Channel Myanmar

周楚濋

Fading Shadow ( 2022 ) 6.4
Fading Shadow ( 2022 ) CM ပရိသတ်ကြီးကို စိတ်ဝင်စားဖို့ကောင်းတဲ့ လျှို့ဝှက်မှုခင်းဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၀ကျော်ခေတ်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဟွိုင်ချွမ်ဆိုတဲ့နယ်လေးရဲ့ ကျူတောထဲမှာလူသတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်။ ကောက်ချက်ဆွဲပုံတူပန်းချီဆရာဖြစ်တဲ့ Zhang Xin ကတာဝန်အရ မျက်မြင်သက်သေပြောတဲ့အတိုင်း ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူပုံကိုဆွဲရတဲ့အခါ မထင်မှတ်ပဲ သေဆုံးသွားတာ ၁၀နှစ်ကြာပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံကိုဆွဲမိရက်သားဖြစ်သွားခဲ့တယ်။အဲဒီမိန်းကလေးဟာ နယ်အကဖွဲ့ရဲ့ဘဲလေးအကသမားတစ်ယောက်ပဲ။ အားလုံးကZhang Xinကမှားပြီးပုံဖော်တယ်လို့ ယူဆနေတဲ့အချိန်မှာ အမှုဟာ ၈၀ခုနှစ်တုန်းက အမှုတွေနဲ့ဆက်စပ်နေခဲ့တယ်။ Zhang Xinဟာ သူမှန်ကြောင်းပြဖို့အတွက် လိုက်စုံစမ်းရင်း တဖြည်းဖြည်းနဲ့ ဝေဝါးနေတဲ့အမှုတွေကြားထဲရောက်သွားခဲ့ရာ...... တရားခံဟာဘယ်သူဖြစ်မလဲ...... မျက်မြင်သက်သေအဖိုးအိုမြင်လိုက်တဲ့သူကရော ဘယ်သူဖြစ်မလဲဆိုတာကိုတော့ အဆုံးထိကြည့်လိုက်ပါနော်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Suspense Runtime : 126 min Subtitle : Myanmar Subtitle ( hardsub ) Translated by Nu Mon , Chu Chu , Kyawt Encoded by LK
movie

Fading Shadow ( 2022 )