Channel Myanmar

Zal Batmanglij

The East(2013) 6.8
The East(2013)  Imdb - 6.8 Rotten Tomatoes - 76%သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးလှုပ်ရှားသူများ ဟာ ကမ္ဘာကြီးကိုခေတ်အဆက်ဆက်ဒုက္ခပေးသောအရှင်းရှင်ကော်ပိုရိတ်လုပ်ငန်းကြီးများကိုတန်ပြန်တိုက်ခိုက်မှုများလုပ်ကြတဲ့အကြောင်းပါ။နယ်ပယ်အစုံက မင်းမဲ့ဝါဒီလူငယ်တစ်စုစုစည်းပြီး အရှေ့ရပ်ဝန်းဟုခေါ်ဆိုတဲ့(The East) မြေအောက်အဖွဲ့ကိုဖွဲ့စည်းထားပါတယ်။The Legend of Tarzan, The Northman,သိပ်မကြာသေးခင်ကထွက်ရှိထားတဲ့ Infinity Pool ရုပ်ရှင်များနဲ့အောင်မြင်မှုရရှိထားတဲ့ မင်းသား Alexander Skarsgård ကအရှေ့ရပ်ဝန်းအဖွဲ့ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ Inception, Juno, The UmbrellaAcademy တို့မှာ ပါဝင်တဲ့ Elliot Page ဟာလည်း အရှေ့ရပ်ဝန်းအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ် အဆိုပါရုပ်ရှင်တွင်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အစိုးရနဲ့လုပ်ငန်းကြီးတွေက ပြည်သူတွေကိုမညှာမတာသောက်ဂရုမစိုက်စွာပဲ သူတို့ရဲ့အကျိုးမြတ်ရှေ့ထားတဲ့အပြုမူများကို မကျေနပ်တဲ့လူတစ်စုဟာ တန်ပြန်တိုက်ခိုက်တဲ့အကြောင်းပါ။ပုဂ္ဂလိကထောက်လှမ်းရေးကုမ္ပဏီတစ်ခုမှာအေ့ဂျင့်အဖြစ်လုပ်ကိုင်နေတဲ့ဂျိန်းဆိုတဲ့အမျိုးသမီးတစ်ယောက် အရှေ့ရပ်ဝန်းအဖွဲ့ကိုလိုက်လံစုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးအပ်ခံရတယ်။ လမ်းမတွေပေါ်မှာ အရပ်ဝတ်နဲ့သူလျှိုလုပ်ပြီး မြေအောက်လောကထဲ လေလွင့်ကာ သတင်းအချက်လက်တွေကို စုဆောင်းနေခဲ့ပါတယ်။ ထို့နောက် အမှတ်မထင်ဘဲ အရှေ့ရပ်ဝန်းအဖွဲ့ထဲ ရောက်သွားခဲ့ပါတယ်။ အရှေ့ရပ်ဝန်းအဖွဲ့သားတွေကကော်ပိုရေးရှင်းတွေကို ဆော်ပလော်တီးတဲ့အလုပ်တွေကို Jam (တီးပွဲ /တီးတယ်)လို့သုံးနှုန်းပြောဆိုပါတယ်။ အရေးကြီးတဲ့ တီးပွဲတွေမှာ ...
movie

The East(2013)