Channel Myanmar

Ali Soliman

Paradise Now (2005) 7.4
Paradise Now (2005) Paradise Now (2005)~ IMDb - 7.4/10, Rotten Tomatoes - 89% ~"တန်းတူ ရှင်သန်ခွင့်မရှိဘူးဆိုရင် အနည်းဆုံးတော့ တန်းတူ သေရမယ်" တဲ့။ဟုတ်ပါတယ်။ အသေခံဗုံးဖောက်ခွဲဖို့ ကြံရွယ်နေသူတစ်ဦးရဲ့ စကားပါ။ ဘာလို့ ဒါကိုပြောလဲဆိုတော့ Paradise Now ဟာ အသေခံဖောက်ခွဲရေးသမား ၂ယောက်ရဲ့ အမြင်ကတစ်ဆင့် ကြည့်ရှုရမယ့် ရုပ်ရှင်မို့လို့ပဲဖြစ်ပါတယ်။အစ္စရေး-ပါလက်စတိုင်းအရေးကိုတော့ တော်တော်များများသိကြမှာပါ။ ၂၀ရာစုလယ်လောက်ကတည်းက စခဲ့ပြီး ဒီနေ့ထိတိုင် အဖြေမတွေ့ မပြီးနိုင်သေးတဲ့ ပဋိပက္ခတစ်ခုဖြစ်ပြီး နိုင်ငံကြီးတွေ ကြားဝင်ညှိနှိုင်းပေးတာတောင် မအောင်မြင်သေးတဲ့ အရေးကိစ္စပါ။ ပါလက်စတိုင်းတွေဟာလည်း အနောက်ဘက်ကမ်းဒေသမှာ ကပ်နေရုံထက်ပိုပြီး နိုင်ငံအဖြစ်အသိအမှတ်ပြုခံရတာမျိုး မရှိသေးပါဘူး။ ဒီကားထဲမှာတော့ ပါလက်စတိုင်းတွေက အစ္စရေးတွေကို ‘အခြေချနေထိုင်သူတွေ’လို့ သုံးနှုန်းလေ့ရှိပါတယ်။Paradise Now ဟာ တဲလ်အာဗစ်လို့ခေါ်တဲ့ အစ္စရေးရဲ့ လူထူထပ်တဲ့မြို့တစ်မြို့မှာ အသေခံဗုံးခွဲဖို့ အစည်းရုံးခံခဲ့ရတဲ့ ငယ်သူငယ်ချင်း၂ယောက်ရဲ့ ၂ရက်တာအကြောင်းပါ။ တစ်သက်လုံး ...
movie

Paradise Now (2005)

2005