Channel Myanmar

Yasuo Hasegawa

You Are the Apple of My Eye (2018) 6.9
You Are the Apple of My Eye (2018)   You Are the Apple of My Eye လို့မြင်မိတာနဲ့ ကျွန်တော်တို့ရင်ထဲ ဆစ်ခနဲနာလာတတ်တဲ့ ခံစားချက်တစ်ချို့ရှိခဲ့ကြတယ်မလား...၂၀၁၁ က ထိုင်ဝမ်ဇာတ်ကား You Are the Apple of My Eye ဆိုတဲ့ဇာတ်ကားဟာ ကျွန်တော်တို့ငယ်ဘဝတွေနဲ့ ထပ်တူကျလွန်းလို့အဲ့ဒီဆစ်ဆစ်နာတဲ့ အနာကိုပဲ တယုတယ ပြန်ပြန်သတိရ ခဏခဏ ပြန်ပြန်ကြည့်ရတဲ့ ဇာတ်ကားပေါ့...အခုကတော့ အဲ့ဒီဇာတ်ကားကို Japan Remake အနေနဲ့ ပြန်လည်ရိုက်ကူးထားတာပါ။ဂျပန်ဇာတ်ကားဖြစ်လို့ တမူထူးခြားတဲ့ အရသာကို ပြန်မြည်းစမ်းခွင့်ရပါမယ်....ထူးခြားတာက စံပြကျောင်းသူ မိန်းမလှလေးနေရာက သရုပ်ဆောင်တဲ့ မင်းသမီးလေး Asuka Saitō ပါ။သူရဲ့ မိခင်က မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး ဂျပန်လူမျိုးဖခင်နဲ့ ရထားတဲ့ ကပြားလေးဖြစ်ပါတယ်။မြန်မာပြည်ကိုလဲ လာလည်ခဲ့ဖူးပါသတဲ့။ တကယ်လဲ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးမလေးပါ။ကျွန်တော်တို့ အားလုံး ငယ်ဘဝကိုဖြတ်သန်းဖူးသလို အမှတ်တရတွေကိုယ်စီရှိကြဖူးတယ်။ လောကကြီးအကြောင်းသင်ယူကာစ ဆယ်ကျော်သက်အရွယ်မှာ သိပ်ချစ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေရှိတယ်။ ဘဝရဲ့ ပထမဆုံးတွေ ...
movie

You Are the Apple of My Eye (2018)

2018