Channel Myanmar
1999
Whispering Corridors 2 : Memento Mori (1999) 6.4
6.4
IMDB: 6.4/10 3,133 votes
movie
1999
HD 1080P
Peppermint Candy (1999) 7.7
Peppermint Candy (1999) [Unicode] Peppermint Candy (1999) ဝေဖန်ရေးသမားတွေ အဆိုအရတော့ Burningနဲ့ Green fishတို့လိုကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Lee Chang Dongရဲ့ အကောင်းဆုံးကားဟာ Poetry(2010)ပါ။ သူရဲ့ ဒုတိယအကောင်းဆုံးကားကတော့ သူရဲ့ အစောပိုင်းလက်ရာတစ်ခုဖြစ်တဲ့ အခုဒီ Peppermint Candyပါပဲ။ ရုပ်ရှင်တစ်ကား ကောင်းမကောင်းဟာ ကြည့်ရှုသူအပေါ်မှာပဲ မူတည်တာမို့ ကျွန်တော်တော့ Peppermint Candyကို ပိုသဘောကျပါတယ်။ Peppermint Candyဟာ Nolanရဲ့ mementoလိုမျိုး ဖြစ်ရပ်အချိန်စဉ်အလိုက် မပြထားတဲ့ ရုပ်ရှင်မျိုးပါပဲ။ အခန်းဖြတ်၇ခန်းကို သုံးထားပြီး အခန်းဖြတ်တိုင်းမှာ ခုနှစ် အချိန်အခါ ပါတာမို့ သိပ်ပြီး Mind-Blowingဖြစ်စေမယ့် ရုပ်ရှင်မျိုးတော့ မဟုတ်ပါဘူး။ မြင့်သန်းဘာသာပြန်ပြီး ဂျပန်စာရေးဆရာ ကဇူးအို အစ်ရှိဂူရိုးရေးထားတဲ့ လွင့်မျောနေသောကမ္ဘာကြီး၏အနုပညာသည်တစ်ဦးလို ခေတ်ကာလနှစ်ခုရဲ့ မျဉ်းပြိုင်ရသကို ပါးပါးလေးသုံးထားပြီး ၁၉၈၀ကျောင်းသားထကြွမှုကနေ ဇာတ်ကားထွက်ခဲ့တဲ့ ၂၀၀၀ခုနှစ်အထိ ကိုရီးယားသမိုင်းရဲ့အနှစ်နှစ်ဆယ်ကာလကိုသုံးထားပါတယ်။ ဇာတ်ရဲ့အဖွင့်ရဲ့ ဦးဆုံးအခန်းမှာ ပြထားတာကတော့ ရထားတစ်စင်း မြစ်ကူးသံလမ်းတံတားပေါ် ခုတ်မောင်း‌နေတာပါပဲ။ မြစ်ကူးသံလမ်းတံတားရဲ့အောက်မှာ လူတစ်ယောက်ပက်လက်လှဲပြီး ရထားကိုငေးမောနေပါတယ်။ အချိန်ကတော့ ...
7.7
IMDB: 7.7/10 7,340 votes
movie
Peppermint Candy (1999)
1999
The Insider(1999) 7.9
The Insider(1999) The Insider(1999) IMDb.....7.9,,,Rotten....96 IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့ Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် … အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်. .စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်းအထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်... .အဲ့ဒီကုမဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကို သိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်… ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်… .. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်... အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့ အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်... ….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်း လက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ အနည်းငယ်ပျင်းရိစရာကောင်းပါတယ် ..နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်… File Size : (850 MB) and (387 ...
7.9
IMDB: 7.9/10 143,231 votes
movie
The Insider(1999)
1999
The Hurricane(1999) 7.6
The Hurricane(1999) Unicode The Hurricane(1999) IMDb.....7.6<<<<<Rotten Tomatoes 83% သူ့နာမည်က Rubin "Hurricane" Carter  ...ငယ်ငယ်လေးထဲက လူဖြူတွေနဲ့ပြသနာတစ်ချို့ရှိခဲ့တယ်...ဒါကြောင့်ပဲအချိန်တော်တော်များများ သူဟာ လူငယ်ပြုပြင်ရေးစခန်း တွေမှာပဲအချိန်ကုန်နေတယ်... လူဖြူတစ်ချို့ကြောင့် ထောင်ထဲမှာလိုအချိန်ကုန်ရတဲ့လူငယ်လေး  Hurricane" ရဲ့ ရင်ထဲမှာ လူဖြူတွေအပေါ် အမုန်းတွေဟာ တစ်နေ့တခြားကြီးပွားလာတယ်.. လူမည်းတွေဟာ ထင်ပေါ်ကြော်ကြားဖို့မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကိုခြေဖျက်ဖို့ သူ့ရဲ့အမုန်းတွေကို လက်သီးချက်တွေအဖြစ်ကူးပြောင်းလိုက်တယ်...ဒီလိုနဲ့ သူဟာ နာမည်ကျော် လက်ဝှေ့သမား Hurricaneဖြစ်လာတယ်.. တစ်နေ့ လူမဲတွေမလာရဆိုတဲ့ ဘားမှာ ဆိုင်ရှင်လူဖြူ(၃)ယောက်အသတ်ခံလိုက်ရတယ်...ဖုန်းဆက်သတင်းပေးမှုကြောင့် ဖမ်းလိုက်တဲ့အချိန်မှာ  Hurricane တို့ကားကိုမိသွားတယ်... မျက်မြင်သက်သေတွေကလည်း  Hurricane သတ်တယ်လို့ဆိုကြတယ်..  Hurricaneကိုယ်တိုင်ကတော့ သူမသတ်ဘူးလို့ငြင်းတယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုခံစားကြည့်လိုက်ပါဦးဗျို့...  ဒီကားက လက်ဝှေ့သမား Rubin "Hurricane" Carter ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပတ္တိကားဖြစ်ပါတယ် … မင်းသားကြီးကတော့ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Denzel Washington ပေါ့ဗျာ....ဒီကားက  ပညာပေးကားကောင်းတစ်ခုအဖြစ်လည်းစာရင်းဝင်တယ်လို့ဆိုကြတယ်... ဒီကားမှာ သူဟာ  အော်စကာ ဆန်ကာတင်မင်းသားစာရင်းလည်းဝင်ခဲ့သေးတယ်...ပေးချင်တဲ့ Messageတွေလည်းတော်တော်ကောင်းတယ်...ကျန်တာတွေက တော့ spoiler ဖြစ်သွားမှာ စိုးလို့မပြောတော့ပါဘူး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Thaw Thaw Wai Oo ပဲဖြစ်ပါတယ်... File Size : (1GB) Quality ...
7.6
IMDB: 7.6/10 82,617 votes
movie
The Hurricane(1999)
1999
Fight Club(1999) 8.8
8.8
IMDB: 8.8/10 1,510,264 votes
movie
Fight Club(1999)
1999
Blu-Ray 1080p 5.1 CH
Notting Hill(1999) 7.1
Notting Hill(1999) Notting Hill(1999) IMDb...7.1,,,Rotten...83% (အကောင်းဆုံးအချစ်ဇာတ်လမ်းစာရင်းမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်))) (Unicode) လန်ဒန်မြို့ရှိ Notting Hill ဆိုတဲ့ မြို့လေးမှာ ဝီလီယမ် တတ်ကာ ဆိုတဲ့ လူငယ်လေးတစ်ယောက်က ခရီးသွားစာပေတွေရောင်းတဲ့ စာအုပ်ဆိုင်လေးဖွင့်ထားတယ်... စာအုပ်ရောင်းသမားတစ်ယောက်ရဲ့ ဘ၀ဟာ သိပ်ကိုရိုးစင်းတယ်...စာအုပ်တွေဖတ်တယ်... ဝယ်သူတွေကို စာအုပ်တွေအကြောင်းညွှန်းတယ်...ငွေကြေးချမ်းသာမှုတွေ မပိုင်ဆိုင်ပေမယ့် သူပိုင်ဆိုင်တဲ့ဘ၀ကိုကျေနပ်နေလေတော့ ဘ၀ဟာလှပနေလေရဲ့... တစ်နေ့တော့ သူ့ဆိုင်ကို ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီး အန်နာစကော့ တစ်ယောက်စာအုပ်လာ ဝယ်တယ်... ဒီမင်းသမီးကို အပြင်မှာဗြုန်းခနဲမြင်လိုက်ရပေမယ့် ဘယ်သူလဲဆိုတာ ခန့်မှန်းမိဖို့ စာအုပ်ရောင်းသမားလေးအတွက် အချိန်သိပ်မယူလိုက်ရပါဘူး... မင်းသမီးဆိုင်က ထွက်သွားပြီး သူလည်း ဈေးဝယ်စရာရှိလို့ ထွက်လာခဲ့တယ်... တိုက်ဆိုင်တာပဲလားမသိ..သူနဲ့ မင်းသမီး အန်နာစကော့နဲ့ လမ်းတစ်ဆစ်ချိုးမှာ ဝင်တိုက်မိတယ်.... ဒီလို ဝင်တိုက်မှုဟာ စာအုပ်ရောင်းသမားလေးအတွက်တော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုပါပဲ... ဒီရုပ်ရှင်ဇာတ်လမ်းဟာ နာမည်ကျော်စာအုပ်ကိုပြန်ရိုက်ထားတာဖြစ်သလို Golden Globe မှာ ဆန်ကာတင်စာရင်း(၃)ဆုဝင်ခဲ့သလို အခြားဆုပေါင်း (၁၁)ဆုလည်း ရခဲ့တယ်...၁၉၉၉ခုနှစ်က ရုပ်ရှင်ဆိုပေမယ့် မင်းသား Hugh Grantနဲ့ မင်းသမီးJulia Roberts တို့ရဲ့ သရုပ်ဆောင်ဟန်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ ကြည့်နေရင်းနဲ့ကို ရင်ခုန်ကြည်နူးစိတ်လှုပ်ရှားရပါတယ်.... ခံစားကြည့်ကြပါဥ◌ီး ...
7.1
IMDB: 7.1/10 252,282 votes
movie
Notting Hill(1999)
1999
Blu-Ray 1080p 5.1 CH
The Thirteenth Floor (1999) 7.1
The Thirteenth Floor (1999) ဒီကားကတော့ သိပ္ပံအက်ရှင် ကိုမှ ဒရာမာနဲ့မှုခင်း ခပ်ပါးပါးထည့်ထားတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး အစကနေအဆုံးထိ ဘာဖြစ်မလဲရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း.... ဒေါက်ဂလပ်စ်ဟောဆိုတဲ့ လူငယ်နည်းပညာသမားတစ်ယောက်ဟာ ဟနွန်ဖူလာ ဆိုတဲ့အဖိုးကြီးပိုင်တဲ့ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိတဲ့ နည်းပညာကုမ္ပဏီကြီးမှာ အလုပ်လုပ်ပါတယ်။ ဒီနည်းပညာကုမ္ပဏီကြီးက လူသားတွေရဲ့စိတ်နဲ့ သူတို့ပရိုဂရမ်သွင်း ဖန်တီးထားတဲ့ဇာတ်ကောင်ပုံရိပ်တွေရဲ့ ပရိုဂရမ်လင့်ခ်ကို ချိတ်ဆက်ဝင်ရောက်ပြီးတော့ လူသားတွေလုပ်တာမှန်သမျှ အကုန်လုပ်လို့ရတဲ့ ပုံရိပ်ယောင်ကမ္ဘာကြီး(simulation)ကို စမ်းသပ်တီထွင်နေတာဖြစ်ပြီး အောင်မြင်လုဆဲဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဒီကုမ္ပဏီကြီးရဲ့ပိုင်ရှင် အဘိုးကြီးဟနွန်ဖူလာဟာ အသတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် အဖိုးကြီးက သူအသတ်ခံရမှာကို ထူးဆန်းစွာ ကြိုသိနေခဲ့ပြီး သူဘာကြောင့်အသတ်ခံရလဲဆိုတဲ့ အကြောင်းအရာကို စာတစ်စောင်ရေးပြီး သူဖန်တီးထားတဲ့ ပုံရိပ်ယောင်ကမ္ဘာ(simulation)ထဲမှာ ထားခဲ့တဲ့အကြောင်း သူ့တပည့် ဒေါက်ဂလပ်စ်ဟောကို voice messageပို့ထားခဲ့ပါတယ်။ ထူးဆန်းတာက ဒေါက်ဂလပ်စ်ဟော ကိုယ်တိုင်ကလဲ အဖိုးကြီး အသတ်ခံခဲ့ရတဲ့ည ရဲ့နောက်တစ်မနက်မှာပဲ သွေးတွေပေနဲ့တဲ့ သူ့အင်္ကျီကို တွေ့ရပြီး ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို လုံးဝမမှတ်မိတော့ပါဘူး။ ရဲတွေကလဲ ဒေါက်ဂလပ်စ်ဟာ ကုမ္ပဏီကိုဦးစီးချင်လို့ အဖိုးကြီးကိုသတ်လိုက်တာလို့သံသယဝင်လာကြတာကြောင့် သူကိုယ်တိုင်လဲဇဝေဇဝာဖြစ်နေတဲ့ ဒေါက်ဂလပ်စ်ဟာ အကြောင်းရင်းအမှန်ကိုသိရဖို့ ပုံရိပ်ယောင်ကမ္ဘာထဲကိုဝင်ပြီး အဖိုးကြီးထားခဲ့တဲ့ စာကိုရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ အရင်ကတစ်ခါမှ ရှိတယ်လို့မကြားဖူးတဲ့ အဖိုးကြီးရဲ့ သမီးဂျိန်းဖူလာကလဲ ပြင်သစ်ကနေရောက်လာတဲ့အခါ...... ဒါကတော့ ဒီဇာတ်လမ်းရဲ့ အစပိုင်းအကျဉ်းဖြစ်ပြီးတော့ အဘိုးကြီးကို ဘယ်သူသတ်တာလဲ ဘာကြောင့်သတ်ရတာလဲဆိုတာတွေကို တွေးထင်မထားတဲ့ရှုထောင့်တွေကနေ ကြည့်ရမှာပါ။ ဇာတ်အိမ်က တော်တော်လေးကို ကျယ်ပြန့်ကောင်းမွန်ပြီး spoilသလိုဖြစ်မှာစိုးလို့ အများကြီးမပြောတော့ပါဘူး။ science fiction, crime thriller ဇာတ်လမ်းအမျိုးစားကိုကြိုက်တတ်သူတွေ, ဇာတ်လမ်းအမျိုးအစားမရွေးပဲ ဇာတ်အိမ်ကောင်းရင် ကြည့်တတ်တဲ့လူတွေအတွက်တော့ downမိလို့နောင်တမရစေမယ့် ကားမျိုးဖြစ်ပါတယ်။ Translated By : Kaung Khant Win Encoded By ...
7.1
IMDB: 7.1/10 62,859 votes
movie
The Thirteenth Floor (1999)
1999
The Green Mile (1999) 8.6
The Green Mile (1999) ကျမတို့ ဂြိုဟ်ကမ္ဘာမှာ တရားသဖြင့် ဆိုတဲ့စကားဟာ တကယ်ရှိရဲ့ လား။ လူသားတစ်ယောက်နဲ့ တစ်ယောက် နှိပ်စက်သတ်ဖြတ်ကြတာ ၊ အားငယ်သူကို အားကြီးသူက ညှဉ်းပန်းတာ ၊ မတရားမှုမှန်းသိသိကြီးတောင် ဝင်မစွက်ရဲတာ / ဝင်စွက်ဖို့ ရာ အင်အားမလုံလောက်တာ ။ ကျမတို့ မျက်စိရှေ့ လေးတင်မှာပဲ မတရားမှုကို တွန်းလှန်နိုင်တဲ့ အင်အား နည်းပါးလို့  ကျရှုံးခဲ့ရပြီးသူတွေ ဘယ်လောက်လောက် ရှိနေပြီလဲ။ ကျမတို့  တတ်နိုင်သရွေ့ ကယ်တင်ခဲ့လား။ မမြင်ချင်ယောင်ဆောင်ခဲ့ကြလား။ ဒါမှမဟုတ် ရှင်ဟာ တစ်ပါးသူနာကျင်မှုအကြီးစားနဲ့  ညည်းတွားနေတာကို လျှာလေးတသပ်သပ်နဲ့  အရသာခံကြည့်တတ်သူလား။ ကဲ အခု ကျမဇာတ်ကားဟောင်းတစ်ခုအကြောင်း နည်းနည်း ပြန်ပြောပြမယ်လေ။ The Green Mile ဆိုတဲ့ ခြောက်အုပ်တွဲ ဝတ္ထုထဲက ပထမတွဲကို ၁၉၉၆ ခုနှစ် မာ့ခ်ျလကုန်လောက်မှာ စထုတ်တယ်။ ထုတ်ထုတ်ပြီးချင်းပဲ ဒုတိယတွဲအတွက် လူတွေ အုတ်အော်သောင်းနင်း ရင်ခုန်ကြသတဲ့။ ဒါနဲ့  စာရေးဆရာ Stephen King ရဲ့  The Green Mile အခန်းဆက်ဝတ္ထုရှည်ဟာ ကမ္ဘာကျော်သွားခဲ့တယ်။ ၁၉၉၉ ဒီဇင်ဘာမှာ စကြဝဠာရဲ့ အကောင်းဆုံး ဇာတ်လမ်းကောင်းတွေကိုပဲ ထုတ်လုပ်တယ်လိ့ ကြေငြာထားတဲ့ Warner Bros ...
8.6
IMDB: 8.6/10 1,031,668 votes
movie
The Green Mile (1999)
1999
Blu-Ray 1080p
Gloomy Sunday (1999) 7.9
Gloomy Sunday (1999) IMDb Rating (7.9/10) Rotten Tomatoes (84%) တစ်လောက အင်တာနက်မှာ နာမည်ကျော်သွားတဲ့ 'Gloomy Sunday' ဆိုတဲ့ တေးသွားကိုမှတ်မိကြဦးမှာပါ။ အဲ့ဒီသီချင်းနားထောင်မိရင် လူတွေဟာကိုယ့်ကိုယ်ကို သတ်သေကြတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ "Hungarian Suicide Song" လို့ကြော်ကြားပါတယ်။ ဒီဇာတ်ကားဟာ အဲ့ဒီနောက်ကွယ်က သီချင်းဖြစ်ပေါ်လာပုံအကြောင်းကို တင်ဆက်ထားတာပါ။ ၁၉၃၀ ၀န်းကျင် ဘူဒါပတ်စ်မြို့မှာ လတ်ဇလိုဆိုတဲ့ စားသောက်ဆိုင်ရှင်တစ်ယောက်ဟာ စန္ဒရားဆရာ အန်ဒရာ့စ်ကို သူ့စားသောက်ဆိုင်မှာ ဖျော်ဖြေဖို့ငှားရမ်းခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အီလိုနာ ဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ တစ်ပြိုင်တည်း ချစ်ကျွမ်းဝင်မိရာက အန်ဒရာ့စ်အတွက် 'Gloomy Sunday' ဆိုတဲ့သီချင်းမွေးဖွားလာဖို့ စေ့ဆော်မှုဖြစ်လာခဲ့တယ်။ သူ့ သီချင်းကိုကြားဖူးသူတိုင်း သဘောကျ နာမည်ကျော်ကြားလာရာကနေ နောက်ပိုင်းမှာ သတ်သေမှုတွေ နဲ့ ဆက်စပ်နေကြောင်းကို လူတွေ သတိထားမိလာပါတော့တယ်။ သူတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲကို တတိယ ယောက်ျားတစ်ယောက် ၀င်ရောက်လာပြီး အဲ့ဒီလူဟာ သူတို့အားလုံးရဲ့ ဘ၀ကို ကောင်းကောင်းခြိမ်းခြောက်နိုင်တဲ့ သြဇာအာဏာ ...
7.9
IMDB: 7.9/10 6,631 votes
movie
Gloomy Sunday (1999)
1999
Blue Streak(1999) 6.3
Blue Streak(1999) Blue Streak(1999) IMDb....6.3 Blue Streak ကားနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရအကြီးကြီးတစ်ခုရှိခဲ့လို့ေ့ပြာရဦးမည်... ဒီကားက သာမန်ဟာသကားတွေနဲ့မတူ ...မင်းသားက သူခိုးအကြီးစားဖြစ်တဲ့အပြင် ဥာဏ်ကလည်းကောင်းတယ်....ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် နောက်ခံတေးတွေကလည်း အမိုက်စား...Martin Lawrence  ကြီးကလည်း ဒါမျိုးသရုပ်ဆောင်အတော်ပိုင်သည်.. သူ့ကြည့်နေရာ တစ်ချိန်လုံးရယ်နေရတယ်...ဒီကားကြည့်ပြီးရယ်နေတာကို တစ်ချိန်တုန်းက ကျွန်တော့်ကိုရက်ရက်စက်စက်ဖြတ်ခဲ့တဲ့ရည်းစားက တွေ့သွားပြီး နင်အဲ့လိုပေါတောတော ဟီလာတိုက်တတ်လို့ နင့်ကိုဖြတ်ခဲ့တာလို့ပြောသွားတယ်... သူပြောတာကိုကြားမိတော့ ကျွန်တော်မတုံမဆိုင်းပဲ အေးပါ ရပါတယ် နင့်ကိုငါနားလည်ပါသလို ခုလည်း ငါပျော်နေပါတယ်လို့ ခပ်ပြုံးပြုံးလေးပြောမိတယ်.... ဇာတ်ကားကရယ်ရတော့ နှလုံးပါမြူးပြီးအရာအားလုံးဟာ လှပနေတယ်....အရင်က အသည်းကွဲပြီး ဘ၀က စုတ်ပြတ်နေတယ်ဆိုတဲ့အတွေးတွေ ကြက်ပျောက်ငှက်ပျောက်ပဲ... စိတ်နာခဲ့ဖူးတဲ့သူကိုတောင်ခပ်ပြုံးပြုံးလေး တုန့်ပြန်နိုင်တယ်... ဒါကြောင့် ကျွန်တော်တို့ ဘ၀မှာ ဟာသကားလေးတွေ လိုကိုလိုအပ်သည်........ ကျွန်တော်ပြောတာမလွန်ကြောင်း ဒီကားကြည့်ဖူးတဲ့သူတွေသိပါလိမ့်မယ်.... မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအညွှန်းလေးသွားရအောင်..... Miles ဆိုတဲ့သူခိုးတစ်ယောက်ရှိတယ်....သူကတော်သလို အချီကြီးတွေမှကြံလေ့ရှိတဲ့သူမျိုး... တစ်နေ့တော့ ၁၇သန်းတန်စိန်ကြီးကို အပေါင်းအပါတွေနဲ့အတူ ခိုးကြတယ်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့အဖွဲ့ဒုက္ခရောက်ရတယ်...စိန်တုံးကြီးကို နီးစပ်ရာအဆောက်အဦးမှာ ဖွက်ထားနိုင်ခဲ့ပေမယ့် Miles တစ်ယောက်ရဲဖမ်းခံရပြီး ထောင်ကျသွားတယ်..... ထောင်ကထွက်လာတဲ့အချိန်  ဖွက်ထားတဲ့ စိန်တုံးကြီးရှိရာအဆောက်အဦးဆီကိုလာခဲ့ပေမယ့်  တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ ရူးမတတ်ဖြစ်သွားတယ်....... အဲ့ဒါကတော့ အဆောက်အဦးကြီးက ရဲစခန်းကြီးဖြစ်နေလို့ပါ... ကိုင်း Miles ဘယ်လိုတွေရှေ့ဆက်မလဲ ..... ခံစားကြည့်လိုက်ပါ .....နင်းကန်ရယ်ရတဲ့ဟာသကားမို့ ခံစားကြည့်လိုက်ပါဦး... ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်..... File Size :(1.87GB) ,(876 MB) and (309MB) Quality ...
6.3
IMDB: 6.3/10 68,188 votes
movie
Blue Streak(1999)
1999
Blu-Ray 1080p 5.1 CH
Wild Wild West (1999) 4.9
Wild Wild West (1999) ဗိုလ်​ကြီး Jim West(Will Smith)ဟာ အ​မေရိကန်​ပြည်​တွင်းစစ်​ပွဲတစ်​ခုက ဗိုလ်​ကြီး​ဟောင်းတစ်​​ယောက်​ပါ Artemus Gordon(Kevin Kline)က​တော့ ရုပ်​ဖျက်​တဲ့​နေရာမှာကျွမ်းကျင်​လွန်းပြီး ဆရာလုပ်​လွန်းတဲ့ အ​မေရိကန်​ထိပ်​တန်းရဲအရာရှိတစ်​ဦးဖြစ်​ပါတယ်​ တစ်​​နေ့မှာ General MacGrath(Salma Hayek)ဆိုသူက အ​မေရိကန်​နိုင်​ငံနိုင်​ငံရဲ့ ထိပ်​တန်းသိပ္ပံပညာရှင်​​တွေကို ပြန်​​ပေးဆွဲခဲ့တယ်​ ဒီပြန်​​ပေးဆွဲတဲ့အမှုကိုလိုက်​ဖို့ ဌာနအသီးသီးက ​ ခေါင်း​ဆောင်​​တွေက Jim West နဲ့ Atemus Gordonကို တာဝန်​​ပေးအပ်​ခဲ့ပါတယ်​ ဒါ့အပြင်​ Dr.Arliss Loveless(Kenneth Brangah)အမည်​နဲ့ ဆိုက်​ကို​ကောင်​တစ်​​ကောင်​က အ​မေရိကန်​နိုင်​ငံကို လက်​နက်​ချဖို့အတွက်​ ထူးဆန်းတဲ့လက်​နက်​​တွေတီထွင်​ထားပြီး သမ္မတကြီးကို ခြိမ်း​ခြောက်​ခဲ့တယ်​ ဒီအတွက်​ သမ္မတကြီးက အ​မေရိကန်​နိုင်​ငံကို ကယ်​တင်​နိုင်​ဖို့အတွက်​ ဒီလူစွမ်း​ကောင်းနှစ်​​ယောက်​ကို ​ခေါ်လိုက်​ရပါတော့တယ်​ အဲ့ဒီ​နောက်​မှာ​တော့ ​သေနတ်​တရမ်းရမ်းလုပ်​​နေတတ်​တဲ့ Jim West နဲ့ Artemus Gordon တို့နှစ်​​ယောက်​ဆုံတဲ့အခါမှာ​တော့ ဖြစ်​လာတဲ့တလွဲ​တွေကို ရယ်​စရာအဖြစ်​မြင်​​တွေ့ခံစားရမှာပါ General MacGrathက​ရော ဘာအတွက်​သိပ္ပံပညာရှင်​​တွေကို ပြန်​​ပေးဆွဲခဲ့တာလဲ Dr.Arliss Lovelessနဲ့​ရော ဘယ်​လိုပတ်​သတ်​ဆက်​နွှယ်​​နေပြီး အ​ပေးအယူ အကြံအစည်​​တွေရှိ​နေသလဲဆိုတာကို ရင်​တထိတ်​ထိတ်​နဲ့ ခံစားကြည့်​ရှုရမယ့်​ ရုပ်​ရှင်​ဇာတ်​ကား​ကောင်းတစ်​ကားဖြစ်​ပါတယ်​ Translated by Yuki Aurora Encoded by sithu
4.9
IMDB: 4.9/10 142,588 votes
movie
Wild Wild West (1999)
1999
The General’s Daughter (1999) 6.4
6.4
IMDB: 6.4/10 51,541 votes
movie
1999
Audition (1999) 7.2
Audition (1999)   Audition ဇာတ်ကားကတော့ Ryu Murakamiရဲ့ဝတ္တုကို Director : Takashi Miike က ပုံဖော်ရိုက်ကူးထားတဲ့ Drama , Horror , Mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb Rating - 7.2/10 Rotten Tomatoes - 81% Psycho Killer ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အထူးသင့်တော်တဲ့ကားပါ။ တစ်ချိန်လုံးသတ်နေတဲ့လူသတ်ကားတွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ ***ဇာတ်လမ်းအညွှန်း*** Yoshikawa လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် single father တစ်ယောက်ဟာ သူ့သားဖြစ်သူရဲ့အကြံပေးချက်ကြောင့် နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့စိတ်တိုင်းကျ မိန်းမတစ်ယောက်ကို သူ့သူငယ်ချင်းဖြစ်သူရဲ့အကူအညီနဲ့ လူရွေးပွဲလုပ်ပြီးရှာပြီးနောက် မထင်မှတ်ဘဲ သူသဘောကျတဲ့အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူမနာမည်ကတော့ Asami ပါ။ Asami ကို သူလက်ထပ်ထပ်ခွင့် တောင်းလိုက်တဲ့အခါမှာတော့ လုံးဝမထင်မှတ်ထားတဲ့ အလှည့်အပြောင်းကြီးတစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ်။ အဲ့ဒါကတော့...... ဒီလူသတ်ကားလေးကတော့ 1999ဆိုပေမယ့် Old but Gold ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။ မကြည့်ခင် Trailerအရင်ရှာကြည့်လိုက်ပါ ဘယ်လောက်ကြမ်းတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ Ye Man Aung  ဖြစ်ပါတယ်)   File size __(999 MB) and (450 MB) Quality__BR-Rip 720p IMDb Rating__7.2 /10 Format__mp4 Duration__01:55:35 Type__Drama , Horror , Mystery Subtitle__Myanmar Subtitle (Hardsub) Translated by ...
7.2
IMDB: 7.2/10 61,748 votes
movie
Audition (1999)
1999
Three Kings (1999) 7.1
7.1
IMDB: 7.1/10 157,141 votes
movie
Three Kings (1999)
1999
Blu-Ray 720p
From Dusk Till Dawn 3: The Hangman’s Daughter (1999) 4.8
4.8
IMDB: 4.8/10 9,866 votes
movie
From Dusk Till Dawn 3: The Hangman’s Daughter (1999)
1999
Blu-Ray 720p
From Dusk Till Dawn 2: Texas Blood Money (1999) 4.0
4.0
IMDB: 4.0/10 13,843 votes
movie
From Dusk Till Dawn 2: Texas Blood Money (1999)
1999
Blu-Ray 720p
Message in a Bottle(1999) 6.2
Message in a Bottle(1999) A Message IN A Bottle(1999) IMDb...6.2 ဂရက် ဆိုတဲ့ လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်...... . ပင်လယ်ကြီးရဲ့ ဘေး ဇနပုဒ်ရွာက သာမန်လူသား တစ်ယောက်ပါပဲ။။ ဘဝက ခရီးတစ်ခု ဆိုပါစို့...ဆုံးရှုံးမှုတွေကတော့ ကျွန်တော်တို့ ကြုံတွေ့ရမဲ့ မိုင်တိုင်တွေ ပါပဲ. .။ လက်ခံနိုင်သည်ဖြစ်စေ ကြောက်ရွံ့သည်ဖြစ်စေ ကြုံတွေ့ကြရမှာပဲ။ ဂရက်ကြုံတွေ့ရတဲ့  မိုင်တိုင်က တခြားသူတွေထက်ခါးသီးနေဟန်ပါပဲ... သို့ပေမယ့်  သူဟာ ဆုံးရှုံးမှုကို ဖက်တွယ်ထားတဲ့ အစွဲအလမ်းကြီးသူ တစ်ယောက် ပါပဲ. ..။ မရှိတော့တဲ့ သူရဲ့ အခါတစ်ပါးက ချစ်ရသူတစ်ယောက်အတွက် ဖန်ပုလင်းထဲစာလေးတွေထည့်ပြီးပင်လယ်ပြာဆီ မျှောခဲ့တယ်..လေးနက်ခြင်း လွမ်းဆွတ်ခြင်း တမ်းတခြင်းတွေကို ဖွဲ့သီပြီးစာလေးတွေရေးပြီးထည့်ခဲ့တယ်.. .ဒီဖန်ပုလင်းထဲက စာကိုအမျိုးသမီးတစ်ယောက်ကဖတ်မိတယ်.. ...၀ါကျတိုလေးတွေဆိုပေမယ့် စာရေးတဲ့သူရဲ့ ရင်ထဲကခံစားချက်တွေကိုကောင်းကောင်းပုံဖော်နိုင်တယ်.. .ဒီစာကိုဖတ်မိတဲ့အမျိုးသမီးတစ်ယောက်ဟာ တစ်ခါမှမမြင်ဖူးတဲ့ ဖန်ပုလင်းထဲကစာပိုင်ရှင်ကိုတွေ့ချင်လာတယ်...။ ဖန်ပုလင်းထဲက စာတစ်စောင်က မွေးဖွားခဲ့တဲ့ ရေစက်တစ်ခုဟာ ဘာများ ဆက်ဖြစ်သွားသလဲ.. .ဆိုတောတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ကြပါ။ စကားမစပ် Roလွန်းတဲ့ ဒီဇာတ်ကားရဲ့ မူရင်း စာရေးဆရာက ကျွန်တော်တို့ရဲ့ Nicholas Sparkကြီးပါပဲ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ WiRa Aung ပဲဖြစ်ပါတယ်... File Size : ...
6.2
IMDB: 6.2/10 31,989 votes
movie
1999
Sleepy Hollow (1999) 7.4
Sleepy Hollow (1999) Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။ ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ Pirate of the Carribean မင်းသား Johnny Depp ရဲ့ IMDB Rating 7.4 နဲ့ Rotten 68% ရရှိခဲ့တဲ့ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။ ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။ ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ...
7.4
IMDB: 7.4/10 292,967 votes
movie
Sleepy Hollow (1999)
1999
The Mummy (1999) 7.0
The Mummy (1999) IMDb (7/10)....Rotten Tomatoes(56%) Unicode ဒီဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှိုးထလာစေဖို့ အစပျိုးခဲ့တဲ့ ကနဦးဇာတ်ကားလဲဖြစ်ခဲ့ပါတယ်။ မင်းသား Brendan Fraser က အိုကွန်နယ် အဖြစ်အဓိကပါဝင်ထားပြီး အခြားဇာတ်ရန်များစွာလဲပါဝင်ရိုက်ကူးထားပါတယ်။ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချစ်လျှက်နဲ့ မပေါင်းခဲ့ကြရတဲ့ချစ်သူနှစ်ဦး...အီဂျစ်ဘုရင်တို့ရဲ့ ရှေးဟောင်းကျိန်စာများကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်သူ နှစ်ဦးအကြောင်းကိုအစပြုလို့..... ဒီဖက်ခေတ် စာကြည့်တိုက်မှူးမိန်းကလေးတစ်ယောက်နဲ့ ကြေးစားစစ်သားကြီး အိုကွန်နယ်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာစွန့်စားခန်းများအကြောင်းနဲ့ ရှေးဟောင်းကျိန်စာများနိုးထလာတဲ့အခါ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများနောက်ဆက်တွဲပါလာပုံတို့ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။ အတော်များများကြည့်ဖူးပြီးသားဆိုပေမယ့်  ရုပ်ရှင်ဝါသနာတူများသိမ်းထားနိုင်ရန်တစ်ကြောင်း...မကြည့်ရသေးသူတွေကြည့်စေချင်တဲ့စိတ်စေတနာတစ်ကြောင်းကြောင့် အဟောင်းလေးကိုပဲ အကောင်းဆုံးဖြစ်နိုင်အောင် ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ (ဘာသာပြန်သူနဲ့ အညွှန်းရေးသားသူကတော့ Min Thet Oo ဖြစ်ပါတယ်။) Zawgyi ဒီဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှိုးထလာစေဖို့ အစပျိုးခဲ့တဲ့ ကနဦးဇာတ်ကားလဲဖြစ်ခဲ့ပါတယ်။ မင်းသား Brendan ...
7.0
IMDB: 7.0/10 325,080 votes
movie
The Mummy (1999)
1999
The Limey (1999) 7.1
The Limey (1999) The Limey(1999) IMDb…7.1——Rotten….93 ထောင်က လွတ်လာတာ မကြာသေးတဲ့ ထောင်ထွက်တစ်ယောက်.. သူ့မှသမီး​လေးတစ်​​ယောက်​ရှိတယ်​ ….. သက်​တမ်းတစ်​၀က်​​လောက်​​ထောင်​ထဲမှာ​နေရပြီး ​အပြင်​​ရောက်​ရင်​သမီး​လေး​နဲ့​တွေ့ဖို့​ ရည်​စူးခဲ့​ပေမယ့်​ သူ့သမီး​လေးဟာ အသတ်​ခံလိုက်​ရတယ်​… သူ့သမီးကို ဘယ်သူသတ်ခဲ့လဲ သိဖို့အတွက် အခင်းဖြစ်​ပွားရာ LA ကို သွားခဲ့တယ် ဒါပေမယ့် သူတွေ့နေရတဲ့အခြေအနေတွေကို သူဘယ်လိုမှ နားမလည်နိုင်မှန်း ချက်ချင်းဆိုသလို သိသွားတယ်… သူ့ရဲ့ စုံစမ်းမှုကို နောက် ထောင်ထွက်တစ်ယောက်က ကူညီတယ် သူတို့နှစ်ယောက်အတူ စုံစမ်းလိုက်တော့ သူ့သမီးဟာ ပရိုဂျူဆာ တစ်ယောက်နဲ့ ဇာတ်လမ်းရှုပ်နေတယ်ဆိုတာ သိလိုက်ရတယ် အဲဒီပရိုဂျူဆာက လက်ရှိ တစ်ခြား ခပ်ငယ်ငယ်မိန်းခလေးတစ်ယောက်နဲ့လည်း ခပ်ရှုပ်ရှုပ်ပဲ သူ့သမီးဟာ လူဆိုး​တွေ လူမိုက်​​တွေရဲ့အရှုတ်​အ​ပွေ​တွေကြားမှာလည်း ပြသနာအကြီးကြီးတက်​ခဲ့ပုံ​ပေါ်ပါတယ်​… File Size…(900MB)And(386MB) Quality…720p Format…mp4 Duration…01:29:00 Subtitle…Myanmar Subtitle(Hardsub) Translated by Honest Abe Encoder…Phyo Pyae
7.1
IMDB: 7.1/10 26,164 votes
movie
The Limey (1999)
1999