Channel Myanmar

2024

Skeletons in the Closet (2024)
Skeletons in the Closet (2024) Skeletons in the Closet (2024)ဒီတစ်ခေါက်ကတော့ လောကမှာ ကိုးကွယ်သင့်တဲ့နတ်တွေရှိသလို မကိုးကွယ်သင့်တဲ့ နတ်ဆိုးတွေလည်းရှိတာကို ပြထားပြီး ပထမ War Machine မင်းသားကြီး Terrence Howard ပါဝင်ထားတဲ့ Skeletons in the Closet ဆိုတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~သမီးဖြစ်သူ ဂျန််နီရဲ့ ကင်ဆာရောဂါကိုကုသဖို့ အာမခံကြေးကလည်းမလုံလောက်၊ ယောကျာ်းဖြစ်သူ မာ့ခ်ကလည်း အလုပ်ပြုတ်သွားတာကြောင့် ဗယ်လက်တီနာတစ်ယောက် အခက်တွေ့နေတုန်းမှာပဲ ခင်ပွန်းဖြစ်သူ မိတ်ဆက်ပေးတဲ့ အကြားအမြင်ဆရာတစ်ယောက်နဲ့ တွေ့ဆုံပြီး ပြဿနာတွေပြေလည်ဖို့ အပေးအယူလုပ်လိုက်ရာက ကြုံတွေ့လာရမယ့် ဖြစ်ရပ်ဆိုးတွေ နတ်ဆိုတိုင်းမကိုးကွယ်သင့်တာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.1GB, 510MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - ...
movie

Skeletons in the Closet (2024)

2024
Bhakshak (2024) 7.3
Bhakshak (2024) Bhakshak (2024) "ဘာ့ခ်ရှာ့ခ်" IMDb - 7.4/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ မှုခင်းဒရာမာရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မိဘမဲ့ဂေဟာတချို့မှာ ကြုံတွေ့နေရတဲ့ အမျိုးသမီးလေးတွေအပေါ် အနိုင်ကျင့်စော်ကားမှုဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။Toilet: Ek Prem Katha(2017)မှာ အိမ်သာမရှိလို့ လင်တော်မောင်ကိုပစ်ထားခဲ့တဲ့ ဂျာယာနေရာကနေ သဘာ၀ကျကျသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဘူမီးပတ်နေခါ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ဗိုင်ရှာလီက သုံးနှစ်ကြာအောင် သတင်းချန်နယ်တစ်ခုကို တင်ဆက်နေပေမဲ့ ကြည့်ရှုသူမရှိဖြစ်နေပါတယ်။တစ်ရက် သတင်းပေးတစ်ယောက်ဆီက သိလိုက်ရတာ လူမှုရေးစစ်တမ်းအစီရင်ခံစာတစ်ခုမှာ ပြည်နယ်တစ်ခုက အမျိုးသမီးမိဘမဲ့ဂေဟာမှာနေထိုင်တဲ့ အမျိုးသမီးလေးတွေ မတော်မတရားပြုကျင့်ခံနေရတယ်ဆိုတာပါပဲ။ဒီကိစ္စကို အစိုးရကသိပေမဲ့ ရေငုံနှုတ်ပိတ်နေနေတာကြောင့် ဗိုင်ရှာလီတစ်ယောက် လိုက်စုံစမ်းရင်း ရာဇဝတ်မှုအကြီးကြီးကို အစဆွဲထုတ်မိပါတော့တယ်။ဒီမှာပဲ "ဘာ့ခ်ရှာ့ခ်"ဆိုတဲ့ ပရိုဂရမ်နဲ့အတူ ဒီရာဇဝတ်မှုကြီးကို ဖော်ထုတ်တင်ဆက်တဲ့နောက်မှာတော့ မိသားစုအသိုင်းအဝိုင်းအသက်အန္တရာယ်ထိပါ ခြိမ်းခြောက်ခံရ၊ ပါဝင်ပတ်သက်နေသူတွေကလည်း အကောင်ကြီးကြီးအမြှီးရှည်ရှည်တွေဆိုတော့ကာ ဗိုင်ရှာလီတစ်ယောက် အမှန်တရားကို ဘယ်လိုကြိုးစားဖော်ထုတ်သွားမလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.5GB  / 647MB  Quality…WEB ...
movie

Bhakshak (2024)

2024
Zehan (2024)
Zehan (2024) Zehan (2024) (စိတ္တဇအချစ်)လူတွေဟာ စိတ်ရဲ့အလိုနောက်ကိုလိုက်ရင်း တချို့က မှန်ကန်တဲ့နည်းလမ်းတွေ ရှာတွေ့သွားကြသလို တချို့ကလည်း လမ်းမှားကိုလိုက်ရင်း ပျော်မွေ့နေတတ်ကြတယ်။ စိတ်ဆိုတဲ့အရာက သိပ်ကိုအံ့ဩဖို့ကောင်းပါတယ်။ လူတစ်ယောက်ကို ကမ္ဘာသစ်တစ်ခုထဲ ခေါ်သွားနိုင်ပါတယ်။ သူသာလျှင် အဲ့ဒီကမ္ဘာမှာကြီးစိုးနေတဲ့တစ်ယောက်ပေါ့ဗျာ။ သူသာလျှင်လူတိုင်းအပေါ် ဩဇာရှိသူပေါ့။ အဲ့ဒီလိုမျိုး စိတ္တဇသမားတွေလည်း ရှိတတ်ကြတယ်။ သူတို့ကို အနိုင်ယူဖို့ဆိုတာမျိုးက လွယ်လှတဲ့ကိစ္စမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ့ကမ္ဘာမှာ သူက မင်းကိုအတွေးတွေနဲ့တင်နိုင်ပြီးသားလေ။ သူ့စိတ္တဇကမ္ဘာမှာ သူသာလျှင် ဘုရင်ပဲမို့လေ။သူတို့တွေ အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကလည်း ခိုင်ခိုင်လုံလုံကိုရှိနေပါတယ်။ တချို့က ငယ်စဉ်ကတည်းက မိဘမေတ္တာကိုငတ်နေကြတဲ့သူတွေ၊ တချို့ကတော့ နိုင့်ထက်စီးနင်းပြုကျင့်ခံရသူတွေ၊ တချို့ကတော့ မကောင်းတဲ့အတတ်တွေကြောင့် ဘဝပျက်ခဲ့ရသူတွေပေါ့။ကဲ ဒီဇာတ်လမ်းလေးထဲမှာလည်း စိတ္တဇဆန်တဲ့အချစ်မျိုးကို မြင်တွေ့ရမှာဖြစ်ပြီး ဘာကြောင့် စိတ္တဇဆန်ဆန်အရူးတစ်ယောက်လိုဖြစ်သွားရတာလဲဆိုတာကိုလည်း ရှင်းပြထားပါတယ်။ ပြောနေရတာကြာတယ်ကွာ..ခုပဲ ဒေါင်းကြည့်လိုက်တော့နော်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.8GB  / 900MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard ...
movie

Zehan (2024)

2024
Love on the Right Course (2024) 6.2
Love on the Right Course (2024) Love on the Right Course (2024)~ IMDb - 6.2/10, Rotten Tomatoes - 60% ~Pro Golfer တစ်ယောက်ရဲ့ ဖိအားတွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကိုယ်လိုချင်တဲ့အရာကို နောက်ဆုံးမှာ ရှာတွေ့သွားတဲ့ Romance ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် ဝှစ်တနီက သူ့‌အမေလိုပဲ Pro Golfer ဖြစ်ပြီး မိခင်ဖြစ်သူ အဲလစ်စ်က နည်းပြအဖြစ်နဲ့ ပွဲစဉ်တွေတစ်လျှောက် အနိုင်ယူခဲ့ပါတယ်။ သို့ပေမဲ့ အဲလစ်စ်ဆုံးသွားပြီးတည်းက ဝှစ်တနီက အလုပ်မှာ မပျော်တော့ဘဲ လက်ရည်ကျလာပါတယ်။ နောက်တော့ သူ့အဖေရှိတဲ့ ဘူတာပက်စ်မြို့နားမှာ လုပ်မယ့် ချန်ပီယံပွဲမှာ ပြိုင်ဖို့ ကပ်သီလေးပါသွားပါတယ်။ဖိအားတွေများပြီး Golfer အဖြစ် ဆက်လုပ်ချင်သေးလားဆိုတာ အဖြေရှာဖို့ ဝှစ်တနီက လေ့ကျင့်တဲ့ကာလကို ဖခင်ရှိတဲ့အိမ်ကို ပြန်လာခဲ့ပါတယ်။ ဝှစ်တနီရဲ့ဖခင်က ဂေါက်ကွင်းဖွင့်ထားတာဖြစ်ပြီး ဇနီးဖြစ်သူကို သတိရစိတ်နဲ့ ...
movie

Love on the Right Course (2024)

2024
Ayalaan (2024) 6.3
Ayalaan (2024) Ayalaan 2024 ချစ်သောဤကမ္ဘာ IMDb - 6.4ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ကိုဗစ်‌ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊ သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ...သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ...
movie

Ayalaan (2024)

2024
Will (2024) 7.1
Will (2024) Will (2024)~ IMDb - 7.1/10, Rotten Tomatoes - 60% ~ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများ‌အပြား‌ နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။သင်တန်းဆင်းခါစရဲတပ်သား "ဝေလ်" နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့...စစ်ပွဲတွေက လူ‌တွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား... အများနည်းတူမိုးခါးရေသောက်မလား... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Will (2024)

2024
ClearMind (2024)
ClearMind (2024) ClearMind (2024)~ Rotten Tomatoes - 100% ~ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ ရင်ထိတ်သည်းဖိုအဖြစ်ကတော့ ကလေးတစ်ယောက် ရေကူးကန်ပါတီမှာ ရေထဲပြုတ်ကျသေသွားရာကနေ စတင်ပါတယ်။ကလေးမနာမည်က ဟန်နာဖြစ်ပြီး သူ့မိဘတွေဖြစ်တဲ့ မိုက်ကယ်နဲ့နိုရာတို့ သူငယ်ချင်းတွေနဲ့အတူ ပါတီလုပ်ရာကနေ မတော်တဆသေသွားတာပါ။ အဲဒီကိစ္စကြီးဖြစ်ပြီး နိုရာကတော့ အလဲလဲအပြိုပြိုဖြစ်လို့ သူငယ်ချင်း Therapist လီလီနဲ့ ပြနေရပါတယ်။ တစ်နှစ်လောက်အကြာမှာ မိုက်ကယ်က ဘ၀အသစ်စပြီး ချစ်သူအသစ်ပါရသွားပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေကလည်း ကိုယ့်ကိစ္စမဟုတ်တော့ အရမ်းမခံစားရဘဲ ပုံမှန် ပြန်ဖြစ်သွားတာပေါ့။ ပိတ်ရက်ကို တောထဲက အိမ်မှာ အားလုံးစုပြီး ပါတီလုပ်ဖို့တောင် စီစဉ်နေပါတယ်။ပူဆွေးနေဆဲဖြစ်တဲ့ နိုရာက Therapist လီလီရဲ့ ClearMind ဆိုတဲ့ Simulation Program ကတစ်ဆင့် သူတို့ပါတီလုပ်တဲ့နေရာထဲ ဝင်သွားတဲ့အခါ... အစက ကုထုံးအတွက် ရည်ရွယ်ပေမဲ့ နိုရာရဲ့ လက်စားချေတဲ့ဂိမ်းဖြစ်သွားတဲ့အခါ...ဒီပရိုဂရမ်ထဲမှာ သူ့သူငယ်ချင်းတွေကို လက်စားချေတာအောင်မြင်မလား... နိုရာပဲ ဘ၀အသစ်စဖို့ အသင့်ဖြစ်သွားမလားဆိုတာ ...
movie

ClearMind (2024)

2024
I Love You Two Thousand (2023) 6.8
I Love You Two Thousand (2023) I Love You Two Thousand / ငယ်ချစ်ပုံပြင် အညွှန်းငယ်စဉ်ကျောင်းသားဘဝတုန်းက ကာတွန်းစာအုပ် အသစ်ထွက်တဲ့ရက်က အပျော်ဆုံးနေ့ဖြစ်ခဲ့ဖူးကြမှာပါနော်ဒီရုပ်ရှင်လေးကလည်း ကလေးဘဝ ဂျိုနန်ကာတွန်းစာအုပ်လေးကို အသည်းအသန် အရဖတ်ဖို့လုပ်ကြတဲ့သူငယ်ချင်းအုပ်စုလေးကို တွေ့ရမှာပါဒီမူဗီလေးကတော့ ၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ ရိုမန့်တစ် Comedy ကားလေးပါ ဘန်ကောက်မြို့က ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ တက်နေတဲ့ ထိပ်တန်းကျောင်းသူလေး ဂစ်ဘ်ဟာ သူ့ရဲ့မသေချာတဲ့အနာဂတ်ကို ပြန်သုံးသပ်ဖို့ ကျောင်းပိတ်ချိန်ဆိုပြီး မွေးရပ်မြေကိုပြန်ဖြစ်ခဲ့ပါတယ် မွေးရပ်မြေမှာ သူအရင်က ချစ်ခဲ့ဖူးတဲ့ တောဆိုတဲ့ ကောင်လေးနဲ့ ပြန်တွေ့ဖြစ်တဲ့အခါ ၁၄ နှစ်က ဖြစ်တည်ခဲ့တဲ့ အချစ်တွေ တဖန်ပြန်လည်မွေးဖွားလာမှာလားဒါပေမဲ့ ဂစ်ဘ်ဟာ ဒီအတောအတွင်းမှာ ဖုံးကွယ်ထားတဲ့အရာတွေ များခဲ့ပြီး အရင်ကနဲ့ မတူဘဲ ပြောင်းလဲနေတဲ့ပုံစံလေးတွေကို မြင်ရမှာပါ ဒါ့အပြင် သူအမြဲမျှော်နေတတ်တဲ့စာလေးလည်း ရှိနေတတ်ပါတယ် ဂစ်ဘ်က ဘာတွေကြောင့် ပြောင်းလဲသွားတာလဲ သူမျှော်နေတတ်တဲ့စာလေးကရော ဘာဖြစ်မလဲပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတဲ့ Netflix မူဗီလေးမို့ ဆက်ဆက်ကြည့်ပေးကြပါနော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Noe, Char Ou ...
movie

I Love You Two Thousand (2023)

2024
The Underdoggs (2024)
The Underdoggs (2024) The Underdoggs (2024) ===================အမေရိကန်ရက်ပါ/မင်းသား Snoop Dogg ရဲ့ (၂၀၂၄)ခုနှစ်ထွက် ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ကားတွေ ကတော့ သိတဲ့အတိုင်း အသုံးခပ်ကြမ်းကြမ်းမို့ မိသားစုတို့ဘာတို့နဲ့ ကြည့်မယ်ဆိုရင် ဆင်ခြင်ပြီးကြည့်ရှုကြပါ။ အခုကားကတော့ Comedy/ Sport genre ဖြစ်ပြီး စိတ်ဝင်စားစရာလည်းကောင်းပါ တယ်။ နာမည်ကျသွားတဲ့ မာနခဲကြယ်ပွင့်ကစားသမားတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာပါ။ဂျေဆင်ဟာ လူငယ်ဘဝတုန်းက Gridiron Football အားကစားမှာ နာမည်ကြီးခဲ့တဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်။ အသင်းဖော်ကို ရော၊ နည်းပြကိုရော၊ ပရိတ်သတ်ကိုရော ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ သူ့အမူအကျင့်တွေကနေ ပြဿနာတွေဖြစ်လာပြီး အားကစားလောက ကနေ နှစ်၂၀ကင်းကွာသွားတဲ့သူ။ အဆဲအဆိုခံရတာတွေလည်း ဒုနဲ့ဒေး။ ဒါပေမဲ့ သူ့စိတ်ကတော့ သူရွှေထီးဆောင်းခဲ့တဲ့ကာလထဲမှာပဲ ရှိနေဆဲ။ တစ်နေ့ကျ ကားကို ဟယ်လင်ကဲလားလို မောင်းရာကနေ အက်ဆီးဒင့် ဖြစ်ပြီး ရုံးရောက်ဂတ်ရောက်တွေဖြစ်ကုန်တယ်။ တရားရုံးမှာ သူ့အမှုကို ကိုင်ရတဲ့တရားသူကြီးက သူ့ဇာတိမြို့ လောင်းဘိချ်မှာကတည်းကခင်ခဲ့တဲ့ ငတိမ။ သူ့အိမ်နီးချင်းရဲ့ထီမထင် မာနခဲစရိုက်ကိုသိနေတဲ့ တရားသူကြီးက ထောင်ချတဲ့အပြစ်ဒဏ်မပေးဘဲ လောင်းဘိခ်ျမှာ ပရဟိတအလုပ် နာရီ ၃၀၀ပြည့်အောင်လုပ်ရမယ်လို့ အမိန့်ချတယ်။အဲလိုနဲ့ နာမည်ကျဘောလုံးသမားကြီးဟာ သူ့အိပ်မက်တွေ စအခြေတည်ရာ ဇာတိမြို့လေး‌ကို ပြန်ရောက်လာတယ်။ လိမ္မော်ရောင်သန့်ရှင်းရေးဝတ်စုံလေး ဝတ်ပြီး အာဝုအီးကျုံးဖို့ ...
movie

The Underdoggs (2024)

2024
Woman with the Red Lipstick (2024) 5.5
Woman with the Red Lipstick (2024) Woman with the Red Lipstick (2024)===========================ဂျာနယ်လစ်မလေး လူစီကာဗာတစ်ယောက် ပျောက်သွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းဆောင်းပါးရေးဖို့ အ ကြောင်းဖန်လာတဲ့အခါမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။လူစီက ‌အလုပ်အရမ်းကြိုးစားတဲ့သူဖြစ်တာနဲ့အညီ ဆောင်းပါး ကောင်းတစ်ခုရေးဖို့အတွက် ဇာတ်လမ်းတစ်ခုရှာနေတာဖြစ်နေ တယ်။ တစ်နေ့ သူသတင်းကြည့်နေတဲ့အချိန်မှာ မက်ဂ်နိုလီယာ ဆိုတဲ့ ကောင်မလေးတစ်ယောက်ပျောက်ဆုံးသွားတဲ့အမှုကို သူ အတော်လေးစိတ်ဝင်စားသွားတယ်။ မက်ဂ်နိုလီယာ့အကြောင်း မစုံစမ်းဖို့နဲ့ ဆောင်းပါးမရေးဖို့အတွက် လူအများတားနေတဲ့ကြား ထဲကနေ အလုပ်အပေါ်အရမ်းစိတ်နှစ်ပြီး သူ့‌ကိုနောက်ယောင်ခံ လိုက်နေတဲ့လူရှိတဲ့အပြင် ချစ်သူကောင်လေးနဲ့ပါပြတ်သွားပါတော့ တယ်။ ဒီလိုအကြပ်အတည်းတွေကြားထဲကနေ လူစီတစ်ယောက် ဘယ်လိုအမှုဖော်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမဲ့ဇာတ် ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.44 GB) / (520 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Khant Sett Naing Encoder..........SWM
movie

Woman with the Red Lipstick (2024)

2024
Betty’s Bad Luck In Love (2024) 6.2
Betty’s Bad Luck In Love (2024) Betty's Bad Luck In Love (2024) ======================== IMDb Rating - 6.2/10ဒီကားလေးကတော့ ကနေဒါယီယန် မင်းသမီးမမ နှစ်ယောက်ဖြစ်တဲ့ American Pie ထဲက မမ Meghan Heffern နဲ့ Laci J Mailey တို့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး Laci တဖြစ်လဲ Betty တစ်ယောက်ရဲ့ အချစ်ရေးမှာ ကျွန်းခံနေတဲ့အကြောင်း လေးကိုရိုက်ကူးထားတာပါ။အချစ်ရေးမှာ ကျွန်းခံတယ်ဆိုပေမဲ့ စော်မရဘဲမရ နိုင်တာမျိုးမဟုတ်ပဲ တွဲသမျှဘဲနဲ့ မမြဲပဲ ပိုပြီးနီးစပ်လိုက်မယ်ကြံလိုက်တိုင်း တစ်ခုမဟုတ် တစ်ခု အန္တရာယ်ကြုံရပါတော့တယ်။ တစ်ယောက်လည်းမဟုတ် နှစ် ယောက်လည်းမဟုတ်ဆိုတော့ ကြာလာတော့ ဘက်တီတစ်ယောက် trauma တွေပါဝင်လာတဲ့အထိပါပဲ။ ဘက်တီရဲ့ အကွဲအပြဲအချစ်လမ်း ကြောင်းကို ဘက်တီတစ်ယောက်ပြန်လည်တည့်မတ်နိုင်ပါ့မလား ဘယ် လိုတွေအလွဲလွဲအချော်ချော်ဖြစ်ဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့် ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.36 GB) / (571 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Thetti Tun Encoder..........SWM
movie

Betty’s Bad Luck In Love (2024)

2024
Orion and the Dark (2024) 6.7
Orion and the Dark (2024) Orion and the Dark (2024)~ IMDb - 6.7/10, RT - 87%, Meta - 74% ~ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ ...
movie

Orion and the Dark (2024)

2024
Dying in Plain Sight (2024) 6.2
Dying in Plain Sight (2024) Dying in Plain Sight (2024) ====================Body Shaming ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် နှုတ်ဆက်နည်း လိုကိုဖြစ်နေတာ၊ တွေ့လိုက်တာနဲ့ " ဝလာတယ်နော် " " ပိန်သွားလိုက်တာ " ဒါပဲ ပြောနေကြတာ။ အပြောခံရပါများတော့ အပြောခံရတဲ့သူက ပြောင်းလဲဖို့ ကြိုးစားတဲ့အခါမှ နည်းမှန်လမ်းမှန်နဲ့ Body Transforming မလုပ်တဲ့အခါမှာ ခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုးတွေဖြစ်စေပါတော့တယ်။ပြောရရင် ပိန်ချင်လို့ အစားအစာကို လုံးဝမစားတော့ပဲဖြတ်ပလိုက်တာ၊ ပိန် ဆေးတွေ ဝမ်းနှုတ်ဆေးတွေ သောက်တာတွေက ထိလည်းမထိရောက်သလို ရေရှည်မှာ အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်တဲ့ အကြောင်းကို ဒီဇာတ်ကား လေးမှာ မော်ဂန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ မိမိဟာ မိမိကိုယ် တိုင်ပဲဖြစ်ပြီး မိမိရဲ့ အရှိတရားကို မိမိကိုယ်တိုင်ချစ်မြတ်နိုးပြီး လက်ခံနိုင်ဖို့က အရေးကြီးဆုံးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.1 GB) / (492 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar ...
movie

Dying in Plain Sight (2024)

2024
The Tiger’s Apprentice (2024) 7.2
The Tiger’s Apprentice (2024) The Tiger's Apprentice (2024)~ IMDb - 7.2/10, Rotten Tomatoes - 59% ~EEAaO နဲ့ အော်စကာရခဲ့တဲ့ မလေးရှားလူမျိုး တရုတ်မင်းသမီး Michelle Yeoh, ချားလိစ်အိန်ဂျယ်နဲ့ လူသိကြတဲ့ တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Lucy Liu, အခုနောက်ပိုင်းတော်တော်နေရာရလာတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်သရုပ်ဆောင် Sandra Oh, မလေးရှားလူမျိုး အမေရိကန်သရုပ်ဆောင် Henry Golding, တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Brandon Soo Hoo တို့လို နာမည်ကျော် အာရှသွေးနှော အမေရိကန်သရုပ်ဆောင်တွေ စုပြုံပြီး အသံသရုပ်ဆောင်ပေးထားတဲ့ အမေရိကန်ရောက် တရုတ်ဇာတ်လမ်းနဲ့ အမေရိကန် ကာတွန်းရုပ်ရှင်ပါ။ ၂၀၀၃မှာ ထွက်ခဲ့တဲ့ Laurence Yep ရဲ့ နာမည်တူဝတ္တုကိုပဲ အခြေခံထားပြီး Monster Hunt ကိုရိုက်ခဲ့တဲ့ ဟောင်ကောင် အန်နီမိတ်တာ ...
movie

The Tiger’s Apprentice (2024)

2024
4K HEVC
E-Sarn Tootsies Part-1 (2024) 5
E-Sarn Tootsies Part-1 (2024) တောပန်းလေးများ ပွင့်ရာမြေ (၂၀၂၄)တောမှာ ပွင့်တဲ့ တောပန်းပွင့်လေးတွေ လာပါပြီနော်။ ဇာတ်ကားလေးကတော့ LGBTQ+ကို အသားပေး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ OMGဇာတ်လမ်းတွဲတွေထဲက အဓိကသရုပ်ဆောင်ပန်ကိတ်လေးပါဝင်နေတော့ အထွေအထူးညွှန်းနေဖို့မလိုတော့ပါဘူးအိုလေ့ ဆူးကတ် မိုင့်မင်းတို့က အချော်တကောက်သယ်ရင်းတွေပါ အိုလေ့ကတော့ အလှမယ်ပြိုင်ပွဲမှာ သရဖူရဖို့ သူ့ရဲ့အိပ်မက်တစ်ခုဖြစ်ခဲ့ပေမယ့် မပြည့်စုံတဲ့သူ့အလှကြောင့် အိပ်မက်မဖြစ်နိုင်ခဲ့ပါဘူး အိုလေ့တယောက် သူ့ရဲ့အစားထိုးပြိုင်ပေးဖို့ အလှမယ်တစ်ယောက်ကို လိုက်ရှာနေခဲ့တော့တယ် တိုတေလို့ခေါ်တဲ့ကျေးလက်အဆိုတော်ကောင်လေးကို အတုမပေးလုပ်ပြီး ပြိုင်ခိုင်းဖို့ သိမ်းသွင်းဖို့ ကြံနေရာ တိုတေရဲ့မိဘတွေက ခွင့်မပြုတာကြောင့် အိုလေ့တို့သူငယ်ချင်းတွေ ဘယ်လိုအကြံအစည်တွေ ထုတ်ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါအညျွန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei & Fake Love ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.4GB | 601MB Format… mp4 Duration…. 1h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei & Fake Love Encoder ..... ...
movie

E-Sarn Tootsies Part-1 (2024)

2024
[18+] Dilig (2024)
[18+] Dilig (2024) Dilig (2024)ရိုဆာက မုဆိုးဖိုသူဌေးကြီးတစ်ဦးကို လက်ထပ်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဘိုးကြီးမှာ သူနဲ့ ရွယ်တူသမီးတစ်ယောက်ရှိနေတဲ့အတွက် ဥယျာဉ်မှူး ငယ်ငယ်တောင့်တောင့်တစ်ယောက်ကိုရွေးချယ်ပြီး အဲဒီသမီးဖြစ်သူကိုပထုတ်ဖို့ကြံခဲ့ပါတယ်။သမီးဖြစ်တဲ့ ကတ်တလင်းကလည်း သူ့ကိုတစ်ဖက်သတ်ချစ်သလို မိဘချင်းသဘောတူတဲ့ ငယ်သူငယ်ချင်းဒဲလ်ရှိပေမဲ့ ဥယျာဉ်မှူးကောင်လေးကိုမှ စွဲစွဲလန်းလန်းချစ်မိသွားတဲ့နောက် အခြေအနေတွေက ရိုဆာအကွက်ထဲကိုဝင်သွားမလား... အခြေအနေတွေရှုပ်ထွေးမသွားခင် ကယ်တင်ရှင်ပေါ်လာနိုင်မလား... ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။Hibang ထဲက အမိုက်စားစကီလေးဖြစ်တဲ့ Rica Gonzales က ဗီလိန်ရီဆာအဖြစ် ပွဲကြမ်းပြထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.15GB Quality - 1080p Format - mp4 Duration - 50Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB
movie

[18+] Dilig (2024)

2024
Horny Teenagers Must Die! (2024)
Horny Teenagers Must Die! (2024) Horny Teenager Must Die 2024မိသားစုနဲ့အတူ မကြည့်ရှုသင့်သော ဇာတ်ဝင်ခန်းများ စကားပြောများ ပေါများစွာပါဝင်သည့် R rated ရုပ်ရှင်ဖြစ်ပါသည်…ယခုတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ လုံးဝကို လန်းတဲ့ Horror လူသတ်ကားလေးပဲ ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ တောအုပ်ကြီးထဲ အိမ်ဟောင်းကြီးတစ်လုံးကို ဘော်ဒါတွေစုပြီးသွားကြပြီး လူသတ်သမားက ရှယ်လိုက်သတ် အကုန်လုံးပြေးကြလွှားကြနဲ့ ရင်တထိတိထိတ်ဖြစ်ရတဲ့ ခံစားချက်မျိုးကို ပြန်ရစေမှာပါဇာတ်လမ်းအကျဉ်းကတော့ ဟုတ်ပါတယ် သူငယ်ချင်းတွေ စာမေးပွဲအောင်စာရင်းထွက်တော့ တောအုပ်ထဲက အပန်းဖြေအိမ်လေးကို အပျော်ခရီးထွက်လာကြပြီး ရေချိုးခန်းမရှိ အိမ်သာမရှိ ဖုန်းလိုင်းပါပျောက်နေပေမဲ့ ကြင်နာရမဲ့ စုံတွဲလေးတွေပါလာတဲ့သူတွေကတော့ မိုးမမြင်လေမမြင်ကို ချစ်ကြည်နူးနေပါတယ် အဓိကမင်းသား ဒရူးကတော့ သူ့ကောင်မလေးက အပျိုစင်လေးမို့ အဆင့်တက်ဖို့ အကြံနဲ့ သု့စော်ကိုရော သူ့စော်သူငယ်ချင်းကိုပါ ခေါ်လာတာပါ အဲ့မှာပဲ ထူးဆန်းတဲ့လူပျောက်တာတွေ လူသေတာတွေဖြစ်လာတဲ့အခါ သူတို့ကိုအမဲလိုက်နေတာ ဘယ်သူလဲ ဘာလို့ဒီလိုလုပ်နေတာလဲ စတဲ့အဖြေများစွာကို ရင်တထိတ်ထိတ်နဲ့ ရှာဖွေခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Sai Thurein ...
movie

Horny Teenagers Must Die! (2024)

2024
Arthur’s Whisky (2024)
Arthur’s Whisky (2024) Arthurs Whisky [2024]အာသာဆိုတဲ့ အဖိုးကြီးတစ်ယောက် ငယ်ရွယ်နုပျိုဆေးဖော်ပြီးကာမှ မိုးကြိုးပစ်လို့ ဆုံးပါသွားရှာပါတယ်... ဒီတီထွင်နိုင်ခဲ့မှုကို ဇနီးသည်ဖြစ်သူ ဂျုန်း မသိရှိခဲ့ပါဘူး... ဒီလိုနဲ့ ဂျုန်းရဲ့ ပူဆွေးမှုတွေကို ဖြေသိမ့်ဖို့ လင်ဒါရယ် ဆူဇီရယ် လက်ဖက်ရည်လာသောက်တဲ့ တစ်ရက်သားမှာ အာသာ့အလုပ်ဂိုဒေါင်ကို ရှင်းလင်းဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်... ဂိုဒေါင်ထဲကနေ ဝီစကီပုလင်းတွေ ရှာတွေ့တာမို့ ဂျုန်းဟာ အင်မတန်အံ့အားသင့်ခဲ့ရပါတယ်... အကြောင်းကတော့ အာသာဟာ ဝီစကီဆို အနံ့တောင်မခံနိုင်သူမို့ပါပဲ... ဒိလိုနဲ့ သူတို့ သူငယ်ချင်း ၃ယောက် အာသာ့ရဲ့ အဖိုးတန်ပုလင်းတွေကို ဖွင့်ဖောက်သောက်သုံးရင်း စကားတပြောပြောနဲ့ အိပ်ပျော်သွားကြပါတယ်... သူတို့ ပြန်လည်နိုးထလာတဲ့အခါမှတော့ သူတို့အားလုံး ငယ်ရွယ်နုပျိုလို့ နေပါတယ်... ဒီလို ဖြစ်ရခြင်းဟာ အာသာ့ဝီစကီကြောင့်လို့ သိရှိရပြီးတဲ့နောက် လူငယ်ဘဝတုန်းက သူတို့ လုပ်ချင်တဲ့ သူတို့ မလုပ်ခဲ့ရတဲ့ အရာတွေကို တစ်ခုချင်းစီ သွားရောက်လုပ်ကိုင်တဲ့အကြောင်း ရိုက်ကူးတင်ဆက်ပြသထားတာပဲ ဖြစ်ပါတယ်ခဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, Fantasy Quality…. 1080p | ...
movie

Arthur’s Whisky (2024)

2024
Air Mata di Ujung Sajadah (2024) 7.1
Air Mata di Ujung Sajadah (2024) Air Mata Di Ujung Sajadah [2023] ( IMDb 7.1/10 )အကွီလာ့အမေဟာ အကွီလာနဲ့ အာဖန်တို့ ချစ်ကြိုက်နေတာကို သဘောမတူပါဘူး... အကြောင်းကတော့ အာဖန်ဟာ မိဘမဲ့တစ်ယောက် ဆင်းရဲတဲ့ အနုပညာကျောင်းသားဖြစ်နေလို့ပါ … ပန်းချိဆရာတွေမှာ ဘာအနာဂတ်မှာ မည်မည်ရရမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့အတူ အကွီလာ့မိခင်ဟာ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို တားဆီးဖို့ ကြိုးစားပေမယ့် အကွီလာဟာ မိခင်သဘောထားကို ဆန့်ကျင်ပြီး အာဖန်နဲ့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြပါတယ်... ချစ်ခရီးဟာ မဖြောင့်ဖြူးချင်တော့ အကွီလာ ကိုယ်ဝန်ရှိစဉ်မှာပဲ အာဖန်ဟာ အက်ဆီးဒန့်နဲ့ ဆုံးပါးသွားရပါတော့တယ်... ဒီလိုနဲ့ အကွီလာလည်း မိခင်ရင်ခွင် ပြန်ခိုလှုံလိုက်ရပါတယ်... မိခင်လုပ်သူဟာ သမီးနဲ့ပက်သက်ရင် အိပ်မက်တွေကို အကောင်အထည်ဖော်စေချင်သူမို့ အကွီလာ မီးဖွားပြီးပြီးချင်မှာပဲ မြေးဦးလေးကို အာရစ်ဖ်နဲ့ ယွန်နာတို့ လက်ထဲထည့်ပေးပြီး သူတို့ကိုလည်း ဂျာကတာကနေ အပြီးအပိုင်ပြောင်းရွှေ့သွားစေပါတယ်... ဒီလိုနဲ့ အကွီလာဟာလည်း သူ့သားကလေးဟာ ချက်ကြိုးနဲ့ ပတ်မိပြီး သေဆုံးလျက်သားလေးမွေးလာတဲ့ဆိုတဲ့ အဖြစ်ကို လက်ခံရှင်သန်နေထိုင်လာရင်းက တစ်နေ့မှာ မိခင်လုပ်သူဟာ ကင်ဆာရောဂါနဲ့ ဇီဝိန်မချုပ်ခင်မှာ သူ့မြေးလေး အသက်ရှင်လျက်ရှိသေးကြောင်း ...
movie

Air Mata di Ujung Sajadah (2024)

2024