Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2017
7.2
Columbus (2017)
Columbus (2017) IMDb - 7.2/10_____Rotten - 97% 2017 ခုနှစ်ရဲ့ အလှပဆုံးရုပ်ရှင် Columbus Columbus ရုပ်ရှင်ဟာ ဝေဖန်ရေးဆရာတွေကြားမှာ မှတ်ချက်ကောင်းတွေရရှိခဲ့ပြီး Cinematography အရ အလှပဆုံးရုပ်ရှင်တစ်ကားလို့ပါ သတ်မှတ်ထားကြတဲ့ Indie/Art Film ကားတစ်ကားဖြစ်ပါတယ်။ IMDb 7.2, Rotten Tomatoes 97% ရရှိထားပြီး Archi Major ကျောင်းသူကျောင်းသားတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ကားတစ်ကားပါ။ Columbus မြို့က နာမည်ကျော်ဗိသုကာပညာရှင်တစ်ယောက်ဟာ Coma ဝင်သွားတဲ့အတွက် သူ့ရဲ့သားဖြစ်သူ ဂျင် ဟာ ကိုရီးယားကနေ Columbus ကို ရောက်လာခဲ့ပါတယ်။ ငယ်ငယ်တည်းက အဖေနဲ့သားကြားမှာ ဆက်ဆံရေးအဆင်မပြေခဲ့တဲ့အတွက် ဂျင်ဟာ အဖေ့အနားမှာမနေပဲ ကိုယ့်အလုပ်ကိုသာအာရုံစိုက်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဗိသုကာပညာကို စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးနဲ့ ဂျင်နဲ့ မထင်မှတ်ပဲ ဆုံမိခဲ့ပြီး Columbus မြို့ရဲ့ ဗိသုကာလက်ရာအပြောင်မြောက်ဆုံး နေရာတွေကို အတူတူသွားရောက်လည်ပတ်ပါတော့တယ်။ သူတို့သွားရောက်လည်ပတ်တဲ့ အဆောက်အဦးတွေကနေတဆင့် ဘယ်လိုသင်ခန်းစာတွေယူကြသလဲ၊ ဒီအဆောက်အဦးတွေက သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ဘယ်လိုပြောင်းလဲစေသလဲဆိုတာကို ...
movie
Columbus (2017)
2017
6.0
The Chase (2017)
The Chase ဆိုတဲ့ဇာတ်ကားလေးကတော့ ကွင်းဆတ်လူသတ်မှုလေးတစ်ခုကို လျှို့ဝှက်ချက်တွေနဲ့ဇာတ်အိမ်တည်ထားတဲ့ မှုခင်းကားလေးတစ်ကားပဲဖြစ်ပါတယ်။"လူတစ်ယောက်ရဲ့ အပြင်ပန်းမြင်ရတဲ့စရိုက်ကိုကြည့်ရုံနဲ့ အဲ့လူရဲ့အတွင်းစိတ်ကို အကဲဖြတ်လို့မရပါဘူး"ရှင်းဒုတ်ဆူ ဟာ အများက ငွေဘဲသိတဲ့အဘိုးကြီးလို့သတ်မှတ်ထားကြတဲ့ အပေါက်ဆိုးတဲ့ တိုက်ခန်းပိုင်ရှင်တစ်ဦးပါ။ သား မယားမရှိပဲ တစ်ဦးတည်းဘ၀က်ို အထီးကျန်ကျန်ဖြတ်သန်းနေရတဲ့ ရှင်းဒုတ်ဆူတို့ ရပ်ကွက်မှာ သက်ကြီးရွယ်အိုတွေ သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ သဘာဝအတိုင်းသေဆုံးတယ်ထင်ခဲ့ပေမယ့် သံသယဖြစ်စရာတွေများလာပြီးနောက်ပိုင်း ရှင်းဒုတ်ဆူရဲ့တိုက်ခန်းက ဂျီအွန်းဆိုတဲ့ ကောင်မလေးတစ်ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။လခကို ပုံမှန်မပေးနိုင်ပေမယ့် အလုပ်ကြိုးစားပြီးမိခင်ကိုထောက်ပံ့နေတဲ့ ဂျီအွန်းဟာ ရုတ်တရက်ပျောက်ဆုံးသွားပြီး သူ့အခန်းမှာတော့ သူ့သူငယ်ချင် ဆူယောင်းရဲ့အလောင်းကို ရှင်းဒုတ်ဆူ တွေ့ခဲ့ရပါတယ်။ရှင်းဒုတ်ဆူပိုင်ဆိုင်တဲ့ တိုက်ခန်းကိုငှားနေသူ ချွဲမျိုးနွယ်လူကြီးရဲ့မိတ်ဆွေ ဘတ်ဖျောင်းဒယ်ဆိုတဲ့ စုံထောက်နဲ့ ရှင်းဒုတ်ဆူတွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် ပူးပေါင်းစုံစမ်းရာမှာတော့ ဒီအမှုဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ကွင်းဆက်လူသတ်မှုနဲ့ ထပ်တူကျနေတာ တွေ့ခဲ့ရပါတယ်။လွန်ခဲ့တဲ့နှစ်သုံးဆယ်က လူသတ်တရားခံကို မဖမ်းနိုင်ခဲ့လို့ ယူကြုံးမရဖြစ်နေတဲ့ ဘတ်ဖျောင်းဒယ်တစ်ယောက် ထိုရပ်ကွက်ထဲ မကြာခင်ကပြောင်းလာတဲ့ နာဂျွန်ဟွတ်ဆိုတဲ့ စေတနာဆရာဝန်တစ်ဦးကိုတွေ့တဲ့အခါ သူဟာလူသတ်သမားပဲလို့ ...
movie
The Chase (2017)
2017
8.2
Secret Superstar (2017)
အဆိုတော်တစ်ယောက်ဖြစ် ချင်တဲ့ (၁၄)နှစ်အရွယ် မွတ်စလင်မိန်းကလေးတစ်ယောက်အ ကြောင်းကို ဇာတ်အိမ်တည်ထား ပြီး Aamir Khan၊ Zaira Wasim၊Meher Vij၊ Raj Arjun စတဲ့ သရုပ်ဆောင်တွေ အဓိကပါဝင် ထားတာပါ။အထက်တန်းကျောင်းသူလေးအင်ဆူဟာ စည်းကမ်းတင်းကျပ်လွန်းပြီး အကြင်နာတရားမရှိ တဲ့ ဖခင်ရဲ့ အုပ်ထိန်းမှုအောက် မှာ နေရသူဖြစ်ပြီး သမီးကြီးဆိုပေ မယ့်လို့ မိန်းကလေးတွေကို ဖိနှိပ်တဲ့ အသိုင်းအ၀ိုင်းကဖြစ်တဲ့အ တွက် မျက်နှာသာအပေးမခံရပါ ဘူး။သီချင်းဆိုဝါသနာပါပြီး အ ဆိုတစ်ယောက်ဖြစ်ချင်တဲ့ အင် ဆူရဲ့စိတ်ကူးအိပ်မက်ကို သူ့အမေက နားလည်သဘောပေါက်ပြီး သီချင်းတွေနဲ့ ထိတွေ့ခွင့်ပြုပေမယ့်လို့ သူ့အဖေသိသွားတဲ့အခါ မှာ ဆူဟောက်မာန်မဲခံရသလို အင်ဆူရဲ့ ဂစ်တာလေးပါ ဖျက်ဆီးခံရပြီး သီချင်းဆိုဖို့ကိုလည်း တား မြစ်ပိတ်ပင်ခံရပါတော့တယ်။အဆိုဝါသနာရှင်လေး အင် ဆူဟာ သူ့အဖေဘယ်လောက်ပဲ မာန်မဲရိုက်နှက်ပါစေ သူ့အိပ်မက် ကို အကောင်အထည်ဖော်ဖို့ လုံးဝလက်မလျှော့ခဲ့ပါဘူး။ အိမ်ကနေ မွမ်ဘိုင်းကို ...
movie
Secret Superstar (2017)
2017
6.2
Pitch Perfect 3 (2017)
Pitch Perfect ဆိုတဲ့နာမည်ကြားလိုက်တာနဲ့ အလန်းစားမြူးဇစ်တွေနဲ့ ဇာတ်ကားကောင်းလေးတစ်ကားဆိုတာ ပြောစရာမလိုအောင် သိပြီးသားဖြစ်မှာပါ။ဒီတစ်ခါကားလေးမှာတော့ ဘယ်လာအဖွဲ့ဝင်တွေ အကုန်လုံးကကျောင်းတွေပြီးလို့ ဘွဲ့ရသွားကြပေမဲ့လဲ သီချင်းအတူဆိုရဖို့ကို အမြဲလိုချင်နေခဲ့ကြတာပါ။ဒီလိုနဲ့ ပြန်ဆုံတဲ့ပွဲမှာ သီချင်းဆိုရမယ်အထင်နဲ့ သွားခဲ့ကြပေမဲ့ မဆိုရလို့ ကြိမ်မနိုင်ခဲမရဝမ်းနည်းခဲ့ရပြီး မရရတဲ့နည်းနဲ့ သီချင်းအတူဆိုကြဖို့ကြိုးစားခဲ့ကြပါတယ်။ဒီတစ်ခေါက်သူတို့အဖွဲ့ သီချင်းဆိုရတဲ့ နေရာကတော့ ခါတိုင်းနဲ့မတူဘဲ စစ်တပ်ထဲက စစ်သားတွေကို ဖျော်ဖြေရတဲ့ပွဲမှာပါ။ဒီပွဲမှာ ဆိုခွင့်ရခဲ့ပေမဲ့လဲ ထုံးစံအတိုင်း အပြိုင်အဆိုင် အခက်အခဲတွေနဲ့ ကြုံခဲ့ရပုံတွေကို ပေါ့ပေါ့ပါးပါးလေး ရိုက်ကူထားတာဖြစ်ပါတယ်။I am the one သီချင်းကို ဂျက်စတင်ဘီဘာနဲ့တွဲဆိုခဲ့ပြီး billboard မှာနာမည်အရမ်းကြီးခဲ့တဲ့ ဒီဂျေကားလက်လဲ ဒီကားလေးထဲမှာ ပါဝင်ထားပါသေးတယ်။နောက်ထပ် ထူးခြားတာတစ်ခုက အဖွဲ့ဝင်တွေရဲ့ မိသားစုbackground အကြောင်းလေးတွေပါ စိတ်ဝင်စားဖွယ် ထည့်သွင်းရိုက်ကူးထားလို့ အရင်ကားတွေလိုပဲ ပရိသတ်တွေကို သေချာပေါက် ဆွဲဆောင်နိုင်မယ့် ကားကောင်းလေးတစ်ကားပါပဲ။ File Size : (800 MB) Quality : Blu-Ray 720p Running ...
movie
Pitch Perfect 3 (2017)
2017
8.2
Paddington 2 (2017)
ဘရောင်းမိသားစုနဲ့အတူ လန်ဒန်မှာ အခြေချနေထိုင်တဲ့ ဝက်ဝံလေးပက်ဒင်တန်ဟာ ဘာ လုပ်လုပ် အလွဲလွဲအချော်ချော် ဖြစ်ပေမယ်လို့ လူတိုင်းကိုကူညီလို စိတ်ရှိတဲ့အတွက် ချစ်ခင်သူများပါ တယ်။ ဘရောင်းမိသားစုမှာလည်း အိုလံပစ်ယာဉ်မောင်းဖြစ်ဖို့ ကြိုး ပမ်းနေတဲ့ မေရီ၊ ရာထူးမတိုးသေး တဲ့ ဟင်နရီ၊ ချစ်သူနဲ့လမ်းခွဲလိုက် တဲ့ ဂျူဒီ၊ အရွယ်ရောက်လာတဲ့ ဂျိုနသန်စတဲ့ အပြောင်းအလဲ များစွာနဲ့ပါ။ တစ်ရက်မှာတော့ အန်တီ လူစီရဲ့ အသက်ရာပြည့်မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ဆင်မြူရယ်ဂရူဘာရဲ့ ရှေး ဟောင်းပစ္စည်းဆိုင်က Pop Up စာအုပ်လေးဝယ်ပေးဖို့ စိတ်ကူး ထားတာကြောင့် ပက်ဒင်တန်ဟာ အလုပ်မျိုးစုံလုပ်ရင်း ငွေစုခဲ့ပါ တယ်။ ပိုက်ဆံပြည့်တဲ့နေ့မှာ စာ အုပ်သွားဝယ်ရင်း သူဝယ်မယ့် စာအုပ်သူခိုးခိုးသွားတာ တွေ့ပေ မယ့်လို့ ပက်ဒင်တန်ဟာ စာအုပ် သူခိုးအဖြစ် မှားယွင်းစွပ်စွဲခံရပြီး သက်သေမပြနိုင်တဲ့အတွက် အ ဖမ်းခံခဲ့ရပါတယ်။ဘရောင်းမိသားစုကလည်း ပက်ဒင်တန် ...
movie
Paddington 2 (2017)
2017
6.2
Pwera Usog (2017)
"မကောင်းဆိုးဝါးရန်မှ ကင်းဝေးပါစေ""Pwera.Usog."ဖိလစ်ပိုင် စုန်းသရဲကားလေးပါJeanဆိုတဲ့ကောင်မလေး မှာ အလွန်အတွဲညီတဲ့ Bobby နဲ့ Val ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ်Jean ရဲ့ ရည်းစားဟောင်းးကတော့ Sherwin ဆိုတဲ့ ခပ်အေးအေး လူငယ်လေးပါပဲသူတို့ဟာ လူအများကိုစိတ်အနှောင့်ယှက်ဖြစ်စေတဲ့ ထူးဆန်းတဲ့နောက်ပြောင်မှုတွေလုပ်ပြီး ဗီဒီယိုရိုက်ကာ Facebook ပေါ်တင်ကာ ၀င်ငွေရှာလေ့ရှိပါတယ်ဒါကို သူမ ဖခင်က တားမြစ်တဲ့ခါ -----Quintin ဆိုတဲ့ ကောင်လေးနဲ့ Luna ဆိုတဲ့ကောင်မလေးတို့ဟာ အိမ်ခြေရာခြေမဲ့ သူတောင်းစားလေးတွေပါတစ်နေ့မှာ Luna ဟာ ထူးထူးဆန်းဆန်းတွေပြုမူခဲ့ပြီး ကောင်လေးးနဲ့ဝေးရာကို ထွက်သွားခဲ့ပါတယ်Jean နဲ့ သူ့သူငယ်ချင်းတစ်စု ကားလျှောက်စီးးရင်းး အဆောက်အဦးပျက်ကြီးတစ်ခုဆီရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုအဖြစ်ဆိုးတွေနဲ့ကြုံရမလဲ့Quintin တစ်ယောက် သူငယ်ချင်းမလေး Luna နဲ့ ပြန်လည်ဆုံတွေ့ခွင့်ရှိပါ့မလားးတိုးတက်နေတဲ့ခေတ်မှာ တခြားသူအနှောက်အယှက်ဖြစ်အောင် ဗရုတ်ကျကျနောက်ပြောင်ပြီ့း  ဗီဒီယိုဖိုင်တွေရိုက်တတ်တဲ့ လူငယ်တစ်စုအတွက် အဖြစ်ဆိုးတွေနဲ့အတူ မိမိကိုယ်ကိုပြုပြင်နိုင်လောက်တဲ့ တစ်ဘ၀စာ သင်ခန်းစာတွေပေးသွားတဲ့ဖြစ်ရပ်လေးအကြောင်း အံ့သြထိတ်လန့်ဖွယ်ရာ ဇာတ်ဝင်ခန်းတွေနဲ့အတူ ဒီဇာတ်ကားလေးကို ဆက်လက်ခံစားကြည့်ကြပါဦးနော် (ဇာတ်လမ်းအညွှန်းနဲ့ ...
movie
Pwera Usog (2017)
2017
5.2
The Lodgers
The Lodgers (2017) ကို ဒါရိုက်တာ Brian O'Malley ရိုက်ကူးထားပြီး IMDb 5.2 ရရှိထားပါတယ် Drama in Horror နဲ့ Horror in Drama ကို အဓိကထားပြီး နှိုင်းယှဉ်ဖော်ပြထားတာပါ ဇာတ်လမ်းအကျဉ်းကို note ထုတ်ကြည့်တဲ့အခါ -1920 ပထမကမ္ဘာစစ်ကြီး ပြီးခါစအချိန် -အိုင်ယာလန်ဆင်ခြေဖုံးရွာလေးတစ်ရွာ - အထည်ကြီးပျက်အင်္ဂလိပ်မိသားစုရဲ့အိမ်အိုကြီး - အမွှာမောင်နှမများဖြစ်တဲ့ ရေချယ်နဲ့အက်ဒ်ဝပ် - မျိုးရိုးစဉ်ဆက်လိုက်နာခဲ့တဲ့ စည်းကမ်း ၃ ချက် *ညသန်းခေါင်ချိန် အခန်းထဲမှာနေရန် *သူစိမ်းတွေအိမ်ထဲ ပေးမဝင်ရန် * *တစ်ယောက်နဲ့တစ်ယောက် ခွဲခွာမသွားကြရန်* စည်းကမ်းချက်တွေက ကလေးဘဝတလျှောက် အဆင်ပြေခဲ့ပေမယ့် အရွယ်ရောက်လာတော့ အဆင်မပြေဖြစ်လာကြတယ် စည်းကမ်းချက်တွေက ဘယ်ကိုတွန်းပို့နေသလဲ ဆိုတာ နှစ်ဦးစလုံးသဘောပေါက်လာကြတယ် တစ်ဦးကကျိန်စာလို့မြင်ပြီး ရုန်းထွက်ချင်သူ နောက်တစ်ဦးကဆုလာဘ်လို့မြင်ပြီး မိဘတို့လမ်းစဉ်လိုက်လိုသူ အပျိုဖြန်းကလေး ရေချယ် မြင်မြင်ချင်း တွေကနဲငေးကြည့်မိတဲ့ စစ်ပြန်ဒုက္ခိတကိုလူချော ရေချယ့်နှလုံးသားထဲ ထိုသူဝင်ရောက်လာတဲ့ အခါမှာတော့....... ဝုန်း ဒိုင်း ...
movie
The Lodgers
2017
7.1
Steel Rain (2017)
ဒီဇာတ်ကားလေးမှာ နိုင်ငံရေးလှည့်ကွက်တွေ၊ ကွန်မြူနစ်နဲ့အရင်းရှင်ကွာခြားမှုတွေ၊ လူသားဆန်မှုတွေ စတာတွေကို အချိတ်အဆက်မိမိ ရိုက်ပြထားပါတယ်တောင်နဲ့မြောက်ဆိုပြီး တိုင်းပြည်ကွဲနေပေမယ့် ကံအကြောင်းတိုက်ဆိုင်ပြီး သက်ဆိုင်ရာအစိုးရဆီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နာမည်တူလူနှစ်ယောက်ကွက်ချိုလ်ယူနဲ့ အွမ်ချိုလ်ယူမြောက်ကိုရီးယားမှာ သုတ်သင်ရှင်းလင်းရေးဖြစ်ပြီး နံပါတ်တစ်ခေါင်းဆောင် လုပ်ကြံခံရပါတယ်ဒါပေမယ့် အွမ်ချိုလ်ယူတစ်ယောက် ကယ်တင်ပြီး တောင်ကိုရီးယားဖက်ထွက်ပြေးသွားပါတယ်နံပါတ်တစ်ခေါင်းဆောင်တစ်ယောက် အသက်ရှင်နိုင်ပါ့မလား.......အွမ်ချိုလ်ယူတစ်ယောက် သူနဲ့နာမည်တူတဲ့လူနဲ့ ဘယ်လိုများသွားဆုံမလဲ.......သုတ်သင်ရှင်းလင်းရေးကရော တောင်နဲ့မြောက်ဆက်ဆံရေးကြား ဘယ်လိုရှုပ်ထွေးလာစေမလဲမဟာမိတ်နိုင်ငံတွေကရော ဘယ်လိုပါဝင်ပက်သက်ကြမလဲတောင်နဲ့မြောက် ချစ်ကြည်ရေးပြန်လည်တည်ဆောက်နိုင်မလား ပိုဆိုးရွားသွားမလားဒီဇာတ်ကားက နိုင်ငံရေးဇာတ်ကားဆိုပေမယ့် ကိုရီးယားကားပီပီ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ပြီး ပျင်းစရာမကောင်းပါဘူူးIMDB Rating ကလဲ 7.2/10 ရထားတာဆိုတော့ ဇာတ်ကားကောင်းဖြစ်တယ်ဆိုတာ ငြင်းစရာမလိုတော့ပါဘူးနော်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)နဏဖတ်ခဲ့သည်။File Size : (0.99 GB) Quality : WEBRip 720p Running Time : 2hr 19min Format : Mp4 Genre :Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source :1080p NF ...
movie
Steel Rain (2017)
2017
6.6
Small Town Crime (2017)
အလုပ်တစ်ခုကို ပုံမှန်လုပ်နေပေမယ့် ဖြစ်လာတဲ့အကျိုးဆက်က ဆိုးကြိုးတွေများနေရင်တော့ ရလဒ်ကမကောင်းပါဘူးရဲအရှိ မိုက်တစ်ယောက်လည်းဒီလိုပဲ...ဖြစ်ရပ်တစ်ခုမှာ ဆိုးကြိုးတွေများတဲ့အတွက်ကြောင့် ကြီးမားတဲ့ပေါ့ဆမှုလို့ခေါင်းစဉ်တပ်ခံလိုက်ရပြီး တာဝန်ကရပ်ဆိုင်းခံလိုက်ရတယ်....သူဟာ အရပ်သားဖြစ်ပြန်ပြန်တော့ အပြင်လောကမှာ သိပ်အံမ၀င်ချင်...ရဲဝန်ထမ်းကောင်းမဟုတ်တောင်မှ သူဟာ ဆိုးယုတ်မှုတွေကိုမျက်ကွယ်ပြုတ်တတ်သူမဟုတ်..ဒီလိုနဲ့ ပြည့်တန်ဆာမလေးတစ်ယောက် အသတ်ခံရတဲ့အမှုမှာ ဝင်ပတ်သက်မိသွားတယ်...သူပတ်သက်မိတဲ့ လူသတ်မှုနောက်ကွယ်မှာ မဟာအရှုတ်တော်ပုံကြီးရှိနေတာ အသိနောက်ကျသွားတယ်...ကိုင်း သူဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ အမိုက်စား actionခန်းတွေ စွန့်စားခန်းတွေနဲ့ ရင်တထိတ်ထိတ်နဲ့ကြည့်လိုက်ပါဦး။ ။ File Size : (750 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 31min Format : Mp4 Genre :Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-MT Translated by Lex Luthor Encoded by
[email protected]
movie
Small Town Crime (2017)
2017
5.3
Midnighters (2018)
2018 ခုနှစ်ထွက် Midnighters ဆိုတဲ့ Horror ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်ကားလေးက သဲထိပ်ရင်ဖို ကြိုက်တဲ့ပရိတ်သတ်တွေအကြိုက်တွေ့မယ့်ပုံလေးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ညသန်းခေါင်ယံ နှစ်သစ်ကူးညမှာယုံကြည်မှုအားလုံးရဲ့ ဘ၀တစ်ခုဟာ စတင်ပါတယ် ဂျက်ဖ် နဲ့ လင်ဆေးဟာ လင်မယား တွေပါ တစ်ရက်မှာ သူတို့ဟာ စမ်းသပ်မှုတစ်ခုကို လုပ်ခဲ့ကြပြီးတော့ သူတို့မထင်မှတ်ထားတဲ့ မှုခင်းတစ်ခုကို ကျူးလွန်မိသွားပါတယ် ဒီလင်မယား သူတို့ကျူးလွန်လိုက်တဲ့ပြစ်မှုကို ဘယ်လိုဖုံးကွယ်မှာလဲ ပြီးတော့ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့ ပရိတ်သတ် ကြီးကကြည့်ကြရမှာပါ ?Qty - 720p Web DLDuration - 1hr 45minGern - Horror/Crime/ThrillTranslator - Myo Thant KyawEncoder - Kyaw Ye Aung
movie
Midnighters (2018)
2017
5.2
Simran (2017)
Simran (2017) IMDb - 5.2/10_____Rotten - 70% Simranရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၇ခုနှစ်ကထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Imdb rating 5.2 ရရှိထားပြီး Kangana Ranaut,Sohum Shah,Hiten Kumar တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ ပရိသတ်တို့သာ ငွေကြေးအခက်အခဲ ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လို ဖြေရှင်းကြမလဲ။ မုန့်ဖိုးလိုတာဆိုရင်တော့ အလုပ်ခဏထွက်လုပ်ရုံပဲလေ။ ခုကားမှာကျတော့ ကိန်းကြီး လိုအပ်နေတာဗျ။ ပြီးတော့ ဒီကားမှာက အိမ်ထောင်ကွဲအမျိုးသမီးဆိုတော့ငွေလိုလာတဲ့အခါ တော်တော် ဒုက္ခတိုးရတယ်ဗျာ။ အဲ့လိုနဲ့ လမ်းမှားရောက်ပြီး လမ်းပျောက်သွားတဲ့ မိန်းမတစ်ယောက်နဲ့ ဇာတ်လမ်းက ဘဝသရုပ်ဖော် ပီသလာတယ်ဗျာ။ ဇာတ်လမ်းကလည်း တစ်ခန်းပြီးတစ်ခန်း ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရမယ့် ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကွာရှင်းထားတဲ့တစ်ခုလပ်တစ်ယောက်ဖြစ်သူ Pratful Patel ဟာ မိဘတွေနဲ့အတူနေထိုင်ရင်း သူမပိုင်အိမ်တစ်လုံးဝယ်ဖို့ကြိုးစားနေသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ဖခင်ဖြစ်သူနဲ့ရန်ဖြစ်ပြီး Las Vegas ကိုထွက်သွားပါတော့တယ်။ Las Vegasမှာ လောင်းကစားလုပ်ရင်း အစပိုင်းမှာအနိုင်ရရှိခဲ့ပေမယ့်နောက်ပိုင်းမှာအရှုံးကြီးရှုံးပါတော့တယ်။ တဖြည်းဖြည်းနဲ့လောင်းကစားစွဲသွားတဲ့သူဟာ ရှိသမျှပိုက်ဆံအကုန်ကုန်ရုံတင်မက ငွေတိုးချေးစားတဲ့သူတွေဆီကနေပိုက်ဆံချေးလောင်းကစားလုပ်ခဲ့ပါတယ်။ အကုန်ရှုံးပြီးတဲ့နောက်မှာ အကြွေးပြန်ဆပ်ဖို့အတွက် ဘဏ်ဓားပြတိုက်တဲ့သူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဒီကြားထဲ အကြပ်အတည်းဆိုက်နေတဲ့သူမဟာ အချစ်သစ်နဲ့ဆုံစည်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမဲ့သူ တစ်ကယ်ပဲ အချစ်သစ်နဲ့လက်တွဲသွားရမှာလား...... သူမလုပ်ခဲ့တဲ့ဒုစရိုက်မှုတွေပေါ်သွားမှာလား..... အဆုံးသတ်မှာ ဘယ်လိုနိဂုံးချုပ်ရမလဲဆိုတာ ပရိသတ်တွေပဲကြည့်လိုက်တော့နော် File Size : (900 ...
movie
Simran (2017)
2017
7.6
I Can Speak (2017)
ဒီတစ်ခါတော့ IDM Rating 7.6 အထိရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့တောင်ကိုရီးယားဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကား rating အရအရမ်းကောင်းနေလို့စပြီးဘာသာပြန်လိုက်တော့ဇာတ်လမ်းကဒီလောက်ကြီးလည်းဘာမှမဟုတ်ဘူးထင်နေတာပေါ့။နောက်ပိုင်းဆက်ပြီးကြည့်တော့မှတဖြည်းဖြည်းနဲ့ဘာကြောင့်မှန်းမသိပိုပြီးစိတ်ဝင်စားလာမိတယ်။အဓိကအကြောင်းရင်းကဇာတ်ကောင်မင်းသမီးကြီးရဲ့စိတ်ထဲမှာဘယ်လိုတွေဖြစ်နေလဲဆိုတာကိုသိချင်လာမိလို့ပါ။ဇာတ်ကားအဆုံးထိကြည့်ပြီးမှမင်းသမီးကြီးရဲ့ခံစားချက်ကိုနားလည်လာခဲ့လို့ပရိတ်သတ်ကြီးလည်းအဆုံးထိခံစားကြည့်ရှုလိုက်ကြပါ။အော်ဒါနဲ့ဒီကားကတောင်ကိုရီးယားမှာဆုတံဆိပ်ပေါင်း ၁၂ဆုအထိရရှိထားတဲ့ကားလေးနော်။ဇာတ်လမ်းအစမှာတော့ပတ်မင်ဂျေးလို့ခေါ်တဲ့ဝန်ထမ်းပေါက်စလေးတစ်ယောက်ဆိုးလ်မြို့ကခရိုင်အုပ်ချူပ်ရေးမှူးရုံးကိုတာဝန်ပြောင်းရွှေ့ထမ်းဆောင်ရင်းနဲ့စထားပါတယ်။ပတ်မင်ဂျေးကအလုပ်လည်းကြိုးစားသလိုအင်္ဂလိပ်စာကိုလည်းကျွမ်းကျွမ်းကျင်ကျင်နဲ့ပြောဆိုနိုင်တဲ့လူတော်တစ်ယောက်ပါ။ခရိုင်ရုံးမှာအလုပ်လုပ်ရင်းအများအကျိုးအတွတ်ကိုယ်ကျိုးမဖက်လုပ်ဆောင်ပေးနေသူနာဘုတ်အွန်းအဘွားနဲ့စတင်တွေ့ဆုံခဲ့ရပါတယ်။နာဘုတ်အွန်းကရပ်ကွက်မှာဖြစ်နေသမျှကိစ္စအားလုံးတိုင်ကြားတာကိုပတ်မင်ဂျေးဘက်ကလည်းအကောင်းဆုံးဖြေရှင်းဖို့ကြိုးစားရပါတော့တယ်။နာဘုတ်အွန်းမှာလည်းခလေးဘဝတည်းကကွဲကွာခဲ့ရတဲ့မောင်လေးတစ်ယောက်ရှိပါတယ်။သူ့မောင်လေးကလက်ရှိအမေရိကန်မှာနေတာကိုတွေ့ဖို့အရာရှိပေါက်စပတ်မင်ဂျေးဆီမှာအင်္ဂလိပ်စာသင်ဖို့အကူအညီတောင်းခဲ့ပါတယ်။ပတ်မင်ဂျေးလည်းလက်ခံခဲ့ပြီးတဲ့နောက်နာဘုတ်အွန်းလည်းအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ပြောဆိုလာနိုင်တဲ့အချိန်မမျှော်လင့်တဲ့အဖြစ်အပျက်တွေပေါ်ပေါက်လာပါတယ်။အဲ့အဖြစ်အပျက်တွေကဇာတ်လမ်းကိုလုံးဝဖမ်းစားလိုက်တာပါ။အဲ့အဖြစ်အပျက်တွေကြောင့်ပဲဇာတ်လမ်းကြည့်ရှုတဲ့သူတွေပထမအစထင်ထားသလိုမျိုးမဟုတ်တော့ဘဲလုံးဝမတူကွဲပြားတဲ့ဇာတ်လမ်းတစ်ပုဒ်ကြည့်ရှုရသလိုဖြစ်သွားစေမှာပါ။အဲ့အဖြစ်အပျက်တွေကဘာတွေလဲဆိုတာကိုတော့ဇာတ်လမ်းအဆုံးထိစောင့်ကြည့်လိုက်ရအောင်ပါ။သေချာတာတစ်ခုကတော့ဒီဇာတ်ကားကြည့်ပြီးရင်လူတိုင်းအတွေးတစ်ခုဝင်လာပါလိမ့်မယ်။နာဘုတ်အွန်းအဘွားနေရာမှာကိုယ့်အဘွား၊ကိုယ့်အမေ၊ကိုယ့်အစ်မ၊ကိုယ့်ညီမသာဆိုရင်ဘယ်လိုခံစားကြမလဲ။ဒီလိုမျိုးခံစားရမှုတွေကိုကိုယ့်ကြောင့်နဲ့တစ်ခြားမိသားစုဝင်တွေခံစားစေချင်ပါသလား။ပရိတ်သတ်ကြီးပဲဆုံးဖြတ်ပေးကြပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကိုနေမျိုးပါ) File Size : (900 MB) and (355 MB) Quality : Blu-Ray 720p Running Time : 1hr 59min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264 DTS-FGT Translated by Nay Myo Encoded by Thanhtike Zaw
movie
I Can Speak (2017)
2017
6.4
Gintama (2017)
၂၀၁၇ ခုနှစ်မှာထွက်ရှိထားတဲ့Live action လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးက ဂျပန်မှာ အောင်မြင်မှုရရှိထားတဲ့Gintama ဆိုတဲ့ manga ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ဒီဇာတ်ကားဟာလဲ ၀င်ငွေစံချိန်တင်ရရှိထား ပြီး ဂျပန်မှာ အောင်မြင်ခဲ့ တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ တိုကျိုမြို့ပေါ်ကိုဂြိုဟ်သားတွေကျူးကျော်လာပြီးတော့ကမ္ဘာမြေပေါ်ကို နယ်ချဲ့ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်အဲ့ဒီဂြိုဟ်သားတွေကို ဆာမူရိုင်းတွေက ပြန်လည်ခုခံပြီးတိုကျိုမြို့ကိုကာကွယ်ဖို့ ကြိုးစားတဲ့အခါမှာဂြိုဟ်သားတွေကိုခုခံနိုင်မှာလားဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုတော့ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါQty - 720p BlurayDuration - 1hr 56minGern - Action / ThrillTranslator - KenEncoder - Kyaw Ye Aung
movie
Gintama (2017)
2017
5.8
Downsizing (2017)
သိပ္ပံပညာရှင်တွေဟာ လူ ဦးရေ ထူထပ်မှုပြဿနာကို လူတွေကို ၅ လက်မအရွယ်အစား လောက်ဖြစ်အောင် ချုံ့ပစ်တဲ့အ စီအစဉ်နဲ့ဖြေရှင်းခဲ့ရာမှာ ကြုံရ မယ့် အခြေအနေလေးတွေကို တင်ဆက်ထားတာဖြစ်ပါတယ်။ ပေါလ်နဲ့အော်ဒရေတို့ဟာ ငွေရေးကြေးရေးမပြေလည်မှုတွေ ကြုံ နေရတဲ့ဇနီးမောင်နှံပါ။ ကျောင်းသားဟောင်း စုံညီပွဲတစ်ခုကိုတက် ရင်း ၅ လက်မအရွယ်ချုံ့ထားတဲ့ သူတို့မိတ်ဆွေ ဒေ့ဗ်၊ ကရိုးလ်တို့နဲ့ ဆုံခဲ့ရပါတယ်။ လူဦးရေ ထူထပ် မှုနဲ့ စားနပ်ရိက္ခာပြဿနာကို ဖြေ ရှင်းပြီးသားဖြစ်စေတဲ့ အရွယ်အ စားချုံ့တဲ့ အစီအစဉ်ကို နော်ဝေး သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တာဖြစ်ပြီး လူအတော်များများလည်း ပါဝင်ထားပြီဖြစ်ပါတယ်။အရွယ်အစားချုံ့တဲ့ အစီအ စဉ်ကို ပေါလ်တစ်ယောက်စိတ် ၀င်စားခဲ့တဲ့အတွက် ဒေ့ဗ်နဲ့ဆွေး နွေးကြည့်ခဲ့ပြီး နောက်မှာတော့ ဆိုဒ်ချုံ့ပြီးရင်မူလအရွယ်အစား ပြန်မရနိုင်တော့မှန်းသိပေမယ့် လူတန်းစေ့နေ ထိုင်စားသောက်နိုင် ဖို့အတွက် တစ်နေ့တစ်နေ့ စိတ် ပူပန်နေရတဲ့ ပေါလ်နဲ့အော်ဒရေ တို့ဟာ ဘ၀နေထိုင်မှုပိုကောင်း မယ်လို့ယူဆရတဲ့ ...
movie
Downsizing (2017)
2017
5.8
The Bros (2017)
ဒါရိုက်တာ Chang You-jeong ရဲ့ လက်ရာဖြစ်ပြီး Ma Dong seok၊ Lee Dong hwi၊ Lee Ha nui တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ကိုရီးယားသမိုင်းဆရာ လီဆော့ဘုံဟာ အင်ဒီယားနား ဂျုံးစ်လိုမျိုး ရှေးဟောင်းသမိုင်းဖော်ထုတ်ရာမှာ အောင်မြင်ချင်တာမို့ သူပိုင်ဆိုင်သမျှငွေကြေး တွေကို ရှေးဟောင်းပစ္စည်း တူးဖော်ဖို့အတွက် အကုန်သုံးစွဲခဲ့ပါ တယ်။ အင်ဒီယားနားဂျုံးစ် လိုဖြစ်မဖြစ်တော့မသိ။ လောလောဆယ် မှာတော့ ဘာအကျိုးအမြတ်မှ မရတဲ့အပြင်အကြွေးတွေသာ ပိုလာခဲ့ပါတယ်။ ဆော့ဘုံရဲ့ညီ လီဂျူဘုံက ဆောက်လုပ်ရေးလုပ်ငန်းလုပ် ကိုင်တဲ့ ဗိသုကာတစ်ယောက်ဖြစ် ပြီး ဉာဏ်ကောင်းပြီး အကွက်မြင်သူတစ်ယောက်ပါ။ အကြွေးပတ်လည်ဝိုင်းနေတဲ့ ဆော့ဘုံအ တွက် မိဘကျန်ခဲ့တဲ့ အမွေအိမ်လေးကနေ ပိုက်ဆံရမယ့်အနေအထားရှိ နေချိန်မှာ ဂျူဘုံကတော့ အန်ဒုံအဝေးပြေးလမ်း တည်ဆောက်ရေးစီမံကိန်း တည်ဆောက်ခွင့်ရထား တာမို့ အခြေအနေချင်းက အပြတ် အသတ်ကို ကွာနေခဲ့ပါတယ်။ဆော့ဘုံတို့ ညီအစ်ကိုဟာ ...
movie
The Bros (2017)
2017
7.7
Bomb City (2017)
ကျွန်တော်တို့နိုင်ငံအပါအဝင် လူ့အဖွဲ့အစည်းတော်တော်များများမှာ ခြားနားမှုနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရမှုတွေတော်တော်များများရှိပါတယ်။အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ဒီလိုအဖြစ်အပျက်တွေရှိခဲ့ပါတယ်။လူတော်တော်များများက အသွင်အပြင် ဝတ်စားဆင်ယင်မှု နေထိုင်မှုဘဝပုံစံတွေဟာ အများနဲ့မတူတဲ့အခါ လှောင်ပြောင်ရယ်မော အပြစ်တင်တတ်ကြတာတွေရှိပါတယ်။အသားအရောင်ခွဲခြားမှုတွေ၊ လိင်စိတ်တိမ်းညွတ်မှုတွေ၊ လူမျိုးမတူညီတာတွေ ကစလို့ ကိုးကွယ်ယုံကြည်မှုမတူတာတွေအထိပေါ့ဗျာ။ဒီဇာတ်လမ်းကလေးကတော့ ၁၉၉၀ပတ်ဝန်းကျင် အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်ကမြို့လေးတစ်မြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုပါ။အဲ့ဒီမြို့မှာနေထိုင်ကြတဲ့ ပန့်ခ်လူငယ်တွေရဲ့ဘဝနေထိုင်မှုနဲ့ပတ်ဝန်းကျင်ကလူတွေရဲ့အမြင်တွေ ပွတ်တိုက်မှုဖြစ်တဲ့အခါ တရားဥပဒေဟာ သူတို့ဖက်မှာရှိမနေကြောင်းကို ရိုက်ပြထားပါ။တရားဥပဒေဟာလူအများစုရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာဖြစ်သင့်ပါသလား။ဒီဇာတ်ကားဟာ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး မက်ဆေ့တော်တော်များများပေးထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အညွှန်းမှာရေးထားတာက အဲ့ဒီမက်ဆေ့တွေရဲ့အပိုင်းအစသေးသေးလေးပဲရှိပါသေးတယ်။နောက်ထပ်ထူးခြားတာတစ်ခုက ကမ္ဘာကျော်အဆိုတော်ကြီး Marilyn Manson လည်းဒီထဲမှာပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဒီကားလေးဟာ လူကြီးမင်းတို့ရဲ့ နှလုံးသားနဲ့ဦးနှောက်တစ်နေရာရာကို ထိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။၂၀၁၈ ဖေဖော်ဝါရီမှာထွက်ခဲ့တာဖြစ်ပြီး Rating တွေအနေနဲ့ကတော့ IMDb – 7.2/10 Rotten Tomatos 83% Google Users 95% ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကကိုကြီးဇွဲပါ) File Size : (800 MB) and (330 MB) Quality : WEB-DL 720p Running Time : 1hr 35min Format ...
movie
Bomb City (2017)
2017
6.4
Legend of the Demon Cat(2018)
ကဲအခုတစ်ခါတော့မှော်ကားကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် တရုတ်မှော်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကCGI affect တွေနဲ့ အလန်းစား ကြည့်ကြရမှာဖြစ်ပြီးတော့၂၀၁၈ ခု ၁လပိုင်း ၁၁ ရက်နေ့မှာရုံတင်ပြသထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ တန်ခေတ်နှောင်းပိုင်းမှာမိစ္ဆာတွေကြီးစိုးပြီး ကြောင်မိစ္ဆာတွေရဲ့ကျူးကျော်မှုကိုလူသားတွေဟာ အလူးအလဲခံကြရပါတယ်အဲ့ဒီအချိန်မှာပဲ တဘောင်တစ်ခုပေါ်ခဲ့ ပြီးအဲ့တဘောင်ကို လိုက်လံစုံစမ်းရာမှာ မင်းသားဟာဘုန်းကြီးတစ်ပါးနဲ့ဆုံခဲ့ ပြီး ဒီဘုန်းကြီးကဘာတွေကူညီပေးမလဲ သူတို့၂ယောက်ကကောဒီသမိုင်းဖြစ်ရပ်ကြီးကိုဖော်ထုပ်နိုပါ့မလားဆိုတာကိုတော့ပရိတ်သတ် ကြီးကဆက်လက်ကြည့်ကြရမှာပါQty - 720p Web DlDuration - 2hr 01minGern - Fantasy / MysteryTranslator - Yamin Thawdar MaungEncoder - Kyaw Ye Aung
movie
Legend of the Demon Cat(2018)
2017
7.5
The Breadwinner (2017)
Breadwinner ဇာတ်ကားလေးဟာ ၂၀၁၇ခုနှစ်ထွက် ကာတွန်းကားလေးဖြစ်ပါတယ်Imdb rating 7.6/10.....rotten tomatoes 94% ထိရရှိထားတဲ့ အကြိမ် ၉၀မြောက်အကယ်ဒမီ ဇကာတင်ကားလေးဖြစ်ပါတယ်စာရေးဆရာDeborah Ellisရဲ့အရောင်းရဆုံးဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး နာမည်ကြီးမင်းသမီးဂျိုလီကိုယ်တိုင်ထုတ်လုပ်ရေးမှာပါဝင်ခဲ့ပါတယ်ဇာတ်လမ်းအကျဉ်းကတော့.....ဇာတ်လမ်းနာမည်လေးဖြစ်တဲ့ breadwinner ဆိုတဲ့အဓိပ္ပါယ်က မိသားစုအတွက်ရုန်းကန်ထောက်ပံ့ပေးသူ ကိုဆိုလိုတာပါတာလီဘန်တွေအုပ်စိုးနေတဲ့ကာဘူးလ်မြို့မှာ ပါဗာနာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်သူမဟာ ငယ်ရွယ်လှပသူဖြစ်ပေမယ့် တာလီဘန်ကြီးစိုးတဲ့နေရာမှာ နေရတဲ့အပြင် ခြေတဖက်ပြတ်ဖခင်နဲ့မိခင်အိုကြီးကိုလုပ်ကျွေးနေရလေတော့ နေ့စဉ်နဲ့အမျှခက်ခဲပင်ပန်းနေရရှာတယ်.ဒါ့အပြင် သူမမှာ လူမမယ်မောင်လေးတစ်ယောက်လည်းရှိသေးတယ်..ဘယ်လိုပဲပင်ပန်းပါစေ သူမဟာ မိသားစုအတွက်ရုန်းကန်နေရတာကိုပျော်ရွှင်နေပါတယ်တစ်နေ့မှာတော့ အစွန်းရောက်တစ်ချို့ဟာ သူမရဲ့ဖခင်ကြီးကို မှားယွင်းစွပ်စွဲခဲ့ပါတယ်..သူမဟာ ဖခင်ရဲ့အခက်အခဲတွေဖြေရှင်းဖို့ကြိုးစားနေတုန်းမှာပဲအစွန်းရောက်တွေက စည်းကမ်းချက်အသစ်ထုတ်လိုက်ပါတယ်..အဲ့ဒါကတော့ ယောင်္ကျားလေးအုပ်ထိန်းသူမပါပဲ အမျိုးသမီးတွေအပြင်မထွက်ရဆိုတဲ့ အမိန့်ပါပဲ..ကိုင်းပရိတ်သတ်ကြီးရေ ပါဗာနာဆိုတဲ့ကောင်မလေးတစ်ယောက် ဖခင်ကြီးရဲ့အခက်အခဲတွေကိုဘယ်လိုကူညီရင်ဆိုင်ဖြေရှင်းမလဲ..အုပ်ထိန်းသူယောင်္ကျားလေးမပါအမျိုးသမီးများအပြင်မထွက်ရအမိန့်ကိုလက်တစ်လုံးခြားဘယ်လိုရင်ဆိုမလဲ.စတာတွေကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး (ဘာသာပြန်သူကတော့ အိပပစံပါ) File Size : (800 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1h 34min Format : Mp4 Genre : Animation, Drama, Family Subtitle : ...
movie
The Breadwinner (2017)
2017
5.9
Policeman and Me (2017)
2017 ခုနှစ်ထွက်ထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးက Animation ကို Live Action အဖြစ်ပြန်လည်အသက်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးက ၁၆ နှစ်အရွယ်ကျော်ငးသူလေးနဲ့ သူ့ရဲ့ ကိုကို ရဲသားကြီးတို့ရဲ့ Romantice ဆန်တဲ့တွေ့ဆုံမှုလေးတွေ နဲ့ သူတို့ ၂ယောက် တယောက်ကိုတယောက် ဆုံဆည်းစေခဲ့တဲ့ ဖူးစာရေး ကံကြမ္မာအကြောင်းလေးတွေကို ရိုက်ကူးပြထားတာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ကာကို အသက်၁၆ နှစ်အရွယ်အထက်တန်းကျောင်းသူလေး သူက အသက် ၂၂ အရွယ်ဟန်ဆောင်ပြီး အတန်းသွားတက်ပါတယ် အဲ့မှာသူဟာ ကူတာ ဆိုတဲ့ ကိုကို နဲ့ ဆုံပြီး သူတို့ ၂ယောက် ရင်းနှီးသွားပါတယ် ရင်းနှီးသွားတယ် ဆိုတာကလဲသူတို့ ၂ယောက်ရဲ့ ပထမဆုံးတွေ့ဆုံမှုဟာ လုံးဝ ရိုမက်တစ်ဆန်လို့ပါပဲ ဘာလို့ဆို သူတို့ ၂ယောက်ဟာကို့ယို့ကားယား နဲ့ ဒုက္ခတွေ့နေတဲ့ ကာကို ကို ကူညီပေးခဲ့လို့ပါ ဒီလိုနဲ့ ကာကိုက သူ့ကို သတိထားမိသွားပြီးတော့ ...
movie
Policeman and Me (2017)
2017
5.5
The Brink (2017)
The Brink(2017) ဟာIP man-3မှာပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကျော် တရုတ်မင်းသားJhang Jinရဲ့ ဖိုက်တင် ကားကောင်းလေး တစ်ကားပါ...ဇာတ်လမ်းအကျဉ်းလေးကတော့....Saigau(Jhang Jin)ဟာ ပေါ့တိပေါ့ဆနဲ့ ကမူးရှုးထိုး လူဆိုးဖမ်းတတ်တဲ့ ရဲတစ်ယောက်ပါ...မှောင်ခို ရွှေအရောင်းအဝယ်သမား Shing ဆိုတဲ့သူ့ရဲ့ ဒုစရိုက် ရန်သူတော်ကြီးကို ရေကုန်ရေခမ်းလိုက်ဖမ်းဆီးဖို့ စိတ်ဆုံးဖြတ်ထားတဲ့သူလည်းဖြစ်ပါတယ်...Shingကတော့ ငါးဖမ်းလှေတွေ အယောင်ပြပြီး ရွှေမှောင်ခို ရောင်းဝယ်နေသူပါ...တစ်နေ့မှာတော့ Shing တစ်ယောက် ရေအောက်က လျှို့ဝှက်ရွှေတွင်းကို လိုက်ရှာနေကြောင်း ပြည့်သူရဲကြီး Saigau သိသွားတဲ့အချိန်မှာတော့ သူ့ရဲ့ သားကောင်နောက်ကို ဘယ်လို ခြေရာခံလိုက်လံဖမ်းဆီးမလဲ ဆိုတာကို ခပ်ကြမ်းကြမ်း အတိုက်အခိုက်ကားကောင်းမျိုးမှ ကြည့်ချင်တဲ့ Channel Myanmar ပရိသတ်ကြီးအတွက် The Brink (2017)ကို တင်ဆက်ပေးလိုက်ရပါတယ် (ဘာသာပြန်သူကတော့ Ann Mary ပါ) File Size : (900 MB) and (376 MB) Quality : ...
movie
The Brink (2017)
2017
First
16
17
18
19
20
Last
Previous
Next