Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aahana Kumra
7.3
Salaam Venky (2022)
Salaam Venky (2022) Drama IMDb 7.3/10 (1.2K)အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးမှာတော့ မင်းသမီးကြီးကာဂျိုးက Lead Role နေရာကနေ သရုပ်ဆောင်ပေးထားပြီး Court Martial (2020) မင်းသား Rajeev Khandelwal (ရာဂျစ်ခန်ဒေးဝါး)လည်း ပါဝင်သလို မင်းသားကြီး အမီရ်ခန်းကလည်း cameo အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။မိခင်မေတ္တာနဲ့ သားသမီးကြား ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ ကားလေးဆိုလည်း မမှားနိုင်လောက်ပါဘူး။အမေဆိုတာ သားသမီးတွေ မတောင်းဘဲပေးတဲ့လူစားမျိုး... အမေဆိုတာ ကိုယ်သာအငတ်ခံလိုက်မယ် သားသမီးဝမ်းဝအောင်ကျွေးတဲ့လူစားမျိုး... အမေဆိုတာ သားသမီးနဲ့ပတ်သက်လာရင် မြင့်မိုရ်တောင်မက ကြီးမားတဲ့မေတ္တာတွေနဲ့ ရင်ဝယ်ပိုက်ထားမယ့်လူစားမျိုး... အမေဆိုတာ သားသမီးနှုတ်ကပြောမထွက်တဲ့စကားတွေကို အလိုလိုသိနားလည်တဲ့လူစားမျိုးပါ...ကျွန်တော့်လက်ရှိဘဝနဲ့ နောင်ဖြစ်ပေါ်လာမယ့်အနာဂတ်တွေဟာ အမေ့ရဲ့ကျေးဇူးကြောင့်ပါဆိုတဲ့ အေဗရာဟမ်လင်ကွန်းရဲ့စကားလေးကိုတောင် သွားသတိရမိတယ်ဗျာ။အမေ...။မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ဘဝကို လက်မလျှော့တမ်း ရှေ့ဆက်နေရတဲ့ ကောင်လေးတစ်ယောက်ကို ရင်ဝယ်ပိုက်ပြီး ဒီကလေးဟာ ဆယ်ကျော်သက်အရွယ်မှာ အသက်ဆုံးရှုံးသွားနိုင်ခြေရှိပါတယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ပြောစကားကိုမမှုဘဲ သူ့သားသမီး အသက်ရှည်ရှည်နေရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အစွမ်းကုန်တွန်းလှန်နေတဲ့ အမေတစ်ယောက်ရဲ့အကြောင်းလေးပေါ့။အမေဟာ ကျွန်တော်တို့အတွက် စံပြဆရာ လက်ဦးဆရာပါပဲဗျာ။အမေ့ရဲ့မေတ္တာများကို ဒီဇာတ်ကားလေးနဲ့ ထပ်တူနားလည်နိုင်ကြပါစေလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…1.4GB / 672MB Quality…1080p HD RIP ...
movie
Salaam Venky (2022)
2022
8.1
Khuda Haafiz(2020)
Khuda Haafiz(2020)************** IMDb 8.1ရရှိထားတဲ့Action Thriller ဇာတ်ကား ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆမီရ်ချောင်ဒရီနဲ့ နာရ်ဂိရှ်ချောင်ဒရီတို့ကို မိဘာတွေက ဝတ္တရားရှိတဲ့အတိုင်းလက်ထပ်ပေးလိုက်ကြပါတယ်။ နာရ်ဂိရှ် ချောင်ဒရီဟာ အကြောင်းအမျိုးမျိုးကြောင့်အလုပ်ထွက်လိုက်ရပြီး ဆမီရ်ချောင်ဒရီကလည်းလုပ်ငန်းအခွင့်အလမ်းတွေပိတ်သွားတာကြောင့် နှစ်ယောက်စလုံးက နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ အလုပ်လျှောက်တဲ့အခါ နာရရ်ဂိရှ်ကအလုပ်အရင်ရသွားပြီး ဆမီရ်က ကျန်နေတာကြောင့် နာရ်ဂိရှ်ကိုတစ်ယောက်တည်းနိုင်ငံခြားလွှတ်ဖို့စိတ်မချပေမယ့် လွှတ်လိုက်ရပါတယ်။ နာရ်ဂိရှ် ချောင်ဒရီကနိုင်ငံခြားရောက်ပြီးတဲ့နောက်ဖုန်းခေါ်လာခဲ့ပေမယ့်အလုပ်မရဘဲတစ်ခြားတစ်နေရာကိုခေါ်သွားနေကြကြောင်း သူ့ကိုနှိပ်စက်နေကြကြောင်း နဲ့လာပြန်ခေါ်ဖို့အတွက်ဆမီရ်ကိုပြောတော့ ဆမီရ်တစ်ယောက် နာရ်ဂိရှ်ဟာ အကြီးအကျယ်အန္တရယ်တောထဲရောက်နေပြီကိုသိတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်....File Size : (1.03 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:10:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Khuda Haafiz(2020)