Channel Myanmar

2023

The Boxer and the Butterfly (2023) 6.4
The Boxer and the Butterfly (2023) The Boxer and the Butterfly [2023] ( IMDb 6.6/10 )ရိုဝမ်နဲ့ နိုအာတို့ စုံတွဲဟာ ပက်ဗ်လိုဗာ ဖိတ်ခေါ်ပြိုင်ပွဲကြီးအတွက် အများကြီးကြိုးစားအားထုတ်ခဲ့ရပါတယ်... ဒါပေမယ့်လည်း ပြိုင်ပွဲနဲ့ နီးကပ်လာသည့်တိုင် သူတို့ရဲ့ ကကွက်တွေ စင်းလုံးမချောသေးတဲ့အတွက်ကြောင့် နိုအာကပဲ ရိုဝမ့်ကို လမ်းခွဲစကားပြောပြီး တခြားသော ကဖော်ကဖက်အသစ်ဆီ ကူးပြောင်းသွားခဲ့ပါတယ်... ဒီလိုမျိုး နိုအာက လုပ်သွားခဲ့သည်တိုင် ရိုဝမ်က အတတ်နိုင်ဆုံးနားလည်ပေးရင်း ချစ်ရသူနဲ့ ပြန်တွဲကရဖို့ ကကွက်တွေကို အပြင်းအထန်ပြန်လေ့ကျင့်ပါတော့တယ်... ဒီလိုနဲ့ပဲ ကကွက်အဆင်ပြေသွားလို့ နိုအာ့ဆီ ပြန်သွားခဲ့ပေမယ့် နိုအာက ပြိုင်ပွဲကိစ္စအတွက်တင်မဟုတ်ဘဲ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုပါ အဆုံးသတ်ချင်ခဲ့တာဖြစ်ကြောင်း ပြောပါတော့တယ်... အပစ်ပယ်ခံဖြစ်သွားတဲ့ ရိုဝမ်တစ်ယောက် နိုအာကို ပြိုင်ပွဲမှာ အနိုင်ယူချင်တာကြောင့် အခြားသော ကျွမ်းကျင်အကသမားတွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစားပေမယ့် အဆင်မပြေခဲ့ပါဘူး... ဒီလိုနဲ့ သူ့ကို ကကွက်တိုင်မင်မှန်အောင် အကြံပေးခဲ့တဲ့ လက်ဝှေ့သမားဝေါ့တ်ကိုပဲ အကူအညီတောင်းဖို့ ဖြစ်လာပါတော့တယ်... လက်ဝှေ့နဲ့ အကဟာ ဘာတစ်ခုမှ မအပ်စပ်တာကြောင့်မို့ ရိုဝမ့်အနေနဲ့ ပြိုင်ပွဲအနိုင်ရရေးအတွက် ဘယ်လိုကြိုးစားအားထုတ်သွားမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း ...
movie

The Boxer and the Butterfly (2023)

2023
Kapan Hamil? (2023)
Kapan Hamil? (2023) Kapan Hamil [2023]အယ်လန်နဲ့ နာဒရာတို့ လက်ထပ်ထားတာ ၃နှစ်ရှိပြီဖြစ်သည့်တိုင် ကလေးမထွန်းကားသေးတာက သူတို့အတွက် ပြဿနာတစ်ခုဖြစ်လို့နေပါတယ်... ပြဿနာဖြစ်ရခြင်းရဲ့ အဓိကလက်သည်ကတော့ အယ်လန့်အမေပါ .. အယ်လန့်အမေက တချိန်လုံး နာဒရာ့ကို ကိုယ်ဝန်ရှိမရှိနဲ့ ပက်သက်ပြီးတော့ စစ်လားဆေးလားမေးလားမြန်းလား လုပ်လွန်းတဲ့အတွက် သူတို့လင်မယားအဖို့ စိတ်ဖိစီးစရာ ဖြစ်နေပါတော့တယ်... ဒီလိုနဲ့ တနေ့မှာ သူတို့နှစ်ဦး ဆေးခန်းပြဖို့ သဘောတူလိုက်ကြပါတော့တယ်... အယ်လန်ရဲ့မိခင်က သူ့သားဟာ သားသမီးအရမ်းထွန်းကားတဲ့ မျိုးရိုးကဆင်းသက်လာသူမို့ ကိုယ်ဝန်မရရခြင်းဟာ နာဒရာ ချို့ယွင်းနေတာကြောင့်လို့သာ တစ်ထစ်ချ ယုံကြည်ထားပါတယ်... တကယ်တော့ ချို့ယွင်းနေတာဟာ အယ်လန်သာ ဖြစ်ပါတယ်... အယ်လန်ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင် Social influencer တစ်ယောက်ဖြစ်နေတာမို့ သူ့ရဲ့ မြုံနေတဲ့ အားနည်းချက်ကို ဖုံးဖိဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်... ဒါပေမယ့်လည်း အဆုံးမှာ ဇနီးသည်က ဖန်ပြွန်သန္ဓေသားကုထုံးကို လက်ခံလိုက်တာမို့... ကိုယ့်သွေးရင်းသားရင်းကသာ လိုချင်တဲ့ အယ်လန်တစ်ယောက် အခက်ကြီးကြုံရပါတော့တယ်... ဒီလိုနဲ့ အယ်လန့်အနေနဲ့ ဒီအခက်အခဲတွေကြားက ဘယ်လိုကျော်လွှားသွားမလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Kapan Hamil? (2023)

2023
Why Do You Love Me (2023) 5.8
Why Do You Love Me (2023) Why Do You Love Me (2023) "ဘာလို့ချစ်တာလဲ"IMDb - 5.8/10လူ့အခွင့်အရေးဆိုတာ လူတိုင်းရဖို့ထိုက်တန်တယ်ဆိုရင် မသန်စွမ်းတဲ့သူတွေမှာလည်း အိမ်ထောင်ရေးသုခဆိုတဲ့အရာကိုရဖို့ ထိုက်တန်တယ်မဟုတ်ဘူးလားတဲ့။ ဒီအတွေးကို ပထမဆုံးချပြရင်း အကောင်အထည်‌ဖော်ခဲ့တဲ့သူကတော့ Asta Anthony Philpotဆိုတဲ့ အမေရိကန်နိုင်ငံသားproducerပေါ့။ ကိုယ်တိုင် physical disabilityရှိသူတစ်ယောက်အနေနဲ့ မသန်စွမ်းတွေအတွက်လည်း အခကြေးငွေပေးပြီး ပျော်ပါးတဲ့ဝန်ဆောင်မှုမျိုးရသင့်တယ်လို့ ချပြခဲ့သူပေါ့။ Asta Philpotကို အကြောင်းပြုလို့ Come as you areတို့ Hasta La Vista တို့လို ရုပ်ရှင်တွေရိုက်ဖြစ်သွားပြီး အခုတစ်ခါတင်ဆက်ပေးမှာကတော့ Hasta La Vista ရဲ့ အင်ဒိုremakeလေးပါ။နိစ္စဓူဝ ကိစ္စအဝဝကို မိဘကိုအားကိုးရင်းနေရတဲ့ မသန်စွမ်း ၃ ယောက်ဖြစ်တဲ့ ဒန်တွန် ဘာစ်ကာရာနဲ့ မီကိုတို့အတွက်တော့ ချစ်သူဆိုတဲ့အရာက မူးလို့တောင်ရှူစရာမရှိပါဘူး။ ဒီပုံစံအတိုင်း အမေအဖေတွေနဲ့ ဆက်နေနေရင်တော့ နှစ်တစ်ထောင်အက်ဖ်အေဘဝက ကျွတ်ဖို့လွတ်ဖို့ကလည်းမရှိတဲ့ လူပျိုစစ်စစ် ရေမရောဘဝနဲ့ ...
movie

Why Do You Love Me (2023)

2023
Doh (2023)
Doh (2023) Doh (2023) "မုန့်ဆိုင်"မလေးစကားပြော မိသားစုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဖာအစ်ဇ်က ကွာလမ်လမ်ပူမှာ အလုပ်သွားလုပ်ပေမဲ့ အဖေဖြစ်သူကွယ်လွန်တဲ့အတွက် ဇာတိမြို့လေးဆီပြန်လာရပါတယ်။မောင်နှမသုံးယောက်တည်းမှာ အကြီးဆုံးဖြစ်နေတဲ့ ဖာအစ်ဇ်က အဖေဖြစ်သူကိုယ်တိုင် မုန့်လုပ်ပြီးရောင်းတဲ့ မုန့်ဆိုင်လေးကို လူငှားပြီးထားခဲ့ချင်ပေမဲ့ အမေဖြစ်သူကလက်မခံ။ဒီတော့ အဆင်ပြေတဲ့အထိ သူပဲ ဦးစီးဦးဆောင်လုပ်နေရတာပေါ့။ အဖေဖြစ်သူလုပ်တုန်းကလောက် မုန့်တွေက မကောင်းတဲ့အတွက် အဝယ်ကျဲလာရတဲ့ကြားက အနီးမှာလည်း မုန့်ဆိုင်အသစ်ဖွင့်ထားတော့ ဖာအစ်ဇ်ရဲ့မုန့်ဆိုင်လေးက ဝယ်သူမရှိသလောက်ဖြစ်လာပါတော့တယ်။ဒီမှာပဲ ဖာအစ်ဇ်တစ်ယောက် အဖေ့လက်ထက်တုန်းကလို ဆိုင်လေး ပြန်ပြီး ရောင်းကောင်းဖို့အရေးနဲ့အတူ ချစ်ရတဲ့ကောင်မလေးကိုပါ ဘယ်လိုပိုးပန်းမလဲဆိုတာ ကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.1GB / 489MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Doh (2023)

2023
Baipan Bhari Deva (2023) 8.2
Baipan Bhari Deva (2023) Baipan Bhaari Deva (2023) "မိန်းမသားတို့ ဘဝ"IMDb 8.2 ရထားပြီး ဘတ်ဂျက် ၅ ကုဋေသာ အကုန်ကျခံရိုက်ကူးထားပေမဲ့ ရုံတင်ငွေ ၉၂ ကုဋေအထိ (အမြတ် ၁၈ ဆ) ပြန်လည်ရရှိခဲ့ပြီး ထင်မထားပဲ ပေါက်ခဲ့တဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗြိတိန် ရုပ်ရှင်ဆုပေးပွဲ BAFTA မှာ ၁၉၈၂ က ဂန္ဒီရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု ရရှိခဲ့ဖူးတဲ့ တစ်ဦးတည်းသော အိန္ဒိယမင်းသမီး Rohini Hattangadi ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ညီအစ်မခြောက်ယောက်ရဲ့ အခက်အခဲကိုယ်စီနဲ့ သူတို့ရဲ့ ဘဝနေထိုင်မှုတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားတာပါ စိတ်ဓာတ်ကျနေတဲ့ ဂျာရာ၊ ယောကျာ်းက အမြဲတမ်းတစ်ခုပြီးတစ်ခု ခိုင်းတာခံရတဲ့ ချာရူ၊ သမီးဖြစ်သူက ယောက္ခမကို အမေထက် ပိုဂရုစိုက်အလေးပေးနေလို့ စိတ်အားငယ်နေတဲ့ မိခင်တစ်ယောက်ဖြစ်သူ ရှာရှီ၊ အိမ်ထောင်ရေးပြဿနာကို ရင်ဆိုင်နေရတဲ့ ပါလာဗီနဲ့ ချွေးမကိုအလေးမထားတဲ့ ယောက္ခထီးကို ပိုင်ဆိုင်ထားသူ ဆာဒါနား တို့ရဲ့ ဘဝအခက်အခဲတွေ မိန်းမသားတို့ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ...
movie

Baipan Bhari Deva (2023)

2023
Local Sarakku (2024) 7.1
Local Sarakku (2024) Local Sarakku(2024) (ပြည်တွင်းဖြစ်အရက်)IMDb 7.4/10 နာမည်ကြီးဟာသသရုပ်ဆောင် ယိုဂီဘာဘူပါဝင်ထားတဲ့ တမီးလ်ဟာသဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆာရာဗာနားဆိုတဲ့ လူတစ်ယောက်ဟာ နေ့နေ့ညည အရက်သောက်ရင်းနဲ့ပဲ အချိန်ကုန်လေ့ရှိတဲ့ အရက်ဂျိုးကြီးတစ်ယောက်...ညီမဖြစ်သူရဲ့ဝင်ငွေကိုပံ အားကိုးနေရတာကြောင့် အရက်ဖိုးလေးကိုက်အောင် ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း အမျိုးမျိုးအဆင်မပြေ...တစ်ရက်မှာတော့ ဆာရာဗာနားတို့အိမ်နားကို မာဟက်ရှ်ဆိုတဲ့ မိန်းမချောလေးပြောင်းလာခဲ့တယ်... မာဟက်ရှ်က မထင်မရှားသရုပ်ဆောင်လေးတစ်ယောက်ဖြစ်ပေမယ့် ရတဲ့အလုပ်ကို ကျေနပ်စွာလုပ်ပြီး ကြိုးစားတဲ့သူ...ဆာရာဗာနားတစ်ယောက် မာဟက်ရှ်ကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ... အရက်ဂျိုးကြီးတစ်ယောက် ဘာတွေဆက်လုပ်မလဲ ကိုယ့်ကိုယ်ကိုပဲ ပြောင်းလဲတော့မလား ဘာတွေဆက်ဖြစ်မလဲဆိုတာ ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.37GB / 1.08GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Local Sarakku (2024)

2023
Tales of Babylon (2023) 5.9
Tales of Babylon (2023) Tales of Babylon (2023)2023 မှာထွက်ရှိထားပြီး ဆု​တွေအများကြီးရရှိထားတဲ့ Action, Thriller ကား​လေးဖြစ်တဲ့ Tales of Babylon နဲ့မိတ်ဆက်​ပေးပါ​ရ​စေ။~ ဇာတ်လမ်းအညွှန်း ~ကြေးစား​လူသတ်သမားလေး​ယောက် သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ဆက်နွှယ်​နေမှန်းမသိဘဲ မူးယစ်​ဆေး​ငွေ​ကြေးကိစ္စ​တွေနဲ့ ရှုပ်​​ထွေး​နေတဲ့ လန်ဒန်မှာ မစ်ရှင်​ဆောင်ရွက်​နေတာကို ရိုက်ကူးပြသထားတဲ့ အက်ရှင်ကား​လေးပဲဖြစ်ပါတယ်။လန်ဒန်ရဲ့မူးယစ်​ဂိုဏ်း​ခေါင်း​ဆောင် ​ဆေးဗားဒရာဂွန်ရဲ့ ​မြေးဖြစ်သူနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​အေးဂျင့် ​အိတ်စ်နဲ့ဝိုင် အဖွဲ့...တစ်ဖက်မှာလည်း အဘိုးဖြစ်သူရဲ့ ခိုင်း​စေမှုနဲ့ ​မြေးနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​​ကြေးစားတစ်​ယောက်နဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ​သေသွားပြီလို့သိထားတဲ့ ဝိုင်ရဲ့ လုပ်​ဖော်ကိုင်ဖက်​ဟောင်း စဗက်လားနားတို့ မစ်ရှင်​တစ်ခုတည်းကို လိုက်​နေမှန်းမသိ လုပ်​ဆောင်​နေရာက​နေမှ သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ပါဝင်​နေတာကို တစ်ဦးချင်းစီဘက်က​နေ ရိုက်ကူးပြထားတဲ့ဇာတ်ကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 925MB Quality - 1080p, 720p IMDb Rating ...
movie

Tales of Babylon (2023)

2023
Live (2023) 4.5
Live (2023) Live: Phat Truc Tiep (2023) =======================ဆိုရှယ်မီဒီယာပေါ်မှာ ရူးသွပ်နေကြ၊ Viewers တက်ဖို့အတွက်နဲ့ ကြက်ပေါင်ဖိနပ်ကိုတောင် အချဉ်ရည်နဲ့ တို့စားပြနေတဲ့ ဒီခေတ်ကြီးမှာ အဲဒီလိုဖြစ်ရပ်တွေကိုမီးမောင်းထိုးပြထားတဲ့ ဗီယက်နမ်ရုပ်ရှင်တစ်ခု တင်ဆက်ပေးချင်ပါတယ်။Muck Live ဆိုတဲ့ အစီအစဉ်က ဖော်လိုဝါ နည်းနည်းပါးပါးရှိတဲ့ ဆယ်လီယောင်ယောင်တွေ Live လွှင့်ပြီး အစားအသောက်တွေ နင်းကန်စားပြတဲ့ အစီအစဉ်ပေါ့။အဲဒီအစီအစဉ်ထဲက ဆယ်လီတွေဟာ လူမျိုးစုံ၊ စရိုက်မျိုးစုံဖြစ်ကြပေမဲ့အားလုံးတူညီတာတစ်ခုကတော့ ပိုက်ဆံရဖို့အတွက် ဘာမဆို လုပ်ပြချင်စိတ်ရှိနေကြတာပါ။ ဒီရုပ်ရှင်ကိုကြည့်နေရင်း အကုသိုလ် ခုနစ်ပါးထဲက အစားကြူးခြင်းဆိုတဲ့ အကုသိုလ်ကို မြင်အောင်ပြထားတာလားလို့ အတွေးဝင်စေနိုင်တဲ့ထိ လူတွေရဲ့ သောက်တလွဲ စွဲလမ်းမှုတွေနဲ့ အဲဒီစွဲလမ်းမှုတွေကနေ အမြတ်ထုတ်နေတဲ့သူတွေအကြောင်းကို ဒီရုပ်ရှင်က ပုံဖော်ပြထားပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ Saii ~ Alex ~ ToMo ~ Zwe Yan တို့ဖြစ်ကြပါတယ်။) File size…1.68GB /  800MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Live (2023)

2023
Naadu(2023) 8.7
Naadu(2023) Naadu 2023 တောင်ပေါ်ရွာ‌ရောက်အရှုပ်တော်ပုံIMDb-8.8ဆရာဝန်ဇာတ်လမ်းတွေထဲမှာ ကျွန်တော်တို့ရင်ထဲနေရာယူခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုချပြပါဆိုရင် ကြိုးကြာတောင်ပံခတ်သံပေါ့။ ဒီ‌ဇာတ်လမ်းအဆွယ်ကောင်းလို့ ဆရာဝန်ပေါက်စဖြစ်ချင်တဲ့သူတွေလည်း မနည်းမနောရှိခဲ့တာပေါ့လေ။အခုတင်ဆက်ပေးမှာကတော့ နာဂတောင်တန်းမဟုတ်တဲ့ ကိုလီတောင်တန်းက အစစအရာရာ ခေတ်နောက်ကျနေတဲ့ တမီလ်ရွာလေးမှာ တောင်ပံခတ်မယ့် ကြိုးကြာမလေးအကြောင်းပေါ့။ ကိုလီတောင်တန်းပေါ်က တောင်ပေါ်ရွာလေးဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အစွန်အဖျားကရွာလေးဆိုတော့ အစစအရာရာမှာ ခေတ်နောက်ကျနေတာပေါ့။ တီဗီလိုင်းမရှိ ကားမရှိတဲ့ဒီရွာလေးမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းရနေတာကပဲအတော်လေး ကျေးဇူးတင်စရာကောင်းနေတယ်ပဲ ပြောရမလိုပါ။လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့အတွက် ဘာမှမရောက်ဘဲ သီးခြားကွဲထွက်နေတဲ့ ရွာလေးမှာ ဘတ်စ်ကားတောင်မှ မနက်တစ်ခါ ညနေတစ်ခါပဲရောက်ပါသတဲ့။ ဆေးရုံကားဆိုတာကလည်း အရေးပေါ်ကိစ္စနဲ့ခေါ်လိုက်ရင် လူနာသေမှ အလောင်းလာသယ်သလိုလိုအဖြစ်တွေလည်း ဒုနဲ့ဒေးပါပဲ။ ဒီလိုနဲ့ ရွာမှာကောင်မလေးတစ်ယောက် လက်ကောက်ဝတ်လှီးပြီး အဆုံးစီရင်တာကို ဆေးရုံကားခေါပြီး ဆေးရုံပို့ဖို့လုပ်ပေမဲ့ ကားကညမှရောက်ပြီး နောက်ကျလို့ လူနာအသက်မမီလိုက်တဲ့အပြင် ဆရာဝန်က မြည်တွန်တောက်တီးတာခံလိုက်ရချိန်မှာတော့ အတော်လေးရင်ခံသွားကြတဲ့ရွာသားတွေ အလောင်းလာပြန်ပို့တဲ့ဘတ်စ်ကားရှေ့မှာ ပိတ်ရပ်ပြီး ဆန္ဒပြကြပါတော့တယ်။သူတို့ရဲ့တောင်းဆိုချက်ကတော့ အစစအရာရာနိမ့်ကျနေသည့်တိုင်အောင် သူတို့လည်း ဆေးဘက်ဆိုင်ရာအထောက်အပံ့ရခွင့်ရှိတာကြောင့် ရွာဆေးရုံမှာ ဆရာဝန်တစ်ယောက်ခန့်ထားပေးဖို့ပါပဲ။ ကြိုးကြာတောင်ပံခတ်သံကသာ ဖတ်လို့ကောင်းတာ ကိုယ်တကယ်ကြုံရမယ်ဆိုတော့ transferလျှောက်ပြီး အကုန်ပြန်ပြေးကြတာမလို့ ခရိုင်မှူးလည်း အကျပ်ရိုက်နေတာပေမဲ့ ရွာသားတွေကိုငဲ့တဲ့အနေနဲ့ အာဏာသုံးပြီး ဆရာဝန်တစ်ယောက် မရမကလွှတ်ပေးဖို့စီစဉ်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့ ...
movie

Naadu(2023)

2023
Geetasakshigaa (2023) 6.9
Geetasakshigaa (2023) Geeta Sakshigaa (2023) အမှန်တရားIMDb 7.3/10 နာကျင်မှုနဲ့မွေးဖွားလာပြီးတော့ အမျိုးသမီးအဖြစ်ဆက်လက်ရှင်သန်ရတဲ့ မိန်းမသားတွေ.. ကိုယ်ထွက်လာတဲ့သားအိမ်ကို ကိုယ်ပြန်ဓားထိုးတတ်ကြတဲ့ လူမဆန်တဲ့ ယောကျာ်းတွေဆိုတာ ကမ္ဘာအနှံ့မှာရှိနေတတ်ပါတယ်အမျိုးသမီးတွေကို နတ်ဘုရားမလိုကိုးကွယ်ကြတဲ အိန္ဒိယမှာ လူမဆန်စွာနဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရတဲ့ မာနီရှာလေး မွေးနေ့မှာပဲ အမျိုးသမီးဘော်ဒါဆောင်မှာအသတ်ခံလိုက်ရပြီး ဖြစ်ချင်တော့ ဒီပါဝလီပွဲနေ့ဖြစ်လို့ အဆောင်သူအတော်များများအိမ်ပြန်နေချိန် ဒီဖြစ်ရပ်ဆိုးကိုသူမကြုံတွေ့သွားခဲ့ရတယ်အဆောင်ထဲထိ ဒီလိုဝင်လုပ်သွားလို့ ဒီသတင်းက ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပြီး သတင်းတွေထဲမှာပါ ပါလာခဲ့ပြီးနောက် ဝန်ကြီးကိုယ်တိုင်က ဖြေရှင်းချိန် ၄၈နာရီပေးခဲ့ပြီး တရားခံရှာမတွေ့ရင် သူကိုယ်တိုင်ရာထူးကနုတ်ထွက်မယ်လို့ မီဒီယာ‌ရှေ့ကတိပေးခဲ့တယ်အာဂျွန်_ ဟိုက်ဒရာဘတ်ကနာမည်ကြီး‌ဒီဂျေသမားလေး မိသားစုနဲ့ နာမည်ဂုဏ်နဲ့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေရင်းနဲ့ ကံဆိုးမိုးမှောင်ကျပြီး ရဲတွေက လာဖမ်းခဲ့ကြတယ် အကြောင်းကတော့ မုဒိမ်းကျင့် လူသတ်ခဲ့လို့ပါတဲ့ တကယ်ပဲအာဂျွန်သတ်ခဲ့တာလား ၅ နှစ်ကြာပြီးမှ ပြန်လည်ထွက်ပေါ်လာမဲ့ ဒီဇာတ်လမ်းမှာ ဘယ်သူကမှန်ပြီး ဘယ်သူကမှားမယ်ဆိုတာကိုတော့။(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team ကဘာသာပြန်ဆိုပေးထားပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Geetasakshigaa (2023)

2023
Aatmapamphlet (2023) 7.9
Aatmapamphlet (2023) Aatmapamphlet (2023)"ကဂျီကဂျောင် ကိုယ်ရေးမှတ်တမ်း" ==============================================ချန်နယ်မြန်မာ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် တော်တော်လေး ချစ်ဖို့ကောင်းပြီး ရယ်လည်းရယ်ရတဲ့ IMDb 7.9/10 ရ မာရသီစကားပြော အချစ်ဟာသရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Aatmapamphlet ဆိုတာကတော့ အော်တိုပန်းဖလက်ဆိုတာကို မာရသီအသံနဲ့ ခေါ်ထားတာပါ။ အဓိပ္ပါယ်ကတော့ ကိုယ်တိုင်ရေးလက်ကမ်းစာစောင်ပါတဲ့။ ဒါရိုက်တာဖြစ်သူ အာရှစ်ရဲ့ သူ့ဘဝအကြောင်း ကိုယ်တိုင်ရေးစာစောင်လေးပေါ့။အာရှစ်ဆိုတဲ့ကောင်လေးကို မွေးလာကတည်းက သူ့မိဘတွေက ထူးခြားတယ်လို့ထင်ကြတယ်။ အကြောင်းကတော့ အာရှစ်ဘဝရဲ့ အရေးပါတဲ့နေ့တွေမှာ အိန္ဒိယနိုင်ငံအတွက် အရေးပါတဲ့ဖြစ်ရပ်တွေဖြစ်တတ်လို့ပါ။သူမွေးတဲ့နေ့မှာ အစိုးရတစ်ခု ပြုတ်ကျတယ်...။ သူ စကားစပြောတဲ့နေ့မှာ အင်ဒီရာဂန္ဒီ ဝန်ကြီးချုပ်ဖြစ်တယ်...။ သူ တွားသွားတတ်တဲ့နေ့မှာ အိန္ဒိယ ဟော်ကီအဖွဲ့က အိုလံပစ်ရွှေရတယ်...။ အဲဒီလို တိုက်ဆိုင်မှုတွေ အများကြီးပေါ့။အဲဒီအဖြစ်အပျက်တွေကြားထဲကနေ လေးတန်းကျောင်းသား အာရှစ်လေးကို အတန်းဖော်ကောင်မလေးတစ်ယောက်က မတော်တဆ လက်ကိုင်မိသွားတဲ့နေ့ကစပြီး အာရှစ်ဘဝအတွက် အပြောင်းအလဲတွေဖြစ်လာတာကို ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie

Aatmapamphlet (2023)

2023
Aayiram Porkaasugal (2023) 7.6
Aayiram Porkaasugal (2023) Aayiram Porkaasukal (2023) "ရွှေဒင်္ဂါးတစ်ထောင်"========================================စီအမ်ပရိသတ်တွေအတွက် ခွီလည်းခွီ ရယ်လည်းရယ်ရတဲ့ IMDb 7.7 ရ တမီလ်စကားပြော တောင်ပိုင်း ကျေးလက်ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ထရီချီဆိုတဲ့မြို့နားက ရွာလေးတစ်ရွာမှာ အိမ်ထောင်စု ၃၄၄ စုရှိပါတယ်။ အဲဒီရွာထဲမှာ အားလုံးက အလုပ်လုပ်ကြပေမဲ့ အန်နီမူသူဆိုတဲ့လူကတော့ အစိုးရက အလကားပေးတာတွေကိုပဲ ဂုံးဆင်းရှင်သန်ရင်း ဟင်းစားလိုရင်တောင် ဘေးအိမ်ကကြက်ကိုပဲ ခိုးဖမ်းချက်စားတဲ့ လက်ကြောမတင်း အလုပ်မလုပ်သူလူပျိုကြီးပါ။တစ်နေ့မှာတော့ သူ့ဆီကို သူ့ရဲ့ညီမက တခြားရွာမှာပြဿနာရှာထားတဲ့ သားဖြစ်သူသမီးလ်ကို အန်နီမူသူ့ဆီ အားကိုးတကြီးနဲ့ လာပြီး အပ်သွားခဲ့ပါတယ်။ သူ့ရဲ့တူတော်မောင် သမီးလ်ကတော့ ယဉ်ကျေးလိမ္မာကောင်လေးဖြစ်ပြီး ဦးလေးကိုလည်း ရိုသေကာ ရွာထဲကအပျိုတွေ အသားလွတ်ဝိုင်းကြိုက်တာခံရတဲ့ ရွာရဲ့စော်ကြည်ဘဲပေါ့။ဒီလိုနဲ့ သူတို့ရွာမှာ အစိုးရရဲ့ စီမံကိန်းနဲ့ အိမ်တိုင်းမှာ အိမ်သာဆောက်ဖို့ တွင်းတွေတူးကြရင်း အန်နီမူသူရဲ့တွင်းထဲကနေ ရွှေဒင်္ဂါး ၁၀၀၀ ပါတဲ့ မြေအိုးတစ်လုံးကို ရှာတွေ့ရာကနေ တစ်ရွာလုံး တစ်ယောက်တပေါက်နဲ့ တလွဲတွေဖြစ်ကြပါတော့တယ်...။(ဒီရုပ်ရှင်အတွက် ...
movie

Aayiram Porkaasugal (2023)

2023
Miriam Maa (2023) 8.5
Miriam Maa (2023) Miriam Maa (2023) "အငှားဝမ်းကြာတိုက်"အခုတစ်ခေါက်တင်ဆက်ပေးမယ့် ကားလေးကတော့ အမျိုးသမီးဝါဒနဲ့ မိခင်စိတ်တို့ကို ပညာပေးပုံစံလေးရိုက်ထားတဲ့ တမီးလ် ဟာသ ဒရာမာလေး ဖြစ်ပါတယ် IMDb 8.5 အထိ ရထားပြီး ရိုးရှင်းတဲ့ တင်ဆက်မှုကြောင့် ဇာတ်ကားအရှည်ကြီး ကြည့်ရမှာ ပျင်းတဲ့ ပရိသတ်တွေလည်း ခဏတာ အမောဖြေလို့ရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မီရီရမ်ဆိုတဲ့ အသက်ငါးဆယ်အရွယ် မိန်းမတစ်ယောက်က သူ့အသက် ၁၈ နှစ်အရွယ်မှာတင် အိမ်ထောင်ပြုခဲ့ရပြီး သိပ်မကြာခင်မှာပဲ ယောကျာ်းက ပစ်သွားခဲ့လို့ သားလေးနဲ့အတူ နှစ်ယောက်တည်း ရုန်းကန်ခဲ့ရတဲ့ အမျိုးသမီးပါတစ်နေ့ သားဖြစ်သူက သူငယ်ချင်းနှစ်ယောက်ကို အိမ်အလည်ခေါ်လာပြီး အဒေါ်ကြီးနဲ့ စကားလက်ဆုံကျရင်း သားရဲ့ သူငယ်ချင်းမိန်းကလေး အိုင်ရှူရဲ့ သားအိမ်က ကလေးယူလို့မရနိုင်တဲ့အတွက် အငှားကိုယ်ဝန်ဆောင် လိုက်ရှာနေတဲ့အကြောင်းဆီ စကားစပ်မိသွားပါတယ်အိန္ဒိယရဲ့ ရှေးရိုးစွဲလူ့အဖွဲ့အစည်းရဲ့ ထုံးစံအတိုင်း အိုင်ရှူရဲ့ အခြေအနေကို ယောက္ခမလောင်းတွေက လက်မခံကြပါဘူးဒါကို မိန်းမသားချင်းကိုယ်ချင်းစာသွားတဲ့ အဒေါ်ကြီး ...
movie

Miriam Maa (2023)

2023
See You Again (2023)
See You Again (2023) ပြန်လည်ဆုံတွေ့ကြရာဝယ် (၂၀၂၃)ထိုင်မှာ ဝီးလို့ ခေါ်တဲ့ အရမ်းချစ်ရတဲ့ ကောင်မလေး တစ်ယောက်ရှိပါတယ် သူတို့ လက်ထပ်လိုက်ကြပြီး တစ်ပတ်လောက်မှာ ဝီးတစ်ယောက် ကင်ဆာနဲ့ဆုံးသွားပါတယ် ဝီး ဆုံးသွားတော့နောက်ပိုင်း ထိုင်တစ်ယောက် Move on မလုပ်နိုင်ဘဲ အတိတ်မှာပဲ ကိန်းအောင်နေခဲ့ပါတယ်တစ်နေ့မှာ ထိုင်ရဲ့ သူငယ်ချင်း သမီးလေးတစ်ယောက် မွေးဖွားခဲ့ပါတယ် အဲ့ကလေးမလေးရဲ့ နာမည်က ၀မ်မိုင်ပါ ၀မ်မိုင်က ငယ်ငယ်လေးကတည်း ထိုင်အပေါ် သံယောဇဉ်တွေရှိနေခဲ့ပါတယ် သူ့ရဲ့ တစ်ချို့ အပြုအမူ အပြောအဆိုတွေကလည်း ဝီးနဲ့ သွားဆင်နေပါတယ် ဒီလိုနဲ့ ထိုင်က ၀မ်မိုင်ကို ဝီး၀င်စားတာလို့ ယုံကြည့်ခဲ့ပါတယ်ဆိုတော့ ထိုင် နဲ့ သူ့သမီးလောက်အရွယ်သာရှိတဲ့ ၀မ်မိုင်တို့ရဲ့ အချစ်ဇာတ်လမ်း ဘယ်လို အဆုံးသတ်သွားမှာလဲ ၀မ်မိုင်ကရော တကယ်ပဲ ဝီး၀င်စားတာလားဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းနဲ့ ဘာသာပြန်တော့ Fake Love ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 2GB | 689MB Format… mp4 Duration….  1h ...
movie

See You Again (2023)

2023
Irumban (2023) 6.8
Irumban (2023) irumban 2023 (imdb 7.1/10) "အာဂယောက်ျား"အခုထွက်လာတဲ့တောင်ပိုင်းကားလေးကတော့ တမီလ်မင်းသမီးချော အက်ရှ်ဝါရာဦးဆောင်ထားပြီး မင်းသားဆက်ပါရမ်ကလည်း အကွာမန်းအထာနဲ့ ဂိုက်ပေးကြမ်းထားတဲ့အပြင် ယိုဂီဘာဘူလို တောင်ပိုင်းနာမည်ကြီး ဇာတ်ပို့တွေလည်း ပါဝင်အားဖြည့်ထားပါသေးတယ်ဇာတ်လမ်းလေးကတော့ အချစ်အလွမ်းအက်ရှင်ဇာတ်ကြမ်းလို့ ရိုးရိုးလေးပြောလိုက်ရင်လည်း ကြိုက်တတ်တဲ့ပရိသတ်ကြီးက ကြည့်မှာသေချာပါတယ်ဒါပေမဲ့ ဝတ္တရားရှိတဲ့အတိုင်း နဲနဲချဲ့ကားပြောရရင်တော့ အိန္ဒိယရဲ့ရှေးလူမျိုးစုတစ်ခုဖြစ်တဲ့ ဗယ်ဂရီဘူလီ မျိုးနွယ်က ကိုယ့်မျိုးနွယ်ဝင်မဟုတ်တဲ့ သူတွေနဲ့ လက်မထပ်အိမ်ထောင်မပြုကြပါဘူးတဲ့ တခြားလိုက်နာစောင့်ထိန်းတဲ့ ရိုးရာပေါင်းစုံလည်းရှိပါသေးတယ် သူတို့က တောင်ပိုင်းဒေသတွေမှာ ပျော်ရွှင်စွာပဲ အမဲလိုက်လိုက် နတ်ပူဇော်လိုက်နဲ့ ခေတ်ကိုလဲအမှီလိုက် ရိုးရာလဲမပယ်ပဲ နေထိုင်ကြတဲ့ လူမျိုးစုပါတဲ့အဲ့တော့ ဇာတ်လမ်းလေးက ဒီသာကီဝင်ပရိုမက်စ်မျိုးနွယ်မင်းသားက တခြားသူတို့လူမျိုးမဟုတ်တဲ့ ကောင်မလေးတစ်ယောက်(မင်းသမီး)ကို ချစ်ကြိုးသွယ်မိတဲ့ဇာတ်လမ်းလေးပါပဲနဲနဲပါးပါးဟာသလေးတွေပါမယ်...ဒရာမာလေးတွေပါမယ် ကြည်နူးရတာလေးတွေရှိမယ် မင်းသားနဲ့မင်းသမီးရိုပြမယ် အက်ရှင်ခန်းမှာ ဗလကြီးတွေထုတ်ပြပြီး ရှယ်ချကြမယ် အဲ့တော့ ပရိတ်သတ်ကြီးလဲ စိတ်အပန်းဖြေဖို့ အားပေးနိုင်ကြောင်း ပြောကြားရင်းနဲ့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပါပဲ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.4GB / 1.6GB  Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Irumban (2023)

2023
Five Breakups and a Romance (2023) 5.5
Five Breakups and a Romance (2023) Five Breakups and A Romance (2023)ချစ်ခြင်းမပြယ်IMDb-5.7/10ဖိလစ်ပိုင်အချစ်ဇာတ်လမ်းတွေနဲ့ ခွဲထားလို့မရတဲ့ပါးချိုင့်လေးနဲ့အပြုံးချိုချိုမင်းသားလေး Alden Richards နဲ့ မင်းသမီးချောလေး Julia Montes တို့ရဲ့ အနောက်ဥရောပနိုင်ငံတွေထိရုံတင်ကြည့်ရှုနှုန်းတွေနဲ့ ရုံ‌တင်ငွေ သန်း 100 ထိရခဲ့တဲ့ အချစ်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်လူတစ်ယောက်ကို စတွေ့လိုက်တဲ့အချိန်တည်းကစခဲ့တဲ့အချစ် ။ အချိန်တွေဘယ်လောက်ကြာကြာ ဘဝအနေအထားတွေ ဘယ်လိုပဲပြောင်းလဲသွားသွား ပျောက်ပြယ်မသွားတဲ့ အချစ်တစ်ခု...ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိအောင် သည်းခံတတ်အောင် ခံနိုင်ရည်ရှိအောင် ဒီလိုပြုပြင်ပေးတဲ့လူက ဘေးနားမှာရှိနေတယ်ဆိုတာ ကံကောင်းခြင်းတစ်မျိုးပဲမဟုတ်ပါလား တစ်ယောက်တည်းကြံ့ကြံ့ခံရင်း အချိန်မရွေးပြိုလဲလို့ရနေတဲ့ရင်ခွင်တစ်စုံက ကိုယ့်ကို ဘယ်လောက်ထိအောင်မြင်မှုတွေပေးကြောင်း ဘေးနားကလူကြောင့် ပြောင်းလဲသွားရတဲ့ ကိုယ်ကိုယ်တိုင်အဖြစ်ခံစားရင်း ဆက်လက်ရှုစားကြဖို့ညွှန်းဆိုလိုက်ပါတယ်....အချစ်ဆုံးသူငယ်ချင်းတွေအကြောင်းပြုပြီး လန့်စ်နဲ့ ဂျက်စတင်းတို့ ဆုံတွေ့ခဲ့ကြတဲ့ concert ညတစ်ည ဖက်ရှင်ဒီဇိုင်နာဖြစ်ဖို့ ဖိလစ်ပိုင်ကထွက်ပြီး စင်ကာပူမှာလာကြိုးစားနေတဲ့ဂျက်စတင်း နဲ့ ဆေးပညာအသိုင်းအဝိုင်းမိသားစုကြား မိသားစုသဘောကျ ဆေးပညာကိုပဲ သင်ယူနေရတဲ့လန့်စ်တို့ မြင်မြင်ချင်း ချစ်မိသွားကြတယ်ကိုယ့်ဘဝကိုယ်ကိုယ်တိုင် စိတ်ကြိုက်ခြယ်သနိုင်တဲ့ဂျက်စတင်းနဲ့ မိဘအလိုကျကြိုးစားရတဲ့ဆေးကျောင်းသားလေးတို့ အချစ်ဇာတ်လမ်း။ ။ချစ်ရသူနဲ့ အမှားတစ်ခုကြောင့်တစ်နှစ်အကြာမှာ အဖုအထစ်လေးတွေနဲ့ပြတ်စဲခဲ့ကြတဲ့အချိန်က လူတွေတဖြုတ်ဖြုတ်သေကြတဲ့ ကိုဗစ်ကာလကြီးပေါ့ ကျန်းမာရေးဝန်ထမ်းတွေ အထိဆုံးကာလတစ်ခုမှာ ကိုယ့်ဘေးနား ဝန်ထမ်းတွေ လူနာတွေနဲ့ပဲရှိပြီး တစ်ယောက်တည်းအထီးကျန်မှုတွေနဲ့ ၂ပါးသွားနေခဲ့ရတဲ့ ဒေါက်တာလေး လန့်စ်က စိတ်ထောင်းကိုယ်ကြေဖြစ်နေချိန် အချိန်တစ်ခုအကြာမှာ ပြန်ဆုံတွေ့ခဲ့ကြပြီး ...
movie

Five Breakups and a Romance (2023)

2023
Naal 2 (2023) 8.3
Naal 2 (2023) Naal 2 (2023) "နှောင်ကြိုး ၂" IMDb - 8.3/10လတ်တလော တောင်းဆိုမှုအများဆုံးဇာတ်ကားဖြစ်ပြီး IMDbကအစ မိမိုက်နေတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်က ၂၀၁၉ခုနစ်မှာကျင်းပတဲ့ ၆၆ကြိမ်မြောက်ရုပ်ရှင်ဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ Naal(2018)ရဲ့ အဆက်ပေါ့။ အဆက်ဆိုပေမဲ့ သူ့ချည်းပဲ ကြည့်လို့ရတဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။ချိုင်တယာတို့မိသားစုက ရွေးကောက်ပွဲနီးလို့ ဇာတိရွာဆီကို ပြန်လာကြပါတယ်။ အဖေဖြစ်သူက ရွေးကောက်ပွဲဝင်ပြိုင်မဲ့အမတ်လောင်းတစ်ယောက်ပေါ့။ရွာဓလေ့အတိုင်း အမျိုးတွေ လက်ညှိုးထိုးမလွဲဆိုတော့ ချိုင်တယာတစ်ယောက် ကလေးပီပီပျော်ရပါရောလား။ ချန်မ်နီဆိုတဲ့ ကလေးမလေးကို ချိုင်တယာတစ်ယောက် သူ့ညီမလေးအရင်းလို တုန်နေအောင်ချစ်မိသွားပါရော။ကလေးမလေး အိပ်နေရင်တောင် ဘေးကတစ်စိမ့်စိမ့်ထိုင်ကြည့်နေမိတဲ့ ချစ်မိတဲ့ အစ်ကိုတစ်ယောက်ရဲ့ ၅၂၈မေတ္တာတွေနဲ့ပေါ့။ချန်မ်နီလေးကတော့ သူ့အစ်ကိုအရင်း မာနီကလွဲရင် ချိုင်တယာလေးကို အဖက်တောင်မလုပ်။ ဒီလိုကလေးတွေကြားက ဖြူစင်တဲ့မေတ္တာလေးတွေရဲ့တစ်ဖက်မှာ ချိုင်တယာ့အဖေဖြစ်သူက မိသားစုမှာအစ်ကိုကြီးဖြစ်နေတော့အမွေကိစ္စတွေ ရှုပ်ထွေးလာပါတော့တယ်။မောင်နှမအရင်းမဟုတ်ပဲ မောင်နှမအရင်းအချာလို ဖြူစင်စွာနဲ့ သဲသဲလှုပ်ချစ်မိတဲ့ ချိုင်တယာရယ် မောင်နှမအရင်းတွေတန်မဲ့ အမွေတွေလုရင်း ပြဿနာတွေတက်ရတဲ့ အဖေဖြစ်သူတို့ကြားက ပြဿနာများစွာကို ကြည့်ရှုခံစားရမှာပါ။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ~ BpL တို့ပဲဖြစ်ပါတယ်) File size…2.3GB / 1.2GB Quality…WEB DL ...
movie

Naal 2 (2023)

2023
Food for the Heart (2023) 5.8
Food for the Heart (2023) Food for the Heart (2023) IMDb - 5.9/10"လီရာ" ဆိုတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက သူပိုင်တဲ့ "The Loving Spoonful" အမည်ရှိ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းလေးကို စိတ်နှစ်ထားတဲ့ အမျိုးသမီးလေးပေါ့အရာရာကို သူ့အတွေးအခေါ်နဲ့ သူ့ခြေသူ့လက် လုပ်ချင်တယ်... ဝန်ထမ်းဆိုလို့ "ဖေး" ဆိုတဲ့ ကျောင်းသူကောင်မလေးတစ်ယောက်ပဲ ရှိပြီး ကိုယ်တိုင် နေ့မနားညမနား အလုပ်လုပ်ရလို့ သူမရဲ့ချစ်မေတ္တာတွေ အလုံးစုံကို customer တွေအတွက် သူမရဲ့ ဟင်းပွဲလေးတွေကနေ အနွေးဓာတ်ပေးဖို့ပဲ ပုံအပ်ထားသူလေး....တစ်ဖက်မှာလည်း တူမလေးအိုင်ဗီနဲ့ တူအရီးနှစ်ယောက်တည်း နေတဲ့ လူပျိုကြီး "အန်ကယ်အီလိုင်" တစ်ယောက် သူတို့တိုက်ခန်းကို ပြောင်းလာတယ် သူကတော့ ငွေကြေးပြေလည်မှုနဲ့ အမိမဲ့တူမလေးကို ဂရုတစိုက်ချစ်ပေးဖို့ဆိုတဲ့ ဟန်ချက်နှစ်ခုကို ဘက်မျှအောင် ညှိဖို့ အခက်အခဲဖြစ်နေသူပါအန်ကယ်အီလိုင်တစ်ယောက် တူမလေးကို နွေရာသီ လေ့လာရေးစခန်းမှာ ထားချင်ပေမဲ့ ဈေးကြီးလို့ မတတ်နိုင်တာကြောင့် တစ်ခုကြံရတော့တယ် ဒီလိုနဲ့ အစားအသောက် ဖန်တီးရှင် အပျိုကြီးမမနဲ့ ပရောဂျက်မန်နေဂျာ အန်ကယ်တို့ အလုပ်တွဲလုပ်ရဖို့ ဖြစ်လာတယ်ပေါ့အရာရာ ...
movie

Food for the Heart (2023)

2023
Acid (2023) 5.3
Acid (2023) Acid (2023)အကယ်၍များဆိုတဲ့ စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။ အကယ်၍များ ကမ္ဘာကြီးပျက်ခဲ့ရင်တို့ အကယ်၍များ မီးမိုးတွေရွာခဲ့ရင်တို့ အကယ်၍များ အကုန်ရေခဲသွားရင်တို့ အကယ်၍များ အက်စစ်မိုးတွေရွာခဲ့ရင်တို့ပေါ့။ဒီလိုမျိုး ဘေးအန္တရာယ်တွေကျရောက်လာရင်ဘယ်လိုလုပ်ကြမလဲဆိုတာမျိုးလဲ စိတ်ကူးပြီးစဉ်းစားမိခဲ့ကြဖူးမှာပါ။ ဒါကိုကလဲ ကမ္ဘာ့ကပ်ဘေးဇာတ်လမ်းတွေရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ နောက်ဆုံးထွက်ထားတဲ့ Moon Fall ဇာတ်ကား သိပ်ပြီးမအောင်မြင်ခဲ့ပေမဲ့ လူကြည့်တော့များတုန်းပါပဲ။ ဒါပေမဲ့နောက်ပိုင်း ခုလို World Apocalypse ဇာတ်လမ်းတွေရှားပါးနေချိန်မှာ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ပြင်သစ်ကရိုက်ထားတဲ့ Apocalypse ကမ္ဘာပျက်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာကြီးရဲ့ ဖန်လုံအာနိသင်ကြောင့် အပူချိန်တွေမြင့်တက်လာပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားဓာတုပစ္စည်းတွေ လေထုထဲကို စွန့်ပစ်မှုများလာတဲ့အတွက် တိမ်ထုထဲက မိုးရေတွေမှာ အက်စစ်ပါဝင်လာမှုပမာဏ မြင့်မားလာပါတယ်။ ကမ္ဘာကြီးဟာလဲ စစ်တိုက်နေရတာနဲ့အချိန်တွေကုန်နေပြီး သဘာဝပတ်ဝန်းကျင်ကို လျစ်လျှုရှုထားကြပါတယ်။ ဒါပေမဲ့ ခုလိုအက်စစ်ပမာဏတွေများလာတဲ့ မိုးရေတွေဟာ အက်စစ်မိုးများအဖြစ်နဲ့ ကမ္ဘာပေါ်ကိုပြန်လည်ရွာချလာပါတယ်။ အရင်ကအက်စစ်မိုးတွေဟာ အပင်တွေကို ပျက်စီးစေတာလောက်ပဲ အန္တရာယ်ရှိပေမဲ့ ခုမှာတော့ သက်ရှိတွေကိုပါ သေစေနိုင်လောက်တဲ့အထိ အက်စစ်ပမာဏများပြားလာပါတယ်။ အက်စစ်မိုးတွေ ကြောင့်မြစ်ချောင်းတွေကရေတွေ တွင်းရေတွေဟာလဲ သောက်သုံးလို့မရတော့ပါဘူး။ ဒီလိုသဘာဝဘေးအန္တရာယ်တွေကြားမှာ မိသားစုတစ်စု အက်စစ်မိုးတွေကြား ဘယ်လို လွှတ်မြောက်အောင် အသက်လုပြီး ကြံဆပြီး ဘေးကင်းရာဒုက္ခသည်စခန်းကို သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်)Genre..... Drama, Sci-fi Quality…. 1080p ...
movie

Acid (2023)

2023