Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
1987
7.7
The Last Emperor (1987)
The Last Emperor (1987)===================IMDb Rating - 7.7/10#Unicodeနောက်ဆုံး ဧကရာဇ်တဲ့ . . .နှစ်ပေါင်းနှစ်ထောင်ကျော်သက်တန်းကြာခဲ့တဲ့ တရုတ်ပြည်ကြီးရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေးမှာကျိန်မင်းဆက်ရဲ့ နောက်ဆုံး ဧကရာဇ် ပုယီ၊ အသက် ၃နစ်သားကတည်းက နောက်ကွယ်က ကြိုးကိုင်ချင်တဲ့လူတွေကြောင့် ရင်ခွင်ပိုက် ဧကရာဇ်ဖြစ်လာခဲ့တယ် ။ နောက်တော့ သမ္မတနိုင်ငံခေတ်မှာအဆောင်အယောင်တွေ မစွန့်လွှတ်ရပေမယ့် ထီးနန်းတော့ စွန့်လွှတ်ခဲ့ရပြီ ။ အချိန်ကတော့တရုတ်ပြည်တခုလုံး စစ်ဘုရင်တွေ အာဏာပြိုင်လုနေတဲ့အချိန်ပေါ့ ။ တရုတ်ပြည်ကြီးရဲ့အကြောင်းတော့ မဆိုထားနဲ့ နန်းတော်အပြင်ဘက်လေးမှာတောင် ဘာဖြစ်လို့ ဖြစ်မှန်း သိခွင့်မရတဲ့ ပုယီ ။ဆရာ ရယ်ဂျီနယ်ဖလီးမင်းဂျွန်စတန် ရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ပုယီ ။ ကိုယ့်ကြင်ယာတော်ကိုတောင် ကိုယ်ရွေးခွင့် မရှိတဲ့ပုယီ။ ဂျပန့်လက်အောက်ခံ မန်ချူးကိုး ဧကရာဇ် ပုယီ ။ ၁၉၅၀အလွန်မော်စီတုန်းခေတ်ရဲ့ ပြန်လည်ထူထောင်ရေး စခန်းက အကျဥ်းသား ...
7.7
IMDB:
7.7/10
90,974 votes
movie
The Last Emperor (1987)
1987
7.9
The Untouchables(1987)
The Untouchables(1987) IMDb....7.9,,,,,Rotten.....80 ချီကာဂိုမြို့မှာ မြို့မျက်နှာဖုံးလို့တင်စားလောက်တဲ့ လူတစ်ယောက်ရှိတယ်...သူကငွေကြေးချမ်းသာတဲ့အပြင် အစိုးရအသိုင်းအဝန်းကအကြီးအကဲတွေရှေ့နေတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်တယ်..သူ့ရဲ့ အဓိက ချမ်းသာမှုက တရားမဝင်အရက်ချက်ရောင်းတာပဲ...ဆိုင်တွေဖြန့်တယ်..မယူတဲ့ဆိုင်ကို တစ်နည်းနည်းနဲ့ဒုက္ခပေးတယ်...ဆိုင်ကိုဗုံးခွဲတယ်..ရဲတွေလည်းသူ့ဆီက ငွေကြေးထောက်ပံ့မှုတွေရနေတော့ သူလုပ်နေတဲ့လုပ်ရပ်တွေကို မျက်ကွယ်ပြုထားတယ်..ဒီလိုနဲ့ ချီကာဂိုမြို့ရဲ့စနစ်တကျပျက်စီးမှုကို ပြုပြင်ပေးဖို့အထူးအေးဂျင့်တစ်ယောက်လွှတ်လိုက်ပါတယ်...အဲ့ဒီအေးဂျင့်က လူမှန်တစ်ယောက်..သူပြုပြင်နိုင်ရမယ်...ချီကာဂိုမြို့ကိုဖျက်ဆီးနေတဲ့အဖွဲ့ကိုလည်းသူဖမ်းနိုင်ရမယ်လို့ယုံကြည်တယ်...ဒါပေမယ့် သူထင်ထားသလိုဖြစ်မလာဘူး..တိကျတဲ့သတင်းရလို့ ဝင်ဖမ်းတာတောင် ဘာသက်သေမှမရတဲ့အပြင် သတင်းစာမျက်နှာဖုံးမှာ အရှက်ခွဲခံလိုက်ရတယ်... ကိုင်းပရိတ်သတ်ကြီးရေ ဒီကားထဲကမင်းသားကြီး (၃)ဦးကိုတော့ ရင်းနှီးပြီးသာဖြစ်မှာပါ....Kevin Costner, Sean Connery, Robert De Niro တို့ပါ...ကျွန်တော်သူတို့ကားတွေလည်းရှေ့မှာအတေ်ာများများတင်ခဲ့ပါတယ် ...အထူးသဖြင့် Robert De Niro ပေါ့...ဒီကားထဲမှာတော့ ဗီလိန်ကြီးပေါ့ဗျာ...ဂျိန်းစဘွန်းမင်းသားကြီးလို့လူသိများတဲ့ , Sean Connery ကတော့ ဒီကားနဲ့ အကောင်းဆုံးဇာတ်ပို့အော်စကာဆုရခဲ့ပါတယ်...ကိုင်း အထူးအေးဂျင့်ကြီး အခက်အခဲတွေဘယ်လိုကျော်လွှားမလဲကြည့်လိုက်ပါဦး....File Size : 900 MB Quality : Blu-Ray 720p Format…mp4 Duration…01:59:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Sherlock Encoded by Phyo Pyae
7.9
IMDB:
7.9/10
239,681 votes
movie
The Untouchables(1987)
1987
Blu-Ray 720p
7.0
Police Academy 4: Citizens on Patrol (1987)
A new batch of recruits arrives at Police Academy, this time a group of civilian volunteers who have joined Commandant Lassard's new Citizens on Patrol program. Although the community relations project has strong governmental support, a disgusted Captain Harris is determined to see it fail.
7.0
IMDB:
7.0/10
45.648 votes
movie
Police Academy 4: Citizens on Patrol (1987)
1987
Blu-Ray 1080p
7.1
Rouge (1987)
Zawgyi******IMDb 7.1 ရရှိထားတဲ့ ခေတ်ဟောင်းကားလေးနဲ့ မိတ်ဆက်ပေးပါရစေ...ဟောင်ကောင်အနုပညာလောကရဲ့ ဆရာတစ်ဆူဖြစ်ခဲ့တဲ့Leslie Cheung ရဲ့ ဇာတ်ကားကောင်းတစ်ခုပါ...ဇာတ်ကားလေးနာမည်က Rouge တဲ့.... ဒီဇာတ်ကားလေးထဲမှာရူဟွားဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ချစ်ရတဲ့ ချစ်သူသခင်လေး ၁၂ ကို လာရှာဖို့ ဟောင်ကောင်မြို့ကို ရောက်လာခဲ့ပါတယ်...ရူဟွားအတွက် သခင်လေးကို ရှာဖို့ လူပျောက်ကြော်ငြာထည့်ဖို့တောင်ကြေးပြားမလုံလောက်တဲ့အခါမှာတော့ သတင်းစာတိုက်ကယွမ်ဆိုသူနှင့် ယွမ်၏ချစ်သူ ခြူးတို့နဲ့ သိကျွမ်းခဲ့ပြီးယွမ်တို့ချစ်သူနှစ်ဦးကပါ ကူညီလာခဲ့တော့တယ်...ရူဟွား သခင်လေး၁၂ အပေါ်ထားတဲ့အချစ်ကဘယ်လောက်တောင် ကြီးမြတ်တယ်ဆိုတာရယ်...ရူဟွားတို့ ပြန်လည် ဆုံတွေ့မှာလား ဆိုတာကတော့... ဇာတ်လမ်းလေး ကြည့်ဖို့လိုမယ်နော်... Translated & Review By Chu ChuEncoded By LK Unicode*******IMDb 7.1 ရရှိထားတဲ့ ခေတ်ဟောင်းကားလေးနဲ့ မိတ်ဆက်ပေးပါရစေ...ဟောင်ကောင်အနုပညာလောကရဲ့ ဆရာတစ်ဆူဖြစ်ခဲ့တဲ့Leslie Cheung ရဲ့ ဇာတ်ကားကောင်းတစ်ခုပါ...ဇာတ်ကားလေးနာမည်က Rouge တဲ့.... ဒီဇာတ်ကားလေးထဲမှာရူဟွားဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ချစ်ရတဲ့ ချစ်သူသခင်လေး ၁၂ ကို လာရှာဖို့ ...
7.1
IMDB:
7.1/10
1,832 votes
movie
Rouge (1987)
1987
6.7
Hamburger Hill (1987)
ဒီဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ စစ်ကားတစ်ကားပါ။ ၁၉၆၉ ခုနှစ်က အမေရိကန်နဲ့ ဗီယက်နမ် အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ပွဲအကြောင်းပါ။ Hamburger Hill ဆိုတာကတော့ ရှော တောင်ကြားမှာ ရှိတဲ့ တောင်ကုန်းအမှတ် ၉၃၇ ကို နာမည်ပေးထားတာပါ။ ရန်သူတွေရဲ့ကျည်ဆံကြားမှာ သွေးမြေကျခဲ့ရတဲ့ စစ်သားတွေဟာ ဟမ်ဘာဂါထဲထည့်တဲ့ အသားတွေလို နုပ်နုပ်စဉ်းခံခဲ့ရတာမို့ ဟမ်ဘာဂါ တောင်ကုန်း ရယ်လို့ အမည်တွင်ခဲ့ရပါတယ်။ ဒီ ဟမ်ဘာဂါတောင်ကုန်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ မေလ ၁၁ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကြာခဲ့ပါတယ်။ နှစ်ဖက်စလုံးလည်း တော်တော်အထိနာခဲ့တဲ့ စစ်ပွဲပါ။ အမေရိကန်-ဗီယက်နမ် တိုက်ပွဲတွေထဲမှာ အဆိုးရွားဆုံးတိုက်ပွဲတစ်ပွဲပါပဲ၊ ဒါကြောင့်လည်း ဒီဇာတ်လမ်း ၁၉၈၀ ခုနှစ်အတွင်း ထွက်ခဲ့တဲ့ စစ်ကားတွေထဲက Platoon တို့ Full Metal Jacket တို့လိုမျိုး အောင်မြင်တဲ့ စစ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ဟမ်ဘာဂါတောင်ကုန်းကို အပိုင်သိမ်းနိုင်ဖို့ ကြိုးစားတိုက်ခိုက်ခဲ့ရတဲ့ စစ်သား ၁၄ ယောက်ရဲ့အကြောင်းကို သေချာမြင်ရပါ့မယ်။ ဒါရိုက်တာ John Irvin ရဲ့ လက်ရာမွန်တွေထဲက ...
6.7
IMDB:
6.7/10
21,700 votes
movie
Hamburger Hill (1987)
1987
6.5
Beverly Hills Cop II (1987)
ပြစ်မူကျူးလွန်တဲ့နေရာတိုင်းမှာ အက္ခရာကုဒ်တွေချန်ထားတဲ့ဓါးပြတွေကြောင့် Beverly Hills တစ်မြို့လုံး အုတ်အော်သောင်းနင်းဖြစ်နေပါတယ်။ ဓါးပြတွေကပိုမိုအတင့်ရဲလာပြီး Beverly Hills ရဲဋ္ဌာနရဲ့ကပ္ပတိန် Bogomil ကိုပါ လုပ်ကြံဖို့ကြိုးစားခဲ့ပါတယ်။ အမူလိုက် Alex Foley တစ်ယောက် ဒီသတင်းကိုကြားကြားချင်းပဲ Detroit ကနေ Beverly Hills ကိုအရောက်လာပြီး အက္ခရာကုဒ်ဓါးပြမူကိုစလိုက်ပါတော့တယ်။ ပထမကားလိုပဲ အမူလိုက်ပုံတွေကို ဟာသနှောတင်ဆက်ထားတဲ့ ရဲဇာတ်မြူးကားလေးပါ။ ရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်
6.5
IMDB:
6.5/10
98,860 votes
movie
Beverly Hills Cop II (1987)
1987
8.1
The Princess Bride (1987)
IMDb- 8.1 Genre- Fantasy/ Romance အချစ်ရိုမက်တစ်ကားကောင်းလေးတွေကိုကြိုက်တတ်တဲ့သူများတွက် ကားကောင်းလေးတကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ကားနာမည်လေးကတော့ The Princess Bride လို့ အမည်ရတဲ့နာမည်ကြီးကားလေးပဲဖြစ်ပါတယ်။ ဒီကားဟာ 1987 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်လို့ ကြာညောင်းလှပြီးလို့ထင်ရပေမဲ့လည်း အခုထိတိုင်ကြည့်ရှုသူတွေကို ဖမ်းစားနိုင်ဆဲပါပဲ။ Rating ကောင်းရတဲ့အချက်တချက်ကတော့ ဒီကားကို နာမည်ကြီးအမေရိကန်ဇာတ်ညွှန်းရေးဆရာလည်းဖြစ် စာရေးဆရာလည်းဖြစ်တဲ William Goldman ရဲ့ဝတ္တုဖြစ်တဲ့ " The Pricess Bride" ကိုအခြေခံပြီးတော့ ရိုက်ကူးထားခြင်းကပဲ ဒီကားကိုနာမည်ပိုကြီးစေခဲ့ပါတယ်။ ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးကတော့ အလွန်ချောမောလှပတဲ့ကောင်မလေး တယောက်နဲ့ သူမရဲ့ချစ်သူကောင်လေးတို့စစ်ပွဲတွေကြားမှာ ဘယ်လိုသူတို့ရဲ့အချစ်ကိုပြသခဲ့ကြခဲ့ပီးတော့ စစ်ဖြစ်နေတဲ့တိုင်းပြည်တွေကိုပြန်လည်ပေါင်းစည်းအောင် လုပ်ဆောင်ခဲ့ကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ် ......... ဒီကားလေးဟာ ဝင်ငွေကောင်းခဲ့တဲ့ကားလေးတကားဖြစ်ပီးတော့ အချစ်စစ်အချစ်မှန်အကြောင်းရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှု့သင့်တဲ့ကားတကားဖြစ်ပါကြောင်း.............. အညွှန်းကို Jake က ရေးပေးထားပြီး Nay Chi က ဘာသာပြန်ပေးထားပါတယ်
8.1
IMDB:
8.1/10
351,016 votes
movie
The Princess Bride (1987)
1987
7.3
Prison on Fire (1987)
Prison on Fire (1987) IMDb - 7.3/10_____Rotten - 87% IMDB 7.3 ရထားတဲ့ ဒီကားလေးကတော့ တရုတ်ကားလေးပါ၊ Action Drama အမျိုးအစားပါ ၁၉၈၇ ခုနှစ်ကရိုက်ထားတာကြောင့် အခုခေတ်ထောင်ကားတွေနဲ့နည်းနည်းကွဲပြားနေပါတယ် ထောင်ထဲမှာမိတ်ဆွေဖြစ်သွားပြီး ထောင်ထဲရင်ဆိုင်ရတဲ့အခက်အခဲတွေကိုရိုက်ပြထားတာပါ ဒီကားထဲမှာ တရုတ်နိုင်ငံရဲ့မင်သားကြီး ချောင်ရွန်ဖတ်နဲ့နောက်တစ်ယောက်က Leung Ka-fai ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လူငယ်လေးတစ်ယေက်မတော်တဆလူသတ်မိပြီးထောင်ကျသွားတယ် လူသစ်ဆိုတော့ ဝိုင်းအနိုင်ကျင့်တယ် အဲ့ဒါကို ချောင်ရွန်ဖတ်က ကာကွယ်ပေးတာပါ ဒီလူငယ်လေး ဘယ်လိုအနိုင်ကျင့်ခံရတယ် ချောင်ရွန်ဖတ်ကလဲ ဘယ်လိုကာကွယိပေးတယ်ဆိုတာကို ပရိသတ်ကြီးဆက်လက်ကြည့်ပေးကြပါဦး Quality - 720p Web DL Format - Mp4 Gern - Action/Crime/Drama Duration - 1hr 44min Translator - Tin Myo Lwin Encoder -Kyaw Ye Aung
7.3
IMDB:
7.3/10
2,391 votes
movie
Prison on Fire (1987)
1987
5.1
Love & Passion
ပြီးခဲ့တဲ့ နှစ်က ရှာရင်းဖွေရင်း ဒါရိုက်တာကြီး Tinto Brass ရဲ့ လက်ရာ စုစည်းမှု Tinto Brass Premium Collection ဆိုတဲ့ ဖိုင်ကို ရှာတွေ့ခဲ့ပြီး ဇတ်ကားကောင်း ၂၂ ကား ပါဝင်ပါတယ် အကုန်လုံးဟာ ရှားရှားပါးပါးတွေ ဖြစ်ပြီး တစ်ချို့ ရုပ်ရှင်တွေဟာတော့ Video Quality အတော်နိမ့်ပြီး 360P လောက်သာ ရှိတာတွေ့ရပါတယ် ထပ်မံရှာဖွေသော်လဲ ယခု ရရှိထားတာလောက် ကောင်းတာကို ရှာဖွေမတွေ့ခဲ့ပါဘူး... Tinto Brass ဟာ မိန်းမကျောနပ်သူလားလို့တောင် ထင်ရအောင် သူရေးသမျှ ရိုက်သမျှ ရုပ်ရှင်ကားတိုင်းဟာ မိန်းမတွေရဲ့ အကျောကို နားလည်အောင် ဖော်ပြသလို အိမ်ထောင်ရေး အရှုပ်အရှင်း ဇတ်လမ်းတွေ မိန်းကလေး အချစ် ယောင်္ကျားလေး အချစ် နဲ့ တစ်ခါတစ်လေ နားလည်ရခက်တဲ့ အရာတွေကို မြင်ရပါတယ်... Channel Myanmar မှာလဲ Tinto Brass Special Package ဖြစ်အောင် နောက်ဆို တစ်ခုချင်းစီ ၂၂ ကားပြည့်အောင် ဘာသာပြန်ရင်း တင်ဆက်ပေးသွားပါမယ် အခု တော့ ရုပ်ရှင်ကားရဲ့ Review ကို ခနလောက် ဖတ်ကြည့်ကြစို့...ဖရတ် နဲ့ ဂျနီဖာ တို့ လင်မယားဟာ ခရီးတစ်ခုကို အတူထွက်လာပြီး ဂျနီဖာ ...
5.1
IMDB:
5.1/10
742 votes
movie
Love & Passion
1987
6.4
Magnificent Warriors (1987)
ဒီဇတ်ကားကိုစကြည့်ရတဲ့အချိန်တုန်းကကျွန်တော်အ တော်လေးငယ်ပါသေးတယ် မီရှဲယိုကိုအဲဇတ်ကားကနေစပြီးကြိုက်ခဲ့တယ်လို့ပြောလို့ရတယ် နောက်ပိုင်းမှာသူ့ကားတွေအတော်ကြည့်ဖြစ်တယ် မင်းသမီးမီရှဲယိုဟာကမ္ဘာကျော်မင်းသားကြီးတွေနဲ့အတူတူသရုပ်ဆောင်ခဲ့ ပြီး အာရှသာမကကမ္ဘာကျော်ရုပ်ရှင်မင်းသမီးတစ်ဦးပါအက်ရှင်တွေသာမကဒရာမတွေပါပိုင်နိင်တဲ့မင်းသမီး ဖြစ်ကြောင်းကို the lady ဆိုတဲ့ဇတ်ကားမှာတွေ့နိင်ပါ တယ် ဂျိမ်းစ်ဘွန်းကားမှာလည်းပါဝင်သရုပ်ဆောင်ဖူးတဲ့ထိုမင်းသမီးဟာဂျက်ကီချမ်း ဂျက်လီတို့နဲ့အပြိုင်နာမည် ကြီးတဲ့မင်းသမီးတစ်ဦးပါပဲ ဇတ်လမ်းအကျဉ်းကိုပြောပြရရင်တော့တရုတ်နဲ့ဂျပန်စစ်ဖြစ်နေတဲ့ကာလအတွင်းမင်းသမီးမီရှဲယိုဟာ မျိုးချစ်တော်လှန်ရေးသမားတစ်ဦးကိုသွားရောက်ကယ်တင်တဲ့ဇတ်လမ်းလေးပါ လမ်းခုလတ် မှာဘာတွေကြုံရမလဲဘယ်သူတွေနဲ့တွေ့ကြုံရမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမှာပါ အက်ရှင်သာမကဟာသလည်းရောနှောပါဝင်တာမို့သေချာပါတယ် cmပ ရိတ်သတ်တွေအကြိုက်တွေ့မယ်လို့ထင်ပါတယ် ကျွန် တော်ကြိုက်ခဲ့တဲ့ဇတ်ကားလေးကိုအကောင်းဆုံးကွာလတီနဲ့ဘာသာပြန်ပေးလိုက်ပါတယ် ဒေါင်းလော့ဆွဲပြီးသိမ်းထားကြပါလို့ပဲပြောကြားရင်း (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က ကိုစိုးထွေးပါ) File Size : (680 MB) and (330 MB) Quality : Dvdrip 480p Running Time : 1hr 31minutes Format : Mp4 Genre : Action, Drama Translated By Soe Htwe Encode By Thanhtike Zaw
6.4
IMDB:
6.4/10
604 votes
movie
Magnificent Warriors (1987)
1987
7.3
Eastern Condors (1987)
IMDb rating 7.3 ရထားပြီးတော့ ၁၉၈၇ ခုနှစ်က ထွက်ခဲ့တဲ့ ဟောင်ကောင်စစ်ကားလေးတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်သားကြီးတွေက တော့မြန်မာပရိတ်သတ် တွေရဲ့ အသဲစွဲမင်းသားကြီး ၂လက်ပဲ ဖြစ်ပါတယ် ကဲ အဲ့လောက်ဆို ဇာတ်ကားကို ကောင်းမကောင်းသိပ်မညွန်းတော့ဘူးလေ ဇာတ်လမ်းအကျဉ်းလေးကတော့ ဗီယက်နမ် ကိုအမေရိကန်က ကျူးကျော် စဉ်ကာလမှာ အမေရိကန်အထွက်မှာ ကျန်ရှိနေခဲ့တဲ့ သူပုန်တွေကိုနိမ့်နင်း တဲ့ မစ်ရှင်တခုမှာ ဟုန်ကျင်းးပေါင် တို့ ၂ယောက်ဘယ်လိုတွေများ ဆက်ဖြစ် ကြမယ်ဆိုတာကို ဆက်ကြည့်လိုက်ကြပါတော့ဗျာ အများကြီးပြောမိရင် spoil မိမှာစိုးတာကြောင့် အမျာကြီးမညွန်းတော့ဘူးဗျ :) ဘာသာပြန်ပေးသူကတော့ ကျော်မျိုးသူဖြစ်ပါတယ်
7.3
IMDB:
7.3/10
1,499 votes
movie
Eastern Condors (1987)
1987
7.8
Evil Dead II (1987)
7.8
IMDB:
7.8/10
117,967 votes
movie
Evil Dead II (1987)
1987
7.1
Project A: Part II (1987)
7.1
IMDB:
7.1/10
8,793 votes
movie
Project A: Part II (1987)
1987