Channel Myanmar

Yan Han

A Little Red Flower ( 2020 ) 6.6
A Little Red Flower ( 2020 ) ကင်ဆာဝေဒနာရှင်တွေရဲ့ ဘဝနဲ့ ဝေဒနာရှင်တွေရဲ့မိသားစုတွေကြုံတွေ့ရတဲ့ ဘဝကိုပုံဖော်ရိုက်ကူးထားတဲ့ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ ဝေယိဟန်ဆိုတဲ့ဦးနှောက်ကင်ဆာအဆင့် ၂ ခံစားနေရသူကအကျိတ်ခွဲထုတ်ပြီးပေမယ့်လည်း ဘဝကြီးကိုမျှော်လင့်ချက်မဲ့ကာ အရှုးပေးဖို့ကြိုးစားနေသူပေါ့...အသက်နဲ့ မလိုက်အောင် အပေါင်းသင်းမိတ်ဆွေလည်းမထား မိတ်ဖွဲ့ဖို့လည်းမကြိုးစားဘဲဖုန်းတစ်လုံးပဲ အဖော်ပြုနေသူတစ်ယောက်ပေါ့ဒါပေမယ့် မိသားစုရဲ့တွန်းအားနဲ့ ဆရာဝန်ရဲ့အကြံပေးချက်ရယ် နောက်ပြီးကင်ဆာဝေဒနာရှင်စုစည်းရာဂရုကိုတည်ထောင်ထားတဲ့ဝူရှောင်မိန်ရဲ့ အကူအညီနဲ့ဝေယိဟန်တစ်ယောက် မာရှောင်ယွမ်နဲ့အမှတ်မထင်ဆုံခဲ့ရာကနေ သူ့ဘဝမှာမကြုံဖူးတဲ့ အတွေ့အကြုံတွေ မခံစားဖူးတဲ့ခံစားချက်တွေ နောက်ပြီးမမျှော်လင့်ရဲတဲ့ အနာဂတ်ဘဝတွေ ကိုစိတ်ကူးပုံဖော်တတ်လာခဲ့တယ်...ဝေယိဟန်နဲ့မာရှောင်ယွမ်တို့ဘာတွေကြုံတွေ့ရမယ်ဆိုတာရယ်...ကင်ဆာဝေဒနာရှင်နဲ့ သူတို့မိသားစုတွေဘယ်လိုခက်ခဲပြီး ဘယ်လိုဒုက္ခတွေရင်ဆိုင်ရတယ်ဆိုတာရယ်နောက်ပြီးဘယ်လိုဖေးမပေးသင့်တယ်ဆိုတာအတွေးလေးတစ်စရမှာပါ...ဒီကားလေးက အဓိကပေးချင်တာကတော့မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကာအသက်ရှင်နေသေးတာကိုက ကံကောင်းခြင်းတစ်ခု ဆိုတာပါပဲ  Quality : WEB-DL 1080p Format : mp4 Duration : 2h 2min Genres : Drama , Family Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu Encoded By LK
movie

A Little Red Flower ( 2020 )