Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Abdool Lee
7.2
Captain Miller (2024)
Captain Miller (2024) "ကပ္ပတိန် မီလာ"IMDb 7.2 ရထားတဲ့ တမီးလ်စကားပြော ဗြတိသျှခေတ် နောက်ခံကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝါရင့်မင်းသား ဒနွတ်ရှ်နဲ့အတူ Shiva Rajkumar နဲ့ မင်းသမီး Priyanka Mohan တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ရီဗျူးကောင်းတွေရထားရုံမက ရုံတင်ငွေ ၁၀၄ ကုဋေ ရထားတဲ့ ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်က မျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြို့သူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့် အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ်အီဆာတစ်ယောက် "ကပ္ပတိန်မီလာ" ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တို့နဲ့အတူ သောင်းကျန်းပါတော့တယ် ...
movie
Captain Miller (2024)
2024
4K HEVC
7.1
Lucky Man (2023)
Lucky Man (2023)IMDB rating 7.2 ရထားတဲ့ တမီးလ် စကားပြော ဟာသ/ဒရာမာ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဗီရာနဲ့ အတူ ခါတိုင်းရွှတ်နောက်နောက်နဲ့ အမြဲနောက်ပြောင်တတ်တဲ့ ဟာသမင်းသားကြီးယိုဂီဘာဘူကို ဒီတစ်ခါတော့ အတည်ပေါက်ဇာတ်ရုပ်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်အဓိက ဇာတ်ကောင် မူရူဂန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က ငယ်ငယ်တည်းက ကံမကောင်းခဲ့တဲ့လူ.. ဘယ်လောက်တောင်လဲဆိုရင် ရေဒီယိုအစီအစဥ်က မေးခွန်းကို ခက်ခက်ခဲခဲ မှန်အောင် ဖြေပြီးတာတောင် ဆုငွေလှည့်တော့ ဗလာပဲ ကျတဲ့အထိ သူ့အနေနဲ့လည်း ဒရာမာခင်းမျက်ရည်ချူနေဖို့ထက် အတည်ပေါက်ကြီးတွေပဲ ထေ့လုံးပြောရတာကို အရသာတွေ့တဲ့လူပါမြေအကျိုးဆောင်လုပ်ငန်း လုပ်ကာမှ မြေကွက်မကြည့်ရသေးခင် ဖောက်သည်ရဲ့ အဘွားဆုံးပြီး လှည့်ပြန်ရတဲ့ အဖြစ် အလုပ်အတွက် ဆိုင်ကယ်ကောင်းကောင်း အသစ်လိုနေတာကို လှည့်ပတ်ချေးဖို့ ကြိုးစားနေရတဲ့အချိန်.... စုကြေးကုမ္ပဏီကနေ ကားဆုကြီးထပေါက်ပါတော့တယ်.. တစ်သက်လုံးကံဆိုးလာတဲ့မူရူဂန်တစ်ယောက် ကံကောင်းခြင်းတွေအစပျိုးလာတာဟုတ်ရဲ့လား သူ့ရဲ့ကံဆိုးမှု အလွဲအချော်တွေက ဘယ်လောက်ထိဆက်ဖြစ်နေဦးမလဲ.......ဒီကားက ဟာသမင်းသားကြီး ယိုဂီဘာဘူရဲ့ အတည်ပေါက်နဲ့ ထေ့ပြောပြောတာတွေက အဓိကဆွဲဆောင်မှုပါ comedy ဆိုတာထက် ဒါမျိုး genre ကို dark-comedy သို့မဟုတ် Dra-Medy(drama+comedy)လို့လဲ ခေါ်ပါသေးတယ် ပုံမှန်ဟာသကားနဲ့တော့ ...
movie
Lucky Man (2023)
2023
7.8
Sardar (2022)
Sardar (2022)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးကာသီနဲ့ မင်းသမီးရာရှီးခန်နားတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စပိုင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....လတ်တလော မြန်မာပြည်က ရုံမချသေးပေမယ့် အကြည်ဗားရှင်းတက်လာလို့ ဦးဦးဖျားဖျား CM ကနေ စာတန်းထိုးတင်ဆက်ပေးလိုက်ပါတယ်နော်ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဗီဂျေးဟာ တမီလ်နာဒုပြည်နယ် တဝိုက်မှာ ရေပန်းစားနေတဲ့ ရဲအရာရှိလေးပေါ့ သူ့ကြောင့်နဲ့ တမီလ်နာဒုရဲဌာနကို ဂုဏ်တက်အောင် ဆောင်ကြဉ်းပေးခဲ့သူပါ...ဒါပေမဲ့ အတိတ်က အမည်းစက်က ဖျောက်ဖျက်ရခက်တယ်မလား သူ့ဖခင် ဆာဒါဟာ နိုင်ငံတော်အတွက်စပိုင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူဆိုပြီး ကင်ပွန်းတပ်လိုက်ကြတော့ ဒီဂယက်ဟာ သူဘယ်လောက်ပဲ ကောင်းကျိုးထမ်းရွက်နေပါစေ သူ့ဆီတော့ လာရိုက်ခတ်နေပါတယ်...ဆာဒါဟာ အဲ့ဒီဖြစ်စဉ်ပြီးကတည်းက သေလားရှင်လားမသိရတော့တဲ့သူပါ...။တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ နိုင်ငံ့အကျိုးအတွက်လို့ အမည်တပ်ပြီး ပရောဂျက်တစ်ခုကနေ ပြည်သူတွေဆီက အမြတ်ထုတ်ဖို့ ကြံနေပါတယ်...ဒါကို သိတဲ့ တခြားစပိုင်တွေဟာလည်း ဒီပရောဂျက်ကြီးကို ရှင်းထုတ်ဖို့အရေးကြံရပါတော့မယ်...အဲ့ဒီလို ကြံနေတဲ့သူတွေဟာလည်း ဒီကိစ္စကို ဆာဒါတစ်ယောက်ကပဲ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာကြတဲ့အခါ...ကဲ ရှေ့ဆက်ရမယ့် ကောင်းခန်းတွေကို ကိုယ်တိုင်သာ ရှုစားလိုက်ပါတော့နော်...။ဒီဇာတ်ကားလေးမှာ မင်းသားကာသီက နှစ်ကိုယ်ခွဲနေရာက ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် သူ့ရဲ့သရုပ်ဆောင်ချက်တွေကြားမှာလည်း စီးမျောခံစားနိုင်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်...။ File size…2.6GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by ...
movie
Sardar (2022)
2022
7.4
Nenjuku Needhi (2022)
“လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ”ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ...
movie
Nenjuku Needhi (2022)
2022