Channel Myanmar

Xiaoxing Yi

Flavors of Youth(2018) N/A
Flavors of Youth(2018) flavors of youthဒီတစ်ခါတော့မနေ့တစ်နေ့ကမှထွက်ထားတဲ့ဂျပန်အန်နီမေးရှင်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဂျပန်ကားလို့ပြောပေမဲ့ဗားရှင်းကတရုတ်လိုလည်းပါတာဆိုတော့ဖက်စပ်ရိုက်ခဲ့တာလို့ပြောလို့လည်းရပါတယ်yor name ဆိုတဲ့ဂျပန်အန်နီမေးရှင်းကားလေးkimi no na wa ကိုမှတ်မိလိမ့်မယ်ထင်ပါတယ်အဲဒီproduction ကပဲဒီကားကိုထပ်ထုတ်လုပ်ခဲ့တာပါထူးခြားတာကတော့ဒီကားလေးဟာတစ်ကားတည်းမဟုတ်ပဲအပိုင်းလေးတွေခွဲထားတာကိုမြင်တွေ့ရမှပါအပိုင်းတစ်ပိုင်းချင်းဆီမှာအလွန်ကောင်းမွန်တဲ့ဖန်တီးချက်တွေဇတ်လမ်းဇတ်ကွက်တွေပါမြင်တွေ့ရမှာပါအဲအပိုင်းလေးတွေထဲကကျွန်တော်အကြိုက်ဆုံးအပိုင်းလေးကိုအညွန်းအဖြစ်ပြန်လည်ဖော်ပြပါ့မယ်မြို့လေးတစ်မြို့မှာသူငယ်ချင်း၃ယောက်ရှိပါတယ်ရှောင်ယုရယ်လီမိုရယ်ပန်ရယ်ဆိုတဲ့အချစ်ဆုံးသူငယ်ချင်း၃ယောက်ပေါ့ကလေးဘဝငယ်ငယ်လေးကတည်းကသူငယ်ချင်းတွေပေါ့သူတို့၃ယောက်ထဲမှာရှောင်ယုနဲ့လီမိုကတော့ပိုပြီးသံယောဇင်ကြီးကြပါတယ်ရှောင်ယုဆိုတဲ့ကောင်မလေးအဖေကသားသမီးအတွက်ဆိုရင်အလွန်လောဘကြီးတဲ့သူပေါ့သမီးဖြစ်သူကိုအကောင်းဆုံးကျောင်းကနေအလယ်တန်းထိသင်ယူပြီးအကောင်းဆုံးတက္ကသိုလ်ကိုတက်စေချင်တယ်ရှောင်ယုလေးကလည်းပညာရေးမှာထူးချွန်တယ်လေလီမိုကတော့ကလေးဆန်တယ်လုပ်ချင်တဲ့အရာဆိုရင်ဘာမှမစဉ်းစားပဲလုပ်တတ်တယ်ဒါပေမဲ့ရှောင်ယုအပေါ်မှာလီမိုရဲ့သံယောဇင်တွေကတော့အနှိုင်းမဲ့ပါသူတို့သူငယ်ချင်း၂ယောက်မှာထူးခြားချက်တစ်ခုရှိပါတယ်စာသင်ခန်းထဲကရယ်စရာတွေဆရာစာသင်တာတွေစသဖြင့်အားလုံးကိုတိတ်ခွေလေးနဲ့ဖမ်းပြီးနားထောင်တတ်ကြတာပါပဲရှောင်ယုကျောင်းမလာတဲ့နေ့တွေဆိုလီမိုကအသံဖမ်းရှောင်ယုကလည်းအားကျမခံအသံထပ်ဖမ်းတစ်ဦးပေးတဲ့တိတ်ခွေလေးတွေကိုတစ်ဦးကနားထောင်ရင်းသံယောဇင်လေးတွေပိုတွယ်လာပြီးအချစ်အဖြစ်အရောင်းပြောင်းလာကြပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကြားမမြင်ရတဲ့ကံကြမ္မာတွေဝင်လာတဲ့အချိန်ဘယ်လိုတွေဆက်ဖြစ်မှာလဲသူတို့ရဲ့အချစ်တွေကိုဖွင့်ဟခွင့်ရမှာလားစိတ်ဝင်တစားစောင့်ကြည့်ရမှာပါစကားပုံတစ်ခုရှိပါတယ်အချစ်နဲ့ချောင်းဆိုးခြင်းကိုအောင့်ထားလို့မရပါဘူးတဲ့အားလုံးဒီကားလေးကိုကြည့်နေစဉ်မှာအားမလိုအားမရတွေစိတ်ထဲမရိုးမရွတွေဖြစ်နေမှာကျွန်တော်မြင်ယောင်မိပါတယ်ဒီကားကိုကြည့်ပြီးရင်ကိုယ်ချစ်နေတဲ့သူကိုအချိန်မဆွဲပဲအမြန်ဖွင့်ပြောနိုင်အောင်လုပ်ရင်းFAဘဝကနေကျွပ်လွတ်ပါစေလို့ဆုတောင်းပေးရင်းဒီကားကိုကျွန်တော်ရယ်ညီလေးkiraရယ်အတူတူဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်လည်းထပ်ကြည့်မှာမို့အတူတူကြည့်လိုက်ရအောင်နော်သင်စိတ်ကျေနပ်သွားမယ်လို့ယုံကြည်ပါတယ်Qty - 720p Web DLDuration -2hSubtitle - MyanmarTranslator - Soe Htwe & KiraEncoder - Kyaw Ye Aung
movie

Flavors of Youth(2018)

2018