Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
4K HEVC Web-DL
7.6
Valimai (2022)
Valimai (2022)ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့လတ်တလောထွက်ရှိထားတဲ့မှုခင်းအက်ရှင်ကားတစ်ကားဖြစ်တဲ့ Valimai ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ Arjun ဆိုတဲ့ရဲအရာရှိကတော့အရည်ချင်းရှိပြီးအမှုကိုင်တွယ်ပုံတမူထူးခြားတာနဲ့နာမည်ကြီးတဲ့ရဲကောင်းတစ်ယောက်ပေါ့ချန်နိုင်းဆိုတဲ့မြို့မှာ လူသတ်မှုတွေ ဓားပြတိုက်မှုတွေ မူးယစ်ဆေးဝါးမှုတွေဆွဲကြိုးလုယက်မှုတွေမြောက်များစွာဖြစ်ပွားတဲ့အချိန်မှာတော့ Arjunတစ်ယောက်အမှုကိုင်တွယ်ဖို့ ပြောင်းရွေ့တာ၀န်ပေးခံလိုက်ရပါတယ်။တစ်နေ့မှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တဲ့အမှုကို ကိုင်တွယ်ရင်းသေကြောင်းကြံစည်မှုမဟုတ်ဘဲ လူသတ်မှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာလိုက်တူးဆွရင်း တူးဆရင်းနဲ့ အဲမြို့မှာ ဖြစ်ပွားနေတဲ့မှုခင်းများစွာကဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းတည်းနဲ့ဆက်စပ်မှုရှိလောက်တာကိုသိလိုက်ရပေမဲ့လည်းအမှုဖြေရှင်းဖို့အခက်ခဲများစွာရှိနေတော့ Arjun တစ်ယောက်ဘယ်လိုဖြေရှင်းမလဲအခက်ခဲကိုဘယ်လိုကျော်ဖြတ်မလဲ ဘယ်လိုလှည့်ကွက်တွေရှိနေဦးမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့်အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.4GB / 2.85GB / 6GB Quality…1080p WEB DL / 720p / 4k HEVC WEB DL Format…mp4 Duration….2h 58mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena & Go-O & Eliza
movie
Valimai (2022)
2022
4K HEVC Web-DL
8.1
F.I.R (2022)
FIR 2022IMDb 8.1Action/ Triller၂၀၂၂ ခုနှစ်ရဲ့အက်ရှင်ကားတွေထဲမှာ ရှယ်ကောင်းတဲ့ကားလေးကိုပြပါဆို ဒီကားလေးကထိပ်ဆုံးကပါလိမ့်မယ်ဗျ။ ဇာတ်လမ်းလေးတွေက ရှယ်ကောင်းပါလျက်နဲ့မင်းသားနဲ့လူကြမ်းတွေဖိုက်တဲ့အခါ အဝေးကြီးလွင့်ထွက်ထွက်သွားတဲ့ အိုဗာအက်ရှင်စတိုင်ကိုမကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်ရမယ့်ကားတစ်ကားပဲဖြစ်ပါတယ်။ဒီလိုပြောလို့လည်း သူတို့ရဲ့အဝေးကြီးလွင့်ထွက်သွားတဲ့ရိုက်ချက်တွေမလှဘူးလို့ပြောတာတော့မဟုတ်ဘူးဗျ၊ ရိုက်ထားတာတွေ တော်တော်လှပါတယ်ဗျ။ ဒါပေမဲ့ဗျာ အပြင်မှာမှ တကယ်မဖြစ်နိုင်တာပဲ။ဒီသည်းထိတ်ရင်ဖိုအက်ရှင်ကားလေးထဲမှာတော့ ဘာအိုဗာအက်ရှင်ချခန်းမှမပါသလို ဝှီးဆို၁၅ ပေလောက်မလွင့်သွားတဲ့အပြင် အနောက်တိုင်းကားတွေနီးပါး ရှယ်ကောင်းတဲ့ချခန်းတွေကို ပါတာပါ။ကျွန်တော်ကြည့်ချင်တဲ့အိန္ဒိယကားတွေ တမီးလ်ကားတွေရဲ့ချခန်းတွေဆိုတာဒီကားထဲကလိုမျိုးဗျ။ ဒီတော့ဗျာ ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်ကြီးကရှယ်ခိုင်တဲ့အပြင် အက်ရှင်ခန်းတွေရှယ်ကောင်းလှတဲ့ ဒီကားလေးကိုတော့ လူကြီးမင်းတို့အနေနဲ့ လက်လွတ်မခံသင့်ဘူးလို့ထင်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင် အီဖန်အာမက်ဆိုတဲ့ ဓာတုအင်ဂျင်နီယာလေးဟာမွတ်စလင်ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ နေရာတကာမှာ ရှယ်အနှိမ်ခံနေရတာက စပါတယ်။အိန္ဒိယရဲ့ ဒီဘာသာရေးပြဿနာတွေအကြောင်းကတော့ ကျွန်တော်မပြောပြလည်း အားလုံးသိကြမယ်ထင်ပါတယ်။ဒီလိုနဲ့ သူဟာ သူ့ရဲ့ဓာတုအင်ဂျင်နီယာအလုပ်ရဲ့ကိစ္စတစ်ခုလုပ်ပြီးလို့ လေဆိပ်ကနေ အိမ်ပြန်မယ်လုပ်တဲ့အချိန်မှာသူဖုန်းပျောက်သွားပါတော့တယ်။ ပျောက်သွားတဲ့သူ့ဖုန်းကို လေဆိပ်ရဲတွေက မရှာပေးတဲ့အပြင်လေယာဉ်ပေါ်အတက်မခံတဲ့အခါ သူကဗုံးခွဲမယ့်သူများမှတ်နေလို့လားလို့စိတ်ပေါက်ပေါက်နဲ့ပြောမိတဲ့အခါသူ့ကိုဖမ်းလိုက်ပြီး စစ်ဆေးကြ၊ အပြစ်မရှိတော့မှ ပြန်လွှတ်ကြပါတယ်။ဒါပေမဲ့ ပြန်လွှတ်နေတုန်းမှာပဲ အဲလေဆိပ်မှာ တကယ်ဗုံးတစ်လုံးပေါက်ကွဲသွားတဲ့အပြင်ဗုံးထိန်းတဲ့ဖုန်းကလည်း သူ့ဖုန်းဖြစ်နေတဲ့အခါ သူ့ကို အိုင်အက်စ်အဖွဲ့ဝင်ဖမ်းထားလိုက်ကြပါတော့တယ်၊ဒီတော့ အီဖန်ရဲ့ဖုန်းဟာ ဘယ်လိုလုပ်အဲလိုဖြစ်သွားရတာလဲ၊ အီဖန်ဟာတကယ်ပဲအိုင်အက်စ်အကြမ်းဖက်သမားလား၊ ...
movie
F.I.R (2022)
2022
4K HEVC Web-DL
7.0
Turning Red (2022)
Turning Red (2022)ဘဝမှာ အရှက်တတ်ဆုံး အကြောက်တတ်ဆုံးအချိန်ကို ပြောပါဆိုရင်တော့ အပျို/လူပျိုဖော်ဝင်စ ၁၃/၁၄ အရွယ်ကို ညွှန်ပြရမှာပါပဲ။အဲဒီလိုပဲ လူကြီးအဖြစ်ချင်ဆုံးအရွယ်ဆိုရင်လည်း ၁၃/၁၄ ဝန်းကျင်အရွယ်လေးတွေပဲ ဖြစ်မှာပါ။ဒီကားလေးမှာတော့ လီမေလင်းဆိုတဲ့ ၁၃ နှစ်အရွယ် ကောင်မလေးတစ်ယောက် ....တရုတ်မိသားစုကပေါက်ဖွားလာတော့ တရုတ်ရိုးရာတွေအားလုံးကို နားလည်ထားပြီး ကိုယ်တိုင်လည်း ဘုံကျောင်းကိစ္စတွေကို ဝင်ရောက်ဆောင်ရွက်နေသူပါ။ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်ကလေးပီပီပဲ မြတ်နိုးတန်ဖိုးထားရတဲ့ အဆိုတော်တွေ၊ ရင်ခုန်မိတဲ့ကောင်လေးတွေ ရှိလာပါတော့တယ်။အဲ့ဒီအချိန် ရှေးရိုးဆန်တဲ့မိခင်ဖြစ်သူနဲ့ ကောင်မလေးရဲ့ ခေတ်ဆန်တဲ့ အတွေးအခေါ်တွေ ဘယ်လို အတိုက်အခံဖြစ်ကြမှာလဲဆိုတာတွေလီမေလင်းလေးရဲ့ အကြိုက်ဆုံးအဆိုတော်အဖွဲ့ 4-town အဖွဲ့က concert ကျင်းပမှာဆိုတော့သူ့ခမျာ သွားရဖို့အရေး ကြိုးပမ်းအားထုတ်ရင်းနဲ့ စိတ်အရမ်းလှုပ်ရှားလာတဲ့အခါ လူစင်စစ်ကနေပန်ဒါနီအဖြစ် ပြောင်းလဲသွားတတ်တော့ ဘာတွေ ဆက်လက်ကြုံတွေ့ရမလဲဆိုတာတွေ ရှုစားရမှာပါ။ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ကြုံတွေ့ရတဲ့ ပထမဆုံးဓမ္မတာလာတဲ့အချိန်တွေကိုယ့်ကိုယ် လူကြီးလို့ သတ်မှတ်ချိန်မှာ မိဘတွေက ကလေးလို သတ်မှတ်နေသေးလို့ ကတောက်ကဆဖြစ်ရတာလေးတွေဆယ်ကျော်သက်သားသမီးတွေနဲ့ မိဘတွေကြား ...
movie
Turning Red (2022)
2022
4K HEVC Web-DL
8.2
A Thursday (2022)
A Thursday (2022)4K HEVCဒီတစ်ခါမှာတော့ ကြာသပတေးနေ့တစ်နေ့အကြောင်းကို ရိုက်ကူးထားတဲ့ A Thursday ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်Nina Jaiswal က Rohit Mirchandandi နဲ့ စေ့စပ်ထားပြီး Rohit ပိုင်တဲ့ အိမ်မှာ ကလေးထိန်းကျောင်းတစ်ခုဖွင့်ထားတဲ့ အမျိုးသမီးတစ်ယောက်ပါ ကလေးတွေရဲ့ ချစ်ခင်မှုကိုရော မိဘတွေရဲ့ ယုံကြည်လေးစားမှုကိုပါ ရရှိထားတဲ့ ဆရာမ တစ်ယောက်ဖြစ်ပါတယ်နေမကောင်းလို့ ၃ ပတ်လောက် အနားယူနေရာကနေ ကြာသပတေးနေ့တစ်နေ့ရဲ့ မနက်ခင်းတစ်ခုမှာတော့ Nina ဟာ ကလေးထိန်းကျောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်မိဘတွေက ကလေးတွေကို ထားခဲ့ပြီး ကလေးထိန်းကျောင်းက အကူကိုလည်း ခွင့်ပေးလိုက်ပြီးတဲ့နောက် ကလေးထိန်းကျောင်းမှာ Nina နဲ့ ကလေး ၁၆ ယောက်ပဲ ကျန်ခဲ့ပါတော့တယ် ကလေးတွေနဲ့ပဲ ကျန်တော့တဲ့ အချိန်မှာ Nina က Colaba ရဲစခန်းကို ဖုန်းဆက်ပြီး ကလေး ၁၆ ယောက်ကို ဓာစားခံအနေနဲ့ ဖမ်းထားပြီး ရဲအရာရှိ Javedd Khan နဲ့ စကားပြောချင်တဲ့အကြောင်း ပြောပါတော့တယ်အခင်းဖြစ်တဲ့နေရာကို ကိုယ်ဝန်သည် ရဲအရာရှိ ...
movie
A Thursday (2022)
2022
4K HEVC Web-DL
8.8
Hridayam (2022)
Hridayam (2022)ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့်အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိသူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်းလူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ...
movie
Hridayam (2022)
4K HEVC Web-DL
7.7
Enemy (2021)
ရုံတင်တုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့တဲ့ တောင်ပိုင်းမင်းသား အာရားနဲ့ဗစ်ရှေးတို့ရဲ့ အတော်ကိုကောင်းမွန်တဲ့အက်ရှင်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်။ IMDB မှာလည်း 7.7ဆိုတော့ ခပ်မိုက်မိုက်ပဲပေါ့။ဇာတ်လမ်းအကျဉ်း...ဒီလောကကြီးထဲမှာ အန္တရာယ်အများဆုံးက သူစိမ်းတွေမဟုတ်ပဲကိုယ့်အကြောင်းကို အစအဆုံးသိနေတဲ့ အရင်းနှီးဆုံးသူကအန္တရာယ်အပေးနိုင်ဆုံးသူဖြစ်ပါလိမ့်မယ်။ ဒီကားမှာလည်းငယ်ငယ်ထဲက တစ်ကျောင်းထဲဆင်း ဆရာ တစ်ယောက်ထဲထွက်တဲ့သူငယ်ချင်းနှစ်ယောက်ကို ENEMY ဆိုတဲ့ ရန်သူတော်တွေဖြစ်လာအောင်ဘယ်အရာတွေက ပံ့ပိုးပေးမလဲဆိုတာ စီးမျောလိုက်ရအောင်။ဇာတ်အိမ်ကကောင်းလွန်းတော့ ဒီထက်ပြောရင် Spoil သလိုဖြစ်နေမှာမို့Tamil ကားကြိုက်သူတွေအတွက် လက်မလွတ်တမ်း လိုက်ပါစီးမျောခံစားလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။အညွှန်းကိုတော့ ThuRa Heinနဲ့ Lwin Htoo Aung က ရေးသားပြီး ဘာသာပြန်ကတော့ JimXTrafalgar Law. Lai Laii နဲ့ Lwin Htoo Aung တို့ပဲဖြစ်ပါတယ်။ File size…(7.1 GB)/(2.7 GB)/(1.1 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….02:37:13 Subtitle….Myyanmar Subtitle (hard Sub) Encoder….YK Translated by Lwin Htoo Aung ...
movie
Enemy (2021)
2021
4K HEVC Web-DL
7.7
500 Days of Summer (2009)
500 Days of Summer (2009) IMDb - 7.7/10_____Rotten- 85% ဇာတ်လမ်းကိုတော့ Movies-we watch,we feel. Facebook Page မှ Ko Waihin Htoon ရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။---------------------------------------------------------(500) Days of Summer အား တကျော့ပြန် ခံစားကြည့်ခြင်း(review မဟုတ်ပါ။ ဇာတ်ကားကို ကြည့်၍ ခံစားချက်များကို ရေးသားထားခြင်းပင်ဖြစ်ပါသည်။)အချစ်နဲ့ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစားချက် မရှိတဲ့ မည်သူရှိလဲ? မည်သူမှ မရှိပါ။ လူတိုင်းဟာ ခံစားချက်တွေရှိတဲ့ သူတွေပါပဲ။ ဒါဆိုရင် လူတိုင်းဟာ အချစ်ကို ခံစားဖူးကြမှာပေ့ါ။ အမှန်ပါပဲ။ လူ့ဘဝရဲ့တစ်ချိုးတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ အရာနဲ့ဆက်နွယ်ခဲ့ဖူးကြတဲ့ သူတွေပါပဲ။ဒါဆိုရင် အချစ်ဆိုတာဘာလဲ? မည်သူမှတော့ တိကျတဲ့ အဖြေကို မပေးစွမ်းနိုင်ခဲ့ပြန်ဘူး။ ကိုယ်ပိုင်ခံစားချက်တွေနဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ လူသားအသီးသီးကို ...
movie
500 Days of Summer (2009)
2009
4K HEVC Web-DL
6.6
Focus (2015)
မင်းသားကြီး Will Smith နဲ့ ဟာလေကွင်း မင်းသမီးချော Margot Robbie တို့ အဓိကပါဝင်ထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းက လူလိမ်သူခိုးဇာတ်လမ်းဆိုတော့ ကတုံးပေါ်ထိပ်ကွက် ခွကွက် ကျော်ကွက်တွေ အများကြီးနဲ့ တင်ဆက်ထားပါတယ်...Professional လုပ်ငန်းတွေမှာ ပါစင်နယ်ကိစ္စတွေ မရောသင့်ဘူးဆိုတာမျိုးကို အနောက်နိုင်ငံမှာ ပိုသုံးကြပါတယ်။လူလိမ်လုပ်ငန်းမှာဆိုရင်တော့ ပိုဆိုးတာပေါ့..ပါစင်နယ်ရောလို့မရဘူး။တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်တတ်တဲ့ လူလိမ်ပါတ်ကား ၂ ယောက်တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြတဲ့အခါမှာတော့...သူတို့ရဲ့မစ်ရှင်တွေအောင်မြင်ပါ့မလားဆိုတာ.......။သရုပ်ဆောင် ၂ ယောက်ရဲ့ အက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရှုစားရမှာပါ။IMDb Rating (6.6) ရရှိထားပါတယ်။ File size…(4.5 GB)/(1.4 GB)/(700 MB) Quality….WEB-DL 4K HEVC /1080p/720p Format…mkv/mp4 Duration….01:44:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie
Focus (2015)
2015
4K HEVC Web-DL
6.9
House of Gucci (2021)
လူအတော်များများမျှော်နေတဲ့ကားလေး လာပါပြီ။ ကမ္ဘာကျော် ဘရန်းတစ်ခုဖြစ်တဲ့ ဂူချီရဲ့ မူလအစမိသားစုအကြောင်းပါပဲ။ ဖြစ်ရပ်မှန်ကို ကြားဖူးဖတ်ဖူးပြီးသားလူတွေကတော့ သိနှင့်မှာပါ။ မသိသေးတဲ့လူတွေအတွက်တော့ ကြည့်လို့ပိုကောင်းနေမှာပါပဲ။ ရှုပ်ထွေးတဲ့ လိမ်လည်မှုတွေ မှုခင်းတွေနဲ့ စိတ်ဝင်စားစရာဇာတ်လမ်းပါပဲ။ သရုပ်ဆောင်တွေကလည်း အဒမ်ဒရိုင်ဗာ၊ လေဒီဂါဂါ၊ အယ်ပါချီနို၊ ဂျားရတ်လယ်တို တို့ဖြစ်လို့ All Stars လို့ပဲ ပြောရမှာပါပဲ။ အားရပါးရကြည့်နိုင်ပါပြီFile size…(3.8 Gb)/(2.8 Gb)/(1 GB)/(700 Mb) Quality….Webrip 4K / 1080p / 720p / 480p Format…mp4 Duration….02:38:00 Genre...Drama, Crime, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie
House of Gucci (2021)
4K HEVC Web-DL
6.8
Eternals (2021)
Eternals (2021)=============IMDb Rating - 6.8/10မာဗယ်ရဲ့ စူပါဟီးရိုးအသစ်တွေ လာပါပြီ။မူလပထမအစမှာ.... ဧကဖြစ်တည်မှု ၆ ခု မတိုင်ခင်၊ ဖန်ဆင်းမှုကြီးမတိုင်ခင် ဖန်ဆင်းရှင်များရှိခဲ့ပါတယ်။ မဟာဖန်ဆင်းရှင် အာရစ်ရှမ်ဟာ ပထမဆုံးသော နေကို ဖန်ဆင်းပြီး စကြဝဠာကိုအလင်းပေးခဲ့တယ်ပေါ့။ အဲ့လိုနဲ့ သက်ရှိတွေ စတင်ဖြစ်ပေါ်လာပြီး ဟန်ချက်ညီစွာ သာယာဝပြောခဲ့ကြတယ်။ အဲ့ဒီလိုပဲ အာကာသရဲ့ နက်ရှိင်းတဲ့နေရာတွေဆီမှာလည်း ဒီးဗီးယန့်ဆိုတဲ့ထူးခြားတဲ့ မျိုးစိတ်တွေ ဖြစ်ပေါ်လာပြီးအသိဉာဏ်ရှိ သက်ရှိတွေကို စားသုံးလာကြတဲ့အခါစကြဝဠာကြီးလည်း ကစင့်ကလျားဖြစ်ကုန်ပါတော့တယ်။ ဒီလိုဖြစ်ပျက်နေတဲ့ သဘာဝတရားကိုပုံမှန်ဖြစ်စေဖို့ အာရစ်ရှမ်ဟာ အိုလမ်ပီယာဂြိုလ်မှ မသေမျိုးသူရဲကောင်းတွေဖြစ်တဲ့ အီတာနယ်တွေကိုစေလွှတ်ပြီး ဒီးဗီးယန့်တွေကို ရှင်းလင်းစေခဲ့တယ်။ မဟာအီတာနယ် အာဂျက်ဦးဆောင်တဲ့အီတာနယ်တွေဟာ အာရစ်ရှမ်အပေါ်ကို စွဲစွဲမြဲမြဲသစ္စာရှိခဲ့ပေမဲ့ တာဝန်တစ်ခုနဲ့တွေ့လာတဲ့အခါအရာရာ ပြောင်းလဲသွားပါတော့တယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size - (4.22 GB) / (2.89 GB) / (1.5 ...
movie
Eternals (2021)
2021
4K HEVC Web-DL
7.6
Sing 2 (2022)
Sing 2 (2022)အားလုံးစောင့်မျှော်နေကြတဲ့ Sing 2 ကတော့ စောင့်ရကျိုးနပ်အောင် Soundtrackအမိုက်စားတွေ၊ လှပတဲ့ Animation ရိုက်ချက်တွေနဲ့အတူ ထွက်ရှိလာပါပြီပါဝင်တဲ့ Castတွေကလည်း Matthew McConaughey, Bono, Scarlet Johansson, Letitia Wright, Halsey,Pharrell Williams တို့လို ထိပ်သီးCastတွေ artistတွေက အသံသရုပ်ဆောင်ပေးထားလို့ Sing 1တုန်းက သဘောကျခဲ့ရတဲ့ soundtrack တွေလို Sing 2မှာ ထပ်မံခံစားရဦးမှာပါ၊- IMDbအနေနဲ့ 7.6 - RottenTomatoesမှာ 70%ရရှိထားပါတယ်Sign 1အပြီး ကဇာတ်ရုံကြီး ပြန်ဖွင့်ခွင့်ရသွားတဲ့ Buster Moonနဲ့ သူ့ရဲ့ တေးသရုပ်ဖော်အဖွဲ့ဟာ ဒီတစ်ခေါက်မှာ ကမ္ဘာ့ဖျော်ဖြေရေးမြို့တော်ကြီးဖြစ်တဲ့ Redshore Cityအထိ တက်ပြီး ကမ္ဘာနဲ့ချီအောင် အောင်မြင်တဲ့ တေးသရုပ်ဖော်အဖွဲ့ဖြစ်ဖို့ ကြိုးစားကြပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့ဖျော်ဖြေပွဲကြီး အောင်မြင်ဖို့ လိုအပ်နေတာကတော့ ဇနီးသည် သေဆုံးပြီးကတည်းက ၁၅နှစ်ကြာ အများမြင်ကွင်းကပျောက်နေတဲ့ ကမ္ဘာကျော် Rock Starကြီး Clay Callowayကို သူတို့ဖျော်ဖြေပွဲမှာ ...
movie
Sing 2 (2022)
2022
4K HEVC Web-DL
7.3
10 Things I Hate About You (1999)
10 Things I Hate About You (1999) IMDb - 7.3/10_____Rotten - 69%ဒီရုပ်ရှင်မှာ မင်းသားကြီး Health Ledger နဲ့ မင်းသမီး Julia Stiles တို့ အဓိကပါဝင်ထားပြီးသူတို့နှစ်ယောက်ဘယ်လောက်တောင် တွဲဖတ်ညီခဲ့လဲဆိုရင် ဇာတ်ကားရိုက်ကူးနေစဉ်မှာပဲ တကယ်တွဲဖြစ်ခဲ့ကြပါတယ်....ဇာတ်ဝင်ခန်းမှာ Julia ရဲ့တောင်းဆိုချက်ကြောင့် Frankie Valli ရဲ့"Can't take my eyes off you" သီချင်းကို Health Ledger ကိုယ်တိုင် သီဆိုခဲ့ပြီး ဒီ Scene ဟာ လူတိုင်းရင်ကို ကြည်နူးစေခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ နိုင်ငံတကာက လူငယ်တွေကြား အခုချိန်ထိ အသည်းစွဲနေတဲ့ဇာတ်ကားဖြစ်ပြီး Rating မြင့်တဲ့ Romance Comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့...ကမ်မရွန် ဆိုတဲ့ ကျောင်းသားလေး ပါဒွာ ဆိုတဲ့ ကျောင်းတော်ကြီးမှာကျောင်းစတက်တဲ့ နေ့မှာဘဲ ဘီယန်ကာဆိုတဲ့ စော်ချောချောလေးကို ...
movie
10 Things I Hate About You (1999)
1999
4K HEVC Web-DL
Bunty Aur Babli 2 (2021)
၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အမီတာဘဂျမ်းတို့သားအဖနဲ့ငွေကြေးအရရော အနုပညာအရပါအောင်မြင်ပြီး အပြင်မှာပါ ရုပ်ရှင်ထဲကအတိုင်း ပုံတူကူးလိမ်လည်မှုတွေဖြစ်ပေါ်လာတဲ့အထိ ဩဇာကြီးခဲ့တဲ့ Bunty Aur Babli ရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ပထမကားနဲ့ ၁၅ နှစ်အကွာမှာ ဇာတ်လမ်းကို ပြန်လည်စတင်ထားပါတယ်။အခုချိန်မှာတော့ ဘန်တီနဲ့ ဘာဘလီတို့ လူလိမ်ဝိဇ္ဇာ ၂ယောက်ဟာ မိသားစု တစ်ခု ထူထောင်ပြီး အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းနေကြပါပြီ. သားလေးတစ်ယောက်နဲ့ ပျော်ရွှင်စွာနေထိုင်ရင်းနဲ့ တစ်နေ့မှာတော့ ဘန်တီနဲ့ဘာဘလီတို့ရဲ့ လှည့်ကွက်တွေ ပြန်ပေါ်လာပါပြီ ဆိုပြီး လူတိုင်းပါးစပ်ဖျားပေါ် ပြန်ရောက်လာကြပါတော့တယ်. သက်လတ်ပိုင်းရောက်နေကြတဲ့ ဘန်တီနဲ့ ဘာဘလီတို့လဲ သူတို့မလုပ်တဲ့ လိမ်လည်မှုတွေနဲ့ စွပ်စွဲခံရပါတော့တယ်။ ရဲအရာရှိ ဂျတာယူဟာ ဒီလက်သစ် ဘန်တီ-ဘာဘလီကို သဲလွန်စ ရှာမရတာကြောင့် မူလ ဘန်တီ-ဘာဘလီတို့ကို ကလေးနဲ့ ခြိမ်းခြောက်ပြီး စုံစမ်းရေးမှာ ပါဝင်ဖို့ ခိုင်းစေခဲ့ပါတယ်။ ၁၅နှစ်အကြာမှ ဒီနယ်ပယ်ထဲ ပြန်ဝင်လာရတာမို့အနားယူထားတဲ့ ကာလရှည်အတွင်း သူတို့အရည်အချင်းတွေလျော့ပါးကုန်ပြီလား။ ပြောင်းလဲသွားတဲ့ ခေတ်မှီနည်းပညာနဲ့ကွာဟသွားတဲ့ခေတ်အခြေအနေတွေကြားမှာ သူတို့ကိုပုံတူကူးကျူးလွန်နေတဲ့ လူငယ်စုံတွဲနဲ့ ဘယ်လိုဉာဏ်များယှဉ်ပြိုင်ကြမလဲဆိုတာ ဟာသတွေနှောပြီး ရယ်မောပျော်ရွှင်စွာရှုစားကြရမှာပါ။ပထမကားက Abhishek ...
movie
Bunty Aur Babli 2 (2021)
4K HEVC Web-DL
7.6
Encanto ( 2021 )
Walt Disney ရဲ့ နောက်ထပ်မင်းသမီးတစ်ပါး ထပ်ပေါ်ထွက်လာမယ့် Encanto ဇာတ်ကားလေးထွက်လာပါပြီ၊ Disneyကထွက်တဲ့ animationတွေရဲ့ ထုံးစံအတိုင်း ဇာတ်ကောင်တွေ၊ အရောင်အသွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်တွေ သဘောတွေ့စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်သေခံနေပါတယ် Encantoဆိုတာက တောင်အမေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်နေရာလေးတစ်ခုပါ၊ ဒီနေရာမှာ မှော်အစွမ်းတွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encantoဒေသလေးကိုထိန်းသိမ်းပေးဖို့ ဒေသနေပြည်သူတွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်တွေကို မျိုးဆက်အဆင့်ဆင့် လက်ဆောင်ပေးခဲ့ပါတယ်၊ ဒါကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီးလေး မီရာဘယ်ကလွဲရင်ပေါ့၊ တစ်နေ့မှာတော့ Encantoကို မလိုလားအပ်တဲ့ အမှောင်စွမ်းအင်ထုကြီး ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်လေး အနေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊ သူမဘာကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ မှော်အစွမ်းရအောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ File size…700MB/ (1.22GB) Quality…. Webrip-720P / WebRip 1080p Format… mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by...Mr. Anderson & JimX
movie
Encanto ( 2021 )
2021
4K HEVC Web-DL
7.6
Atrangi Re (2021)
Atrangi Re (2021)ရင်ကူး(Sara Ali Khan) ဟာ သူ့ချစ်သူမျက်လှည့်ဆရာလေး ဆာဂျတ်ဒ်အလီ (Akshay Kumar) ကိုအရူးအမူးချစ်ခင်စွဲလန်းသူဖြစ်ပါတယ်။ မတူညီတဲ့ ဘာသာရေးနောက်ခံတွေကြောင့် ရင်ကူးရဲ့အယူအစွဲကြီးတဲ့အသိုင်းအ၀ိုင်းဟာ သူခိုးရာလိုက်ပြေးတိုင်း မရရအောင်လိုက်ခွဲလေ့ရှိပြီး နောက်ဆုံးတစ်ကြိမ်မှာတော့ ဆာဂျတ်ဒ် မဟုတ်ရင်ပြီးရောဆိုပြီး လူတစ်ယောက်ကိုပြန်ပေးဆွဲခေါ်လာပြီး အတင်းအကျပ်လက်ထပ်ပေးလိုက်ပါတော့တယ်၊ အဲ့ဒီလူကတော့ တမီလ်နာဒူးပြည်နယ်ကလာတဲ့ ဆရာဝန်လောင်းလေးဖြစ်တဲ့ ဗီရှူး (Dhanush) ပါပဲ။ ပြဿနာက ဗီရှူးမှာလဲ မကြာခင်စေ့စပ်တော့မယ့်သတို့သမီးလောင်းရှိနှင့်နေပြီးဖြစ်နေတာပါ။ မိဘသဘောတူရုံသက်သက် အချစ်ဆိုတာ ဘာမှန်းမသိဘဲ လက်ထပ်လုဆဲဆဲ ဗီရှူးဟာ တစ်ပါးသူကိုအရူးအမူးချစ်နေတဲ့ ရင်ကူးကိုစွဲလန်းစပြုလာရာကနေ သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုအဖြစ်အသက်ဝင်လာပါတော့တယ်။Dhanush ရဲ့နာမည်ကျော် hindi ဇာတ်ကား Raanjhanaa ရဲ့ဖန်တီးရှင် ဒါရိုက်တာကြီး Aanand L. Rai ရဲ့လက်ရာဖြစ်ပြီး ဂီတပိုင်းကိုတာဝန်ယူထားတဲ့သူက A R Rahman ဖြစ်နေတဲ့အတွက် သီချင်းကောင်းကောင်းလေးတွေ လှပတဲ့ရှုမျှော်ခင်းတွေ ရိုက်ကွင်းရိုက်ကွက်တွေကို ရိုးရာဟန်မပျောက်ဘဲ တွဲဖက်မြင်တွေ့ရမှာပါ။ ဇာတ်လမ်းကိုယ်တိုင်ကလဲ ထွေလာထဲကနဲ့မတူပဲ ထူးခြားတဲ့အချိုးအကွေ့အလှည့်အပြောင်းတွေကိုမြင်တွေ့ရပါလိမ့်မယ်။အညွှန်းကိုတော့ Alias က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Alias, Pyi Ti Nyein ...
movie
Atrangi Re (2021)
2021
4K HEVC Web-DL
6.4
The Matrix Resurrections (2021)
Matrix သမိုင်းအကျဉ်း၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ ...
movie
The Matrix Resurrections (2021)
4K HEVC Web-DL
5.6
Resident Evil: Welcome to Raccoon City (2021)
ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ ရက်စီဒန့်အီဗယ် ရုပ်ရှင်တွေနဲ့ သိပ်မဆက်စပ်ထားဘဲနဲ့ဒါရိုက်တာက မူရင်း ဟော်ရာဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ငယ်ငယ်က ဂိမ်းကစားခဲ့ဖူးတဲ့လူတွေတော့ ရင်းနှီးနေမှာပါ။ ဇာတ်ကောင်တွေကလည်းလီရွန်၊ ကလယ်ရာတို့ကိုပဲ ပြန်သုံးထားတာပါ။ ဒီတော့ ဟော်ရာအရသာနဲ့ ဇွန်ဘီးဆိုတာဘာလည်းမသိသေးခင် အချိန်ကို ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ကွန်းမြို့ကမိဘမဲ့ဂေဟာတစ်ခုမှာ ခရစ် နဲ့ ကလယ်ရာ ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ကလယ်ရာက ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာကျန်ခဲ့တာပေါ့။ ရက်ကွန်းမြို့ဟာ ကမ္ဘာအကြီးဆုံးဆေးဝါးကုမ္ပဏီကြီး အမ်ဘရဲလားအခြေစိုက်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ အမ်ဘရဲလားက ပြောင်းရွှေ့သွားပြီဖြစ်လို့လူနည်းစုလေးပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့တော့ အိမ်ပြေးဖြစ်နေတဲ့ကလယ်ရာဟာ အမ်ဘရဲလားရဲ့မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့်သူ့အစ်ကိုဆီကို ပြန်လာချိန်မှာ ဇွန်ဘီးတွေပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပြီးဇွန်ဘီးတွေလက်ထဲကနေ လွတ်အောင်ရုန်းရတော့မယ်အခြေအနေ ဖြစ်လာတဲ့အခါ... File size… 250MB / 1Gb / 1.3GB Quality…720p HEVC Small Size / 720p WEB RIP ...
movie
Resident Evil: Welcome to Raccoon City (2021)
2021
4K HEVC Web-DL
Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes
ဒါကတော့ CM ကနေ ငါးကားမြောက်အဖြစ် တင်ဆက်ပေးမယ့် Young Detective Dee ဇာတ်ကားပါပဲ။ အရင်ကားများကို ကြည့်ဖူးသူများကတော့ နှလုံးပီတိ ဂွမ်းဆီထိပြီး ကြည့်ရမယ့် ဇာတ်ကားပေါ့။ Dee ရဲ့ ဟန် အရရော စုံထောက်ဇာတ်လမ်း ဟန် အရရော ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်စေရမယ့် ဇာတ်ကားတွေပေါ့။မကြည့်ဖူးသေးတဲ့ သူများအတွက်တော့ CM မှာ အရင်တင်ထားတဲ့ ဇာတ်ကားတွေကို ထွက်ရှိရာခုနှစ်ကို အလိုက် ကြည့်ရှုသင့်ပါတယ်။ဒီနေရာမှာ တစ်ခုပြောစရာရှိတာကတော့ မင်းသားတွေပါပဲ။ အဓိကဇာတ်ဆောင်မင်းသား နှစ်ယောက် ရိုက်ကူးထားပါတယ်။ Mark Chao နဲ့ Andy Lau တို့ပါ။ တကယ်တမ်း Dee ဇာတ်ကောင်နဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးသွားတဲ့ မင်းသားကြီး Andy Lau ကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံးပါပဲ။ Mark Chao ...
movie
Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes
4K HEVC Web-DL
6.4
Sooryavanshi (2021)
Sooryavanshi (2021)မြန်မာစာတန်းထိုးဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးSingham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေကစတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေလုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ...
movie
Sooryavanshi (2021)
2021
4K HEVC Web-DL
6.3
Venom: Let There Be Carnage (2021)
Venom: Let There Be Carnage (2021)==========================IMDb Rating - 6.3/10Venom 2 WebDL video quality, sound quality ကောင်းကောင်းနဲ့ Digital Released ထွက်လာပြီမို့ . update လုပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ။Venom ဒုတိယကားမှာလည်း အက်ဒီ နဲ့ ဗယ်နွန်က မတည့်အတူနေပါပဲ။ ငြင်းလိုက်ခုန်လို့ ရန်ဖြစ်လိုက်နဲ့ လူဆိုးတွေနဲ့ ချနေဆဲပါပဲ။ကလိတပ်ဆိုတဲ့ စိတ္တဇလူသတ်သမားဆီကို အနီရောင် ကပ်ပါးကောင် ကာနေ့ဂျ် ရောက်သွားပြီ ထောင်ကနေ လွတ်မြောက်သွားပါတယ်။ကလိတပ်က သူ့ရဲ့ချစ်သူကိုပါ ထောင်ထဲက ကယ်ထုတ်ပြီး အက်ဒီ နဲ့ဗယ်နွန်ကို ကလဲ့စားချေဖို့ လိုက်လာတဲ့အခါ.....အဆက်အစပ်ရှိချင်ရင်တော့ CM မှာတင်ပေးထားတဲ့ Venom 1 ကိုကြည့်လို့ရပါတယ်။ နောက်ပြီးတော့ Venom-2 ရဲ့ အဆုံးမှာစပိုက်ဒါမန်း နဲ့ ဆက်စပ်မယ့် တစ်ခန်းပါသေးတာမို့ သေချာလေး ရှာကြည့်လိုက်ပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie
Venom: Let There Be Carnage (2021)
2021
4K HEVC Web-DL
1
2
3
4
Previous
Next