Channel Myanmar

Yuki Tanada

One Million Yen Girl (2008) 7.1
One Million Yen Girl (2008) One Million Yen Girl (2008) ===================== IMDb Rating - 7.1/10ဒီယန်းတစ်သန်းမိန်းကလေးက ၂၀၀၈အနေနဲ့ဆို ဂျပန်ကား တွေမှာ အမျိုးသမီးတစ်ယောက်တည်းကို အဓိကဦးတည် ဇာတ်အိမ်ဖွဲ့ထားတာ ရှားပါးတဲ့သေးတဲ့အချိန်မှာ ဒါရိုက်တာ အသစ်က အမျိုးသမီးတစ်ယောက်တည်းကို အဓိကထား ဇာတ်အိမ်တည်ပြီးရိုက်ထားတာ။ ဒီကားကိုရိုက်တဲ့အမျိုးသမီး ဒါရိုက်တာ Yuki Tanadaက သူတို့လောကမှာ မင်းသမီးတွေ နေရာပိုရအောင် လုပ်ဖို့ကြိုးစားခဲ့တဲ့ ပထမဆုံးမှတ်တိုင်တစ်ခုလို့ ပြောရင်လည်းမမှားဘူး။ Yu Aoi ရဲ့ ပထဆုံး အဓိကဇာတ်ကောင် စစ်စစ် နေရာကို ရခဲ့တဲ့ကားလည်းဟုတ်တယ်။ဒီကားရဲ့ မင်းသမီး Yu Aoi က လက်ရှိ ဂျပန် Film Industry မှာတော့ ညှို့ဓာတ်အပြင်းဆုံး အလှဆုံးမင်းသမီးလို့ပြောလို့ရတယ်။ Aoiဟာ ဒါတင်မကဘဲ ချစ်ဖို့တော်တော်ကောင်းတဲ့ မင်းသမီးဆိုလည်း မမှားဘူး။ သူရိုက်ခဲ့တဲ့ သက်တမ်းတစ်လျှောက်က ရုပ်ရှင်တွေက နာမည်ကြီးဒါရိုက်တာတွေနဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ကားတွေ တော်တော်များတယ်။ ဂျပန်ရုပ်ရှင်လောကရဲ့ ရုပ်ရှင်ကဝေတစ်ပါး ဖြစ်တဲ့ Shunji Iwaiရဲ့ မာစတာပိစ်ကားဖြစ်ခဲ့တဲ့ All About Lily Chou-Chouမှာလည်း သရုပ်ဆောင်ဖူးသလို Iwaiရဲ့ အစောပိုင်း ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Hana ...
movie

One Million Yen Girl (2008)

2008
My Broken Mariko (2022) 6.3
My Broken Mariko (2022) My Broken Mariko (2022)အခုတစ်ခါတင်ဆက်ပေးမယ့် ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းမိန်းကလေးနှစ်ယောက်ကြားကသံယောဇဉ်လေးကို သရုပ်ဖော်ထားတဲ့ ကာတွန်းစာအုပ်အား ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ rating ကောင်းကောင်းရရှိထားတဲ့ စာအုပ်ဆိုလဲမမှားပါဘူး။ ဇာတ်ကားရဲ့ နာမည်လေးအတိုင်း စိတ်ဓါတ်ကျမှူ၊ စွန့်ပစ်ခံရမှုနဲ့ စော်ကားခံရမှုတို့နဲ့ ပြည့်နှက်နေတဲ့ မာရီကိုရဲ့ဘက်မှာ ရပ်တည်ပေးတဲ့သူကတော့ သူ့ရဲ့တစ်ဦးတည်းသော ငယ်သူငယ်ချင်းဖြစ်သူ တိုမိုယိုရှီနိုပဲရှိပါတယ်။မာရီကိုနဲ့ရှီနိုတို့ရဲ့ သံယောဇဉ်ဟာ အတော်လေးကိုနက်ရှိုင်းကြတယ်။ တစ်နေ့ဒီလိုနဲ့ မာရီကိုသေဆုံးသွားတဲ့သတင်းကို ရှီနိုကြားလိုက်ရတဲ့အချိန်မှာ သူအရမ်းကိုတုန်လှုပ်သွားခဲ့တယ်။ရှီနိုဟာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို အမှောင်ထဲကနေရုန်းထွက်ဖို့ မကူညီနိုင်ခဲ့သလို ခံစားခဲ့ရတာကြောင့် မာရီကိုရဲ့အရိုးပြာတွေကို နောက်ဆုံးခရီးတစ်ခုအတွက် လွတ်မြောက်ပေးနိုင်ဖို့ စိတ်ပိုင်းဖြတ်ပြီးတဲ့နောက်မှာတော့ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size          : 1.7GB, 543MB, 263MB Quality            : 1080p WEB-DL ...
movie

My Broken Mariko (2022)

2022
Romance Doll (2020) 6.4
Romance Doll (2020) Romance Doll 2020 -------------------------------၁၈ယောက်စုကြည့်ရတဲ့ကားပါလို့ ကြိုပြောထားပါမယ်Netflix ကရိုက်ထားတဲ့ကားကောင်းလေးပါသရုပ်ဆောင်အများကြီးမပါပေမယ့်နွေးထွေးတဲ့ဆက်ဆံရေးအများကြီးကိုရှင်းရှင်းလင်းလင်းကိုရိုက်ပြထားပြီး သရုပ်ဆောင်တွေအကုန်လုံးကလည်းchemistery မိလှပါတယ်ဇာတ်လမ်းအကျဉ်းပြောရရင်တော့လူကြီးအရုပ်တွေလုပ်ရတဲ့ကောင်လေးနဲ့အဝတ်ဗလာမော်ဒယ်လ်ထိုင်ပေးတဲ့ကောင်မလေးတစ်ယောက်တို့အကြောင်းပေါ့ပထမတွေ့တဲ့အကြိမ်မှာပဲရင်သားတွေအကိုင်ခံလိုက်ရလို့ချစ်သွားတဲ့ကောင်မလေးနဲ့ရှက်ရှက်နဲ့ကိုင်လိုက်ပြီး တစ်ခါတည်းနဲ့ကိုတန်းချစ်သွားတဲ့ကောင်လေးတို့ဟာအချင်းချင်းအမေးအမြန်းတွေသိပ်လုပ်မနေပဲလက်ထပ်လိုက်ကြပါတယ်ချစ်ခြင်းတွေနဲ့ပဲတည်ဆောက်ထားတဲ့နှစ်ယောက်တည်းကမ္ဘာလေးကလျှို့ဝှက်ချက်တွေမပေါ်လာခင်အထိတော့သာယာနေခဲ့တာပေါ့ယောင်္ကျားတွေက ဘယ်လိုပဲချစ်လို့ယူထားယူထားအခြားက စနှိုက်တွေရောက်လာတဲ့အခါခဏလောက်ဖြစ်ဖြစ် ယိမ်းယိုင်တတ်တဲ့စိတ်ကိုလည်းမြင်လိုက်ရပါသေးတယ်( ရှင်တို့ယောင်္ကျားတွေကောင်းကိုမကောင်းဘူး )ဆိုတော့ သာယာကြည်နူးဖွယ်ကောင်းသော ဝမ်းနည်းဖွယ်ကောင်းသောပျော်ရွှင်ဖွယ်ကောင်းသော အခန်းတိုင်းက ခံစားချက်အမျိုးမျိုးကိုရစေပါတယ်ချစ်ခြင်းတရားဟာ အဘယ်ကဲ့သို့ဆန်းကြယ်ကြောင်းတွေရောကိုအပြင်လောကမှာကြုံတွေ့ရသလို သဘာဝကျကျလေးရိုက်ကူးထားတာမို့လို့စီးမြောခံစားရတာ သက်တောင့်သက်သာရှိလှပါတယ်( ရည်းစားမရှိတဲ့သူတွေကတော့ ရုပ်ရှင်ကိုရုပ်ရှင်လိုပဲကြည့်ပေါ့ )ဇာတ်လမ်လေးကောင်းရုံတင်မကအပိုဆုအနေနဲ့ မင်းသမီးလေးကလည်းအသားအရည်ရဲ့ဝင်းလဲ့နေမှု မျက်နှာလေးရဲ့ လှပနေမှုဆိုသလိုတော်တော်လေးလှပါတယ်ပြီးတော့ ၂၀၀၈တုန်းက အကောင်းဆုံးဇာတ်ပို့ဆုရထားတာမို့ သရုပ်ဆောင်တာကတော့သိပ်ညွှန်းမနေတော့ဘူးနော် )မင်းသားကလည်း ယောင်္ကျားဆန်ဆန်ပုံစံနဲ့ သရုပ်ဆောင်တာလည်းကောင်းတာမို့လို့ကြည့်ဖို့ပေးလိုက်ရတဲ့အချိန်အတွက် နောင်တရစရာမရှိပါဘူး  Translated and Reviewed by ThinZar HtetEncoded by YKFile Size : 2.2GB abd 1.3GBQuality :1080p Blu-Ray Remux and 720pDuration : 2h 3minSubtitles : Myanmar (Hardsub)
movie

Romance Doll (2020)

2020