာ" အစရှိသဖြင့် သုံးနှုန်းတတ်ကြပါတယ်။ လူကြီးမင်းတို့ကို ဖယောင်းရုပ်လေးလိုလှလိုက်တာဟု ချီးကျူးလာရင်ဖြင့် သဘောကျတတ်ကြလိမ့်မယ်ထင်ပါတယ်လေ။ကျွန်တော့်ကို ဖယောင်းရုပ်လေးနဲ့တူတယ် (ဘယ်သူမှလည်း ပြောကြမှာမဟုတ်ပါဘူးလေ) လို့ပြောလာရင်ဖြင့် ကြက်သီးမွေးညင်းထပြီး အရိုးထဲကစိမ့်ပြီး ကြောက်ရမှာတော့ အမှန်ပါပဲ။ လူကြီးမင်းရဲ့ အလှတရားကို ချီးကျူးရာရောက်သလို တဖက်မှာလည်း လူကြီးမင်းဟာ လူ့လောကမှာ မရှိတော့ဘူးလို့ ပြောလိုက်တာနဲ့တူပါတယ်။ ဟောဒီဇာတ်ကားထဲမှာပေါ့။အနုပညာသမားတစ်ယောက်ဟာ နူးညံ့သိမ်မွေ့စွာနဲ့ အလှတရားကို ဖော်ထုတ်တတ်သူပါ။ အနုပညာသမားလေးဗင်းဆင့် ကတော့ အလှတရားကို ညွှန်းပြဖော်ကျူးတတ်ပေမဲ့ နူးညံ့သိမ်မွေ့သူတော့ မဟုတ်ခဲ့ပါဘူးလေ။ လူသားတွေဟာ သူ့အတွက်တော့ သူ့အခန်းထဲက သစ်သားတုံးတွေလိုပါပဲ။ ဆူးတွေ ဆောက်တွေနဲ့ ခုတ်ထစ် လှီးဖြတ်ပြီး ပုံသွင်းယူရမယ့် အသားတွေလိုမျိုးပေါ့။ဆရာဝန်ကြီးနဲ့ ဖယောင်းရုပ်တုပညာရှင် လင်မယားနှစ်ယောက်ရဲ့ သားနှစ်ယောက်မှာ တစ်ယောက်က ဆိုးသွမ်းလွန်းပါသတဲ့။ ထမင်းကျွေးရင်တောင် ...
movie

House of Wax (2005)