Channel Myanmar

Adam Woronowicz

My Wonderful Life (2021) 5.8
My Wonderful Life (2021) My Wonderful Life (2021) ===================IMDb Rating - 5.8/10အိမ်​ထောင်​ရေးနဲ့ မိသားစုတာဝန်​တွေကြား နစ်မွန်း​နေတဲ့မိန်းမတစ်​ယောက် စိတ်ထွက်​ပေါက်ရှာဖို့ကြိုးစားတဲ့အခါ လူတွေက အပြစ်လို့ မှတ်ယူကြတာလား ? ဂျိုအန်နာဟာ မိသားစုဝန်ပိ​နေတဲ့ အိမ်​ထောင်သည်အမျိုးသမီးတစ်ဦးပါ။- အယ်ဇိုင်းမား​ရောဂါခံစား​နေရတဲ့မိခင် - မိသားစုတာဝန်ကို ကိုယ်နဲ့မဆိုင်သလို​နေတဲ့​ယောကျ်ား - အိမ်​ထောင်သည်ဖြစ်​နေ​ပေမယ့် အစွမ်းအစမရှိတာ​ကြောင့် အရာရာ​ထောက်ပံ့​​နေရတဲ့သားကြီးနဲ့ ​- အကူအညီမရတဲ့သားငယ်တို့​ကြောင့် သူ့ဘဝဟာ မွန်းကျပ်စရာ​တွေနဲ့ပြည့်နှက်လို့​နေပါတယ်။ဒီလိုဘဝထဲက ​ခေတ္တခဏရုန်းထွက်ဖို့ကြိုးစားရင်းနဲ့ စည်းတစ်ချို့ကိုချိုး​ဖောက်မိချိန် မှာ​​တော့ ထိုအပြစ်​တွေက ဂျိုအန်နာရဲ့​နောက်ကို အရိပ်ပမာလိုက်ပြီးခြိမ်း​​​​ခြောက်လို့​ နေပါ​တော့တယ်။ ဂျိုအန်နာကျူးလွန်မိတဲ့ အပြစ်​တွေက ဘာ​တွေဖြစ်မလဲ သူ့​နောက်ကို လိုက်​နေတဲ့ ခြိမ်း​​ခြောက်စာရဲ့​နောက်ကွယ်မှာ​ရော ဘယ်သူ​တွေရှိမလဲ။ သူ့ရဲ့က​မောက်ကမ ဖြစ်​နေတဲ့ဘဝက​ရော ဘယ်လို​တွေဆက်ဖြစ်မှာလဲ ဆိုတာကို​တော့ ဒီဇာတ်လမ်း​လေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်)File Size - (1.08 GB) / (539 MB) / (361 MB) Quality – Web-DL 1080p / 720p/480p Duration - 1h ...
movie

My Wonderful Life (2021)

2021
Cold War (2018) 7.6
Cold War (2018) Cold War (2018)=============IMDb Rating 7.6/10#UnicodeCold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်၀င်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ...
movie

Cold War (2018)

2018
Pitbull: Last Dog (2018) 6.5
Pitbull: Last Dog (2018) သဘာဝကျကျစုံထောက်ကားကြည့်ချင်သူတွေအတွက် ပိုလန် စုံထောက် ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Pitbull:The last dog (2018) နဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကခပ်အေးအေးဖြစ်ပြီးတော့ အရမ်းတော် ထူးချွန်ပြီး လက်နဲ့တို့လိုက်တာနဲ့ လွင့်သွားအောင်လုပ်မယ့် မင်းသားမပါတဲ့ကားပါ။ပစ်မလွဲမင်းသားလည်းမဟုတ်ပါဘူး။ပိုလန်က မြို့တစ်မြို့က ဒုစရိုက်ဂိုဏ်းနှစ်ဂိုဏ်းကို ရဲတစ်ယောက်က အသွင်ယူဝင်ရောက်ပြီး တစ်ဆင့်ချင်းဖြိုခွင်းသွားတဲ့ ဇာတ်ကားပါ။အကုန်လုံးသဘာဝကျကျလေး အပြင်မှာဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တစ်ခုကိုပုံဖော်ထားသလိုရိုက်ကူးထားတာပါ။IMDB Rating ကတော့ 6.4 ထိရရှိထားပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)File Size : (800 MB) and (380 MB) Quality : Blu-Ray 720p Running Time : 2hr 04min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPRiNTER Translated by d3mon Encoded by Thanhtike Zaw
movie

Pitbull: Last Dog (2018)

2018