Channel Myanmar

Zhu Yilong

Dragon Gate Posthouse 10: Wolf Warrior ( 2018 ) 5.8
Dragon Gate Posthouse 10: Wolf Warrior ( 2018 ) နောက်ဆုံးအပိုင်းဖြစ်တဲ့ ဒီကားလေးမှာတော့ လုံမိန်ရပ်နားစခန်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဖုန်းစစ်ညန်ရဲ့ဒဏ္ဍာရီ လုံမိန်ရပ်နားစခန်းရဲ့ဒဏ္ဍာရီအကြောင်းပဲဖြစ်ပါတယ်။ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်ဒီမှာရှာပါ ဖုန်းစစ်ညန်ဟာ ကန္တာရကိုအမြဲငေးမောကြည့်နေတတ်တယ်။ သူကတစ်ယောက်ယောက်ကိုစောင့်နေသလိုပါပဲ။ ဖုန်းစစ်ညန်ဟာ တစ်သက်ဆုံးပေါင်းဖက်သွားမယ်လို့ကတိပေးခဲ့တဲ့ ချစ်ရသူကိုစောင့်နေတာပဲဖြစ်တယ်။ဒါပေမယ့် ဖုန်းစစ်ညန်ရဲ့ချစ်ရသူ စစ်သူကြီးရွှီဟာ လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းက တိုက်ပွဲမှာကျဆုံးသွားခဲ့တယ်။ ဒါပေမယ့် သူ့မှာမျှော်လင့်ချက်တွေရှိနေတုန်းပဲ။ တစ်နေ့မှာတော့ ညမှာပဲပေါ်လာတတ်တဲ့ ဝံပုလွေမိစ္ဆာစစ်သည်တွေဆိုပြီး ကောလဟာလရှိတဲ့ ရက်စက်တဲ့စစ်သည်တွေဟာ လုံမိန်ရပ်နားစခန်းကိုရောက်လာခဲ့ပြီး စစ်သူကြီးရွှီဟာမိစ္ဆာစစ်သည်တွေထဲကတစ်ယောက်ဖြစ်နေတယ်။ဝံပုလွေမိစ္ဆာစစ်သည်တွေက တကယ်ပဲသရဲလား လူလား....... ဖုန်းစစ်ညန်ရဲ့ချစ်ရသူ စစ်သူကြီးကဘယ်လိုကြောင့်ဒီအဖြစ်မျိုးရောက်သွားရတာလဲ....... စစ်သူကြီးရဲ့လုံမိန်ရဲ့ကံကြမ္မာဟာဘယ်လိုဖြစ်သွားမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , History , Mystery Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dragon Gate Posthouse 10: Wolf Warrior ( 2018 )