Channel Myanmar

Akranee Inyotha

Citizen Dog(2004) 7.5
Citizen Dog(2004) Citizen Dog(2004) IMDb......7.4,,,,,,Rotten.....100%  ဂျင် ဘ၀မှာဆိုးရွားတဲ့အများကြီးရှိတယ် ၀မ်းနည်းစရာတွေလည်းအများကြီးပဲ တခါတလေကျတော့ကိုယ့်မှာရှိတဲ့ကောင်းတဲ့အရာတွေကိုမမြင်နိုင်လောက်အောင်ဝိဇ္ဇာအမှောင်တွေလည်းဖုံးနေတတ်တယ် ဒါပေမယ့်လည်း မင်းရဲ့ထမင်းကြော်ပန်းကန်ထဲကပင်စိမ်းလေးတွေကိုဖယ်စားတာကိုလည်းကိုယ်ချစ်တယ် မင်းပျော်တိုင်းခြေထောက်လေးလှုပ်နေတာကိုလည်းချစ်တယ် မင်းလုပ်သမျှအရာတိုင်းကကိုယ့်အတွက်တော့ ပဉ္စလက်ဆန်နေခဲ့တာပဲဂျင်ရယ် ဒီစကားလေးတွေကတော့ 2004 ခုနှစ်ကထွက်ရှိခဲ့တဲ့Citizen dog ဆိုတဲ့ရုပ်ရှင်ကဇာတ်ဝင်စကားလေးတွေပါ ၂၀၀၄ခုနှစ် ထိုင်းရုပ်ရှင်တွေစတင်မြှင့်တင်နေချိန်တုန်းက မြေစမ်းခရမ်းပျိုးရိုက်ကူးခဲ့တဲ့ဇာတ်လမ်းလေးတွေထဲမှာဒီကားလေးလည်းတကားအပါအ၀င်ပေါ့ ရုပ်ရှင်ရဲ့တင်ပြပုံဟာ တွေ့နေကျရုပ်ရှင်ပုံနဲ့မတူပဲ ရေဒီယိုကလာလေ့ရှိတဲ့ဇာတ်လမ်းပမာနားဆင်စရာပုံစံလိုလို ပြဇာတ်ပုံစံလိုလိုချစ်စဖွယ်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပါ ဇာတ်လမ်းလေးကတော့ရိုးရိုးလေးပါပဲ တောကတက်လာတဲ့ယောင်လည်လည်ကောင်လေးတယောက်နဲ့ အီတလီစာမဖတ်တဲ့အီတလီလိုရေးထားတဲ့ကောက်ရတဲ့စာအုပ်တအုပ်ကိုဖတ်ဖို့ကြိုးစားနေတဲ့အိပ်မက်တွေတပွေ့တပိုက်နဲ့ကောင်မလေးတယောက်တို့ရဲ့ဇာတ်လမ်းလေးပါ တခါတလေမှာခင်ဗျားဘ၀မှာမျှော်လင့်သလိုဖြစ်မလာခဲ့ရင် ခင်ဗျားယုံကြည်ထားတဲ့အရာက ခင်ဗျားထင်ထားတာနဲ့ပြောင်းပြန်ဇောက်ထိုးဖြစ်နေခဲ့ရင်ခင်ဗျားဘယ်လိုများခံစားရလေမလဲ ခင်ဗျားရင်ဘတ်ထဲမှာရှိနေမယ့်အရာကို ဒီဇာတ်လမ်းလေးကပြောပြနိုင်ပါလိမ့်မယ် ဒါရိုက်တာWisit Sasanatieng ကရိုက်ကူးထားပြီး Mahasamut Boonyaruk နဲ့Seangthong Gate Uthong  တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့Chan Myae Thu Aung ပဲဖြစ်ပါတယ်....   File Size : (674MB) and (341 MB) Quality : Web-Dl720p Format…mp4 Duration…01:45:00 Genre: Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Chan Myae Thu Aung Encoded by Phyo Pyae
movie

Citizen Dog(2004)

2004