Channel Myanmar

2016

My Best Friend’s Wedding (2016) 5.1
My Best Friend’s Wedding (2016) My Best Friend's Wedding (2016)_____IMDb - 5.1/10   ဒီတစ်ခါ ဇာတ်ကားလေးကတော့ IMDb 5.1 ရရှိထားတဲ့ Romance/Comedy Chinese ဇာတ်ကားလေးဖြစ်ပါတယ် အဓိက သရုပ်ဆောင်တွေ အနေနဲ့ Ice Fantasy ဇာတ်ကားထဲက မင်းသား သရုပ်ဆောင် Shaofeng Feng နဲ့ နာမည်ကြီး တရုတ် မင်းသမီး Qi Shu တို့က သရုပ်ဆောင်ထားပါတယ်   ဇာတ်လမ်း အကျဉ်းပြောရရင် ငယ်ငယ်လေးကတည်းက အတူကြီးပြင်းလာရတဲ့ သူငယ်ချင်းနှစ်ယောက် ရှိတယ်။တစ်နေ့ သူငယ်ချင်းကောင်လေးက တစ်ခြား ကောင်မလေးကို လက်ထပ်တော့မယ်လို့ ပြောလာတဲ့ အချိန်မှာ သူငယ်ချင်း ကောင်မလေးက မခံနိုင်ဖြစ်ပြီး သူ့သူငယ်ချင်း ကောင်လေးရဲ့ အချစ်တွေ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မရစေရဘူးဆိုပြီး ကြုံးဝါးကာ ဘာတွေ ဆက်လုပ်မလဲ ဆိုတာတော့ ဇာတ်လမ်းထဲမှာ ထက်ရှူ့စားကြပါလို့..... ဇာတ်ကားလေးက ချစ်စရာကောင်းပါတယ် အတူတူကြီးပြင်းလာတဲ့ သူငယ်ချင်း ကောင်လေးနဲ့ ကောင်မလေးတွေ အတွက် ...
movie

My Best Friend’s Wedding (2016)

2016
One Day (2017) N/A
One Day (2017) မိန်းမသတ်သေသွားတာကိုမြင်ပြီး စိတ်ဒဏ်ရာရနေတဲ့အမျိုးသားတစ်ယောက်ရဲ့စိတ်ဒဏ်ရာတွေကို ကိုမာဝင်ပြီးသတိလွင့်မေ့မျောနေတဲ့ အမျိုးသမီးတစ်ယောက်က ကုစားပေးထားတဲ့အကြောင်းလေးကိုရိုက်ကူးထားပါ ဂန်ဆူးဟာမိန်းမဖြစ်သူသေဆုံးသွားပြီးနောက် စိတ်ဒဏ်ရာအကြီးအကျယ်ရနေခဲ့ပါတယ် အလုပ်ကိုလည်းမသွားတော့ပါဘူး အမျိုးသမီးတစ်ယောက်ရဲ့အမှုကိုလိုက်ဖို့လက်ခံလိုက်ရာကနေ ထိုအမျိုးသမီးရှိတဲ့ဆေးရုံကို သွားရောက်တွေ့ဆုံဖို့သွားခဲ့ပါတယ်။ ဆေးရုံရောက်သွားတဲ့အခါ ထိုအမျိုးသမီးနဲ့တွေ့လိုက်ရပေမယ့် သူတစ်ဦးတည်းသာထိုအမျိုးသမီးမြင်နိုင်ကြောင်းသိလိုက်ရတဲ့အခါမှာတော့ .... (ဘာသာပြန်သူကတော့ idiotMyoKo ပဲဖြစ်ပါတယ်) File Size : 850 MB / 300 MB Quality : HDRip 720P Running Time : 1hr 58minutes Format : Mp4 Genre : Drama,Fantasy Translator : IdiotMyoKo Encoder :Thanhtike Zaw  
movie

One Day (2017)

2016
White Girl (2016) 5.8
White Girl (2016)   အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေးတွေသုံးပြီး လမ်းစပျောက်ပျက်စီးနေတဲ့ ကောလိပ်ကျောင်းသား ကျောင်းသူလေးတွေရဲ့ ဘဝကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူး ထားတဲ့ လိင်အသားပေး ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်။ ငယ်ရွယ်ချောမောပြီး တက်ကြွနေတဲ့ သူငယ်ချင်း ကျောင်းသူလေးနှစ်ယောက် ကောလိပ်တက်ရန်ပြောင်းရွှေ့လာကြပါတယ်။ ပြောင်းလာလာချင်းနေ့မှာပဲ Blue လို့အများကခေါ်တဲ့ ကောင်လေးအုပ်စုနဲ့ စတင်အကျွမ်းဝင်ခဲ့ပါတယ်။ တစ်ကယ်တော့ Blue တို့က ဆေးတွေကိုအမြတ်ကြီးစားပြီး ရောင်းစားနေတဲ့မှောင်ခိုသမားတွေပါ။ Blue တစ်ယောက်ကိုယ်စားလှယ်ဆီကနေ ဘိန်းတွေကို ယူပြီးရောင်းနေချိန်အတောတွင်းလေးမှာပဲ စုံထောက်ရဲက လက်ရဖမ်းမိသွားပါတယ်။ သူငယ်ချင်းအဖြစ်ကိုကြည့်မနေနိုင်တဲ့ လဲ့ က Blue ကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ လဲ့ ရဲ့Blue အပေါ်ကယ်တင်ဖို့ ကြိုးစားအားထုတ်မှု့တွေကို ပရိတ်သတ်ကြီးကပဲ ဆက်လက်အားပေးလိုက်ပါဦး..Quality…..BluRay 1080p Duration…..01:28:00 Format…Mp4 File Size…(646 MB , 323 MB) Encoder…..Raven Translator…..Kin Mu Chi  Download with Yoteshin Link  Download with Openload   Download with Openload (Small Size)   
movie

White Girl (2016)

2016
Silence (2016) 7.2
Silence (2016) Silence (2016) IMDb - 7.2/10_____Rotten - 83%  Liam Neeson နဲ့ Andrew Garfield ပါဝင်တဲ့ ဒီဇာတ်ကားလေးဟာဆိုရင် မိမိတို့ဘာသာ တရားအတွက် မိမိရဲ့ ယုံကြည်မှု့အတွက် အသက် ကိုစွန့်လွှတ် ခဲ့တဲ့ ခရစ်ယာန် ဘာသာဝင်တွေ နဲ့ ခရစ်ယာန် ဘုန်းတော် ကြီးတွေ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Rating 7.2 ရရှိထားတဲ့ ဒီဇာတ်ကားလေး ဟာဆိုရင် ကြည့်ရတာ တော်တော့်ကိုကောင်းမွန် တဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာ တော်တော် ကို အော့နှလုံးနာစရာ အခန်းတွေ ပါဝင်ပေမဲ့ ရက်စက်ကြမ်းကြုတ်တက်တဲ့ လူသားတွေရဲ့ သဘောသဘာဝ ကို ပုံဖော်ပြထားတာကိုပဲခံစားကြည့် ရှု့ဖို့ တောင်းဆိုပါရစေ။ ဇာတ်လမ်း အကျဉ်းကတော့ ၁၇ ရာစု အစပိုင်းမှာ ဂျပန်ကို သာသနာပြုဖို့ အတွက် ဘုန်းတော်ကြီး Ferreira (Liam Neeson) တို့ဟာစေလွှတ်ခြင်းခံခဲ့ရပါတယ်။အစပိုင်းမှာတော့ သူတို့ခရီးစဉ် အောင်မြင် ခဲ့ပြီး နောက်ပိုင်းမှာတော့ ရက်စက်တဲ့ Shogun တွေက သာသနာပြုလုပ်ငန်းတွေကို ဖျက်စီး ဘာသာဝင်တွေကို ဖမ်းဆီး နှိပ်စက် ...
movie

Silence (2016)

2016
Patriots Day (2016) 7.4
Patriots Day (2016) ဒီဇာတ်လမ်းလေးကို ရုပ်ရှင်မကြည့်ခင်မှာပဲအားလုံးသိပြီးကြမှာပါ။ ၂၀၁၃တုန်းကကျင်းပခဲ့တဲ့ Bostonမာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုဖြစ်ပြီး လူတွေသေကြေ ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ကျနော်ကိုယ်တိုင်လည်း ဒီဇာတ်လမ်းကို ၂၀၁၃တုန်းကပဲ DVBကလွှင့်ခဲ့တဲ့ Documentryအတိုလေးကြည့်လိုက်ရပါတယ်။ ဒီတော့ Spoilerတွေဘာတွေသိပ်စိတ်ပူနေစရာမလိုပါဘူး။ ဒီကားကိုအမှန်အတိုင်းပြောရရင် ကျနော်လည်းသိပ်ကြည့်ချင်ခဲ့တာမဟုတ်ပါဘူး။ ဇာတ်လမ်းကသိပြီးသားဆိုတော့ အခွေထွက်တာပဲစောင့်မယ်ကြံခဲ့တာပါ။ ဒါပေမယ့် ရုံသွားကြည့်သူတွေရဲ့Feedbackအရ သိပြီးသားဇာတ်လမ်းကိုပဲ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြသွားပြီး ကြည့်လို့်ကောင်းတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ပဲ ကျနော်လည်းရုံမှာအပြေးသွားကြည့်ခဲ့ပါတယ်။ အားလုံးပြောကြတဲ့အတိုင်း ဇာတ်လမ်းဟာသိပြီးသားဖြစ်ပေမယ့် အလွန်ကိုစိတ်ဝင်စားစရာ ကောင်းလွန်းခဲ့ပြီး နောက်ဆုံးခန်းအထိကို ကြည့်နေတဲ့ပရိသတ်တွေကို ဆွဲခေါ်သွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျနော်မပြောလည်းအားလုံးသိပြီးကြမှာပါ။ 2013,April 15ရက်နေ့မှာ Bostonမြို့မှာကျင်းပခဲ့တဲ့ မာရသွန်ပြေးပွဲမှာ ဗုံး၂လုံးပေါက်ခွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဗုံးဟာ Home-Madeဗုံး လို့ယူဆရပြီးBostonမြို့ခံရဲသား Tommy Saunders(Mark Wahlberg)ကဦးဆောင်ပြီး Commissioner Ed Davis (John Goodman)နဲ့ FBI Special Agent Richard DesLauriers (Kevin Bacon)အတူပူးပေါင်းကာ ဗုံးဖောက်ခွဲသူကိုဖေါ်ထုတ်ကြတာပါ။ ဇာတ်ကားစစချင်းမှာ ဒါရိုက်တာက Characterတွေရဲ့အခန်းတွေကိုဟိုစပ်ဒီစပ်ပုံစံနဲ့ရိုက်ပြသွားပြီး ဗုံးဖောက်ခွဲပြီးနောက်ပိုင်းမှာတော့ ဒီCharacterအားလုံးဟာ ဇာတ်လမ်းထဲတဖြည်းဖြည်းဝင်လာခဲ့ပါတယ်။ Mark Wahlbergရဲ့သရုပ်ဆောင်မှုကတော့ တချက်၂ချက်ထဖောက်တာကလွဲပြီး အတော်ပီပြင်ကောင်းမွန်တယ်လို့ချီးကျူးရမှာပါ။ J.K Simmonsကြီးလည်းအရံအဖြစ်ပါဝင်ခဲ့ပြီး Screen Timeနည်းတယ် ဆိုပေမယ့် ပါရတယ့်အခန်းမှာရအောင်တော့ကြမ်းပြသွားပါသေးတယ်။ (Rogue Oneမှာ Darth Vaderပါလာသမျိုးပါပဲ။) 10 CloverField Laneဇာတ်ကားမှာပါဝင်ခဲ့တဲ့ John Goodmanနဲ့ Tremors နဲ့ Hollow Manဇာတ်ကားတွေထဲက Kevin Baconတို့ရဲ့ ...
movie

Patriots Day (2016)

2016
Leap! (2016) 6.8
Leap! (2016) Leap! (2016)_____IMDb - 6.8/10၁၈၇၉ ခုနှစ် ပြင်သစ်ကို ဇတ်အိမ်တည် အခြေခံရိုက်ကူးထားတဲ့ Animated ကာတွန်းကား Ballerina ထဲက နှစ်လိုဖွယ်မိဘမဲ့ကလေးငယ်လေးရဲ့ အိမ်မက်ဟာ ကချေသည်တစ်ယောက်ဖြစ်လာဖို့ပါပဲ။ ဆံပင်အနီရောင်နဲ့ ကလေးမလေး Félicie (အသံသရုပ်ဆောင် Elle Fanning) ဟာ ဘရစ်တနီက သူတို့ရဲ့မိဘမဲ့ဂေဟာကနေ သူ့အချစ်ဆုံးသူငယ်ချင်း Victor (Dane DeHaan) နဲ့အတူထွက်ပြေးသွားခဲ့ပါတယ်။ သူမရဲ့အိမ်မက်ဖြစ်တဲ့ ဘဲကလေးကချေသည်တစ်ဦးဖြစ်လာဖို့နဲ့ ဗစ်တာကတော့ တီထွင်သူတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ချက်တွေနဲ့ပေါ့။ ပဲရစ်မြို့တော် ။ ကောင်လေးကတော့ နာမည်ကျော် Gustave Eiffel ရဲ့အလုပ်သင် တပည့်တစ်ယောက်ဖြစ်လာခဲ့ပြီး ကောင်မလေးကတော့ လူချမ်းသာမိန်းကလေးတစ်ယောက်ရဲ့နာမည်ကိုယူပြီး ကဇတ်ရုံမှာ ဘဲလေးကချေသည်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကဇတ်ရုံမှာ အကပညာသင်ယူခွင့်ရဖို့ဆိုတာ ငွေကြေးပြည့်စုံတဲ့ အထက်တန်းလွှာဖြစ်ရုံတင် မကပဲကြိုးစားအားထုတ်မူနဲ့မှ ရောက်ရှိနိုင်တဲ့နေရာပါ။ ပျော်ပျော်နေတတ်တဲ့ Félicie ရဲ့ချစ်စဖွယ်အကျင့်လေးကပဲ သူမကိုအောင်မြင်တဲ့ဘဝဆီကို ရောက်ရှိအောင် ကူညီပေးခဲ့တယ်ဆိုရပါမယ်။ သူ့ရဲ့ ချစ်စရာ သူငယ်ချင်းလေး DeHaan ရဲ့ Victor နဲ့အတူပေါ့။ ရယ်စရာလေးတွေလဲ ဟိုနားဒီနားပါပါသေးတယ်။ ဒါပေမဲ့ ဒီနေရာမှာကတော့ မှော်ဆန်တဲ့ ...
movie

Leap! (2016)

2016
Kicks (2016) 6.0
Kicks (2016) IMDb 6.1 ရထားတဲ့ အက်ရှင်ကား ကောင်း တစ်ခု တင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ လူမည်းအများစုနေတဲ့ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင် တစ်ခုကနေ အခြေခံထားတာပါ။ ဘရန်ဒန် ဆိုတဲ့ ၁၅ နှစ်သားလေးဟာ သူအရမ်းလိုချင်တဲ့ Air Jordans ဖိနပ်တစ်စုံကို ခက်ခက်ခဲခဲ ရယူခဲ့ပေမယ့် သူ့လက်ထဲကနေ လူမိုက်အဖွဲ့က အတင်းလုယူသွားခဲ့ပါတယ်။ ဒါတွေကို ပြန်ရဖို့အတွက် သူ့မိတ်ဆွေတွေ အကူအညီနဲ့အတူ အိုကလာဟိုးမားကို ဖြတ်ပြီး အရွယ်နဲ့မလိုက်အောင်ကြမ်းတမ်းတဲ့ မြေအောက်လောကထဲမှာ စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်။ (ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)File Size : 650 MB /250 MB Quality :  Bluray 720P Running Time : 1hr 20minutes Format : Mp4 Genre :    Adventure Encoder : Thanhtike Zaw  Download Here Yoteshin LinkDownload Here Bluray 720p ...
movie

Kicks (2016)

2016
The Age of Shadows (2016) 7.1
The Age of Shadows (2016) The Age of Shadows (2016) IMDb - 7.1/10_____Rotten - 100%  Goblin မှင်စာသတို့သမီးထဲက မှင်စာဦးဦး fans တို့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးပါရစေ။ ။ ဂျပန်တွေ ကိုရီးယားကို အုပ်စိုးစဉ်ကာလကို အခြေခံထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ကိုရီးယားနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးစားတဲ့ခရီးကြမ်းတမ်းပုံ ရင်းခဲ့ရတဲ့ သွေးတွေ ဘဝတွေအကြောင်းကို ဒီဇာတ်လမ်းလေး ကြည့်လိုက်ရင် ခံစားနိုင်မှာပါ။ ။ ဂျပန်အစိုးရအမှုထမ်း ကိုရီးယားလူမျိုး လီချန်ချော(Song Kang-ho)ဟာ အတိုက်အခံပါတီဝင် ငယ်သူငယ်ချင်း လီချန်အုတ်ကို ဆုံးရှုံးလိုက်ရပြီးနောက် စိတ်ပြောင်းသွားမှာလား။ နောက်ပြီး အထက်အမိန့်အရ အတိုက်အခံပါတီဝင် ကင်ဝူဂျင်(Gong Yoo )ကို ချဉ်းကပ်ရာ ဘာတွေ ကြုံတွေ့ရမလဲ။ ဂျပန်အစိုးရနဲ့ အတိုက်အခံပါတီ ဉာဏ်ချင်းယှဉ် ကျားကွက်ရွေ့ ဇာတ်လမ်းမှာ ဘယ်လို အချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားရမယ်ဆိုတာကတော့ ဇာတ်လမ်းလေးကိုသာ ကြည့်လိုက်ပါလို့ ...
movie

The Age of Shadows (2016)

2016
Peelers (2016) 6.9
Peelers (2016) နယ်မြို့လေးတစ်မြို့မှာ ရှိတဲ့ အဖော်အချွတ်အကမယ်လေးဟာဆိုရင် သူရဲ့ အကမယ်တွေနဲ့ တစ်ခြားသူတွေကို ဖုတ်ကောင်တွေရဲ့ ရန်ကနေ ကာကွယ် သွားတဲ့ပုံကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဘလူးဂျင်း ဟာဆိုရင် အကရုံပိုင်ရှင် အဖော်အချွတ်အကမယ် တစ်ယောက်ပါ စီးပွားရေးအခြေအနေ ကြောင့် သူတို့အကရုံကို တစ်ခြားသူလက်ထဲ ထိုးအပ်လိုက်ရပြီး ယုခညဟာဆိုရင် နောက်ဆုံးကပြရမဲ့ညမှာ အဲ့လိုညမှာပဲ ကျောက်ကမီးသွေး တူးသမား တစ်သိုက်ကည်း လာရောက်အောင်ပွဲခံနေကျပါတယ် သူတို့ဟာ ဆိုရင် ရေနံတွေကို မမျှော်လင့်ပဲ တွေ့ရှိခဲ့ရလို့ပါ။ သို့ပေမဲ့ ရေနံဆိုတာ ထက်ကိုပိုနေပါတော့တယ်။ အဲ့ရေနံနဲ့ ထိတွေ့မိတဲ့ သူတွေ အကုန် ဖုတ်ကောင်တွေ အဖြစ်ကို ပြောင်းလဲ သွားပါတယ်။ သူတို့ တစ်ယောက် ချင်းစီ ဖုတ်ကောင်တွေ အဖြစ်ပြောင်းလဲပြီး ကပွဲခန်း ထဲမှာရှိတဲ့သူတွေကို လိုက်သတ်တဲ့အခါ ဘလူးဂျင်း အနေနဲ့ သူ့အကမယ်တွေနဲ့ သူလူတွေကို ဖုတ်ကောင်တွေလက်ထဲက ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ဘလူးဂျင်း ကယ်တင်နိုင်မှာလား ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ရှု့စားလိုက်ကျပါ ခင်ဗျာ ဒီဇာတ်ကားရဲ.အချို.အခန်းတွေဟာ nude အခန်းတွေပါဝင်နေတဲ့အတွက် မိသားစုနဲ.အတူကြည့်လို.အဆင်မပြေပါဖူးခင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အဘဆရာ သာရစ်ပဲဖြစ်ပါတယ်) File Size : 750 MB /260MB Quality :  WEB ...
movie

Peelers (2016)

2016
Ozzy (2016) 5.6
Ozzy (2016) သူ့ရဲ့မိသားစုကအပန်းဖြေခရီးသွားတဲ့အခါ အိမ်ချစ်ခွေးလေးတစ်ကောင်ဖြစ်တဲ့Ozzy တစ်ကောင် ခွေးလေးတွေရဲ့ အကောင်းဆုံးသောအပန်းဖြေရာနေရာတစ်ခုလို့ကြေငြာထားတဲ့နေရာမှနေခဲ့ရပါတယ်....ဘာလို့လဲဆိုတော့ သူ့ကိုပါတစ်ခါတည်းခေါ်သွားလို့မရလို့ပါပဲ....တီဗွီမှာ အကောင်းဆုံးဆိုတဲ့ခွေးလေးတွေရဲ့အကောင်းဆုံးနေရာက တကယ်လည်းရောက်သွားတဲ့အခါမှာထောင်နန်းတစ်ခုသာဖြစ်တယ်ဆိုတာကို ခွေးလေး Ozzy သိလိုက်ရတဲ့အချိန်ကတော့တကယ်ကိုနောက်ကျသွားခဲ့ပြီပဲဖြစ်ပါတယ်....ဘာလို့လဲဆိုတော့ အဲ့ဒီခွေးထောင်လို့ပြောလို့ရမယ် နေရာမှာ သူ့လိုပဲခွေးလေးတွေအများကြီးရှိနေတာမို့လို့ပါ...ခွေးလေးတွေကို ဘာလို့ဖမ်းလဲ....ဘာလို့ဒီလိုချုပ်နှောင်ပြီးထောင်ချထားတာလဲ....အဖြေကတော့ရှင်းရှင်းလေးပါ ခွေးလေးတွေရဲ့ဇိမ်ခံနေရာလို့ကြေငြာထားပြီး ပိုင်ရှင်တွေကလာထားသွားတာနဲ့အကြောင်းအမျိုးမျိုးပြပြီးတော့ ခွေးလေးတွေကို လက်စဖျောက်ကာ ပြန်မပေးပဲထောင်ထဲထည့်တဲ့ ပိုင်ရှင်သူဌေးကြောင့်ပါ....ခွေးလေးကို ခိုင်းပြီးတော့ သူဟာ သူ့ရဲ့အလုပ်တွေကိုခိုင်းစေခဲ့ပါတယ်...အဲ တချို့ခွေးတွေဆို ထောင်ဆိုတဲ့အတိုင်း အရမ်းဆိုးလို့ တိုက်ပိတ်ခံထားရတာတွေတောင်ရှိပါတယ်....စားရတဲ့ ဟာတွေကလည်းတကယ့်ကို မသတီစရာတွေပါ...ဒါကြောင့် အိမ်မှာလိုတရနေပြီး ဇိမ်ကျနေတဲ့ ခွေးလေးOzzy တစ်ကောင်ဒီလိုဆိုးရွားလှတဲ့နေရာမှာရောက်လာတဲ့အခါနေလို့လုံးဝမရခဲ့ပါဘူး....ဘယ်လိုလုပ်ပြီးတော့ပျော်မှာလဲ...ဒီတော့ သူဘာလုပ်မလဲ ???လွယ်ပါတယ်....သူ Prison Break ကားထဲကလို နည်းလမ်းမျိုးစုံခေါင်းက ဉာဏ်ကာလာမျိုးစုံနဲ့ ထောင်ဖောက်တော့မှာပဲဖြစ်ပါတယ်...အဲ့ဒီတော့ ဒီကောင်လေး ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးတော့ ထောင်ဖောက်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည့်လိုက်ရအောင်ဗျာ...ဒီကားလေးကတော့ ခွေးလေးတွေကိုချစ်တတ်တဲ့သူတွေကော တိရိစ္ဆာန်လေးတွေကို ညှင်းပန်းနှိပ်စက်တဲ့သူတွေအတွက်အထူးရည်စူးပြီးတော့ တင်ဆက်ထားတာပဲဖြစ်ပါတယ်..တိရိစ္ဆာန်လေးတွေကို ညှင်းပန်းနှိပ်စက်မှု့တွေ ကင်းဝေးကြပါစေ.....        Quality…..BluRay 1080pDuration…..01:30:00 Format…Mp4 File Size…1.65GB Encoder…..Moe Myint Lwin Translator…..May
movie

Ozzy (2016)

2016
You Lie In April (2016) 8.5
You Lie In April (2016)   ဧပြီလဂျပန်နိင်ငံမှာဆာကူရာပန်းတွေဖွေးဖွေးလှုပ်အောင်ပွင့်နေကြပါပြီမကြာခင်ပန်းပွင့်လေးတွေပြန်လည်ကြွေလွင့်ကြရဦးမှာပါဒီဇတ်ကားလေးဟာဧပြီလကိုအခြေခံထားပြီးဆာကူရာပန်းတွေနဲ့ဇတ်အိမ်တည်ထားတဲ့ဇတ်ကားတစ်ကားဆိုလည်းမမှားပါဘူးမင်းသားကဂျပန်နိင်ငံရဲ့နာမည်ကျော်မင်းသားဖြစ်တဲ့ယာမာဇာကီကန်တိုက ခေါင်းဆောင်ပါဝင်ထားပါတယ် ငယ်ငယ်လေးကတည်းကမိခင်ဖြစ်သူရဲ့သင်ကြားမှုကြောင့်စန္ဒယားကိုကျွမ်းကျင်ပြောင်မြောက်စွာတီးခတ်နိင်သူကိုဆဲအိ(ကန်တို)တစ်ယောက် မိမိဝါသနာပါတဲ့စန္ဒယားကိုစွန့် လွတ်ပြီးဘယ်လိုစခန်းသွားမလဲဘာကြောင့်စန္ဒယားတီးခြင်းကိုစွန့်လွတ်လိုက်ရတာလဲစန္ဒယားနဲ့ကင်းကွာနေတဲ့ကိုဆဲအိအနားကိုမထင်မှတ်ပဲရောက်ရှိလာတဲ့ တယောဆရာမလေးကအိုရီသူကကောဘယ်သူလဲဘယ်ကလဲကအိုရီကိုချစ်မိသွားတဲ့ကိုဆဲအိတစ်ယောက်ကအိုရီတီးခတ်စေချင်တဲ့စန္ဒယား ကိုပြန်လည်တီးခတ်မလားဆိုတာစိတ်ဝင်စားစရာပါငယ်စဉ်ကတည်းကကိုဆဲအိအပေါ်သူငယ်ချင်းထက်ပိုတဲ့သံယောဇဉ်ဖြင့်ချစ်မိနေတဲ့စုဘကိသူ ကကောကိုဆဲအိရဲ့အချစ်ကိုရနိင်ပါ့မလားဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမှာပါဂျပန်မန်းဂကိုအခြေခံထားတဲ့ဒီဇတ်ကားဟာဂျပန်မှာလူငယ်ပရိတ်သတ်တွေကြားသည်းသည်းလှုပ်ဖြစ်သွားတာလည်းမထူးဆန်းလှပါဘူးဒီဇတ်ကားမှာဆာကူရာပန်းတွေရဲ့အလှကိုလည်းခံစားရဦးမှာပါ ထွက်လာတာသိပ်မကြာသေးတဲ့ဒီဇတ်ကားကိုပရိတ်သတ်တွေ အမြန်ကြည့်စေချင်တာကြောင့်အမြန်ဆုံးနဲ့အကောင်းဆုံး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဇတ်ကားရဲ့ အညွန်းကိုသေချာပြောပြနေရင် ဒီဇတ်ကားရဲ့ရသပျက်သွားမှာစိုးရိမ်မိတဲ့အတွက်သေချာ မပြောပြတော့ပါဘူးသေချာတာတစ်ခုကတော့ဒီဇတ်ကားဟာ ရင်ထဲမှာတခုခုကျန်ရစ်ခဲ့စေမယ့်ဘေကုန်ရကျိုးနပ်မယ့်ဇတ်ကားတစ်ကားလို့ထပ်လောင်းပြောကြားရင်း မြန်မာ့နစ်သစ်ကူးအခါသမယသင်္ကြန်အချိန်မှာ အားလုံးဘေးရန်ကင်းရှင်းစွာနဲ့ပျော်ရွင်နိင်ပြီးလိုရာဆန္ဒတွေလည်းပြည့်ဝပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ဘာသာပြန်နဲ့အညွန်းကကိုစိုးထွေးပါဗျDownload Large File Download Small File
movie

You Lie In April (2016)

2016
Boyka: Undisputed (2017) 9.1
Boyka: Undisputed (2017)  မင်းသားကြီး Scott Adkins အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Boyka: Undisputed ရုပ်ရှင်ကားဟာ လေးကားမြောက်လာခဲ့ပြီဖြစ်ပြီး Action ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Boyka ဟာ ကြိုးဝိုင်းထဲမှာ သူ့ရဲ့ပြိုင်ဖက်ကို အလဲထိုးရာမှ မတော်တဆ သတ်မိသလိုဖြစ်သွားခဲ့ပါတယ်။ သူဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းပေါင်းများစွာရဲ့ ဖိအားပေးခြင်းကို ခံနေခဲ့ရပြီး ပြိုင်ဖက်ရဲ့ ဇနီးဖြစ်သူကိုလည်း ပြသနာများအလည်မှာ တွေ့မြင်ခဲ့ရပါတယ်။ ထိုအခါမှာ သူမအတွက် ကြိုးဝိုင်းထဲက ချန်ပီယံအဖြစ် ပြန်လည်ထိုးသတ်ခဲ့ပြီး မဖြစ်နိုင်တဲ့ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ရင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ Tariq L Walker ဖြစ်ပါတယ်)File Size : 900 MB Quality : WebRip 1080P Running Time : 1hr 13minutes Format : Mp4 Genre :   Action Encoder : Tariq L Walker
movie

Boyka: Undisputed (2017)

2016
Fences (2016) 7.2
Fences (2016) Fences (2016) Won 1 Oscar....Another 56 wins & 115 nominations IMDb….7.2/10_____Rotten….92% 2016 ခုနှစ်ထဲမှာ ထွက်ရှိခဲ့ပြီး Oscar တဆု ရခဲ့တဲ့ဇာတ်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားကြီးကIMDb မှာ 7.2 ရထားတဲ့ PG 13 ပါပေးထားပါသေးတယ်Tonry Maxson ဟာရေဆိုးသန့်စင်သမားအဖြစ်Pittsburghမြို့မှာ ၁၉၅၀ ပတ်ဝန်းကျင်က အသက်မွေးခဲ့ပါတယ်သူ့ရဲ့အိမ်မက်ကတော့ တနေ့မှာ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်ဖို့ပါ  ဒါပေမဲ့ ခါးသီးစွာကြုံတွေ့လိုက်ရတာကအမေရိကန် မေဂျာလိဒ်မှာ လူမည်းတွေကို ပါဝင်ခွင့်မပေးတော့ သူဟာသူ့အခွင့်အရေးကိုလက်လွတ်လိုက်ရပါတော့တယ် ဒါပေမဲ့ သူဟာသူမဖြစ်ခဲ့ရတာကို သူ့မိသားစုအပေါ်ဖိအားပေးပြီး သူ့သားကို ကောလိပ်ဘေ့စ်ဘောပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ကြိုးစားပါတော့တယ်ကဲ ပရိတ်သတ်ကြီး ရေ ဘာတွေဆက် ဖြစ်ကြမလဲဆိုတာတော့ကြည့်လိုက်ကြတော့နော် အော်စကာမယ် စံကာတင်စာရင်း ဝင်တယ်ဆိုကတည်း ကကောင်းလို့ပဲနေမှာပါ မွန်းလိုက်ထက်တော့ ကောင်းမှာသေချာပါတယ် .................................  ။ ----------------------------------------------------  
movie

Fences (2016)

2016
[18+] Below Her Mouth (2016) 5.5
[18+] Below Her Mouth (2016) 18+ Lesbian ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ..18+ ဆိုပေမယ့် Drama ဆန်တဲ့ အပြင် ဘဝရဲ့ရွေးချယ်ရပ်တည်မှုတွေ အခက်အခဲတွေကိုလည်းတွေ့ရမှာပါ.. ဒီကားလေးကတော့ Below Her Mouth ဖြစ်ပါတယ်.. Toronto နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ အထူးတင်ဆက်မှူကဏ္ဍမှပြသခဲ့တဲ့ ကားလေးဖြစ်ပါတယ်.. ဒီကားမှာ အဓိက ဇာတ်ဆောင်တွေကတော့ Jasmine နဲ့ Dallas ပါ.. Jasmine က နာမည်ရနေတဲ့ ဖက်ရှင်အယ်ဒီတာတစ်ယောက် ဖြစ်ပြီး သူ့မှာ စေ့စပ်ထားတဲ့ အမျိုးသားလည်း ရှိပါတယ်.. သူ့ဘဝ အတွက် အရာရာ အခြေကျပြီးသားလို့ သူယူဆထားပေမယ့် ကံကြမ္မာဆိုတာ ပုံသေမရှိဘူးဆိုတာကို သူမေ့လျော့နေခဲ့ပါတယ်... သူ့ဘဝပြောင်းလဲဖို့ ဖြစ်လာမယ့်တစ်ညမှာ Dallas ဆိုတဲ့ကောင်မလေးနဲ့ Jasmine အမှတ်မထင် ဆုံတွေ့မိတယ်။ .Dallas က သူ့ကို ရဲရဲတင်းတင်း ချစ်ရေးဆိုခဲ့ပါတယ်.... တစ်သက်လုံး Straight အနေနဲ့ ရပ်တည်ခဲ့တဲ့ Jasmine ဟာ Dallas ကို လက်မခံခဲ့ပါဘူး.. ...
movie

[18+] Below Her Mouth (2016)

2016