Channel Myanmar

Alex Anlos

Accident (2017) 3.2
Accident (2017) Accident (2017)_____IMDb - 3.2/10    Accident ဇာတ်ကားဟာ 2017၊ ဒီဇင်ဘာလထဲမှာထွက်ရှိခဲ့တဲ့ သည်းထည်းရင်ဖိုစရာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလေးကတော့ မိန်းမချောလေးနှစ်ယောက်ဖြစ်တဲ့ ဂျက်ဇ်နဲ့ကယ်လ်ရိုလင်းတို့ သူငယ်ချင်းနှစ်ယောက်ဟာ ဂီတပွဲတော်တစ်ခုကိုသွားဖို့အတူတူထွက်ခွာလာခဲ့ကြပါတယ်။ ဂီတပွဲတော်ကိုသွားဖို့ ဘတ်စ်ကားနဲ့မသွားပဲ သူငယ်ဖြစ်သူတွေရဲ့ကားနဲ့လမ်းကြုံလိုက်ဖို့စီစဉ်ခဲ့ပေမယ့် တကယ်တမ်းသူငယ်ချင်းဖြစ်သူတွေက မလာခဲ့တဲ့အခါမှာတော့ ဂျက်ဇ်နဲ့ကယ်လ်ရိုလင်းတို့နှစ်ယောက် အခက်တွေ့ရပါတော့တယ်။ ဒီလိုနဲ့ နှစ်ယောက်သား ကြုံရာကားနဲ့သာလမ်းကြုံလိုက်ဖို့စီစဉ်ရပါတော့တယ်။ အဲ့မှာ မထင်မှတ် ကားအကောင်းစားကြီးစီးလာတဲ့ ကောင်လေးချောချောနှစ်ယောက်နဲ့တွေ့ပါတော့တယ်။    ဒီလိုနဲ့ မိချောတို့နဲ့ကိုယ်လူချောတို့တစ်သိုက် အဝေးပြေးလမ်းမကြီးအတိုင်းခရီးနှင်လာရာမှာတော့ လမ်းမှာမမျှော်လင့်ပဲယာဉ်မတော်တဆဖြစ်ပြီး ကားဟာလမ်းဘေးက ချောက်ထဲထိုးကြသွားပါတော့တယ်။ အဲ့မှာအကူအညီတောင်းစရာလူလည်းမရှိ၊ အကူအညီပေးနိုင်မယ့်သူတွေနဲ့လည်းအဆက်အသွယ်ပြတ်တောက်သွားကာ တောင်စောင်းအောက်ထဲမှာ ပိတ်မိနေပါတော့တယ်။ အဲ့လို အကူအညီမယ့်ကယ်ရာမဲ့ဘဝက သူငယ်ချင်းတွေ ဘယ်လိုရုန်းထွက်ကြမယ်၊ မိချောတို့တွေ့ခဲ့တဲ့ ကိုယ်လူချောတို့နှစ်ယောက်ကရော..လူကောင်းတွေမှဖြစ်နိုင်ပါ့မလား…..၊ တစ်ခါသာဆုံဖူးသေးတဲ့ မိန်းကလေးနှစ်ယောက်ကို သဘောထားကြီးစွာနဲ့ကူညီနိုင်ပါ့မလား….၊ ဒီလိုအခက်ခဲတွေထဲကဘယ်လိုရအောင် အသက်ဆက်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ရင်ဖိုစွာရှု့စားရမှာဖြစ်ပါတယ်    File Size : (750 MB) Quality : Blu-Ray 720p Running Time : 1hr 35min Format : Mp4 Genre :Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

Accident (2017)

2017