Channel Myanmar

2016

Gods of Egypt (2016) 5.4
Gods of Egypt (2016) ရှေးခေတ် အီဂျစ်ပြည်ဆိုတာ အရမ်းကိုကြီးကျယ်ခမ်းနားပြီး ပျော်ဖို့ကောင်းတဲ့တိုင်းပြည်တစ်ခု။နေနတ်မင်းကြီး Ra ရဲ့ သားတော်နှစ်ပါးထဲက Osiris က အုပ်ချုပ်ခဲ့ပြီး ခုတော့ သူ့သားဖြစ်တဲ့ ကောင်းကင်ကိုအစိုးရတဲ့ Horus နတ်ကို ထီးနန်းလွှဲပေးဖို့လုပ်တယ်။ဒါပေမဲ့ Osiris ရဲ့ ညီ Horus ရဲ့ ဦးလေးဖြစ်တဲ့ သဲကန္တာရကိုအစိုးရတဲ့ Seth နတ်မင်းက ထီးနန်းလုတဲ့အတွက် Horus လည်း သူ့ရဲ့ အစွမ်းထက်လှပါတယ်ဆိုတဲ့ All seeing eye (Eye of horus) လည်း အဖြုတ်ခံရပြီး အကျဉ်းသားဖြစ်သွားရတယ်။ထီးနန်းလုတာတင်မဟုတ်ဘဲ အရမ်းကိုရည်မှန်းချက်တွေကြီး ပါဝါအရမ်းမက်နေတဲ့ Seth လက်အောက်မှာ တခြား နတ်မင်းတွေအပြင် လူသားတွေပါ မျိုးပြုတ်မဲ့ကိန်းဖြစ်နေလို့ Bek လို့ခေါ်တဲ့ အညာတရ သူခိုးလေးက ချစ်သူရဲ့ တိုက်တွန်းချက်နဲ့ နတ်မင်းကြီး Horus ရဲ့ မျက်လုံးကို ခိုးပြီး Horus ကိုကူညီပြီး ...
movie

Gods of Egypt (2016)

2016
4K HEVCHDR
Mythica: The Godslayer (2016) 5.6
Mythica: The Godslayer (2016) Mythica: The Godslayer (2016)========================ဒီဇာတ်ကားအကြောင်းကို မပြောခင် ဒီကားဟာ Mythica ခေါင်းစဉ်အောက်မှာ ငါးကားတွဲထွက်ရှိထားတဲ့အထဲကမှ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ Mythica ဆိုတာကတော့ Adventure, fantasy, action ခေါင်းစဉ်အောက်မှာတည်ရှိပြီး adventure fantasy တို့ရဲ့ ထုံးစံအတိုင်း orc, dragon , witch , elf , god အစရှိသဖြင့် အမျိုးစုံအောင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့  လက်ရှိကမ္ဘာမြေဟာ နတ်ဘုရားတွေကို အပြီးတိုင် ချေမှုန်းချင်နေတဲ့ Lich King နဲ့ သူ့ရဲ့ zombie စစ်တပ်ကြီးနဲ့၊ တစ်ဖက်မှာ လူသား၊ နတ်နဲ့ အခြားသောမျိုးနွယ်တွေ စစ်ခင်းနေရတဲ့ကာလ ဖြစ်ပါတယ်။ Lich King နဲ့ သူ့စစ်တပ်ကြီးဟာ ဘယ်မျိုးနွယ်နဲ့မှ အင်အားချင်းမယှဉ်သာအောင် တရိပ်ရိပ်တက်လာလို့နေပါပြီ။ ဒါပေမယ့် Lich King ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နတ်ဘုရားတွေ အကုန်လုံးကို သုတ်သင်ဖို့ရာ ကျိန်စာသင့်နေတဲ့ Marek ဆိုတဲ့ စုန်းမလေးက အဓိကကျတဲ့နေရာမှာ ပါ၀င်နေပါတယ်။ ...
movie

Mythica: The Godslayer (2016)

2016
New Year’s Gift (2016) 7.2
New Year’s Gift (2016) ဒီရုပ်ရှင်ကားလေးဟာ နာမည်ကျော် ရုပ်ရှင်မင်းသား မင်းသမီးများစွာပါဝင်သရုပ်ဆောင်ပေးထားပြီး အကောင်းဆုံး သီချင်းတွေ နဲ့ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...ပိုပြီးထူးခြားတာက မကြာသေးခင်ကမှ နတ်ရွာစံတော်မူသွားတဲ့ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ရေးထားတဲ့ သီချင်းတွေကိုဒီရုပ်ရှင်မှာ ထည့်သွင်း အသုံးပြုပြီး ထည့်ထားလို့ရုပ်ရှင်ကားကို ပိုပြီး အသက်ဝင်စေပါတယ်...နှစ်သစ်ကူးတော့မယ် ဒီဇင်ဘာ လမှာ ဖြစ်ပျက်ခဲ့တဲ့အချစ်ဇတ်လမ်းလေး ၃ ခု ကို ဒီရုပ်ရှင်ကားတစ်ခုထဲမှာ ချိတ်ဆက်ပေးထားပါတယ်...ဒီရုပ်ရှင်ကားထဲက မင်းသမီးလေးတွေကချစ်ဖို့ကောင်းလွန်းလို့ ၂ ခါပြန်တောင် ကြည့်ရပါတယ်မင်းသားတွေဆိုရင်လဲ ATM ရုပ်ရှင်ကားထဲက မင်းသားI Fine..Thank You..Love You ရုပ်ရှင်ကားထဲက မင်းသား တို့ပါဝင်ပါတယ် သူတို့ကတော့ CM Fan တွေ နဲ့ မစိမ်းလောက်ပါဘူးနော်...ကဲပါ ကျနော် ဇတ်လမ်းကို ပြောမပြချင်ပါဘူး ကိုယ်တိုင်ကြည့်လိုက်ပါသင့်ဘ၀ မှာ ကြည့်ရလို့ နောင်တ မရစေမယ့် ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့မေသဇင်စိုး ဖြစ်ပါတယ်.... File size…1.5GB Quality…1080p  Format…mp4 Subtitle….Myanmar (Hard Sub) Encoder….Thit San Khant Translated by May Thazin Soe
movie

New Year’s Gift (2016)

2016
20th Century Women (2016) 7.3
20th Century Women (2016) 20th Century Women (2016) ~IMDb - 7.3/10, RT - 88%, Meta - 83%~20th Century Women ရဲ့ အပေါ်ယံကြောကို ဖြတ်လျှောက်ကြည့်တဲ့အခါ အများအားဖြင့်တော့ ကောင်လေးတစ်‌ယောက်ရဲ့ Coming of Age အခြေအနေကို မြင်ရမှာပေမဲ့ ဒီရုပ်ရှင်ဟာ အဲဒီကောင်လေးကို ဗဟိုပြုပြီး ၂၀ရာစုမိန်းမသားသုံးယောက်ရဲ့ အရွယ်သုံးမျိုးကို ပုံဖော်သွားတယ်။သက်ကြီးပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ အထီးကျန်ခြင်းတွေ၊ သက်လတ်ပိုင်း ၂၀ရာစု မိန်းမသားတစ်ယောက်ရဲ့ ဘဝဒဏ်တွေ၊ သက်ငယ်ပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ လိုအင်တွေကို Coming of Age ဆန်ဆန် Vibe နဲ့ ချိတ်ဆက်ပုံဖော်ထားခဲ့တယ်။ နောက်ပြီး ဆယ်ကျော်သက်သား​လေး ဘဝရဲ့အချိုးအဆစ်အခက်အခဲတွေ၊ မိခင်တစ်‌ယောက်ရဲ့ အတွေးအမြင်တွေကိုင်တွယ်ပုံ​တွေ၊ အသက်ကြီးမှ ကလေးရတာမို့ generation gap ​ကြောင့် သားကို နားလည်​ပေးဖို့ ကြိုးစားတဲ့ သက်ကြီးပိုင်း ...
movie

20th Century Women (2016)

2016
Fanny’s Journey (2016) 7.0
Fanny’s Journey (2016) Fanny's Journey (2016)==================IMDb Rating - 7.0/10တစ်ခါတစ်လေကျ ကိုယ်ကိုယ်တိုင်ကဘာမှမဟုတ်ပေမယ့် ကိုယ့်ကိုအားကိုးနေတဲ့လူတွေကြောင့် သူရဲကောင်းဖြစ်မှန်းမသိ ဖြစ်ခဲ့ရပါတယ်ဆိုတဲ့ စကားလေးလိုပဲ အရမ်းကောင်းတဲ့ ဖြစ်ရပ်မှန်ဇာတ် ကားတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဒီဇာတ်ကားထဲမှာပါ၀င်တဲ့ ဖန်နီဆိုတဲ့ဇာတ်ကောင်လေးဟာ အသက် ၁၃ နှစ်သာရှိသေးပေမယ့် အရမ်းကို သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ပိုင်ရှင်လေးဖြစ်ပြီး အပြင်မှာလည်း တကယ်ရှိခဲ့တာမို့ အရမ်းကိုလေးစားစရာ ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုးမိဘတွေဟာ သူတို့ရဲ့ သားသမီး တွေကို အသတ်မခံရစေဖို့ ဂေဟာတွေမှာအပ်ပြီးတော့ အသက်ဘေးမှ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ အဲဒီ့ထဲမှာ ဇာတ်လိုက်ကျော်ဖန်နီနဲ့ ညီမနှစ်ယောက်ဟာလည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂေဟာ တွေကလည်း အမြဲတစေ ၀င်ရောက်ဖမ်းဆီးခြင်းကိုခံကြရတာမို့ နေရာမျိုးစုံရွှေ့ပြောင်းရင်း ဖန်နီတစ်ယောက် ဂေဟာမှကလေးတစ်သိုက်နဲ့ လွတ်မြောက်ရာနယ်မြေကို အရောက်သွားနိုင်မှာလား၊ သူရဲ့မိဘတွေနဲ့ရော ပြန်လည်ဆုံတွေ့နိုင်မှာလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။တစ်ခါတစ်ရံမှာ လက်တွေ့က စိတ်ကူးယဉ်ထက် ဆန်းကြယ်နေတဲ့သဘောကို သက်သေပြထားတဲ့ ရုပ်ရှင် တစ်ခုဖြစ်ပြီး ၁၃ နှစ်အရွယ်ကလေးငယ်တစ်ယောက်နဲ့ ရက်စက်လှတဲ့စစ်ပွဲရဲ့ အားပြိုင်မှုတွေကို ကြည့်ရှုရမယ့် အရမ်းကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်တာကြောင့် အားပေးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tar Tee Poe ...
movie

Fanny’s Journey (2016)

2016
The Mohican Comes Home (2016) 6.7
The Mohican Comes Home (2016) The Mohican Comes Home (2016) =====================တိုကျိုမှာကျင်လည်ပြီး ၇ နှစ်ကြာမှ မိန်းမနဲ့အတူ မိဘဇာတိမြို့ကိုပြန်လည်တဲ့ မိုဟီကန်ဆံပင်ကေနဲ့ရောခ့်အဆိုတော်တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ် ..အိမ်ပြန်ရောက်သွားချိန်မှာ ရန်သူလိုဖြစ်နေတဲ့အဖေက ကင်ဆာဖြစ်နေမှန်းသိလိုက်ရတော့ အတတ်နိုင်ဆုံးအဖေ့ရဲ့နောက်ဆုံးဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီရုပ်ရှင်က ဟာသကားဆိုပေမဲ့ ဗရုတ်သုတ်ခလုပ်တာတွေ၊ အတင်းလုပ်ယူ‌တာတွေလုံးဝမပါပါဘူး .. သူတို့ခပ်တည်တည်လုပ်ပြနေတာတွေ၊ ပြောနေတာတွေ၊ ဒါရိုက်တာရဲ့သွယ်ဝိုက်ပြီးဇာတ်လမ်းပုံဖော်တာတွေက ရယ်မောနေရပြီး တော်တော်လေးလည်းချီးကျူးစရာကောင်းပါတယ် .. ဆူဆူညံညံဟာသတွေမကြိုက်သူတွေအတွက်တော့ ရုပ်တည်ကြီးနဲ့တလွဲတွေလုပ်ပြတဲ့ ဒီရုပ်ရှင်ကို‌သေချာပေါက်အကြိုက်တွေ့မှာပါ...(ဇာတ်ကားနဲ့အညွှန်းကို Nay Lin Thar မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, 1GB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 2H 5Min Type - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by Y
movie

The Mohican Comes Home (2016)

2016
Miss Stevens (2016) 6.6
Miss Stevens (2016) Miss Stevens (2016) =============တစ်ယောက်ယောက်ကိုများစောင့်နေတာလား...ဇာတ်ကားရဲ့အစမှာ ဆရာမ Miss Stevens ကတော့ ဇာတ်ရုံထဲမှာထိုင်ပြီး ကြေကွဲနေပါတယ်။ ဒီအကြောင်းကတော့နောက်ပိုင်းမှာသိရမှာပေါ့။Miss Stevens က ဘဝမှာ အဆင်မပြေမှုတွေကိုမျိုသိပ်ထားရင်း တာဝန်‌ဝတ္တရားတွေအပြည့် ခေါင်းထဲမှာ‌ထည့်ထားတဲ့ ဆရာမတစ်‌ယောက်ပါ။ တစ်နေ့မှာ သူ့တပည့် သုံးယောက်ကို သရုပ်ဆောင်ပြိုင်ပွဲအတွက် လိုက်ပို့ရပါတယ်။ ဒီ သရုပ်ဆောင်ပြိုင်ပွဲက ဆုရလာမှလည်း ကျောင်းအတွက် အနုပညာ ရန်ပုံငွေပြန်လာရရှိလာမှာဆိုတော့ တပည့်သုံးယောက်ကလည်း အစွမ်းကုန်ကြိုးစားမယ့်ပုံပါပဲ။ခရီးအတွင်း တစ်ညမှာတော့ Miss Stevens ကို Billy က နာမည်အရင်းဖြစ်တဲ့ ရေချယ်ဆိုတဲ့နာမည်ကိုခေါ်မိလိုက်တာရော၊ မာဂေါ့ရဲ့စကားမှားတာတွေရောကြောင့် စိတ်ကွက်သွားပါတယ်။ ဒီတင်မှာ ဘီလီက Miss Stevens အခန်းကိုလိုက်သွားပြီး နှစ်သိမ့်ပေးပါတယ်။ သူနဲ့ Miss Stevensက တစ်ယောက်ကို တစ်‌ယောက် နှစ်သိမ့်ပေးမှအဆင်ပြေနိုင်မယ့် အထီးကျန်နေတဲ့ လူနှစ်ယောက်မှန်း ဘီလီကသိပေမယ့် Miss Stevens ကတော့ဝန်မခံပါဘူး။Miss Stevens အဖြစ် Lily ...
movie

Miss Stevens (2016)

2016
Dangal (2016) 9.2
Dangal (2016) Dangal (သို့မဟုတ်) အောင်မြင်မှုရဲ့ ခရီးကြမ်း"နပန်းသမားတစ်ယောက်က ကွင်းထဲဝင်လာပြီး ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်ဆုတံဆိပ်ရယူပေဖို့အတွက်ပဲ။ဒါပေမဲ့ နိုင်ငံကတော့ နပန်းသမားတွေကို ဘာမှကူညီထောက်ပံမှုမလုပ်ပေးဘူး။"ဒီစကားကိုပြောတာက နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးကယောကျာ်းလေးဖြစ်ရမယ်တဲ့။ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာခဲ့တာ ၄ယောက်မြောက်ထိရောက်လာပေမယ့် အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ဒါပေမဲ့.......တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့ Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး ...
movie

Dangal (2016)

2016
HEVC 1080p
Gantz:O (2016) 7.1
Gantz:O (2016) Gantz: O (2016)_____IMDb - 7.1/10ကဲ အခုတခါတော့အန်နီမေးရှင်းပရိတ်သတ်တွေ အတွက်၂၀၁၆နှစ်ကုန်လောက်မှာထွက်ခဲ့တဲ့ ဇတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အတော် လည်းနာမည်ကြီးခဲ့တဲ့ဇတ်ကားတစ်ကားပါပရိတ်သတ် တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ် သူတစ်ပါးကိုအမြဲကူညီတတ်တဲ့ကတိုဆိုတဲ့လူငယ်လေးတစ်ယောက် တစ်နေ့လူတစ်ယောက်ကိုကူညီရင်းသေဆုံးသွားတဲ့အခါမှာ ဘာဆက်ဖြစ်မလဲကိုယ့်ကိုကိုသေပြီလို့ထင်ထားတဲ့ ကတိုတစ်ယောက်တကယ်တန်းမသေသေးပဲအခန်းလေးတစ်ခန်းကို ရောက်ရှိသွားတဲ့အခါမှာဘာဆက်ဖြစ်မလဲအခန်းလေးထဲက လူတွေကကောဘယ်သူတွေလဲမိမိမူလဘဝကိုပြန်ရောက်ဖို့ဂန်းဆိုတဲ့ကစား ပွဲတစ်ပွဲကိုကတိုကစားရတဲ့အခါမှာ ဘယ်လိုစခန်းသွားမလဲမိမိတို့ရဲ့ကစားပွဲဟာထင်သလို မလွယ်ကူပဲလူ့ဘီလူးကြီးတွေနဲ့တိုက်ခိုက်ရတဲ့အခါမှာ ကောကတိုတို့အုပ်စုအလွယ်တကူတိုက်ခိုက်နိင်မှာလား ကစားပွဲအပြင်ကိုပြန်ရောက်နိင်ပါ့မလား ဒီဇတ်ကားကိုကြည့်ရင်းဂျပန်တွေရဲ့ရုပ်ရှင်ပညာအရည်အသွေးကို သိသိသာသာမြင်နိင်ပါတယ်တိုကျိူလို အိုဆာကာလိုနေရာမျိုးကိုတသွေမတိမ်းတူအောင် ဖန်တီးနိင်တဲ့ကွန်ပြူတာပညာကိုတော့အတော် လေးစားမိပါတယ်လူနဲ့အတော်လေးလည်းတူအောင်ပြုလုပ်ထားတဲ့ အတွက်ပရိတ်သတ်တွေအကြိုက် တွေ့ဦးမယ်လို့ကျွန်တော်ရဲရဲကြီးအာမခံပါတယ် ကျွန်တော်ပြောသလိုဟုတ်မဟုတ်ဆိုတာကတော့ဒေါင်း ကြည့်ပြီးမှဆုံးဖြတ်ကြပါလို့ပြောကြားရင်းကြည့်လိုက်ကြပါဦးလို့(ဇာတ်ကားအညွန်း နဲ့ ဘာသာပြန်ကတော့ ကိုစိုးထွေးပါ) File size…1.12GB / 823MB Quality…1080p HEVC / 720p Format…Mp4 Duration….1h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant
movie

Gantz:O (2016)

2016
HEVC 1080p 5.1
Meet the Blacks (2016) 4.8
Meet the Blacks (2016) Meet the Blacks (2016)=================IMDb Rating - 4.8/10ခင်ဗျားတို့ကို ၁၂ နာရီတိတိ ကြိုက်တာ လုပ်ခွင့်ပေးမယ်? အဲဒီ ၁၂ နာရီအတွင်းမှာ လူသတ်ချင်လည်း သတ်၊ခိုးချင်လည်း ခိုး၊ ဘယ်ဒုစရိုက်မှုမဆို လုပ်လို့ရမှာဖြစ်ပြီး ဘယ်သူကမှလည်း အရေးယူခွင့်မရှိဘူး။ ဒါဆို ဘာလုပ်မလဲဒီလို အချိန်အတိုင်းအတာတစ်ခုနဲ့ လုပ်ချင်တာလုပ်ခွင့်ပေးထားခြင်းကို Purge (သုတ်သင်ခြင်း)လို့ ခေါ်သဗျ။တရားမမျှတသူတွေ မကောင်းတဲ့သူတွေကို လောကကြီးက ရှင်းထုတ်ဖို့ရာ နှစ်စဉ် တရားဝင် သတ်မှတ်ထားတာမျိုးပေါ့ကားလ် ဘလက်ခ်ဆိုတဲ့ လူညစ်ကတော့ ဒီကိစ္စကြီးကို ရှောင်နိုင်ဖို့ သူနေတဲ့ ချီကာဂိုကနေ မိသားစုနဲ့ လစ်ထွက်အရှုပ်ထုတ်တွေချန်ခဲ့ပြီး ဘီဗာလီဟေးဘ်ဆိုတဲ့ လူဖြူတွေချည်းရှိတဲ့ အရပ်ဒေသတစ်ခုမှာ လာအခြေချလေရဲ့။ ကံဆိုးချင်တော့ လူဖြူရပ်ကွက်က လူမည်းကို အလိုမရှိ အတိတ်က နောက်ကြောင်းမရှင်းခဲ့တာတွေကလည်းနေရာသစ်ထိ လိုက်လာ . ၁၂ နာရီတိတိ ရမ်းကားချင်သလို ရမ်းကားလို့ရတဲ့ Purge ဆိုတဲ့ သုတ်သင်ခြင်းနေ့နဲ့တည့်တည့်ကြီး ...
movie

Meet the Blacks (2016)

2016
Fan (2016) 7.0
Fan (2016) မင်းသားကြီး ရှရွတ်ခန်း နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ Action, Drama, Thriller ဇာတ်ကားလေးပါ။နာမည်ကျော်မင်းသားကြီးတစ်ယောက် နဲ့ အဲဒီမင်းသားကို အသည်းအသန်ကြိုက်တဲ့ Hardcore Fan လူငယ်လေးနေရာ နှစ်နေရာကနေ သရုပ်ဆောင်ထားတာပါ။မင်းသားကို ကြိုက်လွန်းလို့ လုံးဝကို ပုံတူကူးပြီး တစ်ထပ်တည်း သရုပ်ဆောင်ပြနိုင်တဲ့အထိကို ရူးသွပ်တာပါ။သရုပ်ဆောင်ပြိုင်ပွဲတစ်ခုမှာ ပထမဆုရခဲ့ပြီး အဲဒီဆုကို သူ့ရဲ့ မင်းသားမွေးနေ့အမီ ပြနိုင်ဖို့ ကြိုးစားပြီး တွေ့ဖြစ်သွားတဲ့အချိန်မှာတော့Idol တွေနဲ့ Fan တွေနဲ့ တွေ့တဲ့ထုံးစံအတိုင်း သူ့ရဲ့စိတ်ကူးထဲက အတိုင်း ဖြစ်မလာဘူးပေါ့။နောက်ထပ် Action တွေ Thriller တွေဆက်ဖြစ်လာတာကို ဇာတ်ကားထဲမှာ ကြည့်ပါတော့။တစ်ယောက်တည်းက လုံးဝ မတူညီတဲ့ ဇာတ်ရုပ်နှစ်ခုကို လုံးဝ သရုပ်ဆောင်နှစ်ယောက် သရုပ်ဆောင်ထားသလို ပီပြင်အောင် သရုပ်ဆောင်ထားတာပါ။အသက်ချင်းထက်ဝက်လောက်ကွာတဲ့ နေရာနှစ်ခုကနေ ပီပြင်အောင် သရုပ်ဆောင်ထားနိုင်တယ်ဆိုတဲ့ ရှရွတ်ခန်းရဲ့ အရည်အချင်းကတော့ထူးချွန်တယ်ဆိုတာထက် ပိုတော်တယ်လို့ ပြောနိုင်ကောင်းပါရဲ့ဒီဇာတ်ကားရဲ့ IMDb Rating ကတော့ 7/10 ...
movie

Fan (2016)

2016
In This Corner of the World (2016) 7.8
In This Corner of the World (2016) ယူရာနို ဆူဇူ........ဆူဇူဟာ စိတ်ကူးယဉ်ပြီး အတွေးလွန်တတ်တဲ့ မိန်းကလေးတစ်ယောက် ပုဲဆွဲတော်သလိုပုံဆွဲရတာကိုလည်း သူကြိုက်တယ် မိသားစုနဲ့အတူ ဟီရိုရှီးမားမြို့မှာနေပြီး ခပ်တည်တည်နေတတ်ပြီးစိတ်ဆက်တဲ့အကိုနဲ့ သွက်လက်ပြီး ချစ်စရာကောင်းတဲ့ ညီမတို့ကြားက ရိုးရိုးအေးအေးနေတတ်တဲ့ ကောင်မလေးပေါ့ သူမအသက် ၁၈ နှစ်ပြည့်တဲ့အချိန်မှာ မိဘတွေရဲ့ စီစဉ်မှုကြောင့် အိမ်ထောင်ပြုခဲ့ရပြီး ရောင်နောက်ဆံထုံးပါဆိုသလိုခင်ပွန်းဖြစ်သူရဲ့ ဇာတိ ရေတပ်အခြေစိုက်ရာ မြို့ဖြစ်တဲ့ ကူရဲယ်မြို့ကို လိုက်နေရပါတော့တယ် ဒုတိယကမ္ဘာစစ်ဖြစ်ပြီးဂျပန်နိုင်ငံမှာလည်း စစ်မီးတောက်လောင်နေတဲ့အချိန်ဖြစ်လို့ ဆူဇူ တစ်ယောက် အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာ၀န်ကျေပွန်ဖို့နဲ့ စစ်ပွဲကြီးအတွင်းမှာ အသက်ရှင် သန်နိုင်ဖို့ ကြိုးစားရပါတော့တယ်.....ဒီ anime ‌လေးဟာ အရင်ခေတ် ဂျပန်မိန်းကလေးတွေရဲ့ ဘ၀နဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ပြည်သူတွေ ခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခတွေကို နူးနူးညံ့ညံ့လေးနဲ့ ထိရှခံစားရအောင် ဖော်ပြထားလို့ anime ကြိုက်သူ မဟုတ်ရင်တောင် ကြည့်ရှုသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ် Translated and ...
movie

In This Corner of the World (2016)

2016
Kung Fu Panda 3 (2016) 7.1
Kung Fu Panda 3 (2016) Kung Fu Panda 3 (2016) IMDb - 7.1/10_______Rotten - 87%  Kung Fu Panda ဆိုရင် မသိတဲ့လူမရှိသလောက်ပဲ ကမ္ဘာမှာအောင်မြင်ခဲ့တဲ့ဒီ Animation ကားလေးဟာ Movie လောကမှာသာမက Game လောကမှာရော ဒိတ်ဒိတ်ကြဲကိုအောင်မြင်ခဲ့ပါတယ်။ 1 နဲ့ 2 ကို ကြည့်ရှုခဲ့ကြပြီး ဇာတ်လမ်းဆုံးသွားပြီထင်နေခဲ့တုန်းမှာပဲ 2015 ခုနှစ်ရဲ့ Movie review တွေမှာ စတင်ကြော်ငြာပါလာခဲ့တော့ အရမ်းကိုမျှော်လင့်ပျော်ရွှင်စောင့်စားခဲ့ရတယ်။ အခုတော့ ကျွန်တော်တို့အချိန် CM အချိန်ရောက်ခဲ့ပြီ။ ဒီဇာတ်ကားဟာ အရင်ကားတွေထက်ပိုအောင်မြင်ခဲ့ပြီး IMDb rating 7.1/10 ထိရရှိအောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုအနည်းငယ်ပဲပြောပြချင်ပါတယ်။ ပိုရဲ့ ဆရာဖိုးဖိုးလိပ် ရဲ့ တိုက်ဖော်တိုက်ဖက် ကိုင် ဟာ ဝိညာဉ်ကမ္ဘာက သိုင်းဆရာတွေအားလုံးရဲ့ စွမ်းအင်တွေကို သိမ်းပိုက်ပြီး လူ့ပြည်ကိုပြန်ဝင်ရောက်လာပါတယ်။ ပြီးတော့ လူ့ပြည်က ဆရာတွေအားလုံးရဲ့ စွမ်းအင် ချီ တွေကိုပါ သိမ်းပိုက်လိုက်ပါတယ်။ ဒါကို တားဆီးနိုင်ဖို့အတွက် ပို တစ်ယောက်လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ပါဘူး။ သူကိုယ်တိုင် ချီရဲ့ အရှင်သခင် ဖြစ်အောင်လုပ်ရပါတော့မယ်။ ဒီအဆင့်ကိုရောက်ဖို့ ဆရာလိပ်က နှစ် ၃၀ လောက် ...
movie

Kung Fu Panda 3 (2016)

2016
HEVC 1080p 5.1
Trolls (2016) 6.7
Trolls (2016) ပျော်ရွှင်မှုဆိုတာ ဘာလဲ??????? အတုယောင်တွေပေါများတဲ့ ယခုခေတ်မှာတော့ စစ်မှန်တဲ့ပျော်ရွှင်မှုက ရှားပါလာပြီ ဟန်ဆောင်အပြုံးတွေ ဟန်ဆောင်နှစ်သိမ့်မှုတွေထဲက ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့ လူသားတွေအတွက်တော့ နည်းပညာပစ္စည်းတွေသုံးပြီး ပျော်ရွှင်မှုတွေကို ရှာဖွေနေရပါတယ်။ ဒါပေမဲ့ နှလုံးသားဆိုတဲ့ စစ်မှန်တဲ့ဖန်တီးမှုမပါတဲ့ နည်းပညာပစ္စည်းတွေက ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုကိုမပေးနိုင်ပါဘူး။ ကျွန်တော်တို့ ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေရမလဲ????မနေ့က မမျှော်လင့်ပဲ ကြည့်မိတဲ့ Trolls ဆိုတဲ့ ဇာတ်ကားလေးအကြောင်းပြောချင်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ရောင်စုံဆံပင်ရှည်လေးတွေရှိတဲ့ Trolls တွေရဲ့ အလုပ်ကတော့ သီချင်းဆိုမယ် ကမယ် တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာပွေ့ဖက်မယ် ဒါသူတို့ရဲချစ်စရာကောင်းတဲ့အလုပ်ပဲ။ ဒီလိုချစ်စရာကောင်းတဲ့ Trolls တွေမှာ ရန်သူတွေရှိတယ် သူတို့က Bergens တွေပဲ သူတို့ရဲ့ပျော်ရွှင်မှုကတော့ Trolls တွေကို စားခြင်းပဲ။ Bergens တွေရဲ့ ရန်ကလွတ်မြောက်ပြီး နှစ်၂၀ ကြာတဲ့အချိန် ကြီးကျယ်တဲ့ပါတီပွဲလုပ်တဲ့ချိန်မှာ Bergans တွေရဲ့ ဖမ်းဆီးချင်းကို ခံရတဲ့ Trolls တွေကို ပြန်လည်ကယ်တင်မယ့်သူက Trolls ...
movie

Trolls (2016)

2016
Sing (2016) 7.3
Sing (2016)    ၂၀၁၆ ရဲ့ အကျော်ကြားဆုံး Animation တွေထဲက တစ်ခု တင်ပေးထားပါတယ်။ Box Office ရဲ့ ထိပ်ပိုင်းမှာနေရာယူခဲ့ပြီး Golden Globe ဆန်ကာတင်ခဲ့တဲ့ ကားပါ။ IMDb 7.2 နဲ့ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်း ရထားခဲ့ပါပြီ။ နာမည်ကြီး အဆိုတော်တွေ ဂန္ဓာဝင်သီချင်းတွေ၊ ကျော်ကြားတဲ့သီချင်းတွေနဲ့ ကောင်းမွန်တဲ့ ဇာတ်အိမ်တစ်ခုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဒေဝါလီခံရခါနီး ဇာတ်ရုံပိုင်ရှင် မွန်းဟာ သူ့ရဲ့ မအောင်မြင်တဲ့ ရှိုးတွေကနေ ဖောက်ထွက်ပြီး ဇာတ်ရုံကို ပြန်အဖတ်ဆယ်ဖို့ အဆိုပြိုင်ပွဲတစ်ခု လုပ်ဖို့စတင်ပါတော့တယ်။ သူပိုင်ဆိုင်သမျှဒေါ်လာ တစ်ထောင်ကို ဆုကြေးအဖြစ်ကြေညာမလို့လုပ်ပေမယ့် စာရိုက်အမှားကြောင့် ဒေါ်လာတစ်သိန်းအဖြစ်ကြေညာမိပြီး တစ်မြို့လုံးက လာရောက် အရွေးခံကြတဲ့အခါ..... သီချင်းကိုရူးသွပ်တဲ့ အိပ်မက်ကိုယ်စီနဲ့ ဝါသနာရှင်တွေ ထွက်ပေါ်လာပါတော့တယ်.....ကလေး ၂၅ ယောက်အမေ အိမ်ထောင်ရှင် ရိုစီတာ...လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့သားပေမယ့် အဆိုတော်ပဲလုပ်ချင်တဲ့ ဂျွန်နီ.....လူလည်အဆိုတော် မိုက်....အသဲကွဲရော့ကာလေး အက်ရှ်...နဲ့ လူအရမ်းကြောက်တဲ့ မီနာတို့ပါပဲ...ဒါပေမယ့် တကယ်မရှိတဲ့ ဆုကြေးအတွက် မွန်းဘယ်လိုဖြေရှင်းမှာလဲ....ဘာမျှော်လင့်ချက်မှ မရှိတဲ့ ရှိုးပွဲမှာ သူတို့ဘဝတွေကရော သီချင်းတွေအတွက် ဘယ်လောက်ပေးဆပ်နိုင်မလဲဆိုတာ..... File Size ...
movie

Sing (2016)

2016
The Great Wall (2016) 5.9
The Great Wall (2016) The Great Wall (2016)_____IMDb...5.9/10   (အက်ရှင်အလန်းစားနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်သည်နှင့်အညီ Blu-Ray 1080p 5.1 CH,720Pတို့ဖြင့် ပြန်လည်တင်ဆက်ထားပါသည်....) Matt Damon ကို ထည့်သုံးထားတာဖြစ်ပါတယ်။ ဒီကားက Song Dynasty (960 ကနေ 1279) ကြား ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်က ယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ်။ဒီကားက Fantasy Si-fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလို မွန်ဂိုတွေရန်ကိုကာကွယ်ဖို့တင်မဟုတ်ပဲ၊ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ်။ Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ်။ ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊ တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ်၊ သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ ...
movie

The Great Wall (2016)

2016
HEVC 1080p 6.1
Terrifier (2016) 5.6
Terrifier (2016) Terrifier(2016)ဒီကားဟာ ပိုးစိုးပက်စက်သတ်ဖြတ်တဲ့အခန်းတွေပါတဲ့ Slasher Horror အမျိုးအစားမို့ အသက်မပြည့်သေးသူတွေနဲ့အသည်းငယ်သူတွေအတွက်မဟုတ်ဘူးလို့ပြောချင်ပါတယ်။ဒါရိုက်တာ၊ဇာတ်လမ်းရေးဆရာ Damien Leone က 2011 တုန်းကသူ့ရဲ့ မိနစ်၂၀စာ ဇာတ်လမ်းတိုTerrifier ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။အဓိကဇာတ်ကောင် Art the clown ဟာ အရင်က All hallows' eve ဇာတ်လမ်း နဲ့ The 9th circle ဇာတ်လမ်းတိုတို့မှာလည်း ပါဝင်ခဲ့ဖူးတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။တယ်ရာနဲ့ ဒေါင်းန် တို့သူငယ်ချင်းနှစ်ယောက်ဟာ ဟောလိုးဝင်းပါတီတစ်ခုကအပြန်မှာ ပီဇာဆိုင်ကိုသွားကြပါတယ်။ဆိုင်ထဲဝင်သွားပြီးမကြာခင် လူပြက်ဝတ်စုံနဲ့လူတစ်ယောက်လည်း ရောက်လာပြီး တယ်ရာကိုကြက်သီးထဖွယ် မျက်တောင်မခတ်စိုက်ကြည့်နေပါတော့တယ်။တော်တော်အရက်မူးနေတဲ့ ဒေါင်းန်ဟာ ထိုလူပြက်ကို ကျီစယ်နောက်ပြောင်ခဲ့ပြီးနောက် သူငယ်ချင်း ၂ယောက်အိမ်ပြန်ဖို့အလုပ်မှာ ကားဘီးပေါက်နေတာတွေ့လိုက်ရပါတယ်။တယ်ရာဟာ အစ်မဖြစ်သူကိုလာခေါ်ဖို့အကူအညီတောင်းပြီး အနီးအနားကဂိုထောင်တစ်ခုထဲကို သန့်စင်ခန်းလိုက်ရှာဖို့ဝင်သွားပါတယ်။ဒေါင်းန်တစ်ယောက်တည်းကားပေါ် ရှိနေချိန် ရေဒီယိုမှာ လူပြက်တစ်ယောက်ဟာ ပီဇာဆိုင်ဝန်ထမ်း၂ဦးကိုရက်ရက်စက်စက်သတ်သွားကြောင်းကို အံ့သြစွာကြားလိုက်ရပြီးနောက်၊ ကားတံခါးဖွင့်သံနဲ့အတူ ကားထဲရောက်လာသူကို သူ့သူငယ်ချင်းတယ်ရာအမှတ်နဲ့ စကားပြောနေရင်း လှည့်ကြည့်လိုက်တဲ့အခါ...  Translated by ; Pyi T NyeinEncoded by YKQuality : 1080p Blu-Rayx264 and 720pFile Size : 1.8GB and ...
movie

Terrifier (2016)

2016
Your Name (2016) 8.5
Your Name (2016) Your Name (2016) =============================== (Kimono Na wa) ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့...အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်..ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ...
movie

Your Name (2016)

2016
The Hunt (2016) 5.1
The Hunt (2016) The Hunt 2016 =============   2016 ထွက် the hunt ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းမှာ မင်းသားကြီး Ahn Sung-Ki နဲ့ Cho Jin-Woong တို့က အဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း မိုင်းတွင်းဟောင်းကြီးရှိတဲ့ တောင်ပေါ်မှာ မြေပြိုကျမှုတွေဖြစ်ခဲ့တယ် အဲ့လိုဖြစ်ပြီးနောက်မှာ ရွှေတုံးကြီး ပေါ်လာခဲ့တယ် ရွှေတုံးမှန်းသိသွားတဲ့အခါ စုံထောက်ဘတ်ဒုံဂွန်းက လောဘတက်ပြီး သူ့ရဲ့ အမဲလိုက်အဖွဲ့နဲ့တူတူ အပိုင်သိမ်းဖို့ လုပ်ကြတော့တယ် သူတို့ ရွှေခိုးဖို့လုပ်နေတုန်း မြေပိုင်ရှင် အဘွားရောက်လာပြီး ငြင်းခုန်ရန်ဖြစ်ကြတယ် အဲ့ကနေ မြေပိုင်ရှင်အဘွား ချောက်ထဲကို ပြုတ်ကျသွားခဲ့တယ် ဒါကိုတောင်ပေါ်မှာ တောလိုက်တဲ့ မုဆိုး မွန်းဂီဆောင်းနဲ့ အဘွားကြီးရဲ့ မြေးတို့ မြင်သွားတဲ့ အခါ....... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော်   File Size –  1.63 GB Quality –  WEB-DL 1080p File Type – mp4 Duration – 1h 33min Translator – Hay Thar Oo Encoder ...
movie

The Hunt (2016)

2016