Channel Myanmar

Alex Jennings

The Wings of the Dove (1997) 7.1
The Wings of the Dove (1997) The Wings of the Dove (1997)~ IMDb - 7.6/10, Rotten Tomatoes - 100% ~မီလီ - "ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့"မာတွန် - "ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ"မီလီ - "ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်""ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။" မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ ...
movie

The Wings of the Dove (1997)

2024
Belle (2013) 7.3
Belle (2013) Belle (2013)~ IMDb - 7.3/10, RT - 85%, Meta - 64% ~အင်္ဂလန်ရဲ့ Period Movies တွေထဲမှာ ထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ Belle ရုပ်ရှင်ဟာ လက်တွေ့အပြင်ဘဝက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး။ ဇာတ်ကားထဲမှာပါတဲ့ ပန်းချီကားထဲက မိန်းကလေးဟာ တကယ့်အပြင်ဘဝက ဒိုင်ဒိုဘဲလ်ရဲ့ ပုံအစစ်ဖြစ်ပါတယ်။လူဖြူ လူမည်း အဆင့်အတန်း ခွဲခြားတဲ့ကာလထဲမှာ လူဖြူဖခင်နဲ့ လူမည်းကျွန် မိခင်ကနေ ပေါက်ဖွားလာတဲ့ ကပြားလေး ဒိုင်ဒိုဘဲလ်ကို လူဖြူဖခင်ကခေါ်ပြီး သူ့ဦးရီးတော် တရားသူကြီးချုပ်အိမ်မှာ အုပ်ထိန်းမှုကို ခံယူစေခဲ့တယ်။ လူမည်းဖြစ်နေပေမဲ့လဲ သူ့အဖေရဲ့မျိုးရိုးကြောင့် ဦးရီးတော်ရဲ့ အိမ်တော်က အဆင့်အတန်းမခွဲခြားဘဲ တန်းတူနေရာပေးတာ ခံခဲ့ရတဲ့ ဘဲလ်ဟာ လူမည်းကျွန်တွေ ဘယ်လို နှိမ့်ချခံရလဲဆိုတာ ထဲထဲဝင်ဝင် မသိခဲ့ဘူး။ ဇုန်းဆိုတဲ့ ကျွန်တွေကုန်ကူးတဲ့ သင်္ဘောဟာ ကျွန်တွေကို ရေထဲပစ်ချ ...
movie

Belle (2013)

2013
Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004