Channel Myanmar
1989
Eight Taels of Gold (1989) 7.1
Eight Taels of Gold (1989) Eight Taels of Gold (1989) ==================== IMDb Rating - 7.1/10Mabel Cheungရဲ့ Migration Trilogyမှာ The Illegal Immigrant (1985), An Autumn's Tale (1987) နဲ့ Eight Taels of Gold (1989) သုံးကားရှိတဲ့ အထဲ နောက်ဆုံးကားဖြစ်တဲ့ Eight Taels of Gold (1989)ဟာ ရှေ့ကားတွေလို အဆွေးကားစာရင်းဝင်ပေမဲ့ သုံးထားတဲ့မင်းသား Sammo Hungနဲ့လိုက်အောင်ပဲ ဟာသကားလည်း တစ်ခြမ်းဖြစ်နေတယ်။ နောက်တစ်ခုကွဲတာကတော့ ရှေ့၂ကားမှာ တရုတ်ကနေ အမေရိကန်ကိုသွားတဲ့အကြောင်းကို အဓိကထားပြပေမဲ့ ဒီနောက်ဆုံး ကားမှာ‌တော့ ပြောင်းပြန်ဖြစ်သွားပြီ။ အမေရိကန်ကနေ တရုတ်ပြည်ကို ပြန်လာတဲ့ တရုတ်တစ်ကောင်အကြောင်းဖြစ်သွားတယ်။အိမ်ကနေ ထွက်ပြေးသွားတာ ၁၆နှစ်ရှိပြီဖြစ်တဲ့ Sammo Hungရဲ့ ဇာတ်ကောင်ဟာ အမေရိကန်မှာ တက္ကစီဆွဲစားရင်း အသက်မွေး‌ဝမ်းကြောင်းပြုနေခဲ့တဲ့လူပေါ့။ ဒီကားရဲ့ အစမှာ သူအိမ်ကိုပြန်လာဖို့လုပ်တယ်။ အဖွင့်မှာတင်ပါတဲ့ ဒီအခန်းက ရယ်လည်းရယ် ရသလို လက်တွေ့လည်းကျတယ်။ တရုတ်ပြည်ကို လက်ဆောင်ပြန်ယူသွားဖို့ ...
movie
Eight Taels of Gold (1989)
1989
BluRay 1080p 5.1CH
When Harry Met Sally… (1989)
When Harry Met Sally… (1989) When Harry Met Sally... (1989)~ IMDb - 7.7/10, Rotten Tomatoes - 91% ~ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။နောက်ဆုံးအနေနဲ့ ...
movie
When Harry Met Sally… (1989)
1989
Dragon Fight (1989) 5.9
Dragon Fight (1989) Dragon Fight (1989)ခင်ဗျားတို့ ကလေးဘဝကို ပြန်တွေးကြည့်ရင် အဓိကပေါ်လာမယ့် တရုတ်မင်းသားတွေဆို ဂျက်လီ၊ ဂျက်ကီချမ်းနဲ့ စတီဖင်ချောင်ပဲရှိတယ်မလား။ သူတို့၃ယောက်ဟာ ဒီနိုင်ငံမှာ ဗီစီဒီခေတ်ကတည်းက လူတွင်ကျယ်လုပ်ခဲ့ကြသလို တခြားနိုင်ငံတွေအထိလည်း ထိုးဖောက်နိုင်ခဲ့တဲ့သူတွေပါပဲ။ ဂျက်လီနဲ့ ဂျက်ကီချမ်းဟာ The Forbidden Kingdom (2008) မှာမှ စတွဲရိုက်ဖြစ်ပေမဲ့ ချောင်နဲ့ ဂျက်လီကတော့ 1989 ကတည်းက အခုကားနဲ့ တွဲရိုက်ဖြစ်ခဲ့ပါတယ်။ ဂျက်ကီချမ်းနဲ့ ချောင်ကတော့ King of Comedy (1999) မှာ ဆုံဖူးသလို Gorgeous (1999) မှာလည်း ဆုံဖူးပါတယ်။ The Founding of a Republic (2009) ဆိုတဲ့ ပေါ်လစီကားမှာတော့ ၃ယောက်စလုံးပါပေမဲ့ ဘောင်မဝင်လို့ ထည့်မတွက်တော့ပါဘူး။Dragon Fight (1989) မှာတော့ ဂျက်လီဟာ သူ့ဟန်အတိုင်း လူရိုးလူအ ကွန်ဖူးတော်တဲ့ကောင်နေရာက ...
movie
Dragon Fight (1989)
1989
A Nightmare on Elm Street: The Dream Child (1989) 5.1
A Nightmare on Elm Street: The Dream Child (1989) A Nightmare on Elm Street 5: The Dream Child (1989) IMDB - 5.1/10ဝိညာဉ်လူသတ်ကောင်ကြီး Fred Krueger ရဲ့ ငါးကားမြောက် ဇာတ်ကားဖြစ်ပြီး Elm လမ်းပေါ်က အတွဲလိုက် လူသတ်မှုတွေကို ကြည့်ရှုရပါလိမ့်ဦးမယ်။ Part 4 The Dream Master မှာ Alice က အသတ်ခံလိုက်ရသူများရဲ့ကျွမ်းကျင်မှုတွေကို ဆက်ခံရရှိခဲ့ပါတယ်။ အိပ်မက်သခင်ပိုင်ရှင်ဖြစ်တဲ့ Alice ဟာ Freddy ကို အသာစီး ယှဉ်ပြိုင်တိုက်ခိုက်ပြီး သူ့ကို အိပ်မက်ဆိုးကမ္ဘာထဲမှာ ထာဝရ သော့ခတ်ပိတ်ထားခဲ့တာပါ။အခု Part 5 မှာတော့ Alice တို့ရဲ့ အထက်တန်းကျောင်း အောင်လက်မှတ်ချီးမြှင့်ပွဲကနေ အစပြုပြီး ဇာတ်အိမ်တည်ထားပါတယ်။ Freddy ကို ကြုံခဲ့ရတဲ့သူတွေထဲမှာ Alice နဲ့ Dan နှစ်ယောက်ပဲ ရှိခဲ့တဲ့အတွက် ...
movie
A Nightmare on Elm Street: The Dream Child (1989)
1989
The Killer (1989) 7.8
The Killer (1989) The Killer (1989)ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်... ဂျွန်ဝူးရဲ့ရွှေခေတ်.... ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ...
movie
The Killer (1989)
1989
Back to the Future Part II (1989) 7.8
Back to the Future Part II (1989) ဒီကားလေးကတော့ Channel Myanmar မှာ တစ်ခါ တင်ပေးဖူးတဲ့ Back To The Future ရဲ့ အဆက်လေးပါ။အဆက်ဆိုတဲ့ အတိုင်း ပထမပိုင်းကို ကြည့်ဖူးမှပဲ ဒီအပိုင်းကို ကြည့်ရတာ အရသာ ပိုရှိမှာပါ။ပထမပိုင်းကို ကြည့်ဖူးတဲ့သူတွေဆိုရင်လဲ ဒီအပိုင်းကို မကြည့်ပဲကို နေနိုင်ကြမှာ မဟုတ်ပါဘူး။ reviewတစ်ခုမှာ ရေးထား သလို ပါပဲ...Back To The Future ကို ရုပ်ရှင် အဖြစ် အသက်မသွင်းခင်ကဖန်တီးသူတွေ ဖြစ်ကြတဲ့ Robert Zemeckis နဲ့ Bob Gale တို့ကိုယ်တိုင်တောင်ဒီလောက် အောင်မြင်မှုနဲ့ ဝင်ငွေတွေ ရလိမ့်မယ်လို့ ထင်မိကြမှာ မဟုတ်ဘူးတဲ့။ ၁၉၈၉ မှာ ထွက်ရှိခဲ့တဲ့ ဒီအချိန်ခရီးသွား ဇာတ်ကားမှာ Marty Mcfly တစ်ယောက်အတိတ်ကနေ ပြန်ရောက်ရောက်ချင်းပဲ Dr.Emmett နဲ့အတူ အနာဂတ်ကို ဆက်သွားရဖို့ အကြောင်းဖန်လာပါတယ်။Marty လုပ်ရမယ့် ...
movie
Back to the Future Part II (1989)
1989
HEVC 1080p 5.1
Kiki’s Delivery Service (1989) 7.8
Kiki’s Delivery Service (1989) ၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာ တိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာ သူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နာရီ​စင်ကြီးရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ ​ တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊ သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီး သူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ခီခီ့ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက်ပေါ်လာရင်ကို စိတ်လှုပ်ရှားနေတတ်တာမျိုးတွေ၊ သူငယ်ချင်းကြောင်နက်လေးဂျီဂျီ သူငယ်ချင်းအသစ်ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ အတက်အကျတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေကို လူငယ်သဘာဝအလျောက် တွေ့မြင်ရမှာဖြစ်ပြီး ကိုရိုကိုဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း စိတ်ချမ်းမြေ့ဖွယ်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်... IMDb 7.8/10 Rotten tomatoes 98% ထိရရှိထားတဲ့ anime ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားပေးကြပါဦး....   File Size - 1.4 GB Quality - BluRay 1080p Subtitle - Burmese (hardsub) Translator - May Thu Aung Encoder -  Thit San Khant
movie
Kiki’s Delivery Service (1989)
1989
Indiana Jones and the Last Crusade (1989) 8.2
Indiana Jones and the Last Crusade (1989) BluRay 1080p 5.1 Ch နဲ့ပြန်လည်တင်ဆက်ထားပါပြီ။ IMDb Rating (8.2/10) နဲ့  Rotten Tomatoes (89/100)%  ရရှိထားပါတယ်။(Indiana Jones and the Last Crusade ဆိုတဲ့ဒီဇာတ်ကားထဲက စိတ်ဝင်စားစရာ ပစ္စည်းကတော့ Holy  Grail ပါ။ တော်တော်များများလဲ ကြားဖူးသိဖူးကြမှာပေါ့။ ဒီခွက်ကို ယေရှုနောက်ဆုံးညစာစားပွဲမှာ သုံးခဲ့တယ်လို့ဆိုကြပါတယ်။ နောက်ပိုင်း ကျမ်းစာအလိုအရ ယေရှုရဲ့သွေးကို Josephက ဒီခွက်နဲ့ပဲ ခံယူခဲ့ပါသတဲ့။ ဒါလဲပဲ ဂျေရူစလင် ကျဆုံးချိန်မှာ ပျောက်ဆုံးတဲ့စာရင်းထဲမှာပါပါတယ်။ တချို့မှတ်တမ်းတွေအရ Templar တပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာကို သယ်ဆောင်သွားခဲ့ပြီး လုံခြုံတဲ့ နေရာတခုမှာ ဖွက်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ ဘယ်နေရာလဲဆိုတာတော့ ရေရေရာရာမသိနိုင်တော့ပေမယ့် ဂျေရူဆလင်နဲ့ အနောက်ကမ္ဘာ ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာလို့ပဲ ယူဆရပါတယ်။ ဒီခွက်နဲ့ပတ်သတ်ပြီး နောက်ထပ် တော်တော်ခိုင်မာတဲ့ဇာတ်လမ်းတစ်ပုဒ်မှာတော့ Holy Grail ဆိုတာ ခွက်တစ်ခွက်မဟုတ်ပဲ ယေရှုရဲ့ဇနီး Mary Magdaline ...
movie
Indiana Jones and the Last Crusade (1989)
1989
Blu-Ray 1080p 5.1 CH
Little Nemo: Adventures in Slumberland (1989) 7.2
Little Nemo: Adventures in Slumberland (1989) ကလေးတိုင်းမှာ စိတ်ကူးအိမ်မက်ကိုယ်စီရှိကြပါတယ်။ ယခုဇာတ်လမ်းလေးထဲမှာတော့ ကောင်လေးတစ်ယောက်ရဲ့ဆန္ဒတွေပြည့်ဝသွားခဲ့ပေမယ့် ကိုယ်ဖြစ်ချင်သလိုဖြစ်လာတိုင်း အကောင်းချည်းပဲ ခံစားစံစားနိုင်မှာမဟုတ်ကြောင်းပညာပေးထားပါတယ်။ သူစိတ်ကူးယဥ်ထားတဲ့ကမ္ဘာလေးကို ပထမဆုံးစရောက်စဥ်က အတော်လေးဝမ်းမြောက်ပျော်ရွှင်ခဲ့ပေမယ့် သူလာခဲ့တဲ့ ကမ္ဘာအစစ်အတွက် အန္တရာယ်ကျရောက်လာချိန်မှာတော့ ဘယ်လိုကမ္ဘာမျိုးမှာ သူရှင်သန်မှာလဲ ဘယ်လိုကမ္ဘာမျိုးကို သူရွေးချယ်သွားမှာလဲ? စိတ်ကူးယဥ်ကမ္ဘာလား လက်တွေ့ကျတဲ့ကမ္ဘာလား စိတ်ကူးအိမ်မက်ဆိုတာ ထားရှိသင့်တဲ့အရာဆိုပေမယ့် မဖြစ်နိုင်တာတွေကိုမတောင့်တသင့်ကြောင်း အလွယ်တကူရယူဖို့မဖြစ်နိုင်ကြောင်းတွေကို သင်ခန်းစာပေးထားတဲ့ ဇာတ်လမ်းမို့လို့ ကြည့်ရှုကြဖို့တောင်းဆိုပါတယ်။ Translated By : Kay Khaing Tun Encoded By : XCode
movie
Little Nemo: Adventures in Slumberland (1989)
1989
Bill & Ted’s Excellent Adventure(1989) 6.9
Bill & Ted’s Excellent Adventure(1989) Bill & Ted's Excellent Adventure(1989)ဘီလ်နဲ့တက်ဒ် ဆိုတဲ့ သူငယ်ချင်း (၂)ယောက်ဟာ ဂစ်တာကိုရူးသွပ်သူများဖြစ်ကြသလို အောင်မြင်တဲ့ တီးဝိုင်းတစ်ခုဖြစ်ဖို့ကြိုးစားနေတဲ့လူငယ်တွေ.... သို့ပေမယ့် သူတို့၂ယောက်ဟာ အကောင်းမွန်ဆုံးလမ်းညွှန်ပေးတဲ့သူမရှိလို့ ဖြစ်ချင်ရာဖြစ်နေတဲ့ပုံပေါက်နေတယ်... ဂစ်တာဘက်ကိုရူးသွပ်လွန်းပြီး ကျောင်းစာမှာတော့ စာမေးပွဲတိုင်းကို တဘုန်းဘုန်းကျနေတယ်... ဒီလိုကျဆုံးခြင်းဟာ နောက်ဆုံးတော့ ကျောင်းကနောက်ဆုံးအနေနဲ့ သတိပေးခြင်းတစ်ရပ်ထုတ်လိုက်တယ်... နောက်ဆုံးစာတမ်းတစ်ခုကို A+မှမရရင် ကျောင်းက ထာဝရနားရတော့မယ်ဆိုတာပါပဲ... တက်ဒ်အတွက် ကျောင်းနားရရင် စစ်ကျောင်းကိုသွားရမှာဖြစ်တဲ့အပြင် သူတို့ရူးသွပ်တဲ့ တီးဝိုင်းလည်းဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ပါဘူး... ဘီလ်လည်းထို့အတူပါပဲ.... ဒီကားက သူငယ်ချင်း ၂ယောက်ရဲ့ အလွဲလွဲအချော်ချော်တွေနဲ့ ရယ်မောရသလို ဇာတ်လမ်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ်... သူတို့ ၂ယောက်ရဲ့ မှားယွင်းနေတဲ့လမ်းကြောင်းကိုတည့်မတ်ပေးဖို့ လက်ရှိ ၁၉၈၈ခုနှစ်ကို ၂၆၈၈ခုနှစ်ကနေ အချိန်ခရီးသွားပြီး လာရောက်ကူညီတာတွေပါလို့ပါ... ဘယ်လိုတွေ တလွဲလုပ်ကြမလဲ.. သူတို့စာမေးပွဲအောင်ပြီး ကျောင်းဆက်တက်နိုင်မလား... အောင်မြင်တဲ့တီးဝိုင်းတစ်ခုဆက်ဖန်တီးနိုင်မလား... ၂၆၈၈ခုနှစ်က သူတွေကလည်း အချိန်ခရီးသွားပြီး ဘာကြောင့်လာကူညီကြတာလဲ.အချိန်ခရီးသွားတဲ့သူတွေရဲ့ အကူအညီနဲ့ ဒီ ၂ယောက်ဘာတွေဆက်ဗရုတ်ကျမလဲ.ခံစားကြည့်ကြပါ... ကျွန်တော်တို့လည်း ၁၉၈၈ခုနှစ်က ငယ်ရွယ်နုပျိုတဲ့ Keanu Reeves ရဲ့ဇာတ်ကားကောင်းကို အချိန်ခရီးသွားခြင်းပုံစံတစ်မျိုးနဲ့ခံစားကြည့်လိုက်ရအောင်   File Size : (850MB) and (328 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Adventure, Comedy,Music Subtitle : Myanmar Subtitle ...
movie
1989
Skin Deep 6.1
Skin Deep Skin Deep (1989) ————————— လူတစ်ကိုယ် အချစ်တစ်မျိုး ဆိုသလိုပါပဲ… တစ်ယောက် နဲ့ တစ်ယောက် ချစ်မိရင် အချစ်တွေ တဏှာတွေ လောဘ မောဟ တွေ အမျိုးမျိုး ပါလာတက်ပါတယ်…ဒီဇတ်လမ်းမှာတော့ ဇတ် ဆိုတဲ့ လူဟာ ပြဇတ်စာရေးဆရာ တစ်ယောက်ဖြစ်ပြီး အဲလစ်ဆိုတဲ့ တစ်ခုလပ် မိန်းမ တစ်ယောက်ကို လက်ထပ် ယူထားသူ တစ်ဦးဖြစ်ပါတယ် အဲလစ် ဆိုတာကလဲ တကယ့် ငယ်ကျွမ်းဆွေပါ တကယ်ချစ်လို့ ယူထားသူပေါ့ ဒါဆို အားလုံး အဆင်ပြေပြီလား ? မဟုတ်သေးဘူး ဇတ် မှာ ထူးခြားတဲ့ အကျင့်ဆိုး တစ်ခု ရှိတယ် တွေ့တဲ့ မိန်းကလေးတိုင်း သူ့ အမြင်မှာ လှနေတက်ပြီး အဲ့ဒီမိန်းကလေးတွေနဲ့ One Night Stan ချင်တဲ့ အကျင့်ဆိုးပါပဲ… ဇတ်က အဲ့ဒီအကျင့်က မကောင်းဘူးဆိုတာကိုလဲ သိနေတယ် ဒါကြောင့် စိတ်ကုထုံး ဆရာဝန်နဲ့လဲ အချိန်မှန် သွားပြတယ် သူ ရင်းနှီးတဲ့ ဘားဆိုင်က လူကြီးကိုလဲ အမြဲ ရင်ဖွင့်တိုင်ပင်တယ် ဒါပေမဲ့ အခြေအနေက ပိုဆိုးလာခဲ့တယ်… ဘယ်လောက်ထိ ဆိုးလဲ ဆိုရင် ဇတ်ရဲ့ မိန်းမ အဲလစ် ခရီးထွက်တဲ့ ...
movie
Skin Deep
1989
Pet Sematary(1989) 6.6
Pet Sematary(1989) စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ နာမည်ကျော် ဟော်ရာကားတစ်ကား တင်ပေးထားပါတယ်။ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။(မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်)ဇာတ်လမ်းအကျဉ်း ============မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ ...
movie
Pet Sematary(1989)
1989
Dead Poets Society (1989) 8.1
Dead Poets Society (1989) Dead Poets Society (1989) IMDb - 8.0/10_____Rotten - 84% Won 1 Oscar. Another 19 wins & 18 nominations    အခု ပြောမှာက ဒီရုပ်ရှင်ကနေ ကျွန်တော် ဖမ်းဆုပ်လို့ရသလောက် အတွေးမျှင်တွေအကြောင်းပါ။ ဒီ ရုပ်ရှင်ထဲက Robin Willain ရဲ့ စကားကို မှီးပြောရရင် ပညာရေးဆိုတာ ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့ သင်ပေးရတာပါတဲ့။ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့ (ဝါ) ကိုယ့်ဆင်ခြင်တုံတရား ကိုယ့်အသိစိတ်နဲ့ ကိုယ် ရှင်သန်တတ်ဖို့ ကျွန်တော်တို့ လိုအပ်တဲ့အရာကရော ဘာများလဲ ကျွန်တော်ကတော့ အနုပညာလို့ပဲ ဆိုချင်တယ်။ ဂီတ စာပေ ကဗျာ ပန်းချီ ဘာမဆိုပါပဲ။ ဒီရုပ်ရှင်မှာတော့ ကဗျာတွေနဲ့ပဲ ဥမေယျပြုသွားပါတယ်။ အတွေးအခေါ်နဲ့ ခံစားချက်အပေါ်အခြေခံတဲ့ ကဗျာဆိုတာဟာ အပေါ်ယံကြည့်ရင် ဘာမှမဆိုင်သလိုနဲ့ တစ်သားတည်းပါပဲ။ အနုပညာကိုမုန်းပါတဲ့ ကျော်ကြားလှစွာသော ဒဿ နိကဆရာကြီး ပလေတိုတောင် သူ ဘယ်လိုပဲ အနုပညာကိုမုန်းမုန်း သူ့ကျမ်းတွေကတော့ အတော်ပြေပြစ်လှပတဲ့ အရေးအသား ဖြစ်နေခဲ့ပါတယ်။ အနုပညာနဲ့ ဒဿဘ နိကဟာ မဆိုင်သလိုနဲ့ဆိုင်နေတဲ့ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းပါပဲ။ပြီးတော့ကာ တွေးခေါ်မှုဟာ ခံစားချက်မပါရင် အတော်အန္တရယ်ကြီးတဲ့အရာပါပဲ။ ဒီဇာတ်လမ်းမှာ ...
movie
Dead Poets Society (1989)
1989
Batman (1989) 7.6
movie
Batman (1989)
1989
The Gods Must Be Crazy II (1989) 6.9
The Gods Must Be Crazy II (1989) The Gods Must Be Crazy II (1989) IMDb - 6.9/10_____Rotten - 54%  ဒီဇာတ်ကားကတော့ ပုလင်းဟာသလို့ လူသိများတဲ့ ဇာတ်ကားတွေရဲ့ နံပါတ် ၂ ဇာတ်ကားပါ။ ပထမဇာတ်ကား  The Gods Must Be Crazy (1980) ကိုတော့ " ဒီလင့်မှာ " ဒေါင်းပါ။ ပုလင်းမင်းသားအကြောင်းဖတ်ချင်ရင်တော့ အောက်မှာဖတ်ပါ။ #Nixau_Toma ( ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့) အောင်မြင်မှုငွေကြေးချမ်းသာမှုတွေကိုမသိခဲ့တဲ့မင်းသားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ ) .…………………………………………………………… ” ပီတာက ဆိတ်၇ကောင်ပေး မယ်ဆိုလို့ကျတော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကိုကျတော်အခုမကြားဖူးတာဗျ။ ဒီမှာ နေအခါ၃၀ ဝင်တဲ့အထိနေရမယ်ပြောတယ်။ ပြီးရင်ကျတော် စန်တို့ရှိတဲ့ဆီကို ဆိတ် ၇ကောင်ယူပြီးပြန်မယ်။ ”N!xau Toma တောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင် ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတနေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတရွာရှိခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲကကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူရိုင်းမျိူးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိူးစုတွေထဲက ၁၂ရာစုလူနေမှုစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိူးနွယ်စုရဲ့ရွာလေးပါ။ အမဲလိုက် ပျားအုံဖွတ် ...
movie
The Gods Must Be Crazy II (1989)
1989
Honey, I Shrunk the Kids (1989) 6.4
Honey, I Shrunk the Kids (1989) Honey, I Shrunk the Kids (1989) IMDb - 6.4/10_____Rotten - 76%ဒီဇာတ်ကားလေးကတော့ သိပ္ပံပညာရှင်အဖေတစ်ယောက်ရဲ့ မအောင်မြင်တော့ဘူးလို့ထင်ထားတဲ့ စက်တစ်ခုကနေပြီးတော့ ပေါက်တတ်ကရတွေဖြစ်သွားတဲ့ကားလေးဖြစ်ပါတယ်.... သိပ္ပံပညာရှင်သျှာလင့်စကီတစ်ယောက်အရာဝတ္တုတွေကိုသေးအောင်လုပ်တဲစက်တစ်ခုကို ဖန်တီးနေတာ နှစ်တွေအတော်ကြာခဲ့ပါပြီ...သူရဲ့ဖန်တီးစမ်းသပ်မှု့တွေကြောင့်လည်း  ဘေးအိမ်ပတ်ဝန်းကျင်ကလူတွေပါ နေ့ရောညပါအနှောင့်ယှက်ဖြစ်ခဲ့ကြပါတယ်.. နောက်ဆုံးမှာတော့ သူ့ကိုအရူးတစ်ယောက်လို့ပဲသတ်မှတ်လိုက်ကြပါတော့တယ်... တစ်နေ့မှာသူနှစ်ပေါင်းများစွာတီထွင်ပေမယ့်လည်း အောင်မြင်ခြင်းမရှိတဲ့ အရာဝတ္တုတွေကိုသေးအောင် ချုံ့တဲစက်ဟာ သူ့ရဲ့သားသမီးတွေဆော့ရင်းကနေ ထိခိုက်မိပြီး ပြန်လည်အသက်ဝင်လာခဲ့ပါတယ်....အဲစက်ကနေသူ့ရဲ့ကလေးတွေကိုအင်းစက်အရွယ်စားထိချုံ့ပစ်လိုက်ပါတယ်... အဲဒီနောက်မှာတော့ ထိုလူငယ်လေးတွေဟာ သူတို့ရဲ့ခြံဝန်းထဲကနေပြန်ပြီးတော့ အိမ်ကိုရောက်အောင် ပြန်နိုင်အောင်ကြိုးစားကြရမှာပဲဖြစ်ပါတယ်... သာမန်အနေထားဆိုရင် ခြံဝန်းနဲ့အိမ်ကို ခြေသုံးလှမ်းလောက်ပဲလှမ်းရမှာဖြစ်ပေမယ့်လည်း အင်းဆက်အရွယ်သာသာဖြစ်သွားတဲသူတို့အတွက်အိမ်ထဲကိုပြန်ပြီးရောက်အောင် မိုင်ပေါင်းထောင်ချီအောင် ခရီးဆက်ရတော့မှာပဲဖြစ်ပါတယ်.. ထိုသို့ခရီးဆက်ရင်းလမ်းခရီးမှာဘယ်လိုအန္တရာယ်တွေနဲ့ကြုံရမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်... Disney ကတင်ဆက်ထားတဲ့ကားလေးဖြစ်ပြီးတော့ လူကြီးလူငယ်ပါကြိုက်နှစ်သက်စေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်....   Quality…..BluRay 1080p Duration…..01:33:00 Format…Mp4 File Size…(737 MB) Translator…..Khin Chan Myae Tun Encoder…..Moe Myint Lwin
movie
Honey, I Shrunk the Kids (1989)
1989
The Little Mermaid (1989) 7.6
movie
1989