Channel Myanmar

2016

Tik Tok (2016) 5.5
Tik Tok (2016) Tik Tok (2016)_____IMDb - 5.5/10     IMDb 5.5 ရထားတဲ့ တရုတ် - ကိုရီးယားဖက်စပ်အက်ရှင်ဇာတ်ကားအလန်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် လူဆိုတာမျိုးကယုံကြည်ချက်သန်ရာသန်ရာကိုလိုက်တတ်တဲ့သူမျိုးပါ ဒါပေမယ့်ဘယ်ကိစ္စမဆို ယုံကြည်ချက်အစွန်းရောက်သွားပြီး နာကျင်မှုတွေပါပေါင်းစပ်လိုက်တဲ့အခါ ရလဒ်မကောင်းတတ်တာကို ဒီကားလေးထဲမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ် ဇာတ်လမ်းကျဉ်းကဆိုရင်ဖြင့် ကိုးတစ်တနဲ့ကိုးကျစ်ဟွားတို့က ညီအစ်ကို ၂ယောက်ထဲက အစ်ကိုဖြစ်သူ ကိုးကျစ်တ က လောင်းကစားအလုပ်ကိုစွဲလမ်းရူးသွပ်သူပါ ဘယ်လောက်တောင်ရူးသွပ်သလဲဆို လူကသာစိတ်ကစဉ့့်ကလျားဖြစ်သွားတယ် လောင်းကစားစိတ်ကပျောက်မသွားပါဘူးတစ်ခုရှိတာက သူ့မှာငယ်ငယ်လေးထဲက အနိုင်ရလိုမှု ဆိုက်ကိုပါ ရှိနေလေတော့ သူ့ရဲ့စိတ်ဝေဒနာဟာတစ်နေ့တစ်ခြားဆိုးရွားလာပါတော့တယ် "ကံဆိုးမသွားရာမိုးလိုက်လို့ရွာ"ဆိုသလိုပဲ ကုမ္ပဏီပျက်စီးပြီးကြွေးတွေပိ လူကလဲစိတ်ဝေဒနာရသွားလေတော့ ညီဖြစ်သူကလည်း ရွာလည်တော့တာပေါ့ ဒီလိုဒုက္ခတွေကြားထဲကရုန်းထွက်နိုင်အောင်လို့ အစ်ကိုဖြစ်သူကိုးကျစ်တကအကြံကြီးကြီးမားမားတစ်ခုအကောင်အထည်ဖော်ခဲ့ပါတယ် လက်တလုံးခြားလှည့်ကွက်တွေနဲ့ ကိုရီးယားရဲတွေဒုက္ခပေးပါတော့တယ် နောက်ပိုင်းကော ကိုးကျစ်တနဲ့ ကိုးကျစ်ဟွားတို့ဘာဆက်ဖြစ်ကြမလဲ ပဲလှော်ကြားဆားညှပ်ခဲ့ရတဲ့သူတွေကကောဘယ်သူတွေဖြစ်မလဲ ကိုရီးယားရဲတွေကကောဘယ်လို ဖြေရှင်းကြမလဲ ပီပြင်လှတဲ့ နောက်ဆုံးလှည့်ကွက်ကြီးကိုကော ဘယ်လိုတောင်တအံ့တသြခံစားကြရမလဲဆိုတာကတော့ ပြီးခါနီးလေးအထိသေချာစောင့်ကြည့်ကြပါစို့ဗျာ တစ်ခုတော့ရှိတယ်ဒေါက်တာမလေးကိုတော့မကြွေမိကြအောင်ထိန်းကြပေါ့ဗျာ....:P   Qty - 720p Web dl Type - Mp4 Duration - 1hr 45min Gern - Crime / Mystery Subtitle - Myanmar Hardsub Translator - Pyae Xein Sett Review - Pyae Xein  Sett Encoder - Kyaw Ye Aung
movie

Tik Tok (2016)

2016
Soul Mate (2016) 7.4
Soul Mate (2016)   2016 မှာထွက်ရှိခဲ့တဲ့ Chinese Drama ကောင်းတစ်ခုဖြစ်တဲ့ Soul Mates ဆိုတဲ့ကားလေးကတော့Romance Drama ကြိုက်တဲ့ပရိသတ်တွေအဖို့ကတော့ ကြည့်ရကျိုးနပ်မယ့်ကားလေးပါ။သွေးမတော် သားမစပ်တဲ့သူငယ်ချင်းသံယောဇဉ် အကြောင်းတွေ ချစ်ခြင်းမေတ္တာတွေ အကြောင်းကိုမင်းသမီး၂ယောက်က ဆွဲဆောင်ရှင်းပြသွားသလိုပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ Qiyue နဲ့ Ansheng တို့ဟာ ညီမတွေထက်တောင်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ပါ။အေးအေးဆေးဆေးနေတတ်တဲ့ Qiyue နဲ့ လွတ်လွတ်လပ်လပ်ပျော်ပါးနေတတ်တဲ့Anshengတို့ ကြားထဲကို Jaiming ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာပါတော့တယ်။ဇာတ်လမ်းကတော့ အဲ့ဒီအကြောင်းတွေကို ပြန်တွေးတဲ့ပုံစံနဲ့ စတင်ထားတာပါ။HongKong Film Award ကို ဆွတ်ခူးထားပြီးImdb Rating ကလဲ7.4 တောင်ရရှိထားတာမို့အထွေအထူးမညွန်းတော့ပဲ တခြား အက်ကြောင်းထပ်နေတဲ့ Drama တွေထဲက ဘယ်လိုဖောက်ထွက်သွားသလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားဖို့ပဲ တိုက်တွန်းလိုက်ပါရစေ။ဇာတ်လမ်းအညွန်းကတော့ အေးမွန်ကျော် ဖြစ်ပါတယ်Qty - Web dl 720pDuration -1hr 52minSubtitle - Myanmar HardsubGern - Drama / RomanceTranslator - Bai MailingMovie ...
movie

Soul Mate (2016)

2016
War on Everyone(2016) 5.9
War on Everyone(2016) War on everyone (2016) ဇာတ်ကားလေးဟာ IMDB 5.9 ရရှိထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တယ်ရီနဲ့ ဘော့ ဆိုတဲ့ရဲအရာရှိ ၂ဦး ရှိတယ်...သူတို့ ၂ယောက်ဟာ ရဲကျင့်ဝတ်နဲ့မညီတာတွေ လုပ်ကြတယ် အထူးသဖြင့် ပြစ်မှုကျူးလွန်တဲ့ရာဇ၀တ်သားတွေဆီက လာဘ်စားတယ် ငွေညှစ်တယ် ..တစ်နေ့တော့ သူတို့၂ယောက်ဟာ လုယက်မှုလေးတွေ နောက်ကို လိုက်နေရင်း မမျှောလင့်ပဲ အချီကြီးကြံနေတဲ့ လုယက်မှုသတင်းအနံရသွားတယ် နယ်ခံရာဇဝတ်သားတစ်ယောက်ဖြစ်သူ ဂျင်မီဟာ ဒီလုယက်မှုကြီးရဲ့ ဦးဆောင်သူကတော့ ဂျိမ်းစ်မိန်းကန်လို့ ခေါ်တဲ့ဗြိတိသျှစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ သူတို့ရဲ့အလုပ်ကို ဝင်ရောက်နှောင့်ယှက်နေတဲ့ ဒီရဲနှစ်ယောက်ကို ဂျိမ်းစ်မိန်းကန်က ရဲအရာရှိဘဝကနေ ပြုတ်သွားအောင်လုပ်လိုက်ပါတယ်။ သူတို့ ၂ယောက်ဟာ အရက်သားဖြစ်သွားပေမဲ့လက်မလျော့ခဲ့ဘူး...အရပ်သားအဖြစ်နဲ့ သူတို့နှစ်ယောက် ဒီအမှုကိုဆက်လက်လိုက်ရင်း ရှုပ်ထွေးလှတဲ့ ကွင်းဆက်များအကြား ဘယ်လို စုံစမ်းထောက်လှမ်းပြီး ဘယ်လိုအန္တရာယ်တွေကြားထဲကနေ နောက်ဆုံးခေါင်းဆောင်ဆီရောက်အောင် သွားမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီကားထဲက မင်းသားတွေကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ........ ဇတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yae ...
movie

War on Everyone(2016)

2016
[18+] Wet Woman in the Wind (2016) 5.9
[18+] Wet Woman in the Wind (2016)   Dark Side Production အနေနဲ့ ဂျပန် Adult ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်...  ဇာတ်ကြောင်းကတော့... မိန်းမဆိုတာတွေကို စိတ်နာပြီးတော့လား လိုတာမရ ရတာမလိုတာကြောင့်ပဲလား ဘာအကြောင်းကိစ္စရယ် မသိ ကိုဆူကီဆိုတဲ့ ဘဲတစ်ဗွေက လူသူမသိတဲ့တောထဲမှာ တစ်ယောက်တည်း နေနေပါတယ်... စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲတယ်ပြောရမလားပဲ.. သူနေတဲ့တောနဲ့မနီးမဝေးမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်က စော်တစ်ဗွေနဲ့ သူနဲ့ ဆုံတော့တာပဲ ဘဲကြီးကိုချိတ်သာချိတ်တာ စော်ကလဲခပ်ချေချေနော် ဘဲကြီးကလည်းမိန်းမတွေကိုစိတ်ကုန်နေတဲ့သူ စော်ကလဲ ဘဲကြီးသူ့အပေါ်စိတ်လည်လာအောင် ဘယ်လိုတွေတောင်ရွဲ့ပြီး တခြားဘဲတွေနဲ့ဝုန်းပြမလဲ ဆိုတာရယ် တစ်ချိန်ကရှေးဟောင်းနှောင်းဖြစ်ပတ်သတ်ရာပတ်သတ်ကြောင်းဖြစ်တဲ့ နောက်စော်တစ်ဗွေကလဲ ထပ်ရောက်လာပြီး ဘယ်လိုတွေတောင် ဖြစ်ကြတယ် ဆိုတာကတော့ဖြင့့်......။(ဘာသာပြန် Xian မှတင်ဆက်ထားသလိုဇာတ်လမ်းအညွှန်းကတော့ BGR ဖြစ်ပြီး RGB မှ Encode ထားပါတယ်။)Cast Tasuku Nagaoka as Kosuke Takasuke Yuki Mamiya as Shiori  File Size…(800 MB)Quality…HD Rip 720pFormat…mp4 Duration…01:18:00 Subtitle…Myanmar Subtitle(Hardsub) Encoder…RGBTranslated by Dark Side Xian 
movie

[18+] Wet Woman in the Wind (2016)

2016
Una (2016) 6.4
Una (2016) ဒီတစ်ခါတော့Drama/Mysteryကားတွေကိုမှကြိုက်တဲ့သူတွေအတွက်အတွေးလေးတစ်ခုထင်ကျန်စေမယ့်စိတ်ထဲစွဲငြိစေနယ့်ဇာတ်ကားလေးတစ်ကားညွန်းပေးချင်ပါတယ်။ဇာတ်ရှိန်အေးအေးနဲ့ခေါ်သွားပေးမယ့်ကားမျိုးပါ။ဇာတ်လမ်းလေးကတော့အမျိုးသမီးငယ်လေးတစ်ယောက်သူ့ထက်အသက်တော်တော်ကြီးတဲ့လူကြီးတစ်ယောက်ဆီကိုလာခဲ့ရာတာစတာပါပဲ။သူဒီလိုလာခဲ့တယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။အဲဒိအမျိုးသားကြီးမှာအတိတ်ကအမဲစက်ထင်စေမယ့်သူ့ကိုယ်ကိုသူခြောက်လှန့်နေတဲအကြောင်းအရင်းလေးရှိနေလို့ပါပဲ။အတိတ်ကဖြစ်ရပ်အနေနဲ့ဒီကိုရောက်လာတဲ့မိန်းမငယ်လေးတစ်ယောက်ဘာတွေဆက်စပ်မှုရှိနေမလဲဆိုတာတော့စိတ်ဝင်စားစရာပါ။စိတ်ခံစားချက်၂ခုကြားရောထွေးမှုတွေနဲ့ဒီကားလေးကိုအဓိကမောင်းနှင်ထားတာပါ။ကြည့်ရသူအဖို့အမြင်တမျိုးနဲ့ ရှုထောင်တမျိုးကနေချပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဆိုတော့ဒီကောင်မလေးနဲ့အမျိုးသားကြီးတို့ကြားဘာသြနာတွေရှိနေမလဲ။ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာတော့ဇာတ်ကားလေးကိုရင်တမမနဲ့ဆက်လက်ရှုစားလိုက်ပါဦး။  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က မေသရဖီလွင်ပါ)  File Size : (700 MB) and (230 MB) Quality : 720p Bluray Running Time : 1hr 34min Format : Mp4 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encode by Thanhtike Zaw
movie

Una (2016)

2016
Science Fiction Volume One: The Osiris Child(2016) 5.7
Science Fiction Volume One: The Osiris Child(2016) The Osiris Child:Science Fiction Volume One(2016) သြစတေးလျတောင်ပိုင်း Coobe Pedy နဲ့ Gladesville နဲ့ ဆစ်ဒနီတို့မှာ ရိုက်ကွင်းယူပြီး ဖန်တီးထားတဲ့ ဒီဇာတ်ကားလေးကို ဒါရိုက်တာ Shane Abbess က ရိုက်ကူးထားပြီး အော်ဇီနဲ့အမေရိက ဇာတ်ဆောင်များပါဝင်သရုပ်တောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာမြေရဲ့အပြင်ဘက်မှာ နယ်ချဲ့ယူထားတဲ့ဂြိုလ်တွေကို အုပ်ချုပ်ထောက်ပံ့မှုပြုလုပ်ဖို့ အိတ်ဇောလို့ခေါ်တဲ့ အဖွဲ့အစည်းက တာဝန်ယူထားပြီး အဲဒီဂြိုလ်မှာ General Lynex (Racheal Griffiths (၂၀၀၆ ထုတ် Step Up ကားမှာ director gordon အနေနဲ့ ပါဝင်ခဲ့)) အုပ်ချုပ်နေပါတယ် အဲဒီအဖွဲ့အစည်းကို ယုံကြည်ကြတဲ့လူပေါင်းများစွာဟာ အဲဒီဂြိုလ်မှာနေထိုင်ကြပြီး ဗိုလ်ချုပ်ကြိးကတော့ စကြာဝဠာထဲမှာ ကိုလိုနီနယ်မြေတွေ ထပ်မံချဲ့ထွင်နိုင်ဖို့ ရစ်ဂ်ျလို့ခေါ်တဲ့ လူကနေ အသွင်ပြောင်းသတ္တဝါကြီးတွေကို တိတ်တဆိတ်ဖန်တီးလျက်ရှိပြီး အကျဉ်းထောင်မှာ လျှို့ဝှက်ထားရှိပါတယ် အဲဒီ အိတ်ဇောအဖွဲ့အစည်းမှာ လက်ဖတက်နင် ကိန်း ဆွန်မာဗီးလ် (Daniel Mcpherson) ...
movie

Science Fiction Volume One: The Osiris Child(2016)

2016
Mine (2016) 5.9
Mine (2016) ၂ဝ၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ Mine ဆိုတဲ့ ဇာတ်ကားလေးဟာIMDB 5.9 ရရှိထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ဇာတ်လမ်းပုံစံကတော့ မစ်ရှင်တစ်ခု ဆောင်ရွက်ဖို့ စနိုက်ပါ၂ဦးမစ်ရှင်မအောင်မြင်ဘဲ အပြန်ခရီးလမ်းမှာ နှစ်ပေါင်းများစွာကမိုင်းတွေ မြုပ်နှံထားခဲ့ဖူးတဲ့ သဲကန္တာရတစ်ခုကို ကျော်အဖြတ်မှာစနိုက်ပါတစ်ဦးကတော့ မိုင်းကြောင့်သေဆုံးခဲ့ပြီး ကျန်ရှိတဲ့စနိုက်ပါတစ်ဦးဖြစ်သူ ဆာဂျင်မိုက်ကယ်သားစစ်ကတော့ မိုင်းနင်းထားမိပြီး ၎င်းနေရာမှခွာလို့မရနိုင်ဘဲ သဲမုန်တိုင်းများ၊ ရန်သူများကို တစ်ဦးတည်းတိုက်ခိုက်နေရပုံများကိုရင်သပ်ရှုမောဖွယ် ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။နောက်ဆုံးမှာ ဆာဂျင်မိုက်ကယ်သားစစ်တစ်ယောက် တပ်ဖွဲ့ရဲ့ကယ်ဆင်ခြင်းကိုခံရမလား၊ သဲကန္တာရထဲ ရေငတ်ပြီး သေဆုံးသွားမလား၊သဲမုန်တိုင်းကြောင့်သေသွားမလား၊ရန်သူလက်ချက်နဲ့သေသွားမလားဆိုတာကို ဒီ Mine ဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ရှုစားလိုက်ကြပါ။ QTY - 720p BlurayDuration - 1hr 45minGerne - Thrill/WarSubtitle - Myanmar hard subTranslator - Yae Yint MayEncoder - Kyaw Ye Aung 
movie

Mine (2016)

2016
The Belko Experiment(2016) 6.1
The Belko Experiment(2016) The Belko Experiment ဆိုတဲ့ ဒီကားလေးဟာ ၂ဝ၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လ်ကို အမည်ရှိ ကော်ပိုရေးရှင်းကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းတွေကို လစာကောင်းကောင်းပေးခန့်ထားသလို ဝန်ထမ်းတွေအတွက် လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေအပြည့်အဝပေးထားပါတယ်.......တစ်နေ့တော့ ဝန်ထမ်းတွေဟာ ခမ်းနားတဲ့ရုံးအဆောက်အဦးကြီးထဲမှာ ပိတ်လှောင်ခံလိုက်ရတယ်....ထွက်ဖို့ဝန်ထမ်းအားလုံးကကြိုးစားပေမဲ့ အဆောက်အဦးရဲ့လုံခြုံရေးစနစ်က အရမ်းကိုမြင့်မားနေပြီ ဟာကွက်မရှိသလိုဖြစ်နေတယ်....နောက်ပိုင်းဝန်ထမ်းအားလုံးဟာ အကွက်ချပြီး အချင်းချင်းသတ်ဖြတ်ခိုင်းခြင်း ခံရပါတယ် ......ဒါကြောင့် ဝန်ထမ်းတွေ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြခြင်းများ၊ ကော်ပိုရေးရှင်းမှ ခြိမ်းခြောက်သတ်ဖြတ်မှုများကို သည်းထိတ်ရင်ဖို ခံစားရ မည်ဖြစ်ပါသည်။ ဒီကားက ရိုက်ချက်တွေအတော်လန်းသလို ကြည့်ရတာအတော်လေးမိုက်တယ် သည်းထိတ်ရင်ဖို အက်ရှင်ကားကောင်း ကြိုက်နှစ်သက်သည့် ပရိသတ်များ လက်လွတ်မခံဘဲ ကြည့်သင့်သည့် ဇာတ်ကားပဲဖြစ်ပါတယ်။IMDB..6.1 ဆိုတော့ကြည့်ရကြိုးနပ်ပါလိမ့်မယ်..... File Size : (826 MB) and (240 MB) Quality :  720p Running Time : 1hr 27min Format : Mp4 Genre :  Action,Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Belko Experiment(2016)

2016
Getaway Plan (2016) 5.6
Getaway Plan (2016) သာမန်​​အနိမ့်​စား​ဖောက်​ထွင်းးရေးသမားတွေကိုအသုံးချပြီး ​ဖောက်​ထွင်း​ဓားပြတိုက်​တဲ့အထိကျူးလွန်​ကြတဲ့ သူမျက်​ခုံး​မွှေး​ပေါ်စင်္ကြန်​​လျှောက်​ရမှစားဝင်​အိပ်​​ပျော်​တယ်​ဆိုတဲ့ နိုင်​ငံတကာအလိုရှိဒုစရိုက်​သမား​တွေကို​ဖော်​ထုတ်​ကြတဲ့ကား​လေးပါဇာတ်​​ကြောင်းနည်းနည်း​လေးကွဲပြား​နေတာကအလိုရှိဒုစရိုက်​​ကောင်​​တွေကဇာတ်​လမ်းအလယ်​​လောက်​မှာတင်​အနည်းငယ်​​လောက်​ဖမ်းမိခဲ့ပါတယ်​ ဒီလိုဖမ်းမိ​အောင်​လည်း အထက်​လူကြီး​တွေက မင်းသားကို​ဖောက်​ခွဲ​ရေးသမားအ​နေနဲ့ပဲဆက်​လက်​ဟန်​​ဆောင်​စေခဲ့​ပြီးအတွင်းလူအ​နေနဲ့ရဲဘက်​က​တောင်​မရိပ်​မိ​စေဘဲလျှို့ဝှက်​လှုပ်​ရှား​စေခဲ့တာပါမင်းသားကလည်းတစ်​ကယ်​​တော့လူ​ကောင်းမဟုတ်​ပါဘူးအ​ပေါင်းအသင်းမှားမိရာကတစ်​ဆင့်​ငယ်​ငယ်​ကအလွယ်​လမ်းကိုလိုက်​ခဲ့ပြီး​တော့ အ​ပျော်​ရှာရင်းတစတစ ရာဇဝတ်​​ကောင်​ဖြစ်​လာတဲ့သူပါကံ​ကောင်းတာတစ်​ခုကအ​ကြောင်းအရင်းတစ်​ခု​ကြောင့်​အ​သိတရားဝင်​လာခဲ့ပြီးသူ့လူကိုယ့်​ဖက်​သားအ​နေနဲ့​ဖောက်​ခွဲ​ရေးသမားအ​သွင်​နဲ့ပဲဆက်​​နေခဲ့ပြီး ​ဖော်​ထုတ်​​ရေး​တွေလုပ်​ခဲ့တာပါရာဇဝတ်​​ကောင်​​တွေကိုဖမ်းရမယ့်​တာဝန်​အပြင်​​နောက်​ပိုင်းမှာ သူ့ရဲ့ဆိုးတူ​ကောင်းဖက်​ငယ်​သူငယ်​ချင်းက ​ဆေးစွဲပြီးဒုစရိုက်​သမားဘဝကမရုန်းနိုင်​​သေးပါဘူး​နောက်​ဆုံးတစ်​ဖက်​က သူငယ်​ချင်းရဲ့ဆန္ဒ တစ်​ဖက်​ကလည်း ဥပ​ဒေ တစ်​ဖက်​ကလည်းသူ့ရဲ့သူငယ်​ချင်းကိုကယ်​တင်​ချင်​တဲ့ဆန္ဒ ဒီလိုအ​ခြအ​နေ ၃ခုကြားထဲက​နေ​တောင်​ ဥပ​ဒေ​ဘောင်​ရဲ့အပြင်​က​နေ ဘယ်​လိုလှုပ်​ရှားပြီးဘယ်​လိုနည်းလမ်းနဲ့​နောက်​ဆုံးကယ်​တင်​မလဲဆိုတာ​စောင့်​ကြည့်​ရမယ့်​အက်​ရှင်​ကား​​ကောင်းလေးပါ  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)  File Size : (800 MB) and (300 MB) Quality : Bluray 720p Running Time : 1hr 45min Format : Mp4 Genre :Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Xeinn Sett Encode by Thanhtike Zaw
movie

Getaway Plan (2016)

2016
Chasing (2016) 6.6
Chasing (2016)  ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Chasing လို့ အမည်ရပါတယ်ညတစ်ညမှာပဲ ကြုံတွေ့ရတဲ့ ပြသာနာပေါင်းများစွာကို CEO တစ်ယောက်နဲ့ စုံထောက်တစ်ယောက်က တစ်ဖွဲ့ ကျောင်းသားလေးတွေက တစ်ဖွဲ့ အပြိုင်ပုံဖော်ပေးထားတဲ့ Comedy အသားပေး Action ဇာတ်လမ်းလေးပါ...ရယ်ရတဲ့အပြင် ကိုရီးယားဇာတ်လမ်းတို့ရဲ့ထုံးစံအတိုင်း လူမှုရေးပညာပေးလေးလည်း ယူတတ်ရင် ရမယ့်ကားလေးပါအဓိက သရုပ်ဆောင် တွေ အနေနဲ့ကတော့ မင်းသားကြီးတွေဖြစ်တဲ့ Kim Seung woo နဲ့ Kim Jung Tae သူတို့ရဲ့ အပြိုင် အထက်တန်းကျောင်းသားလေးတွေအဖြစ်Vixx အဖွဲ့မှ Hyuk အပါအဝင် Shin Kangwoo, Kim Min Gyoo နဲ့ Moon Yong Seok တို့လေးယောက်က ပါဝင်အားဖြည့်ထားပါတယ်  (ဘာသာပြန်သူကတော့ ဇွန်လဲ့ဖြူပါ)  File Size : (700 MB) and (300 MB) Quality : ...
movie

Chasing (2016)

2016
Anti Matter (2016) 6.6
Anti Matter (2016)  အရာဝတ္ထုတွေ၊သတ္တ၀ါတွေကိုတစ်နေရာကနေတစ်နေရာချက်ချင်းပို့ဆောင်ပေးနိုင်မယ့်စကြာဝဠာလမ်းကြောင်းတွေရှိနိုင်မလား။ဖန်တီးလို့ရောရနိုင်မယ်ထင်ပါသလား။Scientificရုပ်ရှင်တွေကိုမှကြိုက်တဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီကားလေးကတော့Wormhole Theoryဆိုတဲ့universeတစ်ခုနဲ့တစ်ခုပတ်လမ်းကူးပြောင်းလမ်းတွေဖောက်ပြီးသွားလို့ရနိုင်တယ်ဆိုတဲ့သီအိုရီလေးကိုအခြေခံထားတဲ့တကယ့်Science movieလေးဖြစ်ပါတယ်။အန်နာဟာသူ့ရဲ့ပါရဂူဘွဲ့အတွက်သုတေသနတစ်ခုပြုလုပ်နေတာပဲဖြစ်ပါတယ်။မထင်မှတ်ပဲစမ်းသပ်နေစဉ်အတွင်းမှာစမ်းသပ်ပစ္စည်းဟာရုတ်တရတ်ပျောက်သွားပါတယ်။ဘာကြောင့်လဲဆိုတာသူမသိသေးပါဘူး။ဒီလိုနဲ့နေသန်ဆိုတဲ့ကောလိပ်စတက်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းရောက်လာချိန်မှာတော့အရာဝတ္ထုဟာဒီတိုင်းပျက်စီးသွားတာမဟုတ်ပဲတစ်နေရာရာကိုရွေ့သွားတာပဲဖြစ်မယ်ဆိုတဲ့ယူဆချက်နဲ့အညီစမ်းသပ်စစ်ဆေးမှုတွေလုပ်ကြပါတော့တယ်။နောက်ထပ်သူငယ်ချင်းတစ်ယောက်ရဲ့အားဖြည့်ကူညီမှုပါဝင်လာပြီးနောက်သုတေသနလုပ်ငန်းဟာအရှိန်ဟုန်မြှင့်လာပါတော့တယ်။ဒါပေမယ့်သူတို့ဘယ်လောက်ထိအောင်မြင်သွားသလဲ။စမ်းသပ်မှုမှာဘာတွေဖြစ်သွားသလဲ၊သုတေသနလုပ်တာဖြစ်တဲ့အတွက်ဘာတွေမှားယွင်းမှုရှိသွားသလဲ၊သိပံ္ပပညာရှင်တွေဆိုတာဘာတွေလဲ၊ဘယ်လိုစိတ်ဓာတ်ကြံခိုင်ရမလဲ၊ဆိုတာတွေကိုတွေ့ရမှာပါ။ဇာတ်ရှိန်အတက်အကျတွေနဲ့မသိတာတွေများစွာနဲ့မို့စိတ်ဝင်စားစရာကောင်းလှပါတယ်။Jumperတို့Flashဇာတ်လမ်းတွဲထဲကလိုuniverseတစ်ခုနဲ့တစ်ခုဘယ်လိုကူးပြောင်းသွားနိုင်မလဲ၊တစ်နေရာနဲ့တစ်နေရာချက်ချင်းဘယ်လိုရောက်သွားနိုင်မလဲ၊စကြာဝဠာနဲ့အချိန်ကာလဆိုတဲ့ကြားကရုတ်တရတ်ပြောင်းလဲမှုကြောင့်ဘာဘေးထွက်ဆိုးကျိုးတွေထွက်သွားလိမ့်မလဲဆိုတာဒီကားလေးကတကယ့်သိပံ္ပအမြင်သိပံ္ပအသုံးအနှုန်းတွေနဲ့ရိုက်ပြသွားတာပါ။Scienceစိတ်ဝင်စားတဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့စေမယ့်ကားလေးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်ဗျာ။ဘယ်လိုစိတ်ဝင်စားစရာကောင်းမလဲဆိုတာတော့ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ပါ။(တချို့သောသိပံ္ပဆိုင်ရာအသုံးအနှုန်းတွေကိုတတ်နိုင်သလောက်အဆင်ပြေအောင်ဘာသာပြန်ထားပေမယ့်လိုအပ်ချက်တွေ့ရှိနိုင်တာမို့မှားယွင်းမှုများရှိရင်ကျွန်တော်ဘာသာပြန်သူအမှားသာဖြစ်ပါတယ်လို့ကြိုတင်တောင်းပန်အပ်ပါတယ်။)  (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကွီးသူရပါ)  File Size : (830 MB) and (280 MB) Quality : 720p Webdl Running Time : 1hr 48min Format : Mp4 Genre :Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw
movie

Anti Matter (2016)

2016
The Limehouse Golem (2016) 6.4
The Limehouse Golem (2016)  လန်ဒန်မြို့ Limehouseအရပ်မှာ ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်လာတယ်။သူက သူသတ်ထားသူတွေရဲ့သွေးနဲ့ နံရံတွေပေါ်မှာ စာရေးထားခဲ့တယ်။သူကို လန်ဒန်သူတွေ ခေါ်ကြတာကတော့ ဂိုလန်တဲ့ ဟိုရှေးတုန်းက မကောင်းဆိုးဝါးတစ်ကောင်ပေါ့။စကော့တလန်ရုံးတော်ရဲ့ အရာရှိ Kildareက ဒီအမှုကို လက်လွှဲယူခဲ့ရတယ်။ (အမှန်တော့ ဂျင်းထည့်ခံလိုက်ရတာ)Kildare ဒီအမှုကို လိုက်ရင်း စာကြည့်တိုက်ထဲက စာအုပ်တစ်အုပ်ကို ဖတ်မိလိုက်တော့ အဲ့စာအုပ်က လူသတ်သမား ဒိုင်ယာရီရေးထားတဲ့ စာအုပ်ဖြစ်နေတယ်။အဲ့စာအုပ်ထဲမှာ နောက်ဆုံးရေးထားတာက စက်တင်ဘာ၂၄ရက်တုန်းကပဲ။စာကြည့်တိုက်က စာအုပ်ဌားတာမဟုတ်ဘဲ စာဖတ်ရုံပဲဆိုတော့ ဒီစာအုပ်ကို ဘယ်သူကိုင်လဲ ဖတ်လဲဆိုတာ အစရှာမရတော့ စက်တင်ဘာ၂၄တုန်းက ဘယ်သူတွေရှိခဲ့တာလဲဆိုတော့ ယောက်ျားလေး၎ယောက် စာကြည့်တိုက်မှာ ရှိနေခဲ့တယ်။သူတို့ထဲက ဘယ်သူက ဂိုလန်လဲ???ဒါမှမဟုတ် ဂိုလန်က တစ်ခြားတစ်ယောက်လား???   Watch in The Limehouse Golem  (ဘာသာပြန်သူကတော့ Neve Luna ပါ)  File Size : (830 MB) and (290 MB) Quality : ...
movie

The Limehouse Golem (2016)

2016
Lady Macbeth (2017) 6.8
Lady Macbeth (2017) Lady Macbeth (2017) IMDb - 6.8/10_____Rotten - 88%    ဒီကားက ၁၉ရာစုတွင်း အင်္ဂလန်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကိုရိုက်ပြ ထားတဲ့ကားလေးပါ...တစ်နည်းအားဖြင့် အမျိုးသမီးများဟာ အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးမရခဲ့လို့ ကနဦးကြိုးစားမှုကိုပုံဖော်ထားပါတယ်.... .ကျေးလက်မိန်းကလေးတစ်ယောက်ဟာ သတို့သမီးအဖြစ်ရောင်းစားခံခဲ့ရတယ်..... အားလုံးကို မလုပ်ချင်ပေမဲ့လည်း ရှေးဦးစည်းမျဉ်း စည်းကမ်းတွေနဲ့ ပြန်လည်ချေပရန်ခက်ခဲတဲ့စကားလုံးတွေကြားသူမ ဓားစာခံဖြစ်ခဲ့တယ် သိုပေမဲ့လည်း မိန်းကလေးဟာ အရွယ်လည်းကောင်း အလှပဆုံးချိန်လည်း ရောက်ရှိနေလေတော့ ယောင်္ကျားမိသားစုအသိုင်းအဝန်းကြားမှာ လုပ်သင့် မလုပ်သင့်မစဉ်းစားပဲ စိတ်ဆန္ဒတွေကို လွှတ်ပေးမိတယ်..... ကိုင်း ကျန်တာတော့ ကြည့်ရှုခံစားကြည့်လိုက်ပါဦးလို့   ဘာသာပြန်ကကတော့ Pyae Xein Sett ဖြစ်ပါတယ်    ဒီကားက ၁၉ရာစုတွင်း အင်္ဂလန်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကိုရိုက်ပြ ထားတဲ့ကားလေးပါ...တစ်နည်းအားဖြင့် အမျိုးသမီးများဟာ အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးမရခဲ့လို့ ကနဦးကြိုးစားမှုကိုပုံဖော်ထားပါတယ်.... .ကျေးလက်မိန်းကလေးတစ်ယောက်ဟာ သတို့သမီးအဖြစ်ရောင်းစားခံခဲ့ရတယ်..... အားလုံးကို မလုပ်ချင်ပေမဲ့လည်း ရှေးဦးစည်းမျဉ်း စည်းကမ်းတွေနဲ့ ပြန်လည်ချေပရန်ခက်ခဲတဲ့စကားလုံးတွေကြားသူမ ဓားစာခံဖြစ်ခဲ့တယ် သိုပေမဲ့လည်း မိန်းကလေးဟာ အရွယ်လည်းကောင်း အလှပဆုံးချိန်လည်း ရောက်ရှိနေလေတော့ ယောင်္ကျားမိသားစုအသိုင်းအ၀န်းကြားမှာ လုပ်သင့် မလုပ်သင့်မစဉ်းစားပဲ စိတ်ဆန္ဒတွေကို လွှတ်ပေးမိတယ်..... ကိုင်း ကျန်တာတော့ ကြည့်ရှုခံစားကြည့်လိုက်ပါဦးလို့   ဘာသာပြန်ကကတော့  Pyae Xein Sett  ဖြစ်ပါတယ်    Qty - Blu ray 720p Duration - 1hr 29min Subtitle - Myanmar Hardsub Gern - ...
movie

Lady Macbeth (2017)

2016
Apprentice (2016) 6.6
Apprentice (2016)  ရုပ်ရှင်နာမည်က Apprentice တဲ့ ...Apprentice ဆိုတာခပ်လွယ်လွယ်ဘာသာပြန်ရင် အလုပ်သင် လို့ ဆိုသော်ငြား အတိအကျပြောရရင်ရှုပ်တယ်ဗျ။ ကျွန်တော်ပဲဝေါဟာရဆင်းရဲတာလားတော့ မသိဘူး။ ဥပမာပေးရရင် ကားဝပ်ရှော့က ကောင်လေးတွေကို Apprentice လို့ခေါ်လို့ရမယ်။ ပညာသင်အလုပ်သမားပုံစံ ... ဆရာက ပညာသင်ပေးရတဲ့အတွက် လစာတော့ လျှော့ပေးထားတာမျိုးပေါ့ .. ဟီး ... A person who is learning a trade from a skilled employer, having agreed to work for a fixed period at low wages ဆိုတဲ့ဖွင့်ဆိုချက်ကပဲ ပိုထိရောက်မယ်ထင်တယ်။Apprentice က စင်္ကာပူ/မလေးရှားရုပ်ရှင်ပါ။ စင်္ကာပူ/မလေးရုပ်ရှင်တွေကိုအထင်မကြီးတဲ့အတွက် တခါမှမကြည့်ဖူးဘူး။ ကိန်းရုပ်ရှင်ပွဲတော်အထိတက်ရောက်အောင်မြင်ခဲ့သလို၊ ဆီလိုအပြစ်ရှာပြောတတ်တဲ့ ဟောလိဝုဒ် ဝေဖန်ရေးသမားတွေကပါ မှတ်ချက်ကောင်းကောင်းတွေပေးထားတာဆိုတော့ ကြည့်ဖြစ်လိုက်တယ်။ဇာတ်လမ်းက ရှင်းလွန်းတယ်။ စစ်သားတစ်ယောက် တပ်မတော်နဲ့ စာချုပ်ပြည့်ပြီးအပြင်ထွက်လာတဲ့အချိန်မှာ ထောင်ကိုအလုပ်ဝင်လျှောက်တော့ အလုပ်ရတယ်။ အဲဒီထောင်မှာ သေဒဏ်ကျအပြစ်သားတွေကို ...
movie

Apprentice (2016)

2016
Suddenly Seventeen (2016) ဘာတွေလုပ်ခဲ့တယ်ဆိုတာ အသိပေးကြပါတယ်...သူမအသက်၁၇ ဖြစ်တဲ့အချိန်မှာတော့ စိတ်တမျိုးနဲ့ ကောင်လေးတစ်ယောက်ကိုချစ်ကြိုက်မိသွားခဲ့ပါတယ်...အဲဒီအတွက်ကြောင့် နောက်ဆက်တွဲအချစ်ရဲ့ပြသနာတွေကို စိတ်ကူးယဉ်ဆန်ဆန်နဲ့ကြုံတွေ့လာရမှာပဲဖြစ်ပါတယ်...ဇာတ်လမ်းတစ်ခုလုံးကိုမရိုးအောင်ကြည့်ရမှာဖြစ်ပြီးတော့သူမစားလာတဲ့ချောကလက်ဟာ နောက်ဆုံး၁ဝခုသာကျန်တော့တဲ့အချိန်မှာတော့ဇာတ်ကားရဲ့အမြင့်ဆုံးအရှိန်ကိုဆွဲခေါ်သွားစေမှာပဲဖြစ်ပါတယ်...ချောကလက်မရှိတော့လို့ အသက် ၁၇ နှစ်အရွယ်ကောင်မလေးက သူချစ်တဲ့ကောင်လေးနဲ့ဆုံနိုင်မလားအသက် ၂၈ နှစ်အရွယ်ကောင်မလေးကကော သူအရမ်းချစ်ရတဲ့ကောင်လေးရဲ့အချစ်ကိုပိုင်ဆိုင်နိုင်မလားဆို ရယ်လည်းရယ်ရ သနားစရာလည်းကောင်းတာမို့အချစ်ကားကောင်းကောင်းလေးနဲ့ ဆန်းဆန်းလေးတွေကို ကြည့်တာကြိုက်တဲ့ပရိတ်သတ်တွေအတွက်စိတ်ကျေနပ်စေမယ့် ကားလေးတစ်ကားလို့ညွှန်းပါရစေ..Quality….1080p WEB-DL Duration…..01:47:00 Format…Mp4 File Size…(765 MB , 342 MB) Encoder…..Moe Myint Lwin Translator…..Khin Chan Myae Tun  
movie

Suddenly Seventeen (2016)

2016
Clash (2016) 7.9
Clash (2016)  ဒီကား​လေးက​တော့ အီဂျစ်​မှာ ဖြစ်​ခဲ့တဲ့ဘာသာ​ရေးဆူပူအုံကြွမှုအ​ကြောင်းရိုက်​ထားတဲ့ 2016 ထွက်​ဇာတ်​ကား​လေးပါဇာတ်​လမ်းအကျဉ်းကို​ပြောရမယ်​ဆိုရင်​​တော့..2011 ခုနှစ်​မှာသမ္မတသက်​တမ်းအနှစ်​၃၀အထိရှိခဲ့တဲ့ အီဂျစ်​​တော်​လှန်​ပုံကန်​မှုကြီးပြီးဆုံးခဲ့ပါတယ်​အဲ့ဒါနဲ့2012 ခုနှစ်​ထဲမှာပဲသမ္မတအသစ်​တင်​​မြောက်​ခဲ့ပါတယ်​ဖြစ်​ချင်​​တော့ သမ္မတက အစ္စလာမ်​ဘာသာဝင်​ပါတီကဖြစ်​​နေပါတယ်​ အဲ့​ဒီ​တော့2013ခုနှစ်​ထဲ​ရောက်​​တော့အီဂျစ်​မှာရှိတဲ့လူ​သန်း​ပေါင်းများစွာကဆန္ဒပြကြ​တော့တာ​ပေါ့သုံးရက်​အကြာမှာပဲ စစ်​တပ်​ကသမ္မတကိုဖယ်​ရှားနိုင်​ခဲ့ပါတယ်​အဲ့မှာစ​တွေ့​တော့တာပဲ ...အီဂျစ်​ပြည်​သူ​တွေကလဲဆန္ဒပြ စစ်​တပ်​ကလဲ​ဖမ်းဆီး​ရေးလုပ်​ ရှိသမျှမွတ်​စလင်​မ်​မှန်​သမျှကလဲ စစ်​တပ်​ကိုတိုက်​ခိုက်​​ပေါ့ .......ဂျာနယ်​လစ်​၂​ယောက်​က​နေစလိုက်​တဲ့ဇာတ်​လမ်းကဘယ်​လို​တွေဆက်​ဖြစ်​မယ်​ဘယ်​လိုရသ​တွေခံစားရမယ်​ဘာသာ​ရေးအစွန်း​ရောက်​တဲ့သူ​တွေ​ကြောင့်ကြားထဲကအပြစ်မဲ့လူသား​တွေပါ​ဘယ်​လို​တောင်​မြေစာပင်​ဖြစ်​ကြရမလဲဆိုတာက​တော့.......  (ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)  File Size : (700 MB) and (400 MB) Quality : 720pBluray Running Time : 1hr 37minutes Format : Mp4 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Xeinn Sett Encode by Thanhtike Zaw
movie

Clash (2016)

2016
Bitcoin Heist (2016) 6.0
Bitcoin Heist (2016)  IMbD Rating 6.0 ရထားတဲ့ဗီယက်နမ် Action/comedy ဇာတ်ကားကောင်းလေးတစ်ခုပါ ဇာတ်လမ်းအကျဉ်းလေးကတော့  ဘစ်ကွိုင်း ဆိုတဲ့ ဒစ်ဂျစ်တယ် ငွေကြေးက ခေတ်စားနေတဲ့ ၂၀၂၀ ခုနှစ်အချိန်လေးပါ၊ ဒါပေမယ့် ဘစ်ကွိုင်းကို တရားမ၀င်ငွေကြေးအဖြစ် သတ်မှတ်ထားကြပါတယ်။ဘာလို့လဲဆိုတာ့ ဒီငွေကြေးကအလွယ်တကူ  အင်တာနက်ပေါ်မှာ ဘဏ်တွေနဲ့ချိတ်ဆက်စရာမလိုဘဲ လွဲနိုင်လို့ပါ၊။ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ခေါင်းစားစေသလို နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း ၀ိညာဉ်ဆိုတဲ့ ဟက်ကာကို အပူတပြင်းလိုက်ရှာဖမ်းနေကြပါတယ်၊ဘာလို့လဲဆိုတော့ ၀ိညာဉ်ဆိုတဲ့ ဟက်ကာ ကွန်ပျူတာတွေကို အွန်လိုင်းကနေ အုတ်ဂူလို့နာမည်ပေးထားတဲ့ဗိုင်းရပ်တစ်မျိုးဖြန့်ပြီး ဘစ်ကွိုင်းငွေကြေးတွေ အကြပ်ကိုင် တောင်းခံနေလို့ပါ ဒီလိုခြေရာဖျောက်ကောင်းတဲ့ ၀ိညာဉ်ဆိုတဲ့ ဟက်ကာကို  ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ဘယ်လိုများနည်းလမ်းတွေနဲ့ ဖမ်းဖို့ကြံစည်ခဲ့သလဲ ဖမ်းမိမှာလဲ လွတ်သွားမှာလဲ ၀ိညာဉ်ကဘယ်သူလဲဆိုတာကိုမထင်မှတ်တဲ့ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ဘယ်လိုဖြစ်သွားသလဲဆိုတာကို စောင့်ကြည့်ုလိုက်ကြပါ  (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ) File Size : (800 MB) and (400 MB) Quality ...
movie

Bitcoin Heist (2016)

2016