Channel Myanmar

1965

The Ipcress File (1965) 7.2
The Ipcress File (1965) The Ipcress File (1965)~ IMDb - 7.2/10, Rotten Tomatoes - 97% ~ဗြိတိသျှရုပ်ရှင်အစည်းအရုံးရဲ့ ၂၀ရာစုအတွင်း အကောင်းဆုံးဗြိတိသျှရုပ်ရှင် ၁၀၀ မှာ နံပါတ် ၅၉ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ဒီရုပ်ရှင်ကိုတော့ Len Deighton ရဲ့ ၁၉၆၂ ခုနှစ်ထုတ် The Ipcress File စာအုပ်အပေါ် အခြေခံရိုက်ကူးထားပါတယ်။ စာအုပ်အပေါ်အခြေခံကြတာက မထူးဆန်းပေမဲ့ ဒီစာအုပ်ကျတော့ စပိုင်ဝတ္ထုလောကကို အတော်ရိုက်ခတ်ခဲ့တဲ့စာအုပ်ဖြစ်နေတယ်။ သူ့ခေတ် သူ့အခါအရ စစ်အေးတိုက်ပွဲကာလဖြစ်တဲ့အတွက် စပိုင်ဇာတ်လမ်းတွေခေတ်စားခဲ့တယ်။ အဲဒီစာအုပ်တွေထဲကမှ ဒီစာအုပ်ဟာ လက်တွေ့ဘဝနဲ့ ဆက်နွယ်မှုရှိပြီး တကယ့် စပိုင်တွေက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ပီပီပြင်ပြင် ဖော်ပြခဲ့တာကြောင့် အတော်ကိုကျော်ကြားခဲ့တာမျိုး‌ပေါ့။ ဒီစာအုပ်က Len Deighton ကို ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်စေခဲ့သလို ရုပ်ရှင်အနေနဲ့ ပြန်ရိုက်တဲ့အချိန်မှာလည်း Sir Michael Caine ကို ...
movie

The Ipcress File (1965)

1965
The Sound of Music (1965) 8.1
The Sound of Music (1965) The Sound of Music (1965)===================IMDb Rating - 8.1/10အကောင်းဆုံး Musical Genre Movies တွေအကြောင်းပြောကြမယ်ဆိုရင် (1966)အော်စကာရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု..စသဖြင့် အော်စကာ၅ဆုအပြင် အခြားသောရုပ်ရှင်ဆုပေါင်းများစွာကိုပါ ပတ်သိမ်းလာတဲ့ “The Sound of Music” က သေချာပေါက်မပါမဖြစ်ပါပဲ။ (1965)ခုနှစ်က ထွက်ရှိခဲ့ပြီး ဩစတြီးယားနိုင်ငံက ဗွန်ထရက်ပ်မိသားစုအကြောင်း ဖြစ်ရပ်မှန်အခြေခံပြီး ရိုက်ကူးထားတဲ့ “The Sound of Music” ရုပ်ရှင်ဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တာကြောင့် သူ့ရုံဝင်ငွေနဲ့ ဒေဝါလီခံရခါနီး 20th Century Fox Studio ကိုကယ်ပေးနိုင်တဲ့အထိကို ဖြစ်ခဲ့ပါတယ်။ IMDb rating 8.1/10 ရရှိထားပြီး ထွက်ရှိခဲ့တဲ့အချိန်ကနေ ယခုအချိန်ထိ Box Office ရဲ့ No.6နေရာမှာ ရပ်တည်နေတဲ့ ဂန္ထဝင်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကိုအခြေတည်ရိုက်ကူးထားတာဆိုပေမဲ့ တကယ့်အပြင်လက်တွေ့နဲ့ ကွဲလွဲချက်လေးတွေရှိပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ...
movie

The Sound of Music (1965)

1965
For a Few Dollars More (1965) 8.2
For a Few Dollars More (1965) For a Few Dollars More (1965) ~ IMDb - 8.2/10, RT- 92%, Meta - 74%နာမည်မရှိသော ကောင်းဘွိုင်ကြီး လာပါပြီခင်ဗျာ။ ဇာတ်ကားသုံးကားကို သုံးနှစ်ဆက်တိုက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့၊ ကောင်းဘွိုင်ကားသမိုင်းမှာ မှတ်ကျောက်တင်ခဲ့တဲ့ Clint Eastwood ရဲ့ သမိုင်းမှတ်တိုင်တွေပါ။ အခုကားကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကောင်းဘွိုင် ယန်းကီးလေးဟာ ဆုကြေးစား လူဆိုးဖမ်းသမား ဖြစ်နေပြန်ပါပြီ။ အရင်ဇာတ်ကားကရခဲ့တဲ့ ပိုက်ဆံတွေ ဘယ်တည်းခိုခန်းမှာ ဖြုန်းလိုက်လဲ မသိပါဘူးဗျာ။ အခုတော့ ဒေါ်လာတစ်ထောင်တန် လူဆိုးလေးတွေ လိုက်ဖမ်းနေလေရဲ့။အချီကြီးကြံတတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့လည်း တကယ့် ဒိတ်ဒိတ်ကြဲ လူဆိုးဂိုဏ်းနောက်ကို အမဲလိုက်ဖို့ ဖြစ်လာတာပေါ့။ တစ်ခါတလေမှာ မုဆိုးက ကျားစာမိသွားတာမျိုးလည်း ရှိတတ်တာမျိုးလေ။ အဲဒီမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးနဲ့ လိုက်လာတဲ့ ဘဲကြီးတစ်ပွေရယ်၊ နာမည်မရှိတဲ့ ယန်းကီးလေးရယ်တို့ ခြင်္သေ့ဂူထဲဝင်ပြီး လူဆိုးတစ်သိုက်နဲ့ ဘတပြန် ...
movie

For a Few Dollars More (1965)

1965