Channel Myanmar

2023

The Quest for Tom Sawyer’s Gold (2023) 5.1
The Quest for Tom Sawyer’s Gold (2023) The Quest for Tom Sawyer's Gold (2023) =============================မိသားစုနဲ့အတူ အပန်းပြေကြည့်ရှု့နိုင်မယ့် ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခုဇာတ်ကားဟာ Tomb Raider တို့၊ Indiana Jones တို့လို ရတနာတွေ လိုက်ရှာတဲ့ ဇာတ်ကားမျိုးဆိုပေ မယ့် က‌လေးတွေအတွက် ရည်ရွယ်ပြီး ရိုက်ထားတာမို့ Dora: The Explorer လိုမျိုး ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက အရမ်းကြီးလေး နက်တဲ့ Plot Twist တွေ၊ သတ်ခန်းဖြတ်ခန်းတွေ မပါဝင်ပေမယ့် ထိုက်သင့်တဲ့ စွန့်စားခန်းမျိုးနဲ့ တင်ဆက်ထားတာမို့ ပေါ့ပေါ့ပါးပါး ကြည့်ရှု့နိုင်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အက်ဂီအန်းစတောင်းဟာ စွန့်စားပြီး ရတနာတွေကိုလိုက်ရှာရတာ ကြိုက်တဲ့ကောင်မလေးပါ။ ဒါပေမယ့် အသက်ကြီးလာပြီး ကလေးတစ်ယောက်ရတဲ့အချိန်မှာတော့ သား ဖြစ်သူကို စောင့်ရှောက်ရင်း သူ့သားတက်တဲ့ကျောင်းမှာ ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တာပါ။ အတန်းထဲမှာ တွမ်ဆောယာရဲ့ ရွှေ ဆိုတဲ့ စာအုပ်အကြောင်းကို သင်ရင်း ကလေးတွေကိုအိမ်စာပေးလိုက်ပါ တယ်။ သားဖြစ်သူ အန်တိုနီဟာ သူငယ်ချင်းဖြစ်သူ ဝူဒီ၊ လူ တို့နဲ့အတူ တွမ်ဆောယာရဲ့ ရွှေတွေကို စာအုပ်ထဲက လေ့လာရုံနဲ့တင် အားမရဘဲ အပြင်မှာပါ ...
movie

The Quest for Tom Sawyer’s Gold (2023)

2023
Shazam! Fury of the Gods (2023) 6.5
Shazam! Fury of the Gods (2023) Shazam! Fury of the Gods (2023)ရှဇမ်းရဲ့ ဒုတိယမြောက်ရုပ်ရှင်လာပါပြီ။ ပထမရုပ်ရှင်ရဲ့အဆက်အတိုင်းပါပဲ။ ပထမရုပ်ရှင်ရဲ့ ဒါရိုက်တာက David F. Sandberg ပါပဲ။ ရှဇမ်းလူကြီးအဖြစ်တော့ Zachary Levi ပဲ ပါဝင်ထားပေမဲ့ ကလေးသရုပ်ဆောင်အဖြစ်တော့ အသက်နည်းနည်းကြီးတဲ့ Asher Angel က ပါဝင်ထားပါတယ်။ စူပါဟီးရိုးမမ အလန်းအဖြစ် Grace Caroline Currey ပါပါတယ်။ ပထမကားထက် ဟာသတွေပိုများပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အပမ်းပြေကြည့်ရှုဖို့သက်သက် ဖန်တီးထားတာပဲဖြစ်ပါတယ်။ မိသားစုပညာပေးကားလေးဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဂရိနတ်ဘုရားတွေနဲ့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ရှဇမ်းတို့ကို စွမ်းအားတွေပေးခဲ့တဲ့ မှော်တောင်ဝှေးဟာ ဂရိနတ်ဘုရားတွေရဲ့ အစွမ်းတွေကိုခိုးယူထားပြီး နတ်ဘုရားလောကကို မှော်အစွမ်းတွေမရှိတော့အောင် ဖန်တီးခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှဇမ်း (၂၀၁၉) မှာ ဘီလီဘတ်ဆန်က ချိုးပစ်လိုက်တဲ့နော်က နတ်ဘုရားတွေ ကမ္ဘာပေါ်ကို ဆင်းလာနိုင်ပြီး သူတို့ရဲ့အစွမ်းတွေကို ပြန်ယူဖို့ ထိပ်တိုက်တွေ့ကြတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, ...
movie

Shazam! Fury of the Gods (2023)

2023
4K HEVC
Murder Mystery 2 (2023) 5.7
Murder Mystery 2 (2023) Murder Mystery 2 (2023) =================== IMDb Rating - 5.7/10နာမည်ကြီး မင်းသား Adam Sandler နဲ့ မင်းသမီး Jennifer Aniston တို့ အဓိကသရုပ်ဆောင်ရိုက်ကူးထားတဲ့ Mystery Murder 2 ပြန်လာပါပြီ။ ဇာတ်​လမ်းကတော့ ​​တစ်ကားလုံး ရယ်စရာဟာသတွေနဲ့ တစ်လွဲတွေကို တွေ့မြင်ရမယ့် Mystery, Comedy Genre ပဲ ဖြစ်ပါတယ်။Nick Spitz နဲ့ Audrey Spitz တို့ သူတို့ စုံထောက်လုပ်ငန်းမှာ အလွဲတွေချည်းလုပ်ပြီး ဒေဝါလီခံလုနီးပါးအချိန်မှာ သူတို့ရဲ့ သူငယ်ချင်း ဘီလီယံနာသူဋ္ဌေးဆီက မင်္ဂလာဆောင်ဖိတ်တာကို ခံလိုက်ရတယ်။ သူတို့လည်း လက်ခံလိုက်ပြီး ဥရောပကို ခရီး ထွက်လာကြတာပေါ့။ ရောက်လည်းရောက်ရော ဘီလီယံနာ သူဋ္ဌေးရဲ့ အပျံ့စားဧည့်ခံမှုတွေကြောင့် ပျော်နေချိန်မှာပဲ မကြာ လိုက်ပါဘူး၊ ပြဿနာအကြီးကြီးတက်တော့တာပဲ။ သတို့သား ဘီလီယံနာသူဋ္ဌေးကို မင်္ဂလာဆောင်မှာ ပြန်ပေးဆွဲခံလိုက်ရပါ တယ်။အဲဒါကြောင့်Nick နဲ့ Audrey လည်း စုံထောက်တွေအဖြစ် တရား ခံကိုရှာဖွေဖို့ သံသယဝင်သူတွေကို စစ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီ သံသယဝင်ခံရတာက Nick ...
movie

Murder Mystery 2 (2023)

2023
Faraaz (2023) 4.6
Faraaz (2023) Faraaz 2022 IMDb 4.6/10 Action/Thrillerဒီဇာတ်ကားဟာ 2016ခုနှစ် ဘင်္ဂလားဒေ့ရှ်က ကော်ဖီဆိုင်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ မတူညီတဲ့ဘဝတွေကို ဖြတ်သန်းနေရတဲ့ လူငယ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ တချို့ကတော့ နောင်ရေးအတွက် ပိုပြီး ကောင်းမွန်တဲ့အလားအလာတွေကို ဖန်တီးနေရချိန်မှာ တချို့လူငယ်လေးတွေကတော့ ကိုယ်ယုံကြည်ရာတစ်ခုအတွက် ဘဝတွေကိုစတေးပြီး စွန့်စားနေကြပါတယ်။အဲဒီနေ့က ဒါကာမှာ သာမန်နေ့ရက်လေးတစ်ရက်ဖြစ်နေခဲ့ပေမယ့် ရုတ်တရတ်ဆိုသလို အကြမ်းဖက်အဖွဲ့ဝင်တွေက ကော်ဖီဆိုင်တစ်ခုကို ဝင်စီးလိုက်ကြပါတယ်။ အဲဒီအဖွဲ့ကလူငယ်လေးတွေကတော့ သူတို့ယုံကြည်ရာ ကိုးကွယ်ရာဘာသာအတွက် မှန်ကန်မယ်လို့ထင်‌တဲ့အရာကို လုပ်နေခဲ့ကြတာပါ။ ဒါပေမဲ့ ကော်ဖီဆိုင်ထဲမှာ ရှိနေတဲ့ ဘဝအမျိုးမျိုးနဲ့လူတွေကရော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားမလို့ စိတ်လှုပ်ရှားစွာနဲ့ ဆက်ပြီး ကြည့်ရှုပေးကြပါဦး။ File size…1.42GB /  614MB Quality…1080p NF  WEB DL / 720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Thaik San ~ Cherry
movie

Faraaz (2023)

2023
Love Today (2022) 8.1
Love Today (2022) Love Today (2022) IMDb - 8.1/10၂၀၂၂ မှာထွက်ရှိထားပြီး rating ရှယ်ရထားတဲ့အပြင် ရုံ၀င်ငွေမှာရှယ်မြတ်ထားတဲ့ တမီးလ်ရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ လူကြိုက်များတဲ့အပြင် မစိမ်းတဲ့တမီးလ်နာမည်ကြီးသရုပ်ဆောင်တွေပါပြီး ယူတတ်ရင် ပညာလည်းရမယ့် ရုပ်ရှင်တစ်ကားပေါ့...ဇာတ်လမ်းအကျဉ်း ချစ်သူနှစ်ယောက်ဟာ အချင်းချင်းချစ်တယ်လို့ပြောကြတယ်၊ သက်တမ်းကြာလာရင်ကိုယ့်အကြောင်း သူ့အကြောင်းထဲထဲ၀င်၀င်သိကြတယ်၊ ဘာလျှို့ဝှက်ချက်မရှိဘူး အချင်းချင်းယုံကြည်ပါတယ်လို့ပြောကြတယ်...ဒါပေမယ့်အဲ့ဒါကစကားအရပဲလား၊ အဲ့ဒါကိုတကယ်သက်သေပြရဲကြရဲ့လား... ဒါဆိုရင်ကိုယ့်ရဲ့ ကိုယ်ပိုင်ဖုန်းကို ကိုယ်ချစ်ရတဲ့သူ၊ ယုံကြည်ရပါတယ်ဆိုတဲ့ သူကိုပေးသုံးရဲလား၊ password နံပါတ်တွေပေးရဲလားပေါ့... ဒီဇာတ်ကားမှာတော့ ချစ်သူနှစ်ဦးဟာ အချင်းချင်းချစ်ကြတယ် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတယ်ဆိုတာကို သက်သေပြဖို့ တစ်ယောက်နဲ့တစ်‌ယောက် ဖုန်းချင်းလဲသုံးခိုင်းပါတော့တယ်။အဲ့မှာဇာတ်လမ်းစတော့တာပါပဲ...ဒီတော့ အချင်းချင်းယုံကြည်ပါတယ်ဆိုတဲ့ ချစ်သူနှစ်ဦးက ဖုန်းကိုအသာတကြည်လဲသုံးနိုင်ကြရဲ့လား၊ ဖုန်းpassword မဖွင့်မနိုင်အောင် ဘယ်လိုကြံစည်ကြမလဲ၊ ဘာလျှို့ဝှက်ချက်တွေများ ရှာတွေ့သွားကြမလဲ၊ အချင်းချင်းလက်ခံနိုင်ပါဦးမလားဆိုတာ... ကိုယ့်မှာလည်းချစ်ရတဲ့သူရှိရင် ဖုန်းလဲသုံးခိုင်းပြီး အချစ်စမ်းကြည့်လို့ရတာပေါ့... File size…2.3GB/ 1.1GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~Nyein
movie

Love Today (2022)

2023
Who Killed Our Father? (2023) 5.8
Who Killed Our Father? (2023) Who Killed Our Father? (2023)လေလာရဲ့ငယ်ဘဝကကြမ်းတမ်းခဲ့တယ်။ အဖေဘယ်သူဝါမှန်းမသိတဲ့အပြင် အမေဖြစ်သူကလည်းဆေးစွဲနေပြီး အိမ်ပြန်တလှည့် မပြန်တလှည့်နေရာကနေ လေလာအသက် ၁၀ နှစ်လောက်မှာဆေးလွန်ပြီးသေသွားခဲ့တယ်။ ဆုံးရှူံးမှုတွေနဲ့မစိမ်းတဲ့လေလာဟာ သူ့ရဲ့တစ်ဦးတည်းသောအခင်တွယ်ရဆုံး မွေးစားအစ်မအိုင်းရစ်ကိုလည်း ဆုံးရှူံးလိုက်ရပြန်ပါတယ်။ဒီလိုနဲ့ လေလာဟာ သူ့ရဲ့အဖေရင်းကိုရှာဖို့ဆုံးဖြတ်ခဲ့တယ်။ DNA စစ်ဆေးချက်ရလဒ်အရ အိမ်ခြံမြေလုပ်ငန်းပိုင်ရှင် စကော့တ်ဟာရတ်ရဲ့သမီးဖြစ်နေတာတွေ့ခဲ့ရတယ်။ တဆက်တည်းမှာပဲ သူ့အဖေရဲ့ထူးဆန်းတဲ့သေဆုံးမှုကိုပါသိလိုက်ရပါတော့တယ်။ လေလာဟာ သူ့အဖေကိုသတ်တဲ့တရားခံကိုဖော်ထုတ်ဖို့ဆန္ဒရှိနေတယ် ဒါ့အပြင် သူ့ရဲ့တစ်ဦးတည်းသောသွေးသား ဖအေတူမအေကွဲညီမ ဗွိုင်အိုလက်နဲ့လည်းစောင့်ရှောက်ပေးချင်တာကြောင့် အတ္တလန်တာကနေ ဖီလစ်ဒဲဖီးယားကိုထွက်လာခဲ့တယ်။အသက်ငယ်ငယ်မှာ မိဘနှစ်ပါးလုံးကိုဆုံးရှူံးလိုက်ရတဲ့စိတ်ဒဏ်ရာတွေကြောင့် ဘယ်သူ့ကိုမှမယုံဘဲ မာကြောခက်ထန်နေတဲ့ ဗွိုင်အိုလက်က လေလာ့ကိုလက်ခံပါ့မလား။ ဖခင်ဖြစ်သူရဲ့သေဆုံးမှုနောက်ကွယ်ကအမှန်တရားနဲ့နီးကပ်လာတဲ့သူတို့နှစ်ယောက်ကို ဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ။Mystery ကိုမှ မိသားစု Drama ပါတဲ့ဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ကြည့်ဖို့ ရွေးချယ်ချင်စရာ ဇာတ်ကားတစ်ကားဖြစ်ပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 700MB Quality - 1080p, 720p IMDb Rating ...
movie

Who Killed Our Father? (2023)

2023
The Unheard (2023)
The Unheard (2023) The Unheard (2023)Horror ပရိသတ်တွေအတွက် ပူပူနွေးနွေးထွက်ရှိထားတဲ့ The Unheard ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။နားမကြားရတဲ့ခလိုဝီတစ်ယောက် စမ်းသပ်ဆဲ နားကြားကုထုံးတစ်ခုမှာ ဝင်ရောက်အစမ်းသပ်ခံခဲ့ပါတယ်။ ခလိုဝီဟာ သူ့အသက် ၈ နှစ်မှာ သူ့အမေပျောက်သွားပြီးနောက်ပိုင်း ဘာသံမှမကြားနိုင်တော့တာပါ။ နားထိုင်းသွားရင် ပြန်ကောင်းဖို့မဖြစ်နိုင်ပေမယ့် ဒီစမ်းသပ်ချက်က အောင်မြင်ခဲ့ပြီး အသံတွေပြန်ကြားသွားပါတယ်။‌ငှက်ကလေးတွေစကားပြောသံ၊ ရေစက်ကျတဲ့အသံ၊ သီချင်းသံတွေအားလုံးကိုပြန်ကြားရတဲ့အခါ တိတ်ဆိတ်ခြင်းနဲ့နေသားကျနေတဲ့ ခလိုဝီ အတိုင်းထက်အလွန် ပျော်ရပါပြီ။ ဒါပေမဲ့ အသံတွေအကြားလွန်ပြီး လူတွေမကြားနိုင်တဲ့အသံတွေကိုကြားရတဲ့အခါမှာတော့ မပျော်နိုင်တော့ပါဘူး။ တကယ့်အပြင်ကအသံတွေလား သူ့စိတ်ထဲကအသံတွေလား ဝေခွဲမရဖြစ်တဲ့အထိ နားထဲမှာအသံတွေဆူညံလာပါတော့တယ်။ ဒီဆူညံသံတွေက တကယ်ရှိရဲ့လား သူပဲစိတ်ထင်နေတာလား ‌အဖြေရှာရင်းနဲ့ သူနေထိုင်တဲ့မြို့မှာလည်း အမျိုးသမီးတွေထူးထူးဆန်းဆန်းပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းကို သိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ တခြား Horror ဇာတ်ကားတွေလို Jump scare တွေ အများကြီးထည့်မသုံးထားဘဲ ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ တချို့အသံတွေကလည်း နားမကြားတဲ့ခလိုဝီနေရာကနေထည့်သွင်းထားတာကြောင့် အသံပါမှကြောက်စရာကောင်းတာမဟုတ်ဘဲ အသံမပါလည်းကျောချမ်းစရာကောင်းနေပါတယ်။ တစိမ့်စိမ့်ကျောချမ်းရတဲ့ Horror ...
movie

The Unheard (2023)

2023
Premadesam (2023) 8.2
Premadesam (2023) Premadesam 2023 IMDb (8.1/10)CM ပရိသတ်ကြီးအတွက် နောက်ဆုံးထွက် တလဂူးရိုမန့်ဒရမ်မာကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်အချစ်ဇာတ်လမ်းလေးက တစ်ခုမဟုတ်ပါဘူး နှစ်ခုပါ လူလေးယောက် ပြသနာနှစ်ခု အဖြေတစ်ခု ဖြစ်ရပ်တစ်ခု အဲ့ဖြစ်ရပ်တစ်ခုကြောင့် သူတို့ပြသနာတွေပြေလည်သွားနိုင်မလား ရိုမန်တစ်ဆန်ဆန် ဆွတ်ပျံ့ကြည်နူးဖွယ်ဒီဇာတ်လမ်းလေးဟာ မျက်ရည်ဝဲစေမဲ့ ဒရာမာလေးတွေလည်းပါရှိတာမို့ ဇာတ်ကားကြည့်ခေါင်းလေးမှီစရာ ပခုံးပိုင်ရှင်လေးတွေ လိုအပ်တယ်လို့တော့ တစ်ခါတည်း အကြံပြုပါရစေကိုယ့်ရဲ့‌ေကာလိပ်ကျောင်းသားဘဝကိုလည်း ပြန်အမှတ်ရစေမယ့် ဇာတ်ဝင်ခန်းတွေလည်းပါရှိတဲ့အပြင် မင်းသားမင်းသမီးအကုန်လုံးက ကြည့်ရရှုရတာ မျက်စိလည်းအေး ရင်လည်အေးပြီး ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်ကြီးအတွက် အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.59GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ~BpL~ Nyein
movie

Premadesam (2023)

2023
[18+] Balik Taya (2023) 6.6
[18+] Balik Taya (2023) Balik Taya (2023)ပစ်ဆိုတဲ့ကောင်လေးဟာ အလုပ်ရှာဖွေရေး အေဂျင်စီတစ်ခုရဲ့ လိမ်လည်မှုကို ခံခဲ့ရရုံတင်မကပဲ ရိုက်ပါအလုခံလိုက်ရတဲ့အတွက် ထိုင်းနိုင်ငံရဲ့ လမ်းဘေးမှာလဲနေခဲ့ပါတယ်။ သူ့ကို တစ်နိုင်ငံတည်းသားချင်းဖြစ်တဲ့ ဂျက်ဆီဆိုတဲ့ ကောင်မလေးက ကယ်တင်ခဲ့ပြီး အစစအရာရာ ကူညီပေးခဲ့ရုံမက အလုပ်ပါရှာပေးခဲ့ပါတယ်။ ပစ်တစ်ယောက် တိုင်းတစ်ပါးမှာနေသားကျလုဆဲဆဲဖြစ်တဲ့အခါကျမှ သူ့ဘဝထဲက ဂျက်ဆီ ပျောက်ချင်းမလှပျောက်သွားတဲ့အတွက် သောကမုန်တိုင်းထန်ပြီး ဖိလစ်ပိုင်ကို ယောင်လည်လည်ပြန်ရောက်လာခဲ့ရပါတယ်။အဲ့ဒီမှာပဲ ကံ‌ကောင်းထောက်မစွာတွေ့လိုက်မိတာက အွန်လိုင်းလောင်းကစား App တစ်ခုက ဂျက်ဆီနဲ့ ရင်ညွှန့်ပေါ်မှာအမှတ်ချင်းတူနေတဲ့ ကောင်မလေးတစ်ယောက်ကိုပါ။ အဲ့ဒီမိန်းကလေးကို လိုက်ပြီးစုံစမ်းရင်း ကြေးကြီးလောင်းကစားပွဲတွေ၊ ထိုးသတ်ပွဲတွေ နဲ့ မြေအောက်ကမ္ဘာရဲ့ အရှုပ်ထုပ်ထဲကို ပစ် ရောက်ရှိသွားခဲ့ပြီး အဲ့ဒီမြေအောက်လောကထဲက မိန်းကလေးတွေနဲ့ပါ ငြိစွန်းပတ်သက်မိပါတော့တယ်။အားလုံးရဲ့ အချစ်တော်လေးတွေဖြစ်တဲ့ Angeli Khang နဲ့ Azi Acosta တို့နှစ်ယောက်ကို တစ်ကားတည်းမှာတွေ့မြင်ခွင့်ရမှာဖြစ်တဲ့အတွက် အဲဒီ တစ်ချက်တည်းနဲ့တင် လက်မလွတ်သင့်တဲ့ဇာတ်ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

[18+] Balik Taya (2023)

2023
Tetris (2023) 7.4
Tetris (2023) Tetris (2023) ========== IMDb Rating - 7.4/10တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect ...
movie

Tetris (2023)

2023
Creed III (2023) 7.2
Creed III (2023) Creed III (2023) ============= IMDb Rating - 7.2/10ခရိရုပ်ရှင် သုံးကားမြောက်လာပါပြီ။ ခရိဆိုတာ စတားလုံးသရုပ် ဆောင်ခဲ့တဲ့ လက်ဝှေ့ရုပ်ရှင်တွေရဲ့နောက်ဆက်တွဲအဖြစ် ထွက် လာတဲ့ မျိုးဆက်သစ်လက်ဝှေ့သမားအကြောင်းပါ။ မင်းသားက တော့ မိုက်ကယ်ဘီဂျော်ဒန်ပါပဲ။ ခရိအရင်ရုပ်ရှင် နှစ်ကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီရုပ်ရှင်အစမှာတော့ ခရိဟာ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုတွေ အလီလီရခဲ့ပြီး လက်ဝှေ့လောကကနေ အနားယူပြီးခဲ့ပါပြီ။ လက် ချောင်းအရိုးအက်တာတွေ၊ မျက်ခုံးကွဲတာတွေ ဒဏ်ရာဒဏ်ချက် ဟောင်းတွေလည်း အပြည့်ပါပဲ။ ဒီတော့ မိသားစုနဲ့ပဲ လက်ဝှေ့ သမားလေးတွေ ပျိုးထောင်ပေးရင်း အေးအေးချမ်းချမ်းနေထိုင် နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်း ဒိမ်းနဲ့ ပြန်တွေ့လာပါတယ်။ ဒိမ်းဟာ သူ့ထက်ကြီးပြီး ထောင် ၁၈ နှစ် လောက်ကျပြီးမှ ပြန်ထွက်လာတဲ့သူပါ။ သူတို့မှာ ရာဇဝင်တွေ ရှိခဲ့ပါတယ်။ ဒိမ်းက အသက်ကြီးနေပေမဲ့ လက်ဝှေ့ကိုစိတ်မကုန် သေးဘဲ ခရိလို လက်ဝှေ့ချန်ပီယံဖြစ်ချင်လို့ ကူညီပေးဖို့ တောင်း ဆိုလာတဲ့အခါ...Creed I - LinkCreed II - Link(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(3.16 GB) ...
movie

Creed III (2023)

2023
4K HEVC Web-DL
Assassin (2023) 4.0
Assassin (2023) Assassin (2023) ============ခင်ဗျားတို့ရဲ့ ဘဝမှာ တစ်ရက်လောက် တခြားလူတစ်ယောက်ရဲ့ ဘဝနဲ့ ပြောင်းလဲပြီး နေလို့ရမယ်ဆိုရင် ဘာတွေလုပ်ချင်မိကြမလဲ။ အရင်ဆုံးဗျာ ဘယ်သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ချင်မိကြမလဲ။ ပြီးရင် အဲဒီလူရဲ့ ခန္ဓာကိုယ်နဲ့ ဘာတွေကို လုပ်ကြည့်ချင်မိလဲ။ ကျွန်တော် ကတော့ အေးချမ်းမှုတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံဆီက ရိုးရှင်းတဲ့လူ တစ်ယောက်နဲ့ လဲလှယ်ချင်မိမယ် ထင်တယ်။ ဘဝမှာ ကိုယ်နေ ပျော်ဖို့က အဓိပဲလေ ဟုတ်တယ်မလား။ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ကျွန်တော့်စိတ်ကူးနဲ့ လုံးဝဆန့်ကျင် ဖက်ပဲ။ တခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ယူသုံးပြီး လူတွေ လိုက်သတ်ရတယ်တဲ့ဗျာ။ စစ်ဆင်ရေးတစ်ခုမှာ မတော်တဆမှု တစ်ခုဖြစ်ပြီး ကိုမာဝင်သွားတဲ့ အမျိုးသားဖြစ်သူ ဒရုန်းတပ်လေ ယာဉ်မှူးကို ပြန်ခေါ်နိုင်ဖို့ရာအတွက် တခြားခန္ဓာကိုယ်တွေကို ကူးပြောင်းပြီး လူသတ်၊စစ်ဆင်ရေးတွေလုပ်ရတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အကြောင်းပေါ့။"ဘယ်အခြေအနေပဲရောက်ရောက် မင်းနဲ့အတူရှိနေပါ့မယ်" ဆိုတဲ့ သစ္စာစကားတစ်ခွန်းက အန္တရာယ်များလွန်းတဲ့ စစ်ဆင် ရေးတွေဆီ အကြောက်အလန့်မရှိ တိုးဝင်သွားနိုင်ပုံတွေကို ရိုက်ပြထားတဲ့ action and crime ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မင်းသားတွေကတော့ တစ်ခြားသူတွေမဟုတ်ဘူး ခင်ဗျားတို့အချစ်တော်နှစ်ယောက် Bruce Willis နဲ့ Dominic Purcell တို့ပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May ...
movie

Assassin (2023)

2023
Black Girl Missing (2023) 5.4
Black Girl Missing (2023) Black Girl Missing (2023) ===================ဒီနေ့တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ထားတဲ့ ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ (၁၈) နှစ်အရွယ် သမီးလေး ပျောက်သွား လို့ လိုက်ရှာတဲ့ လူမည်းအမျိုးသမီး မိခင်တစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ခွဲခြားဆက်ဆံမှုတွေ မတရားမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရှယ်လ်ဘိတ်ကာက ဘလူးဗယ်လ်လီ အထက်တန်းကျောင်းက ဒု ကျောင်းအုပ်ပါ။ ချစ်စရာ သမီးလေးနှစ်ယောက်လည်း ပိုင်ဆိုင်ထား ပါတယ်။ ခင်ပွန်းဆုံးသွားပြီး စိတ်သစ်လူသစ်ဖြစ်အောင် ဘလူး ဗယ်လ်လီကို ပြောင်းခဲ့ကြတာပါ။တစ်နေ့မှာတော့ သမီးကြီး လော်ရန် ပိတ်ရက်အိမ်ပြန်လာတုန်း စကားများကြပါတယ်။ စိတ်ဆိုးပြီး လော်ရန် ကောလိပ်ကို ပြန် သွားပြီပဲ ထင်နေခဲ့တာပါ။ လော်ရန်နဲ့ စကားမပြောဖြစ်တာ ကြာ ပါပြီ။ ဖုန်းဆက်လို့ စာပို့လို့လည်း မရပါဘူး။ ဟိုဟိုဒီဒီ စုံစမ်းကြည့်မှ လော်ရန် ပျောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ ရဲတွေကို သွား ရောက်အကြောင်းကြားပေမဲ့ ထွက်ပြေးသွားတာလို့ပဲ သုံးသပ် ပြောကြားပြီး သေချာစုံစမ်းမပေးကြပါဘူး။ သတင်းထောက်တွေကို ပြောတော့လည်း စိတ်ဝင်စားစရာ မရှိဘူးဆိုပြီး အာရုံမစိုက်ကြပါဘူး။တစ်ချိန်တည်းမှာပဲ ဂျက်စီကာရူဆို ဆိုတဲ့ လူဖြူကောင်မလေး တစ်ယောက်လည်း ပျောက်နေပါတယ်။ ...
movie

Black Girl Missing (2023)

2023
Tonight You’re Sleeping with Me (2023) 4.3
Tonight You’re Sleeping with Me (2023) Tonight You're Sleeping with Me (2023) =============================ပိုလန်နိုင်ငံရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်ကားလေးပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မမနဲ့မောင်လေးဟာ တွေ့ခဲ့ကြတယ်၊ သိပ်ချစ်ခဲ့ကြတယ် စိတ်ကူးတွေယဉ်ခဲ့ကြတယ် ဒါပေမဲ့ မပေါင်းဖက် ခဲ့ရပါဘူး။ ဒီလိုနဲ့ ခုလက်ရှိမှာတော့ မမက သမီးလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် ဖြစ်နေပါပြီ။ဖြစ်ချင်တော့ မောင်လေးက တခြားနိုင်ငံက ပြန်လာပြီး အလုပ်ဝင် လျှောက်တာ မမရဲ့ဌာနကို ကွက်တိ ဖြစ်နေပါတော့တယ်။ မမက လည်း အိမ်ထောင်ရေးမှာက ကတောက်ကဆတွေနဲ့ သာယာတာ မဟုတ် ယောက်ျားဖြစ်သူနဲ့ လိုချင်တာမရ ဆန္ဒမပြည့်ဝနေခဲ့သူ။ မောင်လေးကလည်း ဘယ်နှနှစ်ကြာကြာ မမမှ မမဆိုတဲ့ ကောင်ဇိုး လေးပေါ့။ အဲဒါနဲ့ တစ်နေ့ကျတော့ မမရဲ့ယောက်ျားဖြစ်သူဟာ မမကိုလည်း မတိုင်ပင်ပဲ အပန်းဖြေခရီးဆိုပြီး အိုင်းစ်လန်းကို တစ်လ သွားသာယာပါတော့တယ်။ဘာပြောကောင်းမလဲ ပေါက်ကွဲချင်ပေမယ့်မီးစနက်တံကောင်းကောင်း မရှိလို့ ထိန်းထားရတဲ့ မမတစ်ယောက်မောင်လေးရဲ့လောင်ကျွမ်းမီး တောက်ကြားမှာ ထိန်းမရ သိမ်းမရ ပေါက်ကွဲကုန်ကြပါတော့တယ်။ အဲဒါကြောင့် မမနဲ့မောင်လေး ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ဆန္ဒကို သိက္ခာနဲ့ပဲ ထိန်းကြမလား၊ စိတ်လွတ်လက်လွတ် သားပစ်မယား ပစ် ပျော်ပါးကြမလား၊ ပျော်ရွှင်ရမလား ...
movie

Tonight You’re Sleeping with Me (2023)

2023
Amigos (2023) 6.9
Amigos (2023) Amigos (2023)IMDb - 7/10အခုတင်ဆက်​ပေးမှာ​ကတော့ အက်ရှင်ဇာတ်ကား​တွေနဲ့လူသိများတဲ့ မင်းသားNandamuri Kalyan Ramက သုံးကိုယ်ခွဲအဖြစ်သရုပ်​ဆောင်ထားပြီး လှည့်ကွက်အများကြီးနဲ့ရိုလာကိုစတာစီးသလိုခံစားချက်​တွေနဲ့ ကြည့်ရှု့ရမယ့် Amigosဆိုတဲ့အက်ရှင်ဇာတ်ကား​ကောင်းတစ်ကားဖြစ်ပါတယ်ကမ္ဘာကြီးမှာကိုယ်နဲ့​​သွေးသားမ​တော်စပ်ဘဲ ရုပ်တူတဲ့သူ​​တွေကအနည်းဆုံးသုံး​ယောက်က​နေ အများဆုံး​ခုနှစ်​ယောက်အထိရှိနိုင်ပြီး အဲ့လူ​တွေနဲ့​တွေ့နိုင်ဖို့ကိုယ့်မှာလည်း အခွင့်​ရေး​တွေရှိလာနိုင်ပါတယ်ဒီကားထဲမှာ​တော့ဆဒ်ဒူးဆိုတဲ့လူငယ်​လေးကရိုးသားထက်မြက်ပြီး မိဘစီးပွား​ရေး​တွေကိုခန့်ခွဲ​နေသူတစ်​​ယောက်ပါ တစ်​​နေ့မှာ​တော့ အခွင့်အ​​ရေးတချို့​ကြောင့် ဝဘ်ဆိုဒ်တစ်ခုက​နေ သူနဲ့ရုပ်တူတဲ့မန်ဂျူးနဲ့ မိုက်ကယ်ဆိုသူ လူနှစ်​ယောက်ကို​တွေ့ဆုံပြီး သူငယ််ချင်း​တွေဖြစ်သွားကြ​ပြီး အတူတူခရီး​တွေထွက်ကာ​ပျော်ရွှင်ခဲ့ကြပါတယ် ဒါ​ပေမဲ့သူတို့သုံး​ယောက်ထဲကမိုက်ကယ်ဆိုသူဟာ ဆဒ်ဒူးနဲ့မန်ဂျူးတို့လိုသာမန်လူ​မဟုတ်ဘဲ နိုင်ငံ့အလိုရှိရာဇဝတ်​သားတစ်​ယောက်ဖြစ်​နေပြီး ရုပ်တူတာကိုအသုံးချကာထွက်ပြေးဖို့ကြံစည်လာတဲ့အခါ မိုက်ကယ့်ရဲ့လှည့်ကွက်ထဲကိုသူတို့ဘယ်လို​တွေဝင်သွားမိပြီး ပြန်​ဖြေရှင်းဖို့ကြိုးစားကြမလဲ ​သွေးသားမ​တော်ပဲရုပ်တစ်​ထေရာတည်းတူညီ​နေတဲ့ အကျိုးဆက်​ကြောင့်ဘယ်လိုအ​မွှေဇယား​တွေဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် File size…2.6GB /1.13GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder…. YK Translated by BpL~Yunni~ Khin Khin
movie

Amigos (2023)

2023
Gaslight(2023) 5.9
Gaslight(2023) Gaslight (2023)IMDb-6.0/10ဆန်းဆန်းပြားပြားသည်းထိတ်ရင်ဖိုကြိုက်တဲ့သူတွေအတွက် ဆာရာလေးအဓိကပါ၀င်ထားပြီး မင်းသားကြီး Rahul Dev ၊ အမေရိကန်နိုင်ငံဖွား မင်းသားချောလေး Akshay Oberoi ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရ Chitrangda Singh တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေပါ ပါ၀င်ထားတဲ့ကားပါဇာတ်လမ်းအညွှန်းနန်းတော်ကြီးကနေ အတော်ကြာထွက်ခွာသွားတဲ့ မင်းသမီးလေးမီရှာဟာ ဖခင်ရဲ့စာတွေကြောင့်ပြန်လာခဲ့ပါတယ် သူနန်းတော်ပြန်ရောက်ချိန်မှာတော့ သူ့ဖင်ဘုရင်ကြီးရှိမနေပါဘူး အဲဒီအစား အိမ်‌မက်ယောင်လို သူ့အဖေရဲ့အရိပ်အယောင်တွေသာ သူမြင်တွေ့နေရပါတယ် ဘယ်သူ့ကိုမေးမေး သူ့အဖေပျောက်နေတယ်ဆိုတာကလွဲ ဘာမှမဖြေကြပါဘူးနန်းတော်ကနေဘုရင်တစ်ပါးလုံးပျောက်နေတာတောင် ဘာမှမသိကြတဲ့အသိုင်းအဝိုင်းကြားမှာ မီရှာတစ်ယောက်တည်းဘယ်လိုအဖြေရှာစုံစမ်းမလဲ ‌သူ့ဘေးမှာရှိနေတဲ့လူတွေကရော ဘာကြောင့်မသိကြတာလဲ နန်းတို့ရဲ့ထုံးစံအတိုင်း မိတ်ဆွေကောင်းဘယ်သူလဲ ဇာတ်သိမ်းခါနီးထိမသိရပဲ လျှို့ဝှက်မှုပေါင်းများစွာနဲ့ကြည့်ရှူရမယ့်ကားဖြစ်ပါတယ် File size…1.4GB / 511MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Khin Khin
movie

Gaslight(2023)

2023
Mumbai Mafia: Police vs the Underworld (2023) 6.5
Mumbai Mafia: Police vs the Underworld (2023) Mumbai Mafia: Police vs Underworld (2023) ***************************************************************** ဒီဇာတ်ကားလေးကတော့ တခြားဘောလီးဝုဒ်ကားတွေလို အဆို အက အတီးအမှုတ်တွေ မပါပါဘူး။ ဒီဇာတ်ကားကို Netflixရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီး Crime/Documentaryအမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ကာ IMDb ratingကလည်း 6.5အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း ၁၉၉၀ခုနှစ်အလွန် မွန်ဘိုင်း(ခေါ်)ဘုံဘေမြို့မှာ ဒုစရိုက်လောကသားတွေရဲ့ အရှိန်အဝါ မြင့်တက်လာခဲ့ပြီး တစ်မြို့လုံးဟာ ထိန်းမရသိမ်းမရအခြေအနေကို ရောက်ရှိသွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒုစရိုက်လောကသားတွေကို ထိရောက်စွာနှိမ်နင်းဖို့ရာ Encounter Cops လို့ခေါ်တဲ့ အသေပစ်ခတ်ဖမ်းဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းက လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ အပ်နှင်းလိုက်ပါတော့တယ်။ဒုစရိုက်လောကသားတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေရဲ့ ဒီရန်စဟာ တဖြည်းဖြည်းကြီးထွားလာပြီး ဘယ်သူတွေက အနိုင်ရသွားမှာလဲ... ဘယ်သူတွေက ဘယ်လောက်အထိ ရက်စက်ကြမ်းကြုတ်ကြမလဲ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ... ဘာသာပြန်တွေကတော့Sai Thurein Lynn, Thaik Sanနဲ့ Khin Khinတို့ ဖြစ်ပါတယ်။ File size… 2.42GB  / 850MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 27m Subtitle….Myanmar Subtitle (Hard ...
movie

Mumbai Mafia: Police vs the Underworld (2023)

2023
Sridevi Shoban Babu (2023) 7.3
Sridevi Shoban Babu (2023) Sridevi Shobanbabu(2023)IMDb-7.8/10ရမ်ချရမ်ရဲ့ ညီမလေး Sushmita Konidela ပါ၀င်ထားတဲ့ကားပါ။ သူက ရုပ်ရှင်လောကမှာ ပရိုဂျူဆာ/ costume designer အဖြစ်အောင်မြင်မှုရထားပြီးသားသူတစ်ယောက်ပေါ့၊ ဒီဇာတ်လမ်းထဲမှာလည်း လက်တွေ့ဆန်ပြီး ရည်ရွယ်ချက်ကြီးမားတဲ့ costume designer အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အဓိကဇာတ်ဆောင်မင်းသားဖြစ်တဲ့ Santosh Sobhan ကလည်း အားလုံးနဲ့စိမ်းမှာမဟုတ်ပါဘူး။ နောက်ဆုံးထွက်လူငယ်အချစ်ဇာတ်လမ်းလေးတွေနဲ့ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်။ ဒီအကျော်အမော်နှစ်ယောက်နဲ့တင် အညွှန်းဆက်မဖတ်ပဲကြည့်ရင်တောင် မမှားတော့တဲ့ ရုပ်ရှင်မျိုးပဲပေါ့။ ဒါပေမဲ့လည်း ဖတ်လိုက်ပါဦး။ဇာတ်လမ်းအညွှန်း: ရှိူးဘန်ဆိုတဲ့ကောင်လေးဟာ ဖခင်မေတ္တာလုံလုံလောက်လောက် မရခဲ့တဲ့သူပါ။ သူမေတ္တာအပြည့်အ၀မရခဲ့‌ပေမဲ့ လူတိုင်းအပေါ်မှာတော့ စိတ်ထားပြည့်၀တဲ့ ကျေးလက်လူငယ်လေးတစ်ယောက်ပေါ့။ရှရီကတော့ အိမ်မက်အကြီးကြီးတွေနဲ့ရည်မှန်းချက်တွေအတွက် ဇွဲရှိရှိကြိုးစားနေတဲ့သတ္တိရှိတဲ့မိန်းကလေးတစ်ယောက်။ ထက်မြက်ပြီး အကင်းပါးတဲ့သူလေးပေါ့။ဒီလို မတူညီတဲ့ ပတ်၀န်းကျင်က မတူညီတဲ့လူနှစ်ယောက်၊ အိမ်တစ်လုံးကိုအကြောင်းပြုပြီး ဆုံလာပါလေရော။သူတို့ ၂ ယောက်ရဲ့တွေ့ဆုံမှုက တကယ်ပဲ ရိုးရှင်းရဲ့လား။ နောက်ကွယ်မှာ မိဘချင်းဆက်နွယ်မှုနဲ့ ကြိုတင်စီစဥ်ထားတဲ့ လှည့်ကွက်တွေဖြစ်နေမလား?sသူတို့ရဲ့ အကြံအစည်တွေကဘာများလဲ? မိဘတွေရဲ့ ခြယ်လှယ်မှုနဲ့ ဒီအိမ်ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိနေလဲဆိုတဲ့ စိတ်၀င်စားစရာအကြောင်းအရာတွေနဲ့ လူငယ်နှစ်ယောက်ရဲ့ အချစ်ချိုချိုလေးတွေကို ရီမောလိုက် ကြည်နူးလိုက်ခံစားရမှာပဲ ဖြစ်ပါတယ်ဗျာ။ File size…3.08GB ...
movie

Sridevi Shoban Babu (2023)

2023
Mr. King (2023) 9.2
Mr. King (2023) Mr.King (2023) IMDb 9.2/10 (3K)ဘေးအိမ်ကိုအဆင်လေးပြောင်းလာဖို့စိတ်ကူးယဥ်ကြည့်ဖူးတဲ့လူ‌ တွေရှိရင် ဒီကားလေးက Must Watch စာရင်းထဲပါတဲ့ဇာတ်ကားလေးပါ ညိုကီတို့ကြိုက်မင်းသမီးချောလေး Urvi Singh ,Yashvika Nishkala နဲ့ ပျိုမေတို့ကြိုက် မင်းသားချောလေး Sharan Kumar လည်းပါဝင်တယ်ဆိုတော့ပစ်ရက်စရာတစ်ကွက်မှမရှိတော့ဘူးပေါ့ရှင်အူမာဒေဗီနဲ့ ဗယ်နီလာက ညီအစ်မဝမ်းကွဲတွေပါ သူတို့အိမ်ဘေးကိုပြောင်းလာမဲ့အဆင်လေးကတော့ ရှီဗာပေါ့ ရှီဗာ့အကြောင်းပြောရမဲ့ဆိုရင် လူတစ်ရာမှာတစ်ယောက်တောင်မရှိနိုင်တဲ့ဉာဏ်ကြီးရှင်တစ်ယောက်... လေယာဉ်စက်ယန္တရားပရောဂျက်ရေးဆွဲနေပြီးအောင်မြင်အောင်လုပ်မဲ့ရည်ရွယ်ချက်နဲ့ပေါ့ ဒီလိုတော်တဲ့အပြင်ကိုမှ ရုပ်လေးကလည်းခန့်တော့ အူမာနဲ့ဗယ်နီလာတို့၂ယောက်စလုံးသဘောကျမိသွားပါတယ် ဒီလို၃ပွင့်ဆိုင်လာမဲ့အချစ်ရေးထဲဘယ်သူနဲ့ဘဝခရီးဆက်ဖြစ်မလဲ ရှီဗာ့လေယာဉ်ပရောဂျက်ရောအောင်မြင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.97GB / 903MB Quality…1080p WEB DL / 720p Format…mp4 Duration…2h 44mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL
movie

Mr. King (2023)

2023
Chang Can Dunk (2023) 6.4
Chang Can Dunk (2023) Chang Can Dunk (2023)~ IMDb - 6.4/10, Rotten Tomatoes - 95% ~2023 ဒီလထဲမှာမှ လတ်လတ်ဆတ်ဆတ် Disney+ က​နေထွက်ထားတဲ့ အားကစား လူငယ်ဒရာမာကား​လေးနဲ့မိတ်ဆက်​​ပေးလိုက်ပါတယ်။၁၆ နှစ်အရွယ် အရပ် ၅​ပေ ၈လက်မ အာရှလူမျိုး ချန်း။ အာရှမိသားစုက ဆင်းသက်လာသူပီပီ အိမ်ကအ​မေက စာကိုပဲတစ်စိုက်မတ်မတ်လုပ် ပညာ​ရေးဘက်ကို အားသန်​နေ​သော်လည်း မိမိကိုယ်တိုင်က ဘက်စကက်​ဘောအားကစားကိုရူးသွပ်​နေတဲ့ ချန်းတစ်​ယောက်...အရပ် ၅​ပေ ၈လက်မဆိုတာ ဘက်စကက်​​ဘောအားကစားအတွက် ​သိပ်​ဘောင်မဝင်တာ​ကြောင့် မတ်ရဲ့ အနိုင်ကျင့်မှု​တွေ နှိမ်တာ​တွေကို ခံ​​နေရတဲ့ချန်း...တစ်​နေ့ ​ကျောင်းသူအသစ် ခရစ်စတီ ​ကျောင်းကို​ရောက်လာ​တော့ ချန်းနဲ့ မတ် အပြန်အလှန် ပိုးပန်းရင်း မခံချင်စိတ်နဲ့ ဘက်စကက်​ဘောအားကစားနည်းမှာ အခက်ခဲဆုံးနည်းတစ်ခုဖြစ်တဲ့ ခုန်သွင်းနည်း(Dunk) ကို လုပ်နိုင်မလုပ်နိုင် မတ်နဲ့​လောင်းလိုက်မိတဲ့အခါ...မတ်နဲ့  စိန်​ခေါ်ထားတာကို လုပ်နိုင်ဖို့ နည်းပြရှာရင်း ယူကျူ့​​ပေါ်က ဒီရွန်းဒ​ရေးနဲ့​တွေ့တဲ့အခါ ...
movie

Chang Can Dunk (2023)

2023