Channel Myanmar

2020

The Croods: A New Age 7.1
The Croods: A New Age The Croods: A New Age (2020) ဂိုင်းဆိုတဲ့တစ်ကောင်ကြွက်လေးတစ်ယောက် မိဘတေ​ွကွယ်လွန်ခါနီးမှာခဲ့တဲ့ "မနက်ဖြန်"ဆိုတဲ့နေရာလေးကို ရှာဖွေရင်း တစ်နေ့မှာ ဂူတေ​ွထဲနေထိုင်ကျက်စားကြတဲ့ ခရုစ်စ်မိသားစုနဲ့တွေ့ပြီး ရင်းနှီးသွားပြီး ခရုစ်မိသားစုရဲ့သမီးပျိုလေး အိနဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒီလိုနဲ့ ခရုစ်မိသားစုဟာလည်း ဒီဂူတွေထက်ပိုကောင်းပြီး အစာရေစာပေါများတဲ့ "မနက်ဖြန်"ဆိုတဲ့နေရာလေးကို ဂိုင်းနဲ့တူတူ ရှာပုံတော်ထွက်ခဲ့ကြပါတော့တယ် ဒီလိုနဲ့ခရီးဆက်ရင်း နတ်ပြည္ကြီးလိုလှပပြီး အစာရေစာလည်းပေါများတဲ့ နေရာလေးတစ်ခုကိုရောက်သွားတဲ့အခါမှာ အဲဒီနေရာလေးက ဂိုင်းမိဘတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ ဘတ်တားမန်းမိသားစုရဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာ ဘတ်တားမန်းမိသားစုရဲ့သမီးပျိုလေး ဒေါန်ကလည်း ဂိုင်းရဲ့အခင်ဆုံးငယ်သူငယ်ချင်းဖြစ်နေတဲ့အခါမှာ မိသားစုရဲ့နှစ်စုရဲ့ မတူညီတဲ့ယဥ်ကျေးမှုတွေကနေ ဘယ်လိုပဋိပက္ခလေးတွေဖြစ်လာမလဲ တောရိုင်းတိရစ္ဆာန်ရဲ့အန္တရာယ်တွေကနေရော ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမှာလဲဆိုတာကို မိဘမေတ္တာ၊ သူငယ်ချင်းသံယောဇဥ်လေးတွေကိုပါ ထည့်သွင်းပုံဖော်ထားတဲ့ ဒီ comedy-adventure animation movie လေးမှာ ခံစားကြည့်ရှုလိုက်ကြပါဦး File Size - 2.2GB, 1GB Quality - 1080P HEVC, 720P Subtitle - Myanamr (Hardsub) Genre - Comedy, Adventure, Animation Translator - August, Jerrica, MTA Encoder - ...
movie

The Croods: A New Age

2020
18+ Last Sister Class (2020) 6.9
18+ Last Sister Class (2020) Last Sister Class (2020)ဖောင်းဒိုင်း 18+ ကိုရီးယားနောက်ထပ်တစ်ကားလာပါပြီ ဒီကားမှာတော့ စိတ္တဇဆန်ဆန်ဖောင်းဒိုင်းခန်းတွေကို တွေ့ရမှာဖြစ်ပြီး မိန်းမဆိုက်ကိုတစ်ယောက်ရဲ့လက်စားချေလက်တုံ့ပြန်ထားတဲ့အကြောင်းလေးကို ရင်သပ်ရှုမော ရှုစားကြရဦးမှာပါ ဇာတ်လမ်းကတော့ သွေးမတော်သားမစပ်မွေးစားညီအစ်မ နှစ်ယောက်ကယောကျာ်း တစ်ယောက်ကိုတစ်ပြိုင်တည်းချစ်မိသွားတဲ့ အခါညီမရဲ့အီစီကလီကို အစ်မကဖြတ်ခုတ်တဲ့ဇာတ်လမ်းလေးပါ ညီၤမဖြစ်သူအိမ်ပြန်နောက်ကျနေတုန်းအစ်မက ညီမဘဲနဲ့ခိုးစားနေတာကို ညီမဖြစ်သူကိုယ်တိုင်မြင်သွားတဲ့အခါမှာတော့ ဆောက်တည်ရာမရလင်တရူးသွားပါတော့တယ် စိတ်ကျန်းမာရေး ဆေးရုံတက်နေရင်း ငြိလာတဲ့ဆိုက်ကိုဘဲတစ်ပွေနဲ့အတူ ဆေးရုံဆင်းလာတဲ့အချိန်မှာညီမဖြစ်သူက အစ်မဖြစ်သူ ခိုးစားလင်မယားကိုလိုက်ရှာပြီးလက်စားချေဖို့ကြိုးပမ်းပါတော့တယ် ကျန်တာတော့ငါးကောင်တို့အတွက် တစ်ကွက်ချန်ထားလို့ကိုယ်တိုင်ဒေါင်းကြည့်စေချင်ပါတယ် မင်းသမီးအပိုင်းကိုညွှန်းရရင် အစ်မဖြစ်သူကောညီမဖြစ်သူပါဘော်ဒီတွေတောင့်သလိုညီမဖြစ်သူကအိုးကားကားနဲ့အကိတ်မို့လို့လက်မလွှတ်တမ်း ရှုစားသင့်တဲ့အထဲပါပါတယ် အကွက်ဆန်းတွေနဲ့ဆိုက်ကိုဆန်ဆန်ခပ်ကြမ်းကြမ်းဖောင်းဒိုင်းခန်းတွေလည်းပါလို့ ၁၈ယောက်မပြည့်ရင်မကြည့်ပါနဲ့လို့သတိပေးချင်ပေမယ့်လည်း မရရအောင်ကြည့်ကြမှာသိလို့ဒေါင်းပြီးသိုင်းကွက်ဆန်းတွေကို တဝရှုစားလိုက်ပါဦး Translated by : FOXEncoded by : SenpaiQuality : 1080p FHDRIP and 720pFile Size : 1GB and 546MBDuration : 72min
movie

18+ Last Sister Class (2020)

2020
The Legend of Shanyu Town (2020) 6.1
The Legend of Shanyu Town (2020) Legend Of Shang Yu (2020)ဒီတခါတော့ supernatural ဆန်ဆန် တရုတ်ကားလေးတကားကို တင်ဆက်ပေးချင်ပါတယ် စိတ်ကူးယဥ်ဆန်တဲ့ ဇာတ်ကားမို့ အထူးပြုလုပ်ချက် အချို့ပါဝင်မှာဖြစ်ပါတယ် ဒီကားလေးဟာနာမည်အတိုင်းပဲ ရှန်းရီမြို့လေးမှာ အ​ခြေတည်ရိုက်ထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်း-ရှန်းရီမြို့လေးမှာ လူသားတွေနဲ့ အသွင်ပြောင်းလူသားတွေ အတူတကွ နေထိုင်ကြပါတယ် တနေ့မှာ အသွင်ပြောင်းလူသားတယောက်ကထကြွပုန်ကန်ခဲ့လို့ သူရဲကောင်းဂိုဏ်းကနေ ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ် အဲ့လိုနဲ့နေလာရင်း တနေ့မှာ အဲ့ဒီအသွင်ပြောင်းလူသားထွက်ပြေးသွားတဲ့အခါဘာတွေဖြစ်မလဲ ဘယ်လို အကြောင်းကြောင့် မင်းသားနဲ့ မင်းသမီးတွေ့ဆုံပြီး Happy ending ဖြစ်မယ်ဆိုတာကို စောင့်ကြည့်ရင်ခုန်ရမှာ ဖြစ်ပါတယ် Translated by : Nay ChiEncoded by : YKFile Size : 1Gb and 522MBQuality : 1080p and 720p Duration : 1h 10mins
movie

The Legend of Shanyu Town (2020)

2020
Supernova (2020) 6.7
Supernova (2020) Supernova (2020)******************(IMDb  6.7)Tuskerနဲ့Samတို့က တစ်ယောက်ကိုတစ်ယောက် နက်ရှိုင်းစွာချစ်ကြတဲ့သက်လယ်ပိုင်းGayစုံတွဲပါ။ကံမကောင်းချင်တော့ Tuskerက Dementiaနောက်ဆုံးအဆင့်ကို ခံစားနေရပြီးမှတ်ဉာဏ်ခဏခဏပျောက်ဆုံးတဲ့ ရောဂါသည်တစ်ဦးပါရောဂါသည်Tuskerကို ခင်ပွန်းဖြစ်သူ Samက အရိပ်တကြည့်ကြည့်နဲ့ပြုစုစောင့်ရှောက်ပေးပါတယ်သူတို့ရဲ့ကားဟောင်းလေးနဲ့ သူငယ်ချင်း၊ ဆွေမျိုးတွေဆီကိုသွားလည်ပြီးအတိတ်က အတူရှိခဲ့တဲ့နေရာတွေကို ပြန်သွားချင်နေတဲ့ Tuskerရဲ့ဆန္ဒကိုSamက ဖြည့်စည်းပေးဖို့ကြိုးစားခဲ့ပါတော့တယ်လူ့သဘာဝအရ တခါတရံ သူတို့နှစ်ဦးသားသဘောထားချင်းမတိုက်ဆိုင်ပေမဲ့Tuskerနဲ့Samတို့ဟာ အချစ်မပျက်ခဲ့ကြပါဘူးသူတို့အချင်းချင်း တိတ်တဆိတ်နဲ့ တစ်ဦးပေါ်တစ်ဦးချစ်ခြင်းမေတ္တာဖော်ကျူးထားပုံကိုSupernovaဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ရှုစားကြပါဦး။ Khine Khine Wai နဲ့ Ei Phyu Khin တို့က ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ File Size : ( GB) and (MB) Quality : Format…mp4 Duration…1h 35min Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei Phyu Khin Encoded by Myoko
movie

Supernova (2020)

2020
Oru Pakka Kathai (2020) 7
Oru Pakka Kathai (2020) Oru Pakka Kathai (2020)ဒီတစ်ခါတော့ ချစ်ကြိုက်ကွဲညား ဇာတ်လမ်းမဟုတ်တဲ့ ထူးခြားတဲ့ ဇာတ်လမ်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။သာမန်ဆိုရင် အမျိုးသမီး နဲ့ အမျိုးသား နှစ်ဦး သံဝါသ ပြုမှ ကိုယ်လေးလက်ဝန် ဖြစ်ကြတာကလား?????ဒါကတော့ အမျိုးသားနဲ့အမျိုးသမီး သံဝါသမပြုဘဲ အမျိုးသမီးတစ်ဦးတည်းကနေ အလိုလို ပဋိသန္ဓေတည်လာတဲ့ ဇာတ်လမ်းပါ။ဆရာဝန်တွေရဲ့ သိပ္ပံနည်းကျ လေ့လာချက်တွေ အရ ဖြစ်နိုင်တယ်လို့ ယူဆကြသလို .... ဘာသာရေးသမားတွေကလည်း တမန်တော်ရယ်လို့ ယူဆကြတဲ့ အခါမှာတော့ ......IMDb - 7/10 ရထားတဲ့ ဇာတ်ကားမို့ ဇာတ်လမ်း ပြီးဆုံးချိန်ထိ မျောပါသွားအောင် ခေါ်နိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ဘာသာပြန်ထားတာကတော့ Sim Jinnie ပဲ ဖြစ်ပါတယ်။File size… 1.7GB and 810MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 2hr 4min Subtitle….Myanmar Subtitle (Hardsub) Translator ..... Sim Jinnie Encoder ..... ...
movie

Oru Pakka Kathai (2020)

2020
Baby Done (2020) 6.2
Baby Done (2020) Baby Done (2020)==============IMDb Rating - 6.2/10 ဘဝမှာ မိဘတစ်ယောက်ဖြစ်ဖို့ စိတ်ရောကိုယ်ပါ အစအစအရာရာ ပြင်ဆင်ကြရပါတယ်။ဒီကားမှာတော့ ဇိုဝီဆိုတဲ့ကောင်မလေးက သူ့ကောင်လေး တင်မ်နဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားပါတော့တယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို စွန့်စွန့်စားစား ဖြတ်သန်းရတာကိ ကြိုက်တဲ့သစ်ပင်တက်သမား ဇိုဝီတစ်ယောက်အဖို့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာသိလိုက်ရတဲ့အချိန်အကြီးအကျယ်ကို ရှော့ခ်ရသွားပါတော့တယ်။ ဇိုဝီကောင်လေး တင်မ်ကတော့ ကိုယ်ဝန်ရှိတာသိသွားတဲ့ အချိန်ကစပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ဇိုဝီကို ဂရုစိုက်ဖို့အတွက် အစွန်းကုန်ကြိုးစားပါတော့တယ်။ ဇိုဝီရဲ့ ဆန္ဒအရ သူတို့နှစ်ယောက်က ကလေးမမွေးခင်မှာ လုပ်ချင်တဲ့အရာတွေကို စပြီးချရေးပါတော့တယ်......သူတို့ကလေးမမွေးခင် သူတို့ဆန္ဒတွေ ပြီးမြောက်သွားမလား၊မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတဲ့ ဇိုဝီတစ်ယောက် ဘယ်လိုကလေးမွေးဖို့ ရင်ဆိုင်မလဲဆိုတာကိုcomedy ဆန်ဆန် ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 31minSubtitle – Myanmar ...
movie

Baby Done (2020)

2020
My Missing Valentine (2020) 7.4
My Missing Valentine (2020) My Missing Valentine (2020) ****************************ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ် ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလားဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက် ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ် အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့ သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။ဘာ​ကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ"ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့ သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်"IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင် Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။ File Size : ( 1.75 GB), ( 1.09 ...
movie

My Missing Valentine (2020)

2020
Penguin Bloom (2020) 6.7
Penguin Bloom (2020) Penguin Bloom (2020)***********************=IMDB 6.7=Drama ကားကောင်း ငတ်နေကြသူများအတွက် နက်ဖလစ်က ကားလေးနဲ့ ရသေ့စိတ်ဖြေကြတာပေါ့။ဇတ်လမ်းSam Bloomဆိုတဲ့ အမျိုးသမီးဟာ မိသားနဲ့အတူ ထိုင်းနိုင်ငံကို ခရီးထွက်ရင်း ကံမကောင်းစွာပဲ မျှော်စင်တစ်ခုပေါ်က ပြုတ်ကျပြီး ဒုက္ခိတဖြစ်သွားခဲ့ရတယ် ဝီးချဲနဲ့ဖြတ်သန်းရတဲ့ သူ့ဘဝမှာ သားသုံးယောက်အတွက် အမေတစ်ယောက်တာဝန်မကျေပွန်နိုင်တဲ့အခါသူ့ကိုယ်သူမုန်းတီးမိလာပြီး အရာရာမှာမကြည်ဖြူဖြစ်လာတော့တယ် ယောက်ျားဖြစ်သူ Cameron Bloomကလည်း ဒုက္ခိတဇနီးသည်နဲ့ သားသုံးယောက်တာဝန်ကို မလစ်ဟင်းအောင် ထမ်းရွက်ရင်း ရုန်းကန်နေရရှာတယ်တနေ့မှာတော့ သားအကြီးဆုံးလေးNoah Bloomဟာ ကမ်းခြေကနေ အသိုက်ကွဲနေတဲ့ငှက်ပေါက်စလေးတကောင်ကို တွေ့လို့ သနားပြီးအိမ်ခေါ်လာခဲ့တယ်သူတို့မိသားစုဟာ ငှက်ကလေးရဲ့နာမည်ကို “Penguin”လို့ပေးဖို့ဆုံးဖြတ်ခဲ့ကြတယ်ယောက်ျားဖြစ်သူအလုပ်သွားချိန်နဲ့သားသုံးယောက် ကျောင်းသွားချိန်တိုင်းမှာ အိမ်မှာပဲ အထီးကျန်စွာကျန်ခဲ့တဲ့ ဒုက္ခိတ Sam Bloomအတွက် Penguinက အဖော်မွန်လေးဖြစ်လာတဲ့အခါ....မျှော်လင့်ချက်တွေပျက်သုဉ်းနေတဲ့ Sam Bloomတစ်ယောက် ကိုယ့်စိတ်ကို ဘယ်လို ပြန်လည်ထူထောင်နိုင်လာမလဲဆိုတာကိုတော့.... Blooms မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ခံစားကြည့်ရှုကြပါဦး File Size : ( 1.54 GB) and (892.3MB) Quality :  1080p.NF.WEB-DL Format…mp4 Duration… 1h 35min ...
movie

Penguin Bloom (2020)

2020
Echo Boomers (2020) 6.1
Echo Boomers (2020) Echo Boomers (2020)=================IMDb Rating - 6.1/10ဒီဇာတ်လမ်းလေးက လူငယ်လေးတွေအကြောင်း အထူးသဖြင့်(၁၉၈၁)ကနေ(၁၉၉၆)ကြားမွေးဖွားခဲ့တဲ့Generation Y ဒါမှမဟုတ် Millennials တွေအကြောင်းကို ဦးတည်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ကြိုးစားရိုးသားပြီး ကိုယ်ပိုင်အရည်အချင်းနဲ့တရားဝင်အလုပ်ကိုလုပ်ချင်ခဲ့ပေမဲ့ စီးပွားရေးစနစ်ဆိုးကြောင့်အလုပ်လက်မဲ့ဖြစ် နေခဲ့ရတဲ့ ကောလိပ်ကျောင်းသားတစ်စု၊ ချမ်းသာတဲ့လူလက်တစ်ဆုပ်ကပဲထပ်ပြီးချမ်းသာနေတဲ့စနစ်ဆိုးကြောင့် သူတို့နေချင်ခဲ့တဲ့ဘဝကိုနေချင်ခဲ့တဲ့ပုံစံအတိုင်းမနေခဲ့ရတဲ့လူငယ်တစ်စု၊ ချီကာဂိုကအချမ်းသာဆုံးဆိုတဲ့လူတွေရဲ့အိမ်ကိုဝင် ပြီးပစ္စည်းတွေကိုခိုးယူပြီးတော့‌ နေချင်ခဲ့တဲ့ဘဝကိုဖန်တီးလာခဲ့တဲ့အခါမှာတော့……..ဒီဇာတ်ကားလေးထဲကအကြောင်းအရာ တွေက လူငယ်တွေရဲ့ခံစားချက် လူငယ်တွေရဲ့ဘဝကိုဖွင့်ဟပြနေတဲ့ဇာတ်ကားတစ်ကားဖြစ်လို့ ထုံးစံအတိုင်းလေးပဲကိုယ်တိုင် ကြည့်ရှုခံစားဝေဖန်ကြည့်ကြပါအုံးလို့……….(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 34minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Crime, DramaSource : 1080p.WebRipTranslator – Chit TeeEncoder – SWM
movie

Echo Boomers (2020)

2020
Superintelligence (2020) 5.3
Superintelligence (2020) Superintelligence (2020) ====================IMDB rating - 5.3/10 A.I ဆိုတာကတော့ ဒီခေတ်မှာလူတိုင်းလိုလိုရင်းနှီးနေကြမယ့် စကားလုံးတစ်လုံးဖြစ်မှာပါ။ဒီကားထဲမှာတော့ Superintelligence လို့သူ့ဘာသူ နာမည်တပ်ထားတဲ့ A.I ကနေ ကမ္ဘာကြီးကိုစစ်ပွဲတွေ၊  ရောဂါတွေမရှိတော့တဲ့အနေအထားထိ ပြုပြင်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။ဒါပေမယ့် အဲ့လိုအခြေအနေမျိုးဖြစ်ဖို့က လူသားအားလုံးကိုကယ်တင်မယ် (သို့) လူသားအားလုံးကိုကျွန်ပြုမယ် (သို့) လူသားအားလုံးကိုမျိုးတုံးပစ်မယ် ဆိုပြီး ဖြစ်နိုင်ချေသုံးခုရှိနေတယ်။ အဲ့ဒါကို A.Iကနေ သေသေချာချာဆုံးဖြတ်နိုင်ဖို့အတွက် လူသားအဆန်ဆုံးလူတစ်ယောက်ကိုရွေးပြီး အနီးကပ်လေ့လာပါတော့တယ်။ တနည်းအားဖြင့် ကမ္ဘာကြီးရဲ့အဆုံးအဖြတ်က အဲ့ဒီလူအပေါ်မူတည်သွားတာပဲဖြစ်ပါတယ်။ အဲ့ဒီလူက ကာရိုး ဆိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကာရိုးအနေနဲ့ လူသားတွေက ကယ်တင်ထိုက်ပါတယ်ဆိုတာကို သတ်သေပြနိုင်သွားမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် . . .ကားရိုးအဖြစ်သရုပ်ဆောင်ထားတဲ့ Melissa McCarthy ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးပါပဲ။သူပါဝင်သရုပ်ဆောင်ထားတဲ့ The Spy (2015), The Heat (2015), Ghostbusters (2016)  စတဲ့ Comedy,Action ...
movie

Superintelligence (2020)

2020
Tar (2020) 6.1
Tar (2020) Tar (2020)==========IMDb Rating - 6.1/102020 ခုနှစ်ထွက် Drama/ Thriller ဇာတ်ကားလေးပါ၊ လူနည်းနည်းနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတာတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းအရတော့ ဇက်ခ်နဲ့ သူ့ဖခင် ဘယ်ရီတို့ဟာ လော့အိန်ဂျလိစ်မြို့မှာ စက်ပြုပြင်ရေးလုပ်ငန်းကို  ဘယ်ရီရဲ့အဖေလက်ထက်တည်းက လုပ်ကိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ စာချုပ်အရ သူတို့ရုံးဖွင့်ထားတဲ့တိုက်ကနေ ဖယ်ပေးရတော့မှာဖြစ်ပါတယ်။ ဖယ်ပေးဖို့ အတွက် ညဘက် ပစ္စည်းပစ္စယတွေထုပ်ပိုးနေတဲ့အချိန်မှာပဲ မီးပျက်သွားပြီး ကြောက်စရာအရိပ်ကြီးတစ်ခု သူတို့တိုက်ထဲကို ဝင်လာပါတော့တယ်။ အဲဒီအရိပ်ကြီးက လူလား တစ္ဆေလား ဘယ်လိုသတ္တဝါလဲ သူနဲ့အတူတူပါလာတဲ့ အနက်ရောင်အရည်တွေကရော ဘာတွေလဲဆိုတာ ရင်တထိတ်ထိတ်ရှုစားကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : Adventure, TrillerSource : 1080p.WebRipTranslator ...
movie

Tar (2020)

2020
Don’t Tell a Soul (2020) 5.9
Don’t Tell a Soul (2020) Don’t Tell A Soul (2020)***********************IMDbမှာ 5.9 အထိ ရထားတဲ့ Thriller ကားကောင်းလေးပါ။ဆယ်ကျော်သက်အရွယ် မက်နဲ့ ဂျိုဝီတို့က နေမကောင်းဖြစ်နေတဲ့ အမေဖြစ်သူရဲ့ ဆေးဝါးစရိတ်တွေ အတွက် သက်ကြီးရွယ်အိုတွေနေတဲ့ အိမ်ကို လူတွေ မရှိချိန်မှာ ပိုက်ဆံတွေ သွားခိုးကြပါတယ် ...တစ်ခုခုဆို ကြောက်တတ်ပြီး ရိုးရိုးအေးအေးလေး နေတတ်တဲ့ ဂျိုဝီဟာ မက်လို့ ခေါ်တဲ့ အကို ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ်လေးဖြစ်တယ်အကို့ကိုလည်း ကြောက်ကလည်းကြောက် .... ပိုက်ဆံသွားခိုးဖို့လဲမိမှာ ကြောက်နေရှာတဲ့ ဂျိုဝီဟာ အကို ခိုင်းသမျှ ကြောက်ကြောက်လန့်လန့်နဲ့ လုပ်ခဲ့ရရှာပါတယ် ....ပိုက်ဆံခိုးရင်း သူတို့ ညီအကိုနှစ်ယောက်ဟာ လုံခြုံရေး အစောင့်နဲ့ တွေ့ပြီး ကိစ္စရပ်တွေဟာ စီစဉ်ထားသလို ဖြစ်မလာခဲ့ရတာကနေ ဒီဇာတ်လမ်းလေးကို သဲထိပ်ရင်ဖို အဆုံးထိ ဆွဲခေါ်သွားပါတယ်....ဝိဉာဉ်ကိုတောင်မှ ပြောပြလို့မရတဲ့ သဲထိပ်ရိပ်ဖို Drama ကားကောင်းလေး ဖြစ်တာကြောင့် မိတ်ဆက်ပေးလိုက်ပါတယ်ဘာသာပြန်ဆိုသူ Theint Theint ဖြစ်ပါတယ်File Size : (1.35 GB) ...
movie

Don’t Tell a Soul (2020)

2020
Space Pirate Captain Harlock (2013) 6.4
Space Pirate Captain Harlock (2013) IMDb - 6.4/10Rotten Tomatoes - 54%MyAnimeList - 7.4/10ဒီကားကတော့ Terminator, Avatar, Titanic, Alienဇာတ်ကားတွေရဲ့ဟောလီဝုဒ်ဒါရိုက်တာကြီး James Cameronကိုယ်တိုင်အရမ်းကြိုက်ပါတယ်လို့ချီးကျူးခံရပေမယ့် မြန်မာနိုင်ငံမှာတော့လူမသိသူမသိကပ်ကျော်နေတဲ့ဇာတ်ကားပါ။ ဒီကားရဲ့အဓိကဇာတ်ကောင်တွေထဲကတယောက်ဖြစ်တဲ့ Captain Harlockဆိုတာဟာ animeလောကရဲ့ရွှေခေတ်ဖြစ်တဲ့ 1980ဝန်းကျင်လောက်မှာ နာမည်ကြီးခဲ့တဲ့ဇာတ်ကောင်ပါ။ ဆိုတော့ကာ ရွှေခေတ်က နာမည်ကြီးဇာတ်ကောင်ရဲ့ဇာတ်လမ်းကို 3D animationနဲ့ထုတ်တယ်ဆိုတော့ 1980လောက်က ထွက်တဲ့ဇာတ်လမ်းတွဲတွေကိုကြည့်ဖို့လိုမလားဆိုပြီးမေးလာခဲ့ရင်တော့ မလိုဘူးလို့ပဲပြောပါရစေ။ ဒီကားဟာ အရင်ဇာတ်လမ်းတွဲတွေကိုrebootပြန်ရိုက်တာပြောလို့ရသလို Captain Harlockရဲ့နောက်ခံဇာတ်ကြောင်းကိုပြသတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတဲ့အတွက် ဒီကားတကားထဲကြည့်ရုံနဲ့လုံလောက်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ဟိုရှေးရှေးတုန်းကလို့ပြောရမလားလာမယ့်အနာဂတ်မှာလို့ပြောရမလားအဲ့ဒီအချိန်မှာ လူသားဦးရေအရမ်းများပြားလာတဲ့အတွက် ကမ္ဘာပေါ်ကအရင်းအမြစ်တွေမလောက်မငှဖြစ်လာလို့ လူသားတွေဟာ အာကာသထဲထွက်ပြီး နေထိုင်လို့ရမယ့်‌နယ်မြေသစ်တွေကိုရှာဖွေခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာအောင်ရှာခဲ့ပေမယ့် ကမ္ဘာကြီးလိုနေဖို့သင့်တော်တဲ့ဂြိုဟ်မျိုး ရှာမတွေ့တဲ့အတွက် မိခင်ကမ္ဘာကြီးဆီပ‌ဲ ပြန်လာဖို့လုပ်ခဲ့ကြပါတယ်။ အဲ့လိုအလုအယက်ပြန်လာဖို့လုပ်ရင်းကနေ စစ်ကြီးတခုပါထဖြစ်ခဲ့တဲ့အတွက် ဗဟိုအစိုးရကိုဖွဲ့စည်းပြီး ကမ္ဘာမြေကိုမြင့်မြတ်နယ်မြေအဖြစ်ကြေညာခဲ့ကာ ဘယ်သူ့ကိုမှခြေချခွင့်မပေးခြင်းဖြင့် စစ်ကြီးကိုရပိတန့်သွားအောင်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အာကာသဓါးပြကြီး ကပ္ပတိန်Harlockဆိုတဲ့လူရုတ်တရက်ပေါ်လာခဲ့ကာ ဗဟိုအစိုးရကိုပုန်ကန်ပါတော့တယ်။- အဲ့ဒီကပ္ပတိန်Harlockဆိုတဲ့လူကိုဘယ်သူလဲ- ဗဟိုအစိုးရကိုဘာလို့ပုန်ကန်ဖို့လုပ်နေရတာလဲ- ဗဟိုအစိုးရမှာရော လျှို့ဝှက်ချက်တွေရှိနေလားဆိုတာကို ...
movie

Space Pirate Captain Harlock (2013)

2020
Magic Arch 3D (2020) 5.4
Magic Arch 3D (2020) Magic Arch 3D (2020)=================IMDb Rating - 5.4/10 အားလုံးပဲ "Toy Story" ကာတွန်းကားလေးကိုသိကြတယ်ဟုတ် အခုဒီတစ်ခါကားလေးကိုလည်း Toy Story ဇာတ်ကားလေးကိုCo-Writer အနေနဲ့ရေးခဲ့တဲ့ ဇာတ်ညွှန်းဆရာ Vasiliy Rovenskiy ကရေးခဲ့တာပဲဖြစ်ပါတယ်။ရေနေသတ္တဝါတွေစုပေါင်းပြီးနေထိုင်တဲ့ ရေအောက်မြို့လေးတစ်မြို့မှာ အခြားငါးတွေလိုကိုယ်ခံပညာတွေလေ့ကျင့်ရတာထက်ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာရတာကြိုက်တဲ့ ဒယ်လ်ဖီ ဆိုတဲ့လင်းပိုင်လေးတစ်ကောင်ရှိပါတယ်။ တစ်နေ့မှာ ဒယ်လ်ဖီနဲ့သူငယ်ချင်းဖြစ်သူငါးလေးဟာ ရေအောက်ထဲထိမြုပ်နေတဲ့ခံတပ်ဟောင်းကြီးတစ်ခုဆီဝင်သွားမိဖို့အကြောင်းဖန်လာပါတယ်။ ခံတပ်ကြီးထဲမှာသတ္တဝါတစ်ကောင်ရဲ့နာမည်ကိုပြောလိုက်ရုံနဲ့ ထိုသတ္တဝါပုံပြောင်းသွားစေမယ့် မှော်ဝင်မုခ်ဝတစ်ခုကိုတွေ့ခဲ့ပါတယ်။ ဒါပေမယ့်အနီးအနားမှာလည်း ငါးမြို့တော်ကိုသိမ်းချင်တဲ့ငါးရှဉ့်တွေကအဲဒါကိုမြင်သွားကြပါတယ်။ တာဝန်သိတဲ့ဒယ်လ်ဖီဟာ မြို့တော်ဝန်ကိုမှော်မုခ်ဝအကြောင်းပြောဖို့ပြန်လာခဲ့ပေမယ့် မြို့အဝင်ဝကအစောင့်တွေဟာ စကားဝှက်မပြောနိုင်တဲ့ဒယ်လ်ဖီ့ကိုဝင်ခွင့်မပေးလို့မုခ်ဝကြီးရှိတဲ့ဆီကိုပြန်သွားတဲ့အခါမှာ . . .သူတွေ့လိုက်ရတဲ့မြင်ကွင်းကတော့......ဒီကားလေးက ကြည့်လေကြည့်လေဇာတ်ရှိန်တက်လေလေပါပဲ အစပိုင်းမှာအနည်းငယ်ဇာတ်အေးသလိုရှိပေမယ့် ဇာတ်လမ်းအလယ်နဲ့နောက်ဆုံးမှာတော့ ရှေ့ကိုဘာဆက်ဖြစ်မယ်မသိပဲစိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီး လျှို့ဝှက်ချက်လေးတွေလည်းပါဝင်လို့အပျင်းပြေစေမယ့် ဇာတ်ကားလေးဖြစ်တဲ့အပြင် ကလေးငယ်လေးတွေလည်း အကြိုက်ဖြစ်စေမယ့် Animation Movies လေးမို့တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h ...
movie

Magic Arch 3D (2020)

2020
Run Hide Fight (2020) 7.0
Run Hide Fight (2020) Run Hide Fight (2020)==================IMDb Rating - 7.၀/10 ဒီတစ်ခါတော့ CM ပရိသတ်တွေအကြိုက်တွေ့စေမယ့် action and thriller ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ ဇီုအီဟာ အသက် ၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက််ဖြစ်ပြီး အများနဲ့မတူဘောက်ဆတ်ဆတ်နိုင်တဲ့သူပါ။ သူနဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လူး၀စ်ဆိုတဲ့ ကောင်လေးတို့ဟာ ဗာနွန်အထက်ကျောင်းက ကျောင်းသားတွေပဲဖြစ်ကြပါတယ်။အမေရိကန်အထက်ကျောင်းတွေရဲ့ သဘာ၀ ကပွဲတို့ ပျော်ပွဲရွှင်ပွဲတို့ စတဲ့အထိမ်းအမှတ်ပွဲတွေ မကြာခဏကျင်းပတာဟာသဘာ၀ပါပဲ ။ ဒီလို event တွေထဲမှာ Senior Prank ဆိုတဲ့ အစီအစဉ်လေးအပါအ၀င်ပါပဲ။Senior Prank Day မှာ ကျောင်းသားတွေအားလုံး ဆရာဆရာမတွေအပါအ၀င် တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြပါတယ်။ဥပမာ- စာသင်ခန်းတစ်ခန်းလုံး ပူပေါင်းတွေအပြည့် ထည့်ခဲ့တာမျိုးပေါ့။ဒါပေမယ့် ဒီဇာတ်လမ်းထဲက ဗာနွန်အထက်တန်းကျောင်းသားတွေရဲ့ Prank Day ကတော့ ပျော်စရာမကောင်းခဲ့ပါဘူး။ စနောက်ကြတဲ့ နေ့ကို အသုံးချပြီး ဆိုးသွမ်းတဲ့ ကျောင်းသားတစ်စုက ကျောင်းကန်တင်းကို ...
movie

Run Hide Fight (2020)

2020
Love on the Rise (2020) 5.2
Love on the Rise (2020) Love on the rise (2020)တောင်ကာရိုလိုင်းနားပြည်နယ်ရဲ့ ပင်လယ်ကမ်းစပ်ကမြို့ကလေးဟာ သဘာဝရှုခင်းတွေနဲ့ သာယာလှပနေပါတယ် အဲ့မြို့လေးမှာ ဗစ်တိုးရီးယား(တိုရီ)ဆိုတဲ့ မုန့်ဖုတ်သမလေးက သူ့လုပ်ငန်းကိုကြိုးစားလုပ်ကိုင်ရင်း "ကိတ်နတ်သမီး" ဆိုပြီး နာမည်ရစပြုလာတဲ့မိန်းမငယ်လေးတစ်ယောက်ပေါ့တစ်နေ့တော့ မင်္ဂလာဆောင်တစ်ခုကို ကိတ်မုန့်သွားပို့တဲ့အခါ ဂျိတ် ဆိုတဲ့ကောင်လေးနဲ့ သွားဆုံပါလေရော ဒါပေမယ့် တိုရီဟာ ဂျိတ်ကို သူတို့မြို့က အထင်ကရစီးပွားရေးလုပ်ငန်းရှင်ရဲ့သားအနေနဲ့ မသိခဲ့ဘဲ စားပွဲထိုးကောင်လေးအနေနဲ့ပဲ သိခဲ့ပါတယ် ကံဆိုးချင်တော့ တိုရီတို့ငှားထားတဲ့ဆိုင်ခန်းတွေနေရာမှာ ကွန်ဒိုအသစ်တွေဆောက်ဖို့အကြောင်းဖန်လာပါတယ်ဒီကိစ္စကို တိုရီတို့ငှားရမ်းသူတွေက သိသွားပြီး ကန့်ကွက်ကြောင်း ဆန္ဒပြကြတဲ့အခါ ဘာတွေဆက်ဖြစ်လာကြမလဲ????? ဂျိတ်ရဲ့ဘ၀မှန်ကို သိသွားတဲ့အခါမှာ သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်လာကြမလဲ?????ဇာတ်လမ်းလေးက သမားရိုးကျအတိုင်းသွားပေမယ့် ပင်လယ်ကမ်းစပ်အလှတွေ စားချင်စရာကိတ်တွေကိုကြည့်ရင်း အချစ်ပုံပြင်လေးတစ်ပုဒ်ကို သီချင်းမြူးမြူးလေးနဲ့ခံစားချင်ရင်တော့.....Review နဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲ ဖြစ်ပါတယ်။File size… 1.2GB and  581MB Quality….WEB-Rip 1080p and 720p Format…mp4 Duration…. 1hr 26min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder ..... August
movie

Love on the Rise (2020)

2020
Tagpuan (2020) 5.5
Tagpuan (2020) Tagpuan (2020)Tagpuan ဆိုတာကတော့ ဖိလစ်ပိုင်လို "ဆုံမှတ်" ဆိုတဲ့ အဓိပ္ပါယ်ပါ။မိဘမဲ့အဖြစ်နဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့ စကားနည်းပြီး သွေးအေးတတ်တဲ့ လုပ်ငန်းရှင်တစ်ယောက်က အမျိုးသမီး နှစ်ယောက်နဲ့ ဆုံခဲ့ရတဲ့ အကြောင်းလေးပါ။တစ်ယောက်က ကြင်သူသက်ထား ဇနီးမယားဖြစ်ပြီး နောက်တစ်ယောက်ကတော့ သိကျွမ်းတာ မကြာသေးတဲ့ သူစိမ်းမိန်းကလေးစကားနည်းပြီး စည်းကမ်းကြီးတဲ့လူတစ်ယောက်က စကားများတတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံတဲ့အခါမှာတော့ ...... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ကြရအောင်.....ဇာတ်က သာမန်အိမ်ထောင်ရေးကားဆိုပေမယ့် ကြည့်လေ ကြည့်လေ တွေးမိလေ ဖြစ်မယ့်ကားမျိုးပါပဲ။ဖောင်းဒိုင်းရှူးရှဲ အနည်းငယ် ပါတာဆိုတော့ ခပ်စပ်စပ်လေးပေါ့ဗျာ။File size…2GB and 900 MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 47min Subtitle….Myanmar Subtitle (Hardsub) Translator ..... Sim Jinnie Encoder ..... August
movie

Tagpuan (2020)

2020
The Midas Touch (2020) 5.4
The Midas Touch (2020) The Midas Touch (2020)====================IMDb Rating - 5.4/10ဇာတ်လမ်းအကျဥ်းအနေနဲ့ ဖိလစ်ဟာ မိန်းမရေးရာမှာ ကျရှုံးနေတဲ့ ကြော်ငြာအေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။ဘယ်လောက်ပဲကြိုးစား ကြိုးစား မိန်းမရေးရာမှာ မအောင်မြင်လို့ စိတ်ညစ်နေလျက်ရှိပါတယ်။ဒီလိုနဲ့တစ်ရက် စိတ်ညစ်ညစ်နဲ့ ဘားမှာ အရက်သောက်နေတုန်း ထိလိုက်သမျှ မိန်းမတွေ သူ့ကို စိတ်၀င်စားလာအောင် စွမ်းဆောင်နိုင်တဲ့ အစွမ်းတစ်ခုကို ဖိလစ် တိုက်ဆိုင်စွာပဲ ရရှိလာပါတယ်။ဒါပေမဲ့ စွမ်းအားတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့အခါ . ဖိလစ်တစ်ယောက် အကျပ်ရိုက်ပါတော့တယ်။ဖိလစ်ရရှိလာတဲ့အရာက စွမ်းအားလား ကျိန်စာဆိုးကြီးလား ဆိုတာကိုတော့..... ပရိတ်သတ်ကိုယ်တိုင်ပဲခံစားကြည့်ရှူလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 50minSubtitle – Myanmar HardsubFormat – Mp4Genre : ComedySource : 1080p.WebRipTranslator –  Chuck ChuckEncoder ...
movie

The Midas Touch (2020)

2020
Spontaneous (2020) 6.5
Spontaneous (2020) Spontaneous (2020)================IMDb Rating - 6.5/10 ဘဝမှာ ကံဆိုးမိုးမှောင်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ သင်သာဆိုရင် ထိပ်တိုက်ရင်ဆိုင်မလား? ရှောင်ဖယ်နေမလား?သေချာတာတစ်ခုကတော့ ဖြစ်မလာသေးတဲ့ အနာဂတ်ကြိုတွေးရင်း စိတ်သောကရောက်နေမယ်ဆိုရင် လူဖြစ်ရှုံးရချည်ရဲ့......ဒီကားအကြောင်းပြောရမယ်ဆိုရင် ကျောင်းတစ်ကျောင်း ဘယ်ကနေ ဘယ်လိုဖြစ်လာမှန်းမသိတဲ့ ပေါက်ကွဲမှုတွေဖြစ်ပြီးကျောင်းသားအတော်များများ သေကြေ ပျက်ဆီးကြပါတယ်။ ဘာကြောင့်လဲဆိုတာကို ဘယ်သူမှ မသိပါဘူး။ ဇာတ်ကားပြီးဆုံးတဲ့အထိ ဘာကြောင့်ဖြစ်လဲဆိုတာကို ခင်ဗျားလည်း သိမှာမဟုတ်ပါဘူး။ဒါဆို ဘာသိလိုက်မှာလဲ......မျက်စိတမှိတ်အတွင်း အသက်ဘေးအန္တရာယ်တဲ့ ရင်ဆိုင်နေရတဲ့အချိန် ကိုယ်ချစ်တဲ့သူတွေနဲ့ ဘဝကိုဘယ်လိုမျိူး ရှေ့ဆက်ဖြတ်သန်းကြလဲ.....အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ကြလဲ.....ခင်ဗျားဆိုရင်ကော ဘာဆက်လုပ်မလဲ၊ ဒီဇာတ်ကားက rating 6.5 ရှိပြီး rotten tomatoes 98% ထိရထားတာပါ။Aaron Starmer ရေးတဲ့ Spontaneous စာအုပ်ကို အခြေခံထားပြီး ၂၀၁၆မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ တစ်ကားထဲမှာပဲ Romance, comedy , Sci-fi ပေါင်းစုံပြီး ရသမျိုးစုံ ခံစားနိုင်မှာ အသေအချာပါပဲ.......(ဒီဇာတ်လမ်းရဲ့ ...
movie

Spontaneous (2020)

2020
Romance Doll (2020) 6.4
Romance Doll (2020) Romance Doll 2020 -------------------------------၁၈ယောက်စုကြည့်ရတဲ့ကားပါလို့ ကြိုပြောထားပါမယ်Netflix ကရိုက်ထားတဲ့ကားကောင်းလေးပါသရုပ်ဆောင်အများကြီးမပါပေမယ့်နွေးထွေးတဲ့ဆက်ဆံရေးအများကြီးကိုရှင်းရှင်းလင်းလင်းကိုရိုက်ပြထားပြီး သရုပ်ဆောင်တွေအကုန်လုံးကလည်းchemistery မိလှပါတယ်ဇာတ်လမ်းအကျဉ်းပြောရရင်တော့လူကြီးအရုပ်တွေလုပ်ရတဲ့ကောင်လေးနဲ့အဝတ်ဗလာမော်ဒယ်လ်ထိုင်ပေးတဲ့ကောင်မလေးတစ်ယောက်တို့အကြောင်းပေါ့ပထမတွေ့တဲ့အကြိမ်မှာပဲရင်သားတွေအကိုင်ခံလိုက်ရလို့ချစ်သွားတဲ့ကောင်မလေးနဲ့ရှက်ရှက်နဲ့ကိုင်လိုက်ပြီး တစ်ခါတည်းနဲ့ကိုတန်းချစ်သွားတဲ့ကောင်လေးတို့ဟာအချင်းချင်းအမေးအမြန်းတွေသိပ်လုပ်မနေပဲလက်ထပ်လိုက်ကြပါတယ်ချစ်ခြင်းတွေနဲ့ပဲတည်ဆောက်ထားတဲ့နှစ်ယောက်တည်းကမ္ဘာလေးကလျှို့ဝှက်ချက်တွေမပေါ်လာခင်အထိတော့သာယာနေခဲ့တာပေါ့ယောင်္ကျားတွေက ဘယ်လိုပဲချစ်လို့ယူထားယူထားအခြားက စနှိုက်တွေရောက်လာတဲ့အခါခဏလောက်ဖြစ်ဖြစ် ယိမ်းယိုင်တတ်တဲ့စိတ်ကိုလည်းမြင်လိုက်ရပါသေးတယ်( ရှင်တို့ယောင်္ကျားတွေကောင်းကိုမကောင်းဘူး )ဆိုတော့ သာယာကြည်နူးဖွယ်ကောင်းသော ဝမ်းနည်းဖွယ်ကောင်းသောပျော်ရွှင်ဖွယ်ကောင်းသော အခန်းတိုင်းက ခံစားချက်အမျိုးမျိုးကိုရစေပါတယ်ချစ်ခြင်းတရားဟာ အဘယ်ကဲ့သို့ဆန်းကြယ်ကြောင်းတွေရောကိုအပြင်လောကမှာကြုံတွေ့ရသလို သဘာဝကျကျလေးရိုက်ကူးထားတာမို့လို့စီးမြောခံစားရတာ သက်တောင့်သက်သာရှိလှပါတယ်( ရည်းစားမရှိတဲ့သူတွေကတော့ ရုပ်ရှင်ကိုရုပ်ရှင်လိုပဲကြည့်ပေါ့ )ဇာတ်လမ်လေးကောင်းရုံတင်မကအပိုဆုအနေနဲ့ မင်းသမီးလေးကလည်းအသားအရည်ရဲ့ဝင်းလဲ့နေမှု မျက်နှာလေးရဲ့ လှပနေမှုဆိုသလိုတော်တော်လေးလှပါတယ်ပြီးတော့ ၂၀၀၈တုန်းက အကောင်းဆုံးဇာတ်ပို့ဆုရထားတာမို့ သရုပ်ဆောင်တာကတော့သိပ်ညွှန်းမနေတော့ဘူးနော် )မင်းသားကလည်း ယောင်္ကျားဆန်ဆန်ပုံစံနဲ့ သရုပ်ဆောင်တာလည်းကောင်းတာမို့လို့ကြည့်ဖို့ပေးလိုက်ရတဲ့အချိန်အတွက် နောင်တရစရာမရှိပါဘူး  Translated and Reviewed by ThinZar HtetEncoded by YKFile Size : 2.2GB abd 1.3GBQuality :1080p Blu-Ray Remux and 720pDuration : 2h 3minSubtitles : Myanmar (Hardsub)
movie

Romance Doll (2020)

2020