Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
1988
7.2
Heathers (1988)
Heathers (1988)Heathers ဟာ ၁၉၈၈ ခုနှစ်ရဲ့ အကောင်းဆုံး အထက်တန်းကျောင်းနောက်ခံပြု Comedy/Drama ဇာတ်ကားတွေထဲက တစ်ကားပါ။ IMDb Rating 7.2 နဲ့ Rotten Tomatoes 93% အထိ ရရှိထားပါတယ်။ Comedy ဆိုပေမယ့် လုံးဝကြီး ဟာသတွေပဲ လုပ်နေတာ မဟုတ်ဘဲ Dark comedy အမျိုးအစားဖက်ကို ရောက်တယ်လို့ပဲ ပြောရမှာပါ။ အမေရိကန်နိုင်ငံရဲ့ အထက်တန်းကျောင်းသားဘဝကို ခပ်ပါးပါး သရော်ထားပြီးတော့ တခြား အထက်တန်းကျောင်းနောက်ခံပြု Comedy တွေနဲ့ ကွဲထွက်နေလို့ နာမည်ကြီးသွားခဲ့တာပါ။ရှားဝုဒ် အိုဟိုင်းရိုးရှိ ဝက်စတာဘာ့ဂ် အထက်တန်းကျောင်းမှာ ဟယ်သာလို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲအဖွဲ့ကိုတော့ ဟယ်သာချန်ဒလာ၊ ဟယ်သာဒု့ခ် နဲ့ ဟယ်သာ မက်နမဲရာဆိုတဲ့ နာမည်တူ သုံးယောက်နဲ့ ဖွဲ့စည်းထားတာပါ။ ကျောင်းမှာ နာမည်အကြီးဆုံးဖြစ်သလို စိတ်ထင်တိုင်းကြဲနေကြတဲ့ အဖွဲ့ဆိုလည်း မမှားပါဘူး။ သူတို့အဖွဲ့မှာ မတူညီဘဲ ထူးခြားနေတာကတော့ ..... လေးယောက်မြောက်အဖွဲ့ဝင်ဖြစ်တဲ့ ဗရော်နီကာ ဆော်ယာ ဆိုတဲ့ ...
movie
Heathers (1988)
1988
5.8
Fatal Love (1988)
Fatal Love (1988)မနေ့က စက်တင်ဘာ ၁၂ဟာ တိုနီလျောင်ချူဝေ၊ Takeshi Kaneshiro, ချန်းချန်၊ အန်ဒီလောင်၊ ချောင်ယွန်ဖတ်၊ စတီဖင်ချောင်၊ ဂျက်လီ၊ ဂျက်ကီချမ်း စသဖြင့် သူနဲ့ခေတ်ပြိုင်တွေ မတိမ်းမယိမ်းတွေ သရုပ်ဆောင်ဖော် သရုပ်ဆောင်ဖက်တွေ အကုန်လုံးသက်ရှိထင်ရှားရှိကြသေးပေမဲ့ တစ်ယောက်တည်းကွက်ပြီး အရွယ်မတိုင်မီ ရွေ့လျော အခါနှောင်းသွားခဲ့တဲ့ လတ်စလီချောင်ရဲ့ မွေးနေ့ပါပဲ။ တစ်ရက်နှောင်းသွားပေမဲ့လည်း လတ်စလီကိုချစ်တဲ့သူတွေအတွက် သူ့ရဲ့အစောပိုင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ နောက် သူ့အကြောင်းနည်းနည်းပါးပါးရောပေါ့။ ဇာတ်ကားအကြောင်းကတော့ လတ်စလီကိုချစ်တဲ့သူတွေ သဘောကျမယ့်ကားလို့ပဲ ပြောချင်ပါတယ်။လတ်စလီချောင်ဟာ သူ့နာမည် လတ်စလီကို Gone With The Wind ထဲက သူ့အကြိုက်ဆုံးသရုပ်ဆောင်ဖြစ်တဲ့ အက်ရှလေနေရာက သရုပ်ဆောင်ခဲ့တဲ့ Leslie Howard နာမည်ကိုယူပြီးပေးထားတာပါ။CNN’s Icon Gallery (Music) စာရင်းမှာပါတဲ့ တစ်ဦးတည်းသောအဆိုတော်ဖြစ်ပြီး No.3 လည်းချိတ်ခဲ့တယ်ဆိုပါတယ်။ တခြား ၁ကနေ ၅စာရင်းဝင်တဲ့ အဆိုတော်တွေကတော့ ...
movie
Fatal Love (1988)
1988
7.2
Willow (1988)
Willow (1988)~ IMDb rating - 7.2/10 ~"Star Wars & Indiana Jones" အဲဒီဖန်ဒန်ကြီး၂ခုလုံးကို တည်ဆောက်ဖန်တီးခဲ့တဲ့ George Lucas ကို မသိတဲ့လူမရှိပါဘူး။ တစ်ခေတ်တစ်ယောက် ဆရာ့ဆရာကြီးဖြစ်ခဲ့သလို ဒီရုပ်ရှင်ကလည်း သူ့ဇာတ်လမ်းပါပဲ။ သူတည်ဆောက်ခဲ့တဲ့ နောက်ယူနီဗာ့စ်ကြီးတစ်ခုပေါ့။ဒီရုပ်ရှင်က လူးကတ်စ်ရဲ့ မှော်ဇာတ်လမ်းပေါ့။ ရိုက်တာကတော့ ရွန်ဟောင်းဝတ်။ ဒီနှစ်ထဲတင် Thirteen Lives ထွက်ထားတဲ့၊ တစ်နှစ်ထဲမှာတင် Best Director ရော Best Picture ဆုပါရဖူးတဲ့ နာမည်ကြီးဒါရိုက်တာပါပဲ။ ကားကတော့ fantasy ကိုမှ LoTR တို့ ဘာတို့ကို ပိစိလောက်ဆင်နေတဲ့ပုံစံ။ ဇာတ်ကတော့အရမ်းကြီးမကြီးကျယ်ဘူး။ မကြီးကျယ်ဆို ဒီတစ်ကားပဲရှိသေးပေမဲ့ ဒီတစ်ကားက အစကနဦးလို့ပဲပြောရမယ်။ ရှေ့အများကြီးဆက်ရင်တော့ ဘယ်လိုဖြစ်လာမလဲပြောမရပေါ့။ သို့ပေမဲ့ နောက်နှစ်လလောက်ကျရင် ဒီကားရဲ့အဆက် ဇာတ်လမ်းတွဲထွက်လာမှာပါ။ သို့ပေမဲ့ သူကတော့ LoTR ...
movie
Willow (1988)
1988
6.1
Red Heat (1988)
Red Heat (1988)အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆိုတော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။အခုတင်ဆက်မယ့်ကားကတော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ဇာတ်လမ်းအကျဉ်းကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ...
movie
Red Heat (1988)
1988
7.5
Beetlejuice (1988)
Beetlejuice (1988)~ IMDb - 7.5/10, Rotten Tomatoes - 85% ~Beetlejuice ဟာ Gothic ဟန်နဲ့ နာမည်ကြီးတဲ့ Tim Burton ကြီးရဲ့ ကနဦးကားတွေထဲက တစ်ကားဖြစ်ပြီး Johhny Depp နဲ့ Winona Ryder တို့ Edward Scissorhands မှာ မတွေ့ကြခင် Winona နဲ့ ဘာတန်တွဲရိုက်ခဲ့တဲ့ကားဖြစ်သလို Beetlejuice 2 သာ ထွက်ဖို့သေချာရင် မူလ Actor, Actress တွေဖြစ်တဲ့ Michael Keaton တို့ Winona တို့အပြင် Johnny Depp လည်း ပါလာမယ်ဆိုပါတယ်။Beetlejuice ဟာ Rating တွေမြင့်သလို Classic စာရင်း၀င်တဲ့ ဘာတန်ဆန်ဆန်၊ Gothic ဆန်ဆန် Comedy ကားလည်းဟုတ်ပါတယ်။ ဘာတန်ဟာ ...
movie
Beetlejuice (1988)
1988
5.7
A Nightmare on Elm Street 4: The Dream Master (1988)
A Nightmare on Elm Street 4: The Dream Master (1988) IMDB - 5.7/10, Meta - 56%ဒီကားကတော့ Freddy ရဲ့ လေးကားမြောက်ဖြစ်ပါတယ်။ Part 3 ဇာတ်ကားမှာ အပြစ်ဖြေ မြှုပ်နှံ သင်္ဂြိုလ်ခြင်းခံလိုက်ရလို့ Freddy ရဲ့ဝိညာဉ်ကွယ်ပျောက်ခဲ့ပေမယ့် Kerstin ရဲ့အိပ်မက်စွမ်းအားနဲ့ စွဲလမ်းမှုတွေကြောင့် Freddy တစ်ယောက် Elm လမ်းပေါ် ပြန်ရောက်လာခဲ့ပါတယ်။Part 3 ဇာတ်ကားက ရှင်သန်ကျန်ရစ်သူ ကလေးသုံးယောက်ကို တစ်ယောက်ချင်း လိုက်ရှင်းနေစဉ်မှာ Kerstin တစ်ယောက် မကာကွယ် မကူညီနိုင်ခဲ့ပါဘူး။ နောက်ဆုံး သူ့အလှည့်ကို ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့စွမ်းအားနဲ့ မတော်တဆ Alice ဆိုတဲ့ ကောင်မလေးကို အိပ်မက်ထဲ ဆွဲသွင်းလိုက်မိရာကစပြီး Freddy တစ်ယောက် ဘာမှမဆိုင်တဲ့ ကလေးအသစ်တွေရဲ့ သွေးနံ့ကို ယစ်မူးသွားခဲ့ပါပြီ။Alice ...
movie
A Nightmare on Elm Street 4: The Dream Master (1988)
1988
7.3
The Beast of War (1988)
CM Fan တွေအတွက် တိပ်ခွေခေတ်က ကြည့်ခဲ့ရဖူးတဲ့ Old But Gold စစ်ကား တစ်ကား တင်ဆက်ပေးလိုက်ပါတယ် သမိုင်းကြောင်းအရ အာဖကန်အစိုးရသည် မူဂျာဟစ် သူပုန်တွေကို တိုက်ထုတ်ဖို့ရန် အင်အားမရှိချိန် ဆိုဗီယက်တို့က ကွန်မြူနစ် ကမ္ဘာကြီးတည်ထောင်ရန်ကြိုးပမ်းချိန် အာဖကန်အား ကွန်မြူနစ်အတွင်းသွတ်သွင်းရန်ကြိုးပမ်းပြီး အာဖကန်အစိုးရဘက်မှ မူဂျာဟစ် သူပုန်တွေကို ကူညီတိုက်ခိုက်ပေးခဲ့ရာ နောက်ပိုင်းပြောက်ကျားစစ်ကို အလူးလဲခံရလာပြီး ရွာအလိုက်ရှင်းလင်းရေးတွေလုပ်ဆောင်လာခဲ့ရာ beast ခေါ် သားရဲတင့်ကားကြီးအား မူဂျာဟစ်တို့မှ တိုက်ခိုက်ရန်ကြိုးပမ်းလာရာ သားရဲကြီးပဲ နှိမ်နင်းခံရမလား မူဂျာဟစ်တို့ဘဲ အနိုင်ရမလား အာဖကန်နစ်စတန် ပြည်သူတွေက အများထင်နေကြသလို အရိုင်းအစိုင်းတွေလား သူတို့ရဲ့ ယဉ်ကျေးမှုတွေ အကျင့်စရိုက်တွေ ရုရှားတို့ရဲ့ နိုင်ငံချစ်စိတ်တွေ ကိုယ့်နိုင်ငံကို ကာကွယ်ခြင်းမဟုတ်ဘဲ သူတပါးနိုင်ငံအား ကျုးကျော်စစ်တိုက်ရာ ကြုံတွေ့ပုံများ စစ်မြေပြင်မှာ ဖြစ်တတ်သည့် စစ်ရာဇဝတ်မှုများ စတဲ့ အရာများအားလုံးကို စိတ်ဝင်တစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် Quality - 1080P & 720P WebripSubtitle - BurmeseDuration - 1h 51minFormat - MP4File Size - 1.33 GB & 785.4 MBEncoder ...
movie
The Beast of War (1988)
1988
8.2
Die Hard (1988)
Die Hard (1988) IMDb - 8.2/10_____ Rotten Tomatoes - 93% ခရစ်စမတ်နဲ့ နယူးရီးယားနီးလာလို့ ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။ မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်....နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။ အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့..... အကြောက်အလန့်ကင်းတဲ့..... ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။ Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ BluRay 1080p 5.1 Audio နဲ့ ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်။ File Size…(2 GB) and (1 GB) Quality…Blu-Ray 1080p ...
movie
Die Hard (1988)
1988
Blu-Ray 1080p 5.1 CH
7.4
The Land Before Time 1988
THE LAND BEFORE TIME REVIEW Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The Land Before Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေးတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူ တွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စပီးဘာ့ဂ် တို့ ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေအကြောင်းကို ဇာတ်အိမ်တည် ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ချစ်ခြင်းမေတ္တာတွေကို ရိုက်ပြထားတာပါ။ ကာတွန်းကားဆိုပေမယ့် ...
movie
The Land Before Time 1988
1988
8.2
My Neighbor Totoro (1988)
ဒီဇာတ်ကားလေးကို 1988 ခုနှစ်က ရိုက်ကူးခဲ့ပေမယ့် Disney ကနေ 2006 မှာ english အသံထွက်နဲ့ ပြန်ထုတ်လွှင့်ပေးခဲ့ပါတယ်... IMDb 8.2 နဲ့ rotten tomatoes 94% တောင် ရရှိထားတဲ့ Rating မြင့်တဲ့ကားပါ.. တခြားနိုင်ငံမှာ Pooh ဇာတ်ကောင်လေးတွေ ခေတ်စားခဲ့သလို Totoro ကလဲ ဂျပန်ကလေးငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်ခဲ့ပါတယ်... မြန်မာမှာလဲ ခုချိန်ထိ totoro ကို ချစ်နေတဲ့လူကြီးငယ်တွေ ရှိပါသေးတယ်ဗျ... ( ကျွန်တော်အပါအဝင်ပေါ့... ) ဇာတ်လမ်းလေးကတော့ ၁၉၅၈ ခုနှစ်မှာ တက္ကသိုလ်ပါမောက္ခ Tatsuo Kusakabe နဲ့သူ့ရဲ့ သမီး ၂ ယောက်နဲ့ အတူ ရွာလေးတစ်ရွာမှာ ရှိတဲ့ အိမ်ဟောင်းတစ်လုံးစီကို ပြောင်းလာခဲ့ပါတယ်.. မိန်းမဖြစ်သူက နာတာရှည်ရောဂါ ခံစားနေရတာကြောင့် မိန်းမဖြစ်သူတက်နေတဲ့ ဆေးရုံနဲ့နီးတဲ့ အိမ်လေးကို ရွေးချယ်ခဲ့တာပါ.. တောရွာတစ်ခုဖြစ်တဲ့အတိုင်း မမြင်ရတဲ့ ပရလောကယုံကြည်မှုတွေလဲ ရှိနေပါတယ်... ပထမဆုံး တွေ့ကြုံခဲ့တာကတော့ susuwatari လို့ ခေါ်တဲ့ မည်းမည်းလုံးလုံး ကျပ်ခိုးကောင်လေးတွေပါပဲ.. လူမနေတဲ့ အိမ်ဟောင်းတစ်ခုမှာ အဲဒီကျပ်ခိုးကောင်လေးတွေ ရှိနေမှာ အသေအချာဖြစ်ပြီး လူတွေရောက်လာတာနဲ့ နောက်ထပ် အိမ်လွတ်တစ်လုံးရှာဖွေဖို့ ...
movie
My Neighbor Totoro (1988)
1988
7.0
Police Academy 5: Assignment: Miami Beach (1988)
The Police Academy misfits travel to Miami, Florida for their academy's commanding officer, Lassard, to receive a prestigious lifetime award pending his retirement, which takes a turn involving a group of jewel thieves after their stolen loot that Lassard unknowingly has in his possession.
movie
Police Academy 5: Assignment: Miami Beach (1988)
1988
Blu-Ray 1080p
7.1
Police Story 2 (1988)
Police Story ဆိုတာနဲ့ မင်းသားကြီး ဂျက်ကီချန်းဇာတ်ကားတွေမှန်း သိပြီးသားဖြစ်မှာပါ။ Police Story နာမည်နဲ့ ဂျက်ကီချန်းဇာတ်ကား ၆ ကားထွက်ပါတယ်။ ကျွန်တော်အစဉ်လိုက်ဖြစ်အောင် တင်ဆက်သွားပါ့မယ်။ ဒီဇာတ်ကားမှာတော့.... ပထမဇာတ်ကား Police Story 1 နဲ့ချိတ်ဆက်ထားပါတယ်။ ပထမဇာတ်ကားက သရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်လမ်းကတော့ အသစ်ပါ။ IMDb rating (7.2/10) ရရှိထားပါတယ်။ Encoded By : XCode
movie
Police Story 2 (1988)
1988
Blu-Ray 1080p
7.3
Dragons Forever (1988)
ဂျက်ကီချန်း...ဟုတ်ချင်းပေါင်...ဘောလုံးမင်းသား..စတဲ့ကလေးဘဝရဲ့ သူရဲကောင်းတွေဖြစ်တဲ့ ဟောင်ကောင် ကွန်ဖူးသုံးဖော်ရဲ့ ဇာတ်ကားကောင်းလေးပါ။Action, Comedy, Romance ဇာတ်ကားဖြစ်လို့ ပေါ့ပေါ့ပါးပါးခံစားကြည့်ရှုရမှာပါ။ခုချိန်မှာ အနားယူသွားပြီဖြစ်ကြတဲ့ မင်းသားကြီးတွေရဲ့ ငယ်မူငယ်သွေးအပြည့်နဲ့ ဇာတ်ကားလေးကိုတစ်ဖန်ပြန်လည် ခံစားကြရမှာ ဖြစ်ပါတယ်။IMDb Rating (7.3) အထိ ရရှိထားတာကြောင့် ဂျက်ကီချန်းပရိတ်သတ်တွေလက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။ File size…(999 MB) and (500 MB) Quality….Blu-Ray 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Cindy Honey
movie
Dragons Forever (1988)
1988
6.6
Child’s Play (1988)
အမေတစ်ယောက်က သူရဲ့သားလေးမွေးနေ့မှာအရုပ်ကလေးတစ်ရုပ်လက်ဆောင်ပေးလိုက်တဲ့အချိန်ကစပြီးChucky ဆိုတာဖြစ်လာတော့တာပါပဲ... သရဲကားကြိုက်သူတွေအတွက် ဒီအရုပ်သရဲကားလေးကတော့ ထွေထွေထူးထူးပြောစရာမလိုတော့ပါဘူး... File Size : (808 MB) and (253 MB) Quality : 720p Bluray Running Time : 1hr 27min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyay Hlwan Aye Encode by Moe Myint Lwin
movie
Child’s Play (1988)
1988
BluRay 720p
8.0
Rain Man (1988)
Rain Man Rain Man ဆိုတာနဲ့ ရုပ်ဖြောင့်ဖြောင့် ခတ်ထက်ထက် လူငယ်တစ်ယောက်နဲ့ Autistic ဖြစ်နေတဲ့ သက်လတ်ပိုင်းလူတစ်ယောက် သူတို့နှစ်ယောက်ကိုပဲကျွန်တော့် မျက်စိထဲ ပြေးမြင်မိပါတယ်။ ဒီကားက 1988 ခုနှစ်မှာထွက်ခဲ့တာပါ။ အခုအချိန်နဲ့ဆို ဇတ်ကားတေထွက်ခဲ့တာ ၃၁ နှစ်ရှိပြီပေါ့ဗျာ။ ဝင်ငွေပိုင်းအရ ၂၅ Million ရင်းပြီး Worldwide ၃၅၄ အထိပြန်ရခဲ့ပါတယ်။ ကျွန်တော် သိသလောက် ပြေးပြေး ဖောရက်စ့် ဆိုတဲ့ Tom Hanks ကားထွက်လာမှပဲ ထိပ်ကနေ အောက်ဆင်းပေးရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဇတ်ကားတစ်ခုဖြစ်ပါတယ်။ (1988 ) မှာတုန်းက Rank 1 ချိတ်ခဲ့တဲ့ကားပါ။ Run Time က 133 Mins ရှိပြီးတော့ Tom Cruise နဲ့ သူ့ခေတ်သူ့အခါက Greatest Actor တွေထဲကတစ်ယောက် လို့ပြောကြတဲ့ မင်းသားကြီး Dustin ...
movie
Rain Man (1988)
1988
5.1
Two Moon Junction (1988) တောင်ပိုင်းရဲ့ ဂုဏ်ရှိန်ကြီးပါတဲ့ မိသားစုတစ်ခုက Aprilဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝအချိုးအကွေ့ကတော့ ဘွဲ့ရပြီး မကြာခင် ဆောင်တော့မယ့် သူ့မင်္ဂလာဆောင်ရက်ကလေး မတိုင်ခင်မှာ ပေါ်ပေါက်လာပါတယ်။ အကြောင်းကတော့ ထရပ်ကားတစ်စီးပေါ်မှာ ခွေးတစ်ကောင်နဲ့ပဲ အမြဲအတူရှိနေတတ်တဲ့ လေလွင့်လူတစ်ယောက် သူ့ဘဝထဲဝင်လာခြင်းပါပဲ။ ဆရာကြီးပီမိုးနင်း မိန်းမစိတ်ကျမ်းထဲထည့်ရေးဖူးသလို မိန်းမစိတ်ဟာ ဆန်းပါတယ်။ သူုပြခဲ့တဲ့ ဥပမာဆိုရင်တော့.. "မိန်းမတစ်ယောက်ဟာ ပုံပျက်ပန်းပျက်ရုပ်ဆိုးပြီး ဗလကောင်းနေတဲ့ လူတစ်ယောက်ကို လှမ်းအမြင်မှာ အလိုလိုချစ်သွားပြီး အနီးကပ်မှ သူ့ယောကျာ်း မျက်နှာဒဏ်ရာရလာတာမှန်း သိရတော့ စိတ်မပါတော့တာမျိုုးပါ"။ အရာရာရွှေအတိကျပြီးခဲ့တဲ့ အနာဂတ်ရယ် ဆန္ဒအလိုလိုက်မှုတွေရယ် ကြားမှာ ဂုဏ်သရေရှိပညာတတ် Aprilဆိုတဲ့ကောင်မလေးတစ်ယောက် ကလေကချေ အရိုင်းအစိုင်းတစ်ကောင်ကို ဆက်ဆံတဲ့ပုံတွေကတော့ တကယ့်ကို နားလည်ရခက်ခက်ပါပဲ။ မိန်းမဆိုတဲ့ ကျမ်းကြီးကို လူအတော်များများကတော့ အနှေးနဲ့အမြန်လေ့လာရမှာပါပဲ...ဒီဇာတ်လမ်းကတော့ နားလည်ရခက်မယ့်မိန်းမစိတ်အကြောင်း လေ့လာရာမှာ တစ်ထောင့်တစ်နေရာက အထောက်အကူုဖြစ်စေမှာပါ ထုံးစံအတိုင်း ပညာယူရင်း မင်းသမီးချောလေး SHEIRLYN FENNရဲ့ တစ်ကြောင်းမျဉ်းအလှတရားပေါင်းများစွာကို တဝကြီးတွေ့ရမှာပါ... ၁၈+အခန်းပေါင်းများစွာပါသဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ.... File Size : (900 MB) Quality : Blu-Ray 720p Format…mp4 Duration…01:44:00 Genre ...
movie
[18+] Two Moon Junction (1988)
1988
8.5
Cinema Paradiso (1988)
Cinema Paradiso (1988)IMDb - 8.5/10_____Rotten - 89%Won 1 Oscar. Another 24 wins & 31 nominations1988ကဇာတ်ကားဖြစ်ပြီးတော့ ဆုပေါင်းများစွာကိုလည်း ရရှိထားပါတယ် ဇာတ်လမ်းကတော့ ရုပ်ရှင်ကိုအရမ်းရူးသွပ်တဲ့သူတစ်ယောက်ရဲ့ ဘဝအကြောင်းရိုက်ထားတာပါ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်နှစ်ယောက်ကတော့ အဲလ်ဖရက်ဒိုလို့ခေါ်တဲ့ ရုပ်ရှင်ရုံမှာ ပရိုဂျက်တာထိုးတဲ့သူနဲ့ ဆာလဗာတိုဆိုတဲ့ ရုပ်ရှင်တွေနဲ့ရုပ်ရှင်ရုံကို ဘဝလိုသတ်မှတ်ထားတဲ့ ကောင်လေးတို့ပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာ ရောမမြို့က နာမည်ကြီးဒါရိုက်တာတစ်ယောက်ဟာ အဲလ်ဖရက်ဒိုဆိုတဲ့သူဆုံးပြီဆိုတဲ့ သတင်းကြားပြီးနောက် နောက်ကြောင်းပြန်ရာကနေစပါတယ် ဒီနောက်ကြောင်းပြန်ရာကနေပဲ သူ့ရဲ့ငယ်ဘဝ အဖြစ်အပျက်များက တိုတို ဆိုတဲ့ကောင်လေးအဖြစ်မှာ ကြုံခဲ့ရတဲ့အကြောင်းတွေကို ရိုက်ကူးထားတာပါ အဲဖရက်ဒိုက တိုတို ခေါ် ဆာလဗာတိုကို အစပိုင်းမှာ အန္တရယ်ဖြစ်မှာစိုးလို့ ရုပ်ရှင်ရုံထဲကနေမောင်းထုတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကောင်လေးရဲ့စိတ်ဝင်စားမှုကို နားလည်လာခဲ့ပါတယ် ဒီလိုနဲ့ နေ့နေ့ညည ပရိုဂျက်တာခန်းထဲမှာ ပရိုဂျက်တာထိုးတဲ့အလုပ်ကို သင်ပေးရင်းနဲ့ ကောင်လေးကို သားအရင်းတစ်ယောက်လို သံယောဇဉ်တွယ်မိသွားသလို တိုတို ကလည်း အဲလ်ဖရက်ဒိုကို ဖခင်တစ်ယောက်လို ချစ်ခင်သွားခဲ့ပါတယ် ဒီရုပ်ရှင်ကားဟာ ကျွန်တော်တို့ အတွက် နှလုံးသား အဟာရ ဖြည့်ပေးမယ့် ရုပ်ရှင်ကားကောင်း တစ်ခု ဖြစ်သလို ဘ၀ မှာ မသေခင် ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုဖြစ်ပါတယ်... ရုပ်ရှင် ရုံတင်တဲ့ ခုနှစ် ကတော့ ၁၉၈၈ ခု နှစ်ဖြစ်ပြီး ယခု ဆိုရင် နှစ်ပေါင်း ၃၀ တောင် ပြည့်တော့မှာပါ လွန်ခဲ့တဲ့ ...
movie
Cinema Paradiso (1988)
1988
8.5
Grave of the Fireflies (1988)
movie
1988
6.4
Mr. Vampire 4 ( 1988 )
တရုတ်ခုန်ဆွ သရဲကားတွေဆိုပြီးနာမည်ကြီးခဲ့တဲ့1988 မှာ ထွက်ရှိခဲ့တဲ့ Mr. Vampire ရဲ့ လေးကားမြောက်ကိုတင်ဆက်ပေးလိုက်ပါတယ်..1 , 2 , 3 , 4 ,5 ထွက်ရှိခဲ့ပေမယ့် ဇာတ်လမ်းတွေဟာ တစ်ကားနဲ့တစ်ကားဆက်စပ်မှုမရှိသလိုတစ်ကားလာတိုင်း အဓိကသရုပ်ဆောင်ကလွဲရင်ကျန်တာတွေပြောင်းသွားတာမို့ ဘယ်နေရာကဖောက်တင်တင်..ဖောက်ပြီးကြည့်ကြည့် အရသာလုံးဝပျက်မှာတော့မဟုတ်ပါဘူး..ဒါကြောင့်မို့Mr Vampire 4 ကို တင်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်း – ဟိုဘက်အိမ်မှာရှိတဲ့ဘုန်းတော်ကြီးနဲ့အိမ်နီးချင်းမှော်ဆရာတို့ဟာ တစ်ဦးနဲ့တစ်ဦးလုံးဝမတည့်ကြပါဘူး..ဘုန်းတော်ကြီးမှာတော့ တပည့်မလေးတစ်ဦးရှိပြီးမှော်ဆရာမှာတော့ တပည့်တစ်ဦးရှိပါတယ်..ဆရာ၂ယောက်ကလုံးဝမတည့်ပေမယ့် မှော်ဆရာရဲ့တပည့်ကတော့ဘုန်းတော်ကြီးရဲ့တပည့်မလေးဖြစ်တဲ့ ချင်းချင်းကို သဘောကျနေပါတယ်..အချင်းချင်းပြိုင်ကြဆိုင်ကြ..နိပ်ကွပ်ကြနဲ့ဟာသလေးတွေနှောပြီး ရိုက်ကူးထားပါတယ်..ဘယ်လောက်ပဲမတည့်ပါစေ..အန္တရာယ်ကိုရင်ဆိုင်လာတဲ့အခါမှာတော့အတူ ရင်ဆိုင် တိုက်ခိုက်ကြပါတယ်..ကလေးဘ၀တုန်းကနှစ်ခြိုက်စွာကြည့်ခဲ့ရတဲ့ဇာတ်လမ်းလေးတွေ ပြန်ကြည့်ရမှာမို့သဘောကျမယ်လို့ထင်ပါတယ်..မကြည့်ရသေးတဲ့သူတွေလည်းကြည့်ပါ..ပေါ့ပေါ့ပါးပါးအပျင်းပြေကြည့်ကောင်းသလိုအရမ်းလည်းရယ်ရတဲ့ဇာတ်ကားလေးတွေပါ..
movie
Mr. Vampire 4 ( 1988 )
1988
5.7
Rambo III (1988)
movie
Rambo III (1988)
1988
1
2
Next