Channel Myanmar

Alen Toric

Follow Me (2020) 5.4
Follow Me (2020) Follow Me (2020)အသက်လုပြီး လွတ်မြောက်အောင်လုပ်ရတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ကိုးလ်ဆိုတဲ့ကောင်လေးက ပရိသတ်တွေမဲပေးတဲ့နေရာစုံကိုသွားပြီး လျှို့ဝှက်သည်းဖို Challenge တွေလုပ်ပြတဲ့ Youtuber တ​စ်ယောက်ပါ။ ကိုးလ်က သူ့ချန်နယ် ၁၀ နှစ်ပြည့်တဲ့အထိမ်းအမှတ်အတွက် ရိုက်ကူးမယ့်နေရာကို Follower တွေဆီ မဲကောက်ရင်း ရုရှားနိုင်ငံ မော်စကိုကိုသွားဖို့အကြောင်းဖန်လာပါတယ်။ကိုးလ်တို့အဖွဲ့ထဲက ဒက်ရှ်ဆိုတဲ့သူငယ်ချင်းရဲ့ ရုရှားကအသိတစ်ယောက်က ကိုးလ်ရဲ့ Content တွေကိုသဘောကျပြီး သူတို့ဆီက Escape Room Challenge မှာပါဝင်ကစားဖို့ ဖိတ်လိုက်ပါတယ်။ ကိုးလ်တို့အဖွဲ့ကို အဆောက်အဦးတစ်ခုထဲပိတ်ထားပြီး အချိန်မပြည့်ခင် Puzzle တွေကိုအဖြေရှာပြီး သူငယ်ချင်းတွေကိုကယ်ထုတ်ရမှာပါ။အစပိုင်းမှာတော့ ကစားပွဲတစ်ခုသက်သက်ပဲလို့ထင်ခဲ့ပေမဲ့ တခုခုမှားယွင်းနေပြီဆိုတာ သတိထားမိတဲ့အချိန်မှာ ကိုးလ်တို့အဖွဲ့နောက်ကျသွားပြီလား... ကိုးလ်တစ်ယောက် သူ့သူငယ်ချင်းတွေကို အောင်အောင်မြင်မြင်ကယ်ထုတ်နိုင်မှာလား... ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုကြရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.95GB, 850MB Quality - 1080p, ...
movie

Follow Me (2020)

2020